-
AA
+
🡀
|
🡂
၂ ရာဇဝင်ချုပ်
၃၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ရာဇဝင်ချုပ်
အခန်းကြီး ၃၆


ယောခတ်အစား အဲဂုတ္တု ရှင်ဘုရင်က ယောယကိမ်နန်းတင်

ပြည်သူ ပြည်သားတို့သည် ယောရှိသား ယောခတ်ကိုယူ၍၊ ယေရုရှလင်မြို့မှာ ခမည်းတောင် အရာ၌ နန်းတင်ကြ၏။ ယောခတ်သည် အသက် နှစ်ဆယ်သုံးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလ စိုးစံလေ၏။ ထိုမင်းကို အဲဂုတ္တု ရှင်ဘုရင်သည် ယေရုရှလင်မြို့မှာ နန်းချ၍၊ ယုဒပြည်၌ ငွေအခွက် တထောင်နှင့် ရွှေအခွက် တဆယ်ကို အခွန်တောင်းလေ၏။ အဲဂုတ္တု ရှင်ဘုရင် နေခေါသည်လည်း၊ ယောခတ်၏ နောင်တော် ဧလျာကိမ်ကို ယုဒပြည် ယေရုရှလင် မြို့နန်းတော်ပေါ်မှာ တင်၍၊ ယောယကိမ် အမည်သစ်ကို ပေးပြီးလျှင်၊ ညီတော် ယောခတ်ကို အဲဂုတ္တုပြည်သို့ ယူသွား၏။


ယောယကိမ်ကို ဗာဗုလုန် ရှင်ဘုရင်က သံကြိုးဖြင့်ချည်၍ ခေါ်သွား

ယောယကိမ်သည် အသက် နှစ်ဆယ် ငါးနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ် စိုးစံလေ၏။ ထိုမင်းသည် မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ ထိုကြောင့်၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာသည် ချီလာ၍၊ ဗာဗုလုန်မြို့သို့ ယူသွားခြင်းငှါ၊ သံကြိုးဖြင့် ချည်နှောင်လေ၏။ ဗိမာန်တော် တန်ဆာ အချို့တို့ကိုလည်း ယူသွား၍၊ ဗာဗုလုန်မြို့ ဗိမာန်၌ ထားလေ၏။ ယောယကိမ် ပြုမူသော အမှုအရာ ကြွင်းလေသမျှတို့နှင့် ပြုမိသော ရွံ့ရှာဘွယ်အမှု၊ ထင်ရှားသော စိတ်သဘောသည်၊ ဣသရေလ ရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ သားတော် ယေခေါနိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။


ယေခေါနိသုံးလနန်းထိုင်

ယေခေါနိသည် အသက် တဆယ်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလနှင့် ဆယ်ရက်စိုးစံလေ၏။ ထိုမင်းသည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ ၁၀ နှစ်လည်သောအခါ၊ နေဗုခဒ်နေဇာ မင်းကြီးသည် စစ်ချီစေ၍၊ ထိုမင်းနှင့်တကွ ကောင်းမွန်သော ဗိမာန်တော် တန်ဆာတို့ကို ဗာဗုလုန်မြို့သို့ ယူသွား၍၊ ဘထွေးတော် ဇေဒကိကို ယုဒပြည် ယေရုရှလင်မြို့ နန်းတော်ပေါ်မှာ တင်လေ၏။


ဇေဒကိနန်းထိုင်
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၁၁ ဇေဒကိသည် အသက် နှစ်ဆယ်တနှစ် ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ် စိုးစံလေ၏။ ၁၂ ထိုမင်းသည်လည်း၊ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကို ပြု၏။ ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုသော ပရောဖက် ယေရမိရှေ့မှာ ကိုယ်ကိုမနှိမ့်ချ။ ၁၃ ဘုရားသခင် အကျိန်တိုက်ပြီးသော နေဗုခဒ်နေဇာ မင်းကြီးကို ပုန်ကန်လေ၏။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ထံတော်သို့ မပြန်မည့်အကြောင်း၊ မိမိလည်ပင်းကို၎င်း၊ မိမိနှလုံးကို၎င်း၊ ခိုင်မာစေ၏။ ၁၄ ထိုမှတပါး၊ ယဇ်ပုရောဟိတ် အကြီးများနှင့် ပြည်သူ ပြည်သား ရှိသမျှတို့သည်၊ တပါးအမျိုးသား ရွံ့ရှာဘွယ် ပြုသည်အတိုင်း၊ အလွန်ပြစ်မှားကြ၏။ ယေရုရှလင်မြို့၌ ထာဝရဘုရား သန့်ရှင်းစေတော်မူသော ဗိမာန်တော်ကို ညစ်ညူးစေကြ၏။ ၁၅ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ မိမိလူမျိုးနှင့် မိမိနေတော်မူရာ အရပ်ကို သနားသောကြောင့်၊ စောစောထ၍ အထပ်ထပ် စေလွှတ်သော တမန်တို့အားဖြင့် မှာလိုက် တော်မူသော်လည်း၊ [A]၁၆ ဘုရားသခင်၏ တမန်တို့ကို ပြက်ယယ်ပြု၍၊ အမိန့်တော်ကို နားမထောင်၊ ပရောဖက်တော် တို့ကို ညှဉ်းဆဲသောကြောင့်၊ ထာဝရဘုရား၏ အမျက်တော် မငြိမ်းနိုင်အောင်၊ မိမိလူမျိုးကို တွက်သဖြင့်၊ ၁၇ ခါလဒဲ ရှင်ဘုရင်ကို စစ်ချီစေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်းရာ ဌာနအိမ်တော်၌ လူတို့ကို ဓါးနှင့်သတ်၏။ ယောကျ်ား၊ မိန်းမ၊ လူအို၊ အသက်ကြီး၍ ကျောကုန်းသော သူတို့ပင်မသနား၊ ရှိသမျှတို့ကို ထိုရှင်ဘုရင် လက်သို့ အပ်တော်မူ၏။ ၁၈ ဗိမာန်တော် တန်ဆာ အကြီးအငယ် ရှိသမျှတို့ကို၎င်း၊ ဗိမာန်တော်ဘဏ္ဍာ၊ နန်းတော်ဘဏ္ဍာ၊ မှူးမတ်ဘဏ္ဍာ ရှိသမျှတို့ကို၎င်း၊ ဗာဗုလုန်မြို့သို့ ယူသွား၏။ ၁၉ ဗိမာန်တော်ကိုလည်း မီးရှို့၍ ယေရုရှလင်မြို့ ရိုးကို ဖြိုဖျက်ကြ၏။ မင်းအိမ် ရှိသမျှတို့ကိုလည်း၊ မီးရှို့၍ မြို့တန်ဆာ အကောင်းအမြတ် ရှိသမျှတို့ကို ဖျက်ဆီးကြ၏။ ၂၀ ဓါးဘေးနှင့် လွတ်သောသူတို့ကို၊ ဗာဗုလုန်မြို့သို့ သိမ်းသွား၍၊ သူတို့သည် ပေရသိနိုင်ငံ မတည်မှီတိုင်အောင် ရှင်ဘုရင်ထံ၊ သားတော် မြေးတော်ထံ၌ ကျွန်ခံလျက် နေရကြ၏။ ၂၁ ထိုသို့ ဣသရေလ မြေသည် ဥပုသ်နေ့ [B] တို့ကို မွေ့လျော်စေခြင်းငှါ၊ ယေရမိဆင့်ဆိုသော ထာဝရဘုရား၏ အမိန့်တော်သည် ပြည့်စုံရ၏။ ထိုပြည်သည် လူဆိတ်ညံလျက် နေသောကာလ၊ အနှစ်ခုနစ်ဆယ် စေ့အောင် ဥပုသ်နှစ်တို့ကို စောင့်သော အခွင့်ရှိသတည်း။ [C] (a) ၂၂ ပါးရှား ရှင်ဘုရင် ကုရုမင်း နန်းစံပဌမနှစ်တွင် ပရောဖက် ယေရမိအားဖြင့် ဘုရားသခင် ပြောသော စကားပြည့်စုံမည့်အကြောင်း၊ ပါးရှား ရှင်ဘုရင် ကုရုမင်း၏စိတ်ကို ဘုရားသခင်က နှိုးဆော်တော်မူ၍ သူ၏နိုင်ငံအားလုံး၌ အမိန့်တော်စာကို ထုတ်ပြန်တော်မူသည်ကား၊ ၂၃ ကောင်းကင်ဘုံ၏ အရှင် ဘုရားသခင် ထာဝရဘုရားသည် မြေကြီးပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့ကို ငါ့အား ပေးတော်မူသည်ဖြစ်၍၊ ယုဒပြည် ယေရုရှလင်မြို့၌ အိမ်တော်ကို ငါတည် ဆောက်ရမည်အကြောင်း မှာထားတော်မူပြီ။ [D]သင်တို့တွင် အဘယ်သူသည် ဘုရားသခင်၏လူ ဖြစ်သနည်း။ ထိုသူနှင့်အတူ ဘုရားသခင် ရှိတော်မူပါစေသော်။

ရာဇဝင်ချုပ် ဒုတိယစောင်ပြီး၏။

_________________________
Footnotes


၂၁ (a) ဣသရေလလူတို့သည် ဘုရား ပညတ်ထားသော ဥပုသ်နှစ်များကို မစောင့်၊ လယ်များကို ဥပုသ်နှစ်များတွင်လည်း စိုက်ပျိုး သောကြောင့်၊ ဘုရားသခင်က သူတို့၏မြေများကို အနှစ်ခုနစ်ဆယ် ဥပုသ်စောင့် ရသောအခွင့်ပေးသည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.