-
AA
+
🡀
|
🡂
၂ ရာဇဝင်ချုပ်
၃၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ရာဇဝင်ချုပ်
အခန်းကြီး ၃၅


ယောရှိမင်းဦးဆောင်၍ ပသခါပွဲကျင်းပ

တဖန် ယောရှိမင်းသည် ယေရုရှလင်မြို့၌ ထာဝရဘုရားအဘို့ ပသခါပွဲကို ခံတော်မူ၍ ပဌမလ တဆယ်လေးရက်နေ့တွင်၊ ပသခါ သိုးသငယ်ကို သတ်ကြ၏။ ယဇ်ပုရောဟိတ်တို့ကို မိမိတို့အရာ၌ ခန့်ထား၍၊ ဗိမာန်တော်အမှုကို စောင့်စေခြင်းငှါ နှိုးဆော်တော်မူ၏။ ဣသရေလ အမျိုးရှိ သမျှကို သွန်သင်၍၊ ထာဝရဘုရားအဘို့ သန့်ရှင်းသော လေဝိသားတို့ကိုခေါ်၍၊ ဣသရေလ ရှင်ဘုရင် ဒါဝိဒ်သား ရှောလမုန် တည်ဆောက်သော အိမ်၌ သန့်ရှင်းသော သေတ္တာတော်ကို သွင်းထားကြလော့။ နောက်တဖန် သေတ္တာတော်ကို မထမ်းဘဲ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားအမှု၊ ဘုရားသခင်၏လူ ဣသရေလ အမျိုး၏အမှုကို ထမ်းကြလော့။ ဣသရေလ ရှင်ဘုရင် ဒါဝိဒ်မှတ်စာ၊ သားတော် ရှောလမုန်မှတ်စာနှင့် အညီသင်းဖွဲ့သည် အတိုင်း၊ အဆွေအမျိုး အလိုက်ကိုယ်ကို ပြင်ဆင်၍၊ ပြည်သူပြည်သားဖြစ်သော သင်တို့ ညီအစ်ကို အဘတို့ အဆွေအမျိုးနှင့် လေဝိသား အဆွေအမျိုး အသီးအသီး နေရာရှိသည်အတိုင်း၊ သန့်ရှင်းရာ ဌာနာတော်၌ ရပ်နေကြလော့။ ထိုသို့ ပသခါ သိုးသငယ်ကိုသတ်၍ ကိုယ်ကို သန့်ရှင်းစေကြလော့။ သင်တို့ ညီအစ်ကိုတို့သည် မောရှေအားဖြင့် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ပြုစေခြင်းငှါ၊ သူတို့ကိုလည်း ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။


မင်းမှုးမတ်များ လေဝိသားတို့က တိရစ္ဆာန်များပေးကြ
CROSS REFERENCES






စည်းဝေးသောသူ အပေါင်းတို့သည် ပသခါပွဲ [A] ခံစရာဘို့၊ ယောရှိမင်းသည် မိမိဥစ္စာ၊ သိုးသငယ်၊ ဆိတ်သငယ် သုံးသောင်းနှင့် နွားသုံးထောင်ကို ပေးတော်မူ၏။ မှူးမတ်တို့သည်လည်း၊ စေတနာစိတ်ရှိ၍ လူများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့အား ပေးကြ၏။ ဗိမာန်တော်မှူး ဟိလခိ၊ ဇာခရိ၊ ယေဟေလသည်လည်း၊ ပသခါပွဲကို ခံစရာဘို့ သိုးဆိတ် နှစ်ထောင် ခြောက်ရာနှင့် နွားသုံးရာကို ယဇ်ပုရောဟိတ် တို့အားပေးကြ၏။ လေဝိသားအကြီးအကဲ၊ ကောနနိ၊ ရှေမာယ၊ ဟာရှဘိ၊ ယေယေလ၊ ယောဇဗဒ်၊ နာသနေလနှင့် သူ၏ညီ များတို့သည်လည်း၊ ပသခါပွဲခံစရာဘို့ သိုးဆိတ် ငါးထောင်နှင့် နွားငါးရာကို လေဝိသားတို့အား ပေးကြ၏။


လေဝိသားတို့ မိမိတို့အလုပ်လုပ်ကြ

၁၀ ထိုသို့ ရှင်ဘုရင် အမိန့်တော်အတိုင်း၊ ဝတ်ပြုစရာ ပြင်ဆင်၍ ယဇ်ပုရောဟိတ်တို့သည် မိမိတို့နေရာ၌ ရပ်၍၊ လေဝိသားတို့သည် မိမိတို့အမှုကို ဆောင်ရွက်ကြ၏။ ၁၁ ပသခါ သိုးသငယ်ကို သတ်၍၊ ယဇ်ပုရောဟိတ်တို့သည် အသွေးကိုလက်နှင့် ဖြန်းလျက်၊ လေဝိသားတို့သည် အရေကိုခွါလျက် ပြုကြ၏။ ၁၂ မောရှေကျမ်းစာ၌ ရေးထားသည်အတိုင်း၊ ထာဝရဘုရားအား ပူဇော်စရာဘို့ လူများ အဆွေအမျိုးအလိုက် အသီးအသီး တို့အား ပေးဝေခြင်းငှါ၊ မီးရှို့ရာယဇ်များနှင့် နွားများကို ခွဲထားကြ၏။ ၁၃ ထုံးဖွဲ့တော်မူသည် အတိုင်း၊ ပသခါ သိုးသငယ်ကို မီးနှင့်ကင်ကြ၏။ သန့်ရှင်းသော ပူဇော်သက္ကာ အခြားတို့ကို မြေအိုး၊ သံအိုး၊ သံကရား၌ ပြုတ်၍ လူအပေါင်းတို့အား အလျှင်အမြန် ဝေကြ၏။ ၁၄ ထိုနောက်မှ ကိုယ်အဘို့နှင့် ယဇ်ပုရောဟိတ် အဘို့ကို ပြင်ဆင်ကြ၏။ အာရုန်သား ယဇ်ပုရောဟိတ် တို့သည် ညဦးတိုင်အောင် မီးရှို့ရာယဇ်နှင့် ဆီဥကို ပူဇော်လျက် နေရသောကြောင့်၊ လေဝိသားတို့သည် ကိုယ်အဘို့ကို၎င်း၊ အာရုန်သား ယဇ်ပုရောဟိတ် အဘို့ကို၎င်း ပြင်ဆင်ကြ၏။ ၁၅ ဒါဝိဒ်နှင့် ရှင်ဘုရင်၏ ပုရောဖက် အာသပ်၊ ဟေမန်၊ ယေဒုသုန် တို့စီရင်သည်အတိုင်း၊ အာသပ် အမျိုးသား သီချင်းသည်တို့သည် မိမိတို့နေရာ၌ ရှိကြ၏။ တံခါးစောင့်တို့သည် မိမိတို့အမှုကို မရှောင်၊ တံခါးရှိသမျှတို့ကို စောင့်ကြ၏။ သူတို့ညီအစ်ကို လေဝိသားတို့သည် သူတို့အဘို့ ပြင်ဆင်ကြ၏။ ၁၆ ထိုသို့ ယောရှိမင်းကြီး မိန့်တော်မူသည်အတိုင်း ပသခါပွဲကိုခံ၍၊ ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်းငှါ၊ ထာဝရဘုရားအား ပြုရသော ဝတ်အလုံးစုံကို၊ ထိုနေ့ခြင်းတွင် ပြင်ဆင်ကြ၏။ ၁၇ စည်းဝေးသော ဣသရေလ အမျိုး သားတို့သည် ထိုအခါ ပသခါပွဲကို၎င်း၊ အဇုမပွဲကို၎င်း၊ ခုနစ်ရက် ပတ်လုံးခံကြ၏။


ထိုကဲ့သို့ပသခါပွဲကိုမခံ

၁၈ ယောရှိမင်းနှင့် ယဇ်ပုရောဟိတ်၊ လေဝိသား၊ စည်းဝေးသော ယုဒပြည်၊ ဣသရေလပြည်သား၊ ယေရုရှလင်မြို့သား အပေါင်းတို့ ခံသော ထိုပသခါ ပွဲကဲ့သို့သော ပွဲကို ပရောဖက် ရှမွေလ လက်ထက်မှစ၍၊ ဣသရေလနိုင်ငံ၌ မခံ။ ထိုသို့သော ပသခါပွဲကို ဣသရေလ ရှင်ဘုရင် တယောက်မျှမခံ။ ၁၉ ယောရှိမင်း နန်းစံဆယ်ရှစ်တွင် ထိုပသခါပွဲကို ခံကြ၏။


ယောရှိမင်းစစ်ပွဲ၌ သေ

၂၀ ထိုနောက်မှ၊ ယောရှိသည် ဗိမာန်တော်ကို ပြင်ဆင်ပြီးမှ၊ အဲဂုတ္တု ရှင်ဘုရင် နေခေါသည် ဥဖရတ်မြစ်နား၊ ခါခေမိတ်မြို့သို့ စစ်ချီသည်တွင်၊ ယောရှိမင်းသည် ဆီးတားခြင်းငှါ၊ ထွက်လေ၏။ ၂၁ အဲဂုတ္တု ရှင်ဘုရင်က၊ အိုယုဒရှင်ဘုရင်၊ သင်သည် ငါနှင့် အဘယ်သို့ ဆိုင်သနည်း။ သင့်ကို ယနေ့ ငါစစ်ချီသည် မဟုတ်။ ငါနှင့် စစ်တိုက်ဘက်ဖြစ်သော အမျိုးကို စစ်ချီ၏။ ငါအလျှင်အမြန် ပြုမည်အကြောင်း ဘုရားသခင် မှာထားတော်မူပြီ။ ငါဘက်၌ ရှိသော ဘုရားသခင်ကို ဆန့်ကျင်ဘက် မပြုဘဲနေလော့။ သို့မဟုတ် သင့်ကို ဖျက်ဆီးတော်မူပြီဟု သံတမန်စေလွှတ်၍၊ မှာလိုက်လေ၏။ ၂၂ သို့ရာတွင် ယောရှိသည် မလွှဲမရှောင်၊ နေခေါဆင့်ဆိုသော ဘုရားသခင်၏ အမိန့်တော်ကို နားမထောင်၊ စစ်တိုက်ခြင်းငှါ၊ ခြားနားသော အယောင်ကို ဆောင်လျက်၊ မေဂိဒ္ဒေါချိုင့်၌ စစ်ပွဲထဲသို့ ဝင်လေ၏။ ၂၃ လေးသူရဲတို့သည် ယောရှိမင်းကို ပစ်၍ မှန်သဖြင့်၊ မင်းကြီးက ငါ့ကို ဆောင်သွားလော့။ ပြင်းစွာ အထိအ ခိုက်ခံရသည်ဟု ကျွန်တို့အားဆိုလျှင်၊ ၂၄ ​ကျွန်တို့သည် ရထားတော် ပေါ်ကချ၍၊ ဒုတိယရ ထားတော်ပေါ်၌ တင်ပြီးလျှင် ယေရုရှလင် မြို့သို့ ဆောင်သွားသောအခါ၊ အနိစ္စရောက်၍ ဘိုးဘေးတို့ သင်္ချိုင်း၌ သင်္ဂြိုလ်ခြင်းကို ခံလေ၏။ ယုဒပြည်သူ၊ ယေရုရှလင် မြို့သား အပေါင်းတို့သည်၊ ယောရှိမင်း အနိစ္စရောက် သောကြောင့်၊ ငိုကြွေး မြည်တမ်းခြင်းကို ပြုကြ၏။ ၂၅ ယေရမိသည်လည်း မြည်တမ်းသောစကားကို စီရင်၍၊ သီချင်းသည် ယောကျ်ား မိန်းမရှိသမျှတို့သည်၊ ယနေ့တိုင်အောင် ယောရှိမင်းကို အောက်မေ့လျက်၊ ထိုမြည်တမ်းသော စကားကို သုံးဆောင်သဖြင့်၊ ဣသရေလ ထုံးစံဖြစ်လေ၏။ ထိုစကားသည် မြည်တမ်းစာ၌ ရေထားလျက်ရှိသတည်း။ ၂၆ ယောရှိပြုမူသော အမှုအရာ ကြွင်းလေသမျှတို့နှင့် ထာဝရဘုရား၏ ပညတ္တိကျမ်း၌ ရေးထားသည်အတိုင်း၊ ကျေးဇူးပြုခြင်း၊ ၂၇ အကျင့်ကျင့်ခြင်း အရာ အစအဆုံးတို့သည်၊ ဣသရေလ ရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.