-
AA
+
🡀
|
🡂
၂ ရာဇဝင်ချုပ်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ရာဇဝင်ချုပ်
အခန်းကြီး ၇


ရှောလမုန်ပဌနာပြုပြီးကောင်းကင်မှမီးကျ
CROSS REFERENCES





CROSS REFERENCES






ထိုသို့ရှောလမုန်သည်ပဌနာပြု၍ပြီးသောအခါ၊ ကောင်းကင်ကမီးကျ၍ [A] မီးရှို့ရာယဇ်အစရှိသောယဇ်မျိုးကိုလောင်သဖြင့်၊ အိမ်တော်သည်ထာဝရဘုရား၏ဘုန်းတော်နှင့်ပြည့်၏။ ထာဝရဘုရား၏အိမ်တော်သည်ဘုန်းတော်နှင့်ပြည့်သောကြောင့်၊ ယဇ်ပုရောဟိတ်တို့သည်ထာဝရဘုရား၏အိမ်တော်ထဲသို့မဝင်နိုင်ကြ။ ထိုသို့မီးကျ၍ထာဝရဘုရား၏ ဘုန်းတော်သည်အိမ်တော်ပေါ်မှာသက်ရောက်သည်ကို ဣသရေလအမျိုးသားအပေါင်းတို့သည်မြင်လျှင်၊ ကျောက်ခင်းအရပ်၌ မြေပေါ်မှာဦးချပြပ်ဝပ်လျက်၊ ကောင်းမြတ်တော်မူသည်၊ ကရုဏာတော်အစဉ်အမြဲတည်သည်၊ ဟုထာဝရဘုရားကိုကိုးကွယ်၍ ဂုဏ်တော်ကိုချီးမွမ်းကြ၏။ [B]


များစွာသောယဇ်ပူဇော်ကြ

ထိုအခါရှောလမုန်မင်းကြီးနှင့်တကွလူအပေါင်းတို့သည်ထာဝရဘုရားရှေ့တော်၌ ယဇ်ပူဇော်ကြ၏။ နွားနှစ်သောင်းနှစ်ထောင်၊ သိုးတသိန်းနှစ်သောင်းတို့ကိုယဇ်ပူဇော်သဖြင့်၊ ဘုရားသခင်၏အိမ်တော်ကိုအနုမောဒနာပြုကြ၏။ ယဇ်ပုရော ဟိတ်တို့သည်မိမိတို့အမှုကိုဆောင်ရွက်ကြ၏။ လေဝိသားတို့သည်ထာဝရဘုရား၏ကရုဏာတော်အစဉ်အမြဲတည်သောကြောင့်၊ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းစရာဘို့ဒါဝိဒ်မင်းကြီးစီရင်သောတူရိယာမျိုးကိုတီးမှုတ်လျက်ဒါဝိဒ်၏ဆာလံသီချင်းကိုဆိုကြ ၏။ ယဇ်ပုရောဟိတ်တို့သည်လည်းတံပိုးမှုတ်၍ဣသရေလအမျိုးသားအပေါင်းတို့သည်မတ်တပ်နေကြ၏။ ရှောလမုန်သည်လည်းထာဝရဘုရား၏အိမ်တော်ရှေ့မှာရှိသောတံတိုင်းအတွင်းအရပ်ကိုသန့်ရှင်းစေ၍၊ ထိုအရပ်၌ မီးရှို့ရာယဇ်နှင့်မိဿဟာယယဇ်ကောင်ဆီဥကိုပူဇော်ကြ၏။ အကြောင်းမူကား၊ အရင်လုပ်သော​ကြေးဝါယဇ်ပလ္လင်သည်မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ ယဇ်ကောင်ဆီဥကိုမခံလောက်။


ဣသရေလလူများဆယ်လေးရက်ပွဲခံပြီးပြန်သွားကြ

ထိုအခါရှောလမုန်သည်အလွန်များစွာသောပရိသတ်တည်းဟူသောဟာမက်မြို့ဝန်ဝမှစ၍အဲဂုတ္တုမြစ်တိုင်အောင်၊ အနှံ့အ ပြားအရပ်ရပ်ကလာကြသော၊ ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွခုနစ်ရက်ပတ်လုံးပွဲခံတော်မူ၏။ အဋ္ဌမနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကိုပြုကြ၏။ ခုနစ်ရက်ပတ်လုံးယဇ်ပလ္လင်ကိုအနုမောဒနာပြုပြီးမှ၊ နောက်တဖန်ခုနစ်ရက်ပတ်လုံးပွဲခံကြ၏။ ၁၀ ထာဝရဘုရားသည်ဒါဝိဒ်နှင့်ရှောလမုန်မှစသောမိမိလူဣသရေလအမျိုးသားတို့၌ ပြုတော်မူသမျှသောကျေးဇူးတော်ကြောင့် ဝမ်းမြောက်ရွှင်လန်းလျက်လူများတို့သည်မိမိတို့နေရာသို့ပြန်သွားကြမည်အကြောင်း၊ သတ္တမလနှစ်ဆယ်သုံးရက်နေ့တွင်လွှတ် လိုက်တော်မူ၏။


ဗိမာန်တော်ကိုဘုရားကလက်ခံ၍ဆုတောင်းသံနားညောင်းမည်

၁၁ ရှောလမုန်သည်ဗိမာန်တော်နှင့်နန်းတော်ကိုလက်စသတ်၍၊ ဗိမာန်တော်နှင့်နန်းတော်၌ လုပ်ဆောင်မည်ဟုကြံစည်လေသမျှသောအကြံသည်အထမြောက်သောအခါ၊ ၁၂ ထာဝရဘုရားသည်ညအချိန်တွင်ထင်ရှားတော်မူလျက်၊ သင်ပြုသောပဌနာ စကားကိုငါကြားပြီ။ ဤအရပ်ဌာနကိုယဇ်ပူဇော်ရာအိမ်ဖြစ်စေခြင်းငှါကိုယ်အဘို့ငါရွေးယူပြီ။ ၁၃ မိုးမရွာစေခြင်းငှါငါသည် မိုးခေါင်စေသော်၎င်း၊ ကျိုင်းတို့သည်မြေအသီးအနှံကိုကိုက်စားစေခြင်းငှါငါမှာထားသော်၎င်း၊ ငါ့လူတို့၌ ကာလနာကိုစေလွှတ်သော်၎င်း၊ ၁၄ ငါ့နာမဖြင့်သမုတ်သောငါ့လူတို့သည်ကိုယ်ကိုနှိမ့်ချသဖြင့်၊ ငါ့မျက်နှာကိုရှာလျက်ဆုတောင်းပဌနာပြု၍ အဓမ္မလမ်းကိုလွှဲရှောင်လျှင်၊ ငါသည်ကောင်းကင်ဘုံ၌ နားထောင်မည်။ သူတို့အပြစ်ကို​ဖြေ၍သူတို့ကိုချမ်းသာပေးမည်။ ၁၅ ငါကြည့်ရှုမည်။ ဤအရပ်ဌာန၌ ဆုတောင်းသောစကားကိုငါနားထောင်မည်။ ၁၆ ငါ့နာမသည်အစဉ်တည်၍ငါ့မျက်စိနှင့်ငါ့နှလုံးအ စဉ်စွဲလမ်းစရာဘို့ဤအိမ်ကိုငါရွေးချယ်၍သန့်ရှင်းစေပြီ။ ၁၇ သင်သည်ငါမှာထားသမျှကိုပြု၍ငါစီရင်ထုံးဖွဲ့ချက်တို့ကိုစောင့်ရှောက်ခြင်းငှါသင့်အဘဒါဝိဒ်ကဲ့သို့ငါ့ရှေ့မှာကျင့်နေလျှင်၊ ၁၈ ဣသရေလနိုင်ငံကိုအုပ်စိုးရသောသင်၏အမျိုးမင်းရိုးမပြတ်ရ၊ ဟုသင်အဘဒါဝိဒ်နှင့်ငါ့ပဋိညာဉ်ဖွဲ့သည်အတိုင်း၊ သင်ထိုင်ရသောရာဇပလ္လင်ကိုအစဉ်ငါတည်စေမည်။


အခြားဘုရားကိုကိုးကွယ်လျှင်အိမ်တော်နှင့်လူများကိုဖျက်ဆီးမည်

၁၉ သို့မဟုတ်သင်တို့သည်လမ်းလွဲ၍ငါမှာထားသောစီရင်ထုံးဖွဲ့ချက်တို့ကိုစွန့်ပယ်သဖြင့်၊ အခြားတပါးသောဘုရားထံသို့သွား၍ဝတ်ပြုကိုးကွယ်လျှင်၊ ၂၀ ငါပေးသောပြည်မှသူတို့ကိုအမြစ်နှင့်တကွငါနှုတ်ပစ်မည်။ ငါ့နာမအဘို့ငါသန့်ရှင်းစေသောဤအိမ်တော်ကိုငါ့မျက်မှောက်မှငါပယ်ရှားမည်။ တပါးအမျိုးသားတို့တွင်ပုံခိုင်းရာ၊ ကဲ့ရဲ့ရာဖြစ်စေမည်။ ၂၁ အရပ်မြင့်သောဤအိမ်တော်ကိုလည်းလမ်း၌ လျှောက်သွားသောသူအပေါင်းတို့သည်အံ့ဩ၍၊ ထာဝရဘုရားသည်ဤပြည်နှင့်ဤအိမ်ကိုအဘယ် ကြောင့်ဤသို့ပြုတော်မူသနည်း၊ ဟုတယောက်မေးမြန်းသော်၊ ၂၂ တယောက်က၊ သူတို့၏ဘိုးဘေးများကိုအဲဂုတ္တုပြည်မှနှုတ်ဆောင်သောဘုရားသခင် ထာဝရဘုရားကိုသူတို့သည်စွန့်၍၊ အခြားတပါးသောဘုရားကိုမှီဝဲလျက်ဝတ်ပြုကိုးကွယ်သောကြောင့်၊ ဤအမှုအလုံးစုံကိုရောက်စေတော်မူကြောင်းကိုပြန်ပြောလိမ့်မည်ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.