-
AA
+
🡀
|
🡂
၂ ရာဇဝင်ချုပ်
၃၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ရာဇဝင်ချုပ်
အခန်းကြီး ၃၄


ယောရှိနန်းစံ၍ နိုင်ငံတော် သန့်ရှင်းရေးလုပ်

ယောရှိသည် အသက် ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ အသက် သုံးဆယ် တနှစ်စိုးစံလေ၏။ ထိုမင်းသည် ထာဝရဘုရား ရှေ့တော်၌ တရားသော အမှုကိုပြု၍၊ လက်ျာဘက် လက်ဝဲဘက်သို့မလွဲ၊ အဘ ဒါဝိဒ်လိုက်သော လမ်းသို့ လိုက်လေ၏။

အသက်တော်ငယ်စဉ်၊ နန်းစံရှစ်နှစ်တွင်၊ အဘဒါဝိဒ်၏ ဘုရားသခင်ကို ဆည်းကပ်စပြု၏။ တဆယ်နှစ်နှစ်တွင် ယုဒပြည်၊ ယေရုရှလင်မြို့၌ ရှိသောကုန်း၊ အာရှရပင်၊ ထုသောရုပ်တု၊ သွန်းသော ရုပ်တုတို့ကို သုတ်သင် ပယ်ရှင်းစပြု၏။ ဗာလဘုရားတို့ ယဇ်ပလ္လင်များကို ရှေ့တော်၌ ဖြိုချ၍၊ ယဇ်ပလ္လင်ပေါ်တွင် အမြင့်တင်ထားသော ရုပ်တုတို့ကို ခုပ်လှဲကြ၏။ အာရှရပင်များနှင့် ထုသောရုပ်တု၊ သွန်းသော ရုပ်တုများကိုချိုးဖဲ့၍ ညက်ညက်ချေပြီးလျှင်၊ ယဇ်ပူဇော်သော သူတို့၏ သင်္ချိုင်းပေါ်မှာ ဖြန့်ဖြူးတော်မူ၏။ ယဇ်ပုရောဟိတ် တို့အရိုးကို ထိုယဇ်ပလ္လင်တည်ရာ အပေါ်မှာမီးရှို့၍၊ ယုဒပြည်နှင့် ယေရုရှလင်မြို့ကို စင်ကြယ်စေတော်မူ၏။ ထိုအတူ မနာရှေခရိုင်၊ ဧဖရိမ်ခရိုင်၊ ရှိမောင်ခရိုင်၊ နဿလိ ခရိုင်တိုင်အောင်၊ အရပ်ရပ်မြို့များတို့၌ ပေါက်တူးနှင့် လုပ်လျက်၊ ယဇ်ပလ္လင်တို့နှင့် အာရှရပင်တို့ကို ချိုးဖဲ့၍၊ ဣသရေလ ပြည်တရှောက်လုံး၌ ရှိသမျှသော ရုပ်တုဆင်းတုတို့ကို ခုတ်လှဲ၍ ညက်ညက်ချေပြီးမှ ယေရုရှလင်မြို့သို့ ပြန်တော်မူ၏။



နန်းစံ ဆယ်ရှစ်နှစ်တွင်၊ နိုင်ငံတော်နှင့် ဗိမာန်တော်ကို စင်ကြယ်စေပြီးမှ၊ မိမိ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကိုပြု ပြင်လိုသောငှါ၊ အာဇလိ၏သား ရှာဖန်၊ မြို့ဝန်မာသေယ၊ ယောခတ်သား အတွင်းဝန် ယောအာတို့ကို စေလွှတ်တော်မူ၏။ ထိုသူတို့သည် ယဇ်ပုရောဟိတ်မင်း ဟိလခိထံသို့သွား၍၊ ဗိမာန်တော်သို့ လူများဆောင်ခဲ့သောငွေ၊ မနာရှေအမျိုးသား၊ ဧဖရိမ်အမျိုးသား၊ ကျန်ကြွင်းသော ဣသရေလ အမျိုးသားရှိသမျှ၊ ယုဒအမျိုးသား၊ ဗင်္ယာမိန်အမျိုးသား၊ ယေရုရှလင် မြို့သူမြို့သား အပေါင်းတို့လက်မှ၊ တံခါးစောင့် လေဝိသားတို့ခံသော ငွေကိုယူ၍၊ ၁၀ ဗိမာန်တော်ကို ကြည့်ရှုပြုစုသော သူတို့၌ အပ်သဖြင့်၊ သူတို့သည် ဗိမာန်တော်ကို ပြုပြင်ခြင်းငှါ လုပ်ဆောင်သောသူ၊ ၁၁ ဗိသုကာနှင့် လက်သမား လုပ်သည်အတွက်၊ ယုဒ ရှင်ဘုရင် ဖျက်ဆီးသော အဆောင်တို့ကို ပြင်စရာဘို့ ဆစ်သောကျောက်များနှင့် ထုတ်လျောက် ရနယ်များကို ဝယ်သည်အတွက် ပေးကြ၏။ ၁၂ လုပ်ဆောင်သော သူတို့သည် သစ္စာစောင့်ကြ၏။ လေဝိအမျိုး၊ မေရာရိအနွယ်၊ ယာဟတ်နှင့် ဩဗဒိ၊ ကောဟတ်အနွယ်၊ ဇာခရိနှင့်မေရှုလံ၊ အစရှိသော တူရိယာမျိုးကို တီးမှုတ်လျက်၊ သီးချင်းဆိုတတ်သော လေဝိသား အပေါင်းတို့သည် ကြည့်ရှု နှိုးဆော်ကြ၏။ ၁၃ ထိုသူတို့သည် ဝန်ထမ်းသော သူမှစ၍၊ အလုပ်မျိုးကို လုပ်ဆောင်သောသူ အပေါင်းတို့ကို ကြည့်ရှု အုပ်ချုပ်ကြ၏။ လေဝိသား အချို့တို့သည်လည်း စာရေး၊ တရားသူကြီး၊ တံခါးစောင့် လုပ်ကြ၏။


ဗိမာန်တော်၌ ကျမ်းစာတွေ့

၁၄ ဗိမာန်တော်သို့ ဆောင်ခဲ့သော ငွေကို ထုတ်သောအခါ၊ ယဇ်ပုရောဟိတ် ဟိလခိသည် မောရှေ ရေးထားသော ထာဝရဘုရား၏ ပညတ္တိကျမ်း စာစောင်ကိုတွေ့၍၊ ၁၅ တွေ့ကြောင်းကို စာရေးတော် ရှာဖန်အား ပြောလျက် ထိုကျမ်းစာကို အပ်ပေး၏။ ၁၆ ရှာဖန်သည် ရှင်ဘုရင်ထံသို့ ယူသွား၍၊ ကိုယ်တော်​ကျွန်တို့သည် မှာထားတော်မူသမျှ အတိုင်းပြုကြပါ၏။ ၁၇ ဗိမာန်တော်၌ တွေ့သောငွေကိုမှုတ်၍၊ အုပ်ချုပ်သောသူနှင့် လုပ်ဆောင်သောသူတို့၌ အပ်ပါပြီဟူ၍၎င်း၊ ၁၈ ယဇ်ပုရောဟိတ် ဟိလခိသည် ​ကျွန်တော်၌ စာစောင်ကို အပ်ပါပြီဟူ၍၎င်း၊ ကြားလျှောက်လျက်၊ ရှင်ဘုရင် ရှေ့တော်၌ ဖတ်ရွတ်လေ၏။


ယောရှိမင်းသည် တွေ့သော ကျမ်းစာကြောင့်တုန်လှုပ်

၁၉ ရှင်ဘုရင်သည် တရားစကားကို ကြားလျှင်၊ မိမိအဝတ်ကိုဆုတ်၍၊ ၂၀ ယဇ်ပုရောဟိတ် ဟိလခိ၊ ရှာဖန်သား အဟိကံ၊ မိက္ခာသား အာဗဒုန်၊ စာရေးတော် ရှာဖန်၊ မိမိ​ကျွန် အာသာယကိုခေါ်၍၊ ၂၁ ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့အတွက် ဣသရေလ ပြည်နှင့် ယုဒပြည်၌ ကျန်ကြွင်းသေးသော သူတို့အတွက် ထာဝရဘုရား၌ မေးလျှောက်ကြပါ။ ဘိုးဘေးတို့သည် ထာဝရ ဘုရား၏ အမိန့်တော်ကို နားမထောင်၊ ဤကျမ်းစာ၌ ရေးထားသမျှအတိုင်း မကျင့်ဘဲ နေသောကြောင့်၊ ထာဝရဘုရားသည် ငါတို့၌ ပြင်းစွာ အမျက်ထွက် တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။ ၂၂ ထိုကာလတွင်၊ ဟရဟတ်သား ဖြစ်သော တိကဝ၏သား အချုပ်ဝန် ရှလ္လုံ၏မယား၊ ပရောဖက်မ ဟုလဒသည် ယေရုရှလင်မြို့၌ နေသည်ဖြစ်၍၊ ဟိလခိနှင့် ရှင်ဘုရင်၏ လူတို့သည် မိန်းမထံသို့ သွား၍ ပြောဆိုကြ၏။


ပရောဖက်မ ဟုလဒပြန်ပြောသော ဘုရား၏စကား

၂၃ မိန်းမကလည်း၊ ငါ့ထံသို့ စေလွှတ်သော သူထံသို့ သူတို့ပြန်၍ ဆင့်ဆိုရသော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အမိန့်တော်ဟူမူကား၊ ၂၄ ယုဒရှင်ဘုရင် ရှေ့မှာဖတ် ရသောကျမ်းစာ၌ ရေးထားသမျှသော အကျိန်စကား ပြည့်စုံစေခြင်းငှါ၊ ငါသည် ဤအရပ်၌၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ဘေးရောက်စေမည်။ ၂၅ အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ကြပြီ။ မိမိလုပ်သော အရာတို့ဖြင့် ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ၊ အခြားတပါးသော ဘုရားတို့ရှေ့မှာ နံ့သာပေါင်းကို မီးရှို့ကြပြီ။ ထိုကြောင့် ဤအရပ်၌ ငါ့အမျက်မီးသည် မငြိမ်းဘဲ လောင်ရလိမ့်မည်ဟု မိန့်တော်မူ၏။ ၂၆ ထာဝရဘုရားကို မေးလျှောက်စေခြင်းငှါ၊ သင်တို့ကို စေလွှတ်သော ယုဒရှင် ဘုရင်ကြားသော ကျမ်းစာကို ရည်ဆောင်၍၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူကြောင်းကို ထိုရှင်ဘုရင်အား တဖန်လျှောက်ရမည်ကား၊ ၂၇ ဤအရပ်ကို၎င်း၊ ဤအရပ်သားတို့ကို၎င်း၊ ငါခြိမ်းချောက်သော စကားကို သင်သည် ကြားသောအခါ၊ နူးညံ့သောစိတ်ရှိ၍၊ ဘုရားသခင့် ရှေ့တော်၌ ကိုယ်ကိုနှိမ့်ချခြင်း၊ ကိုယ်အဝတ်ကို ဆုတ်ခြင်း၊ ငါ့ရှေ့မှာ ငိုကြွေးခြင်းကို ပြုသောကြောင့်၊ သင့်စကားကို ငါနားထောင်၏။ ၂၈ ငါသည် သင့်ကို ဘိုးဘေးစုဝေးရာသို့ ပို့ဆောင်၍၊ သင်သည် ငြိမ်ဝပ်စွာ သင်္ချိုင်းသို့ ရောက်ရလိမ့်မည်။ ဤအရပ်၌၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ငါရောက်စေအံ့သော ဘေးကို သင်ကိုယ်တိုင် မတွေ့မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည်အတိုင်း၊ သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ၏။


ဘုရင်နှင့် ယုဒပြည်သူများ ပဋိညာဉ်ပြုကြ

၂၉ ထိုအခါ ရှင်ဘုရင်သည် ယုဒပြည်သူ၊ ယေရုရှလင် မြို့သား အသက်ကြီးသူ အပေါင်းတို့ကိုခေါ်၍၊ ၃၀ ယုဒပြည်သူ ယေရုရှလင်မြို့သား၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ လူအကြီးအငယ် အပေါင်းတို့နှင့် တကွ၊ ဗိမာန်တော်သို့တက်၍ ဗိမာန်တော်၌ တွေ့သော ပဋိညာဉ် ကျမ်းစာရှိသမျှကို သူတို့ရှေ့မှာ ဖတ်တော်မူ၏။ ၃၁ ရှင်ဘုရင်ကလည်း၊ ထာဝရဘုရားကို ဆည်းကပ်ပါမည်။ စီရင်ထုံးဖွဲ့ချက် ပညတ်တရားကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ရှောက်ပါမည်။ ဤကျမ်းစာပါသော ပဋိညာဉ် စကားအတိုင်း ကျင့်ပါမည်ဟု မိမိနေရာ၌ ရပ်၍ အဓိဋ္ဌာန်ပြု၏။ ၃၂ စည်းဝေးသော ယုဒအမျိုးနှင့် ဗင်္ယာမိန် အမျိုးသား အပေါင်းတို့သည်၊ ထိုအဓိဋ္ဌာန်ကို ဝန်ခံရမည်အကြောင်း စီရင်တော်မူ၏။ ယေရုရှလင် မြို့သားတို့သည်လည်း၊ ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားသခင်၏ ပဋိညာဉ် တရားအတိုင်း ကျင့်ကြ၏။ ၃၃ ယောရှိမင်းသည်လည်း၊ ရွံရှာဘွယ်သော အရာရှိသမျှတို့ကို၊ ဣသရေလ အမျိုးသား ပိုင်သောပြည် အရပ်ရပ်တို့မှ ပယ်ရှား၍၊ ဣသရေလပြည်၌ နေသောသူ အပေါင်းတို့သည်၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုရမည်အကြောင်း၊ စီရင်တော်မူသဖြင့် လက်ထက်တော် ကာလပတ်လုံး သူတို့သည် မဖောက်ပြန်၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား နောက်သို့ လိုက်လျက်နေကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.