-
AA
+
🡀
|
🡂
၂ ရာဇဝင်ချုပ်
၃၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ရာဇဝင်ချုပ်
အခန်းကြီး ၃၁


ဣသရေလပြည်ရှိ ရုပ်တုများ ချိုးဖဲ့ဖျက်ဆီး

ထိုအမှု လက်စသတ်သောအခါ၊ စည်းဝေးသော ဣသရေလ လူအပေါင်းတို့သည်၊ ယုဒမြို့များသို့ ထွက်သွား၍ ယုဒပြည်၊ ဗင်္ယာမိန်ပြည်၊ ဧဖရိမ်ပြည်၊ မနာရှေပြည် အရပ်ရပ်၌ရှိသော ရုပ်တုဆင်းတု၊ အာရှရပင်၊ မြင့်သောအရပ်၊ ယဇ်ပလ္လင် ရှိသမျှတို့ကို ရှင်းရှင်း မဖျက်ဆီးမှီတိုင်အောင် ချိုးဖဲ့၊ ခုတ်လှဲ ဖြိုချကြ၏။ ထိုနောက်မှ၊ ဣသရေလအမျိုးသား အပေါင်းတို့သည်၊ အသီးအသီး ပိုင်ထိုက်သော နေရာမြို့ရွာတို့သို့ ပြန်သွားကြ၏။


ဟေဇကိမင်းသည် ယဇ်ပူဇော်ခြင်းနှင့် လှူခြင်းများပြုဘို့နှိုးဆော်
CROSS REFERENCES






ယဇ်ပုရောဟိတ် လေဝိသားတို့သည်၊ အသီးအသီး စောင့်ရသောအမှုကို အလှည့်သင့်သည်အတိုင်း စောင့်လျက်၊ ထာဝရ ဘုရား ကျိန်းဝပ်တော်မူသော ဌာနတော် တံခါးအတွင်း၌၊ မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ်ကို ပူဇော်ခြင်း၊ အမှုတော်မျိုးကို စောင့်ခြင်း၊ ကျေးဇူးတော်ကို ဝန်ခံခြင်း၊ ထောမနာသီချင်း ဆိုခြင်းအမှုကို ပြုခြင်းငှါ၊ ဟေဇကိ ခန့်ထားတော်မူ၏။ ထာဝရဘုရား၏ ပညတ္တိကျမ်း၌ ရေးထားသည်အတိုင်း၊ နေ့ရက်အစဉ် နံနက်အချိန်၊ ညဦးအချိန်၊ ဥပုသ်နေ့၊ [A] လဆန်းနေ့၊ ဓမ္မပွဲနေ့တွင် မီးရှို့ရာယဇ် ပူဇော်စရာအဘို့၊ ဘဏ္ဍာတော်ထဲက ဥစ္စာတဘို့ကိုထုတ်၍ လှူတော်မူ၏။ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ထာဝရဘုရား၏ တရားကို ကြိုးစား၍ သွန်သင်စေခြင်းငှါ၊ ယေရုရှလင်မြို့၌ နေသောသူတို့သည် ဥစ္စာတဘို့ကို လှူရမည့်အကြောင်း မိန့်တော်မူ၏။ ထိုအမိန့်တော်ကို ဣသရေလအမျိုးသားတို့သည် အနှံ့အပြား ကြားသိကြသောအခါ၊ အဦးသီးသောစပါး၊ စပျစ်ရည်၊ ဆီ၊ ပျားရည်အစရှိသော မြေအသီးအနှံကို၎င်း၊ အခြားသော ဥစ္စာရှိသမျှ ဆယ်ဘို့တဘို့ကို၎င်း၊ များစွာဆောင်ခဲ့ကြ၏။ ယုဒမြို့တို့၌နေသော ဣသရေလအမျိုးသားနှင့် ယုဒအမျိုးသား တို့သည်လည်း၊ သိုးနွား ဆယ်ဘို့တဘို့ကို၎င်း၊ သူတို့၏ ဘုရားသခင် ထာဝရဘုရားအား ပူဇော်၍ သန့်ရှင်းသောဥစ္စာ ဆယ်ဘို့တဘို့ကို၎င်း၊ ဆောင်ခဲ့၍ အသီးအသီး ပုံထားကြ၏။ တတိယလတွင် ပုံထားစပြု၍၊ သတ္တမလတွင် လက်စသတ်ကြ၏။ ပုံထားသော ဥစ္စာကို ဟေဇကိနှင့် မှူးမတ်တို့သည်လာ၍ မြင်သောအခါ၊ ထာဝရဘုရားနှင့် ဘုရားသခင်၏လူ ဣသရေလအမျိုးကို ကောင်းကြီးပေးကြ၏။


ပိုရှံစွာပေးလှူကြ

ထိုပုံထားသော ဥစ္စာအကြောင်းကို ဟေဇကိသည် ယဇ်ပုရောဟိတ်၊ လေဝိသားတို့၌ မေးမြန်းလျှင်၊ ၁၀ ဇာဒုတ်အမျိုး၊ ယဇ်ပုရောဟိတ်အကြီး အာဇရိက၊ ပူဇော်သက္ကာတို့ကို၊ ဗိမာန်တော်သို့ ဆောင်ခဲ့စပြုသောနောက်၊ အ​ကျွန်ုပ်တို့ စားလောက်အောင် ရှိသည်သာမက များစွာကျန်ကြွင်းတတ်ပါ၏။ ထာဝရဘုရားသည် မိမိလူတို့ကို ကောင်းကြီး ပေးတော်မူသောကြောင့်၊ ပုံထားသော ဤဥစ္စာများသည် ကျန်ကြွင်းလျက် ရှိပါသည်၊ ဟုလျှောက်ကြ၏။ ၁၁ ထိုအခါ ဗိမာန်တော်၌ ဘဏ္ဍာတိုက်တို့ကို ပြင်ဆင်စေမည်အကြောင်း၊ ဟေဇကိ မိန့်တော်မူသည်အတိုင်း ပြင်ဆင်၍၊ ၁၂ လှူသောဥစ္စာ၊ ဆယ်ဘို့တဘို့ဥစ္စာ၊ ပူဇော်သော ဥစ္စာများကို တရားနှင့်အညီ သွင်းထားကြ၏။ လေဝိသား ကောနနိသည် တိုက်အုပ်၊ သူ၏ညီ ရှိမိသည် တိုက်စာရေးဖြစ်၏။


ဟေဇကိသည် ဗိမာန်တော် ပညတ်တော် တရားတော်စောင့်
CROSS REFERENCES






၁၃ ယေဟေလ၊ အာဇဇိ၊ နာဟတ်၊ အာသဟေလ၊ ယေရိမုတ်၊ ယောဇဗတ်၊ ဧလျေလ၊ ဣသမခိ၊ မာဟတ်၊ ဗေနာယတို့သည်လည်း ဟေဇကိမင်းကြီးနှင့် ဗိမာန်တော်အုပ် အာဇရိ စီရင်သည်အတိုင်း ကောနနိနှင့် သူ၏ညီ ရှိမိတို့သည် အစေခံ၍ ကြည့်ရှု ပြုစုရကြ၏။ ၁၄ အရှေ့တံခါးမှူး၊ လေဝိသား ဣမနသား ကောရသည်၊ ထာဝရ အရှင်ဘုရားသခင်အား လှူဒါန်း ပူဇော်သောဥစ္စာ၊ အလွန်သန့်ရှင်းသော ဥစ္စာများကို ဝေဖန်ရသော အမှုအုပ်ဖြစ်၏။ ၁၅ ကောရလက်ထောက်၊ ဧဒင်၊ ဗင်္ယာမိန်၊ ယောရှု၊ ရှေမာယ၊ အာမရိ၊ ရှေကနိတို့သည်လည်း ယဇ်ပုရောဟိတ် နေရာမြို့တို့၌ အရာခံသည်အတိုင်း၊ သင်းဖွဲ့သော ညီအစ်ကို အကြီးအငယ်တို့အား ပေးဝေရကြ၏။ ၁၆ သင်းဖွဲ့သည်အတိုင်း ဗိမာန်တော်သို့ဝင်၍ အမှုတော်ကို စောင့်သောသူ၊ စာရင်းဝင်သည်အတိုင်း၊ အသက်သုံးဆယ်နှစ် လွန်သောယောက်ျား အပေါင်းတို့အား၎င်း၊ ၁၇ အဆွေအမျိုးအလိုက် စာရင်းဝင်၍၊ အသက်နှစ်ဆယ်လွန်သဖြင့်၊ သင်းဖွဲ့သည်အတိုင်း၊ အမှုတော်စောင့်သော ယဇ်ပုရောဟိတ် လေဝိသားတို့အား၎င်း၊ ၁၈ သစ္စာစောင့်၍ ကိုယ်ကို သန့်ရှင်းစေသော ထိုသူတို့၏ သားမယားသူငယ်မှစ၍၊ ပရိသတ် အနှံ့အပြား စာရင်းဝင်သမျှသော သူတို့အား၎င်း၊ နေ့ရက်အစဉ်အတိုင်း ပေးဝေရကြ၏။ ၁၉ ထိုအတူ၊ အထက်ဆိုခဲ့ပြီးသော သူတို့သည် ယဇ်ပုရောဟိတ်၊ လေဝိသား နေစရာဘို့ ခွဲထားသော မြို့နယ်တို့၌ နေသော အာရုန်သား ယဇ်ပုရောဟိတ် ယောက်ျား၊ စာရင်းဝင်သော လေဝိသား အပေါင်းတို့အားလည်း ပေးဝေရကြ၏။ ၂၀ ထိုသို့ ဟေဇကိသည် ယုဒပြည် တရှောက်လုံးတွင် စီရင်၍၊ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ကောင်းသောအမှု၊ ​ဖြောင့်မတ်သောအမှု၊ သမ္မာတရား [B]အမှုတို့ကို ပြုတော်မူ၏။ ၂၁ မိမိဘုရားသခင်ကို ဆည်းကပ်လျက်၊ ဗိမာန်တော်၊ တရားတော်၊ ပညတ်တော်တို့အဘို့ အမှုစောင့် စပြုလေရာရာ၌ စိတ်နှလုံး အကြွင်းမဲ့ပြု၍ အကြံထမြောက်တတ်၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.