-
AA
+
🡀
|
🡂
၂ ရာဇဝင်ချုပ်
၃၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ရာဇဝင်ချုပ်
အခန်းကြီး ၃၃


မနာရှေသည် ထာ၀ရဘုရားစွန့်၍ ရုပ်တုများ တည်ထားကိုးကွယ်

မနာရှေသည် အသက် တဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်ငါး နှစ်စိုးစံလေ၏။ ထိုမင်းသည် ဣသရေလ အမျိုးသားရှေ့မှာ၊ ထာဝရဘုရားနှင် ထုတ်တော်မူသော တပါးအမျိုးသား၊ ရွံရှာဘွယ် ထုံးစံအတိုင်း ထာရဝဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ ခမည်းတော် ဟေဇကိ ဖျက်ဆီးသော ကုန်းတို့ကို ပြုပြင်၍၊ ဗာလဘုရားတို့အဘို့ ယဇ်ပလ္လင် တို့ကိုတည်၏။ အာရှရပင် တို့ကိုလည်း ပြုစု၏။ မိုးကောင်းကင် တန်ဆာများကိုလည်း ဝတ်ပြုကိုးကွယ်၏။ ယေရုရှလင်မြို့၌ ငါ့နာမအစဉ် ငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူသောမြို့၊ ဗိမာန်တော်၌ ယဇ်ပလ္လင် တည်းဟူသော၊ ဗိမာန်တော် တံတိုင်းနှစ်ရပ်တွင်၊ မိုးကောင်းကင် တန်ဆာများအဘို့ ယဇ်ပလ္လင်ကို တည်၏။ မိမိသားတို့ကို ဟိန္နုံသားချိုင့်၌ မီးဖြင့်ပူဇော်၏။ ကာလဗေဒင်ကို ကြည့်တတ်၏။ ပြုစားသော အတတ်၊ နတ်ဝင်အတတ်ကို သုံးဆောင်၍၊ စုန်းနှင့် နတ်ဝင်တို့ကိုလည်း အခွင့်ပေး၏။ ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ ရှေ့တော်၌ များစွာသော ဒုစရိုက်ကိုပြု၏။ ဤဗိမာန်၌၎င်း၊ ဣသရေလ ခရိုင်များတို့တွင် ငါရွေးကောက်သော ယေရုရှလင်မြို့၌၎င်း၊ ငါ့နာမကို အစဉ်အမြဲ ငါတည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ်နှင့် သားတော် ရှောလမုန်အား မိန့်တော်မူရာ၌၊ ရည်ဆောင်သော ဗိမာန်တော်ထဲမှာ၊ မိမိပြုစုသော ရုပ်တုနှင့် တူအောင် လုပ်သော ရုပ်တုတခုကို တင်ထား၏။ ငါမှာထားသမျှအတိုင်း၊ မောရှေအားဖြင့် စီရင်ထုံးဖွဲ့သော တရားအတိုင်း၊ ဣသရေလ အမျိုးသားတို့သည် ကျင့်ခြင်းငှါ စောင့်ရှောက်လျှင်၊ သူတို့ဘိုးဘေးတို့အား ငါပေးသောပြည်မှ၊ သူတို့ကို နောက်တဖန် ငါမရွှေ့မပြောင်းစေဟု မိန့်တော်မူသော်လည်း၊ မနာရှေသည် ယုဒပြည်သူ ယေရုရှလင် မြို့သားတို့ကို လမ်းလွဲစေ၏။ ဣသရေလ အမျိုးသားတို့ရှေ့မှ၊ ထာဝရဘုရား ဖျက်ဆီးတော်မူသော လူမျိုးတို့ ပြုသည်ထက်၊ သာ၍ ဆိုးသောအမှုကို ပြုစေ၏။


မနာရှေကို ဘုရားက ရှုရိဘုရင်လက်၌ အပ်

၁၀ ထာဝရဘုရားသည် မနာရှေနှင့် သူ၏လူတို့အား မိန့်တော်မူသော်လည်း၊ သူတို့သည် နားမထောင်ဘဲ နေသောကြောင့်၊၁၁ ရှုရိရှင်ဘုရင်၏ ဗိုလ်မင်းများကို စစ်ချီစေတော်မူသဖြင့်၊ သူတို့သည် မနာရှေကို ဆူးတော်နှင့် ဖမ်းမိ၍၊ သံကြိုးနှင့်ချည် နှောင်ပြီးမှ၊ ဗာဗုလုန်မြို့သို့ ဆောင်သွားကြ၏။ ၁၂ ထိုသို့မနာရှေသည် ဆင်းရဲဒုက္ခကို ခံရသောအခါ၊ မိမိ ဘုရားသခင် ထာဝရ ဘုရားကို တောင်းပန်၍၊ ဘိုးဘေးတို့၏ ဘုရားသခင့်ရှေ့မှာ ကိုယ်ကို အလွန်နှိမ့်ချလျက်၊ ၁၃ ဆုတောင်း ပဌနာပြုသော စကားကို ဘုရားသခင် နားထောင်နာယူ၍၊ မနာရှေ အုပ်စိုးရင်းပြည်၊ ယေရုရှလင် မြို့သို့ တဖန်ပို့ဆောင်တော်မူ၏။ ထိုအခါ ထာဝရဘုရားသည် ဘုရားသခင် ဖြစ်တော်မူကြောင်းကို မနာရှေသိရ၏။


မနာရှေ ရုပ်တုများဖျက်၍ ထာ၀ရဘုရားသာ ကိုးကွယ်

၁၄ ထိုနောက်၊ ဒါဝိဒ်မြို့ပြင်၊ ဂိဟုန် အနောက်ဘက်ချိုင့် ထဲမှာ ငါးတံခါးဝ တိုင်အောင်၎င်း၊ ဩဖေလ ရဲတိုက်ပတ်လည်၌၎င်း၊ အလွန်မြင့်သော မြို့ရိုးကိုတည်၏။ ယုဒပြည်တွင် ခိုင်ခံ့သော မြို့ရိုးရှိသမျှတို့၌ တပ်မှူးတို့ကို ခန့်ထား၏။ ၁၅ တပါး အမျိုးသားတို့၏ ဘုရားများနှင့် အရင်လုပ်သော ရုပ်တုကို၊ ဗိမာန်တော်ထဲက ထုတ်၍၊ ဗိမာန်တော် တောင်ပေါ်၊ ယေရုရှလင်မြို့ထဲမှာ အရင်တည်သော ယဇ်ပလ္လင် တို့ကိုလည်း မြို့ပြင်သို့ ထုတ်ပစ်လေ၏။ ၁၆ ထာဝရဘုရား၏ ယဇ်ပလ္လင်ကို ပြုပြင်၍ မိဿဟာယယဇ်နှင့် ကျေးဇူးတော် ဝန်ခံရာယဇ်တို့ကို ပူဇော်၏။ ယုဒပြည် သားတို့သည်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုမည် အကြောင်း မှာထား၏။ ၁၇ သို့ရာတွင် ပြည်သားတို့သည် မြင့်သောအရပ်ပေါ်မှာ ယဇ်ပူဇော်လျက်ပင်၊ မိမိတို့ ဘုရားသခင် ထာဝရဘုရား ကိုသာ ကိုးကွယ်ကြ၏။


မနာရှေ၏နိဂုံး

၁၈ မနာရှေ ပြုမူသော အမှုအရာ ကြွင်းလေသမျှနှင့် မိမိ ဘုရားသခင်ကို ဆုတောင်းခြင်းအရာ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားအခွင့်နှင့် သူ့အား ပရောဖက်တို့ ဟောပြောသော စကားသည်၊ ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၁၉ သူဆုတောင်းခြင်း၊ ဘုရားသခင် နားထောင်တော်မူခြင်း၊ အမှုမရောက်မှီ ပြစ်မှားလွန်ကျူးခြင်း၊ မြင့်သောအရပ်တို့ကို တည်ခြင်း၊ အာရှရပင်နှင့် ရုပ်တုဆင်းတုတို့ကို တည်ထောင်ခြင်း အရာတို့သည်၊ ဟောဇဲ၏ ကျမ်းစကားတွင် ရေးထားလျက်ရှိ၏။ ၂၀ မနာရှေသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ မိမိအိမ်၌ သင်္ဂြိုလ်ခြင်းကို ခံလေ၏။ သားတော် အာမုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။


မနာရှေသေ၍ အာမုန်နှစ်နှစ်စိုးစံ

၂၁ အာမုန်သည် အသက် နှစ်ဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်နှစ်စိုးစံ၏။ ၂၂ ထိုမင်းသည် ခမည်းတော် မနာရှေပြုသကဲ့သို့ ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ ခမည်းတော် လုပ်သော ရုပ်တုဆင်းတု ရှိသမျှတို့အား ယဇ်ပူဇော်၍ ဝတ်ပြု၏။ ၂၃ ခမည်းတော်သည် ထာဝရဘုရား ရှေ့တော်၌ ကိုယ်ကိုနှိမ့်ချသကဲ့သို့ မနှိမ့်ချဘဲ အထူးသဖြင့် ပစ်မှား၏။ ၂၄ မိမိ​ကျွန်တို့သည် သင်းဖွဲ့၍ နန်းတော်၌ လုပ်ကြံကြ၏။ ၂၅ အာမုန် မင်းကြီးတဘက်၌ သင်းဖွဲ့သောသူ အပေါင်းတို့ကို၊ ပြည်သူ ပြည်သားတို့သည် ကွပ်မျက်၍၊ သားတော် ယောရှိကို ခမည်းတော်အရာ၌ နန်းတင်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.