-
AA
+
🡀
|
🡂
၂ ရာဇဝင်ချုပ်
၂၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ရာဇဝင်ချုပ်
အခန်းကြီး ၂၅


ယောရှသား အာမဇိနန်းထိုင် [A]

အာမဇိသည် အသက် နှစ်ဆယ် ငါးနှစ်ရှိသော နန်းထိုင်၍၊ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ် စိုးစံ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သူ ယုဒ္ဒ​န်အမည်ရှိ၏။ ထိုမင်းသည် ထာဝရဘုရား ရှေ့တော်၌ တရားသောအမှုကို ပြုသော်လည်း၊ စိတ်နှလုံး မစုံလင်။ အာမဇိသည် မင်းအာဏာ တည်သောအခါ၊ ခမည်းတော် မင်းကြီးကို သတ်သော ကျွန်တို့ကို သတ်လေ၏။ သားအတွက် အဘသည် အသေမခံရ။ အဘအတွက် သားသည် အသေမခံရ။ လူတိုင်း မိမိအပြစ်ကြောင့် အသေခံရ၏ဟု မောရှေ ပညတ္တိကျမ်းစာ၌ ရေးထားလျက်ရှိသော ထာဝရဘုရား၏ ပညတ်တော်ကို စောင့်ရှောက်၍၊ ထို​ကျွန်တို့၏ သားများကို မသတ်ဘဲ နေ၏။
CROSS REFERENCES






အာမဇိမင်းသည် ယုဒလူတို့ကို စည်းဝေး၍၊ ယုဒလူနှင့် ဗင်္ယာမိန်လူတို့တွင်၊ အဆွေအမျိုးအလိုက် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်တို့ကို ခန့်ထား၏။ အသက် နှစ်ဆယ်လွန်၍၊ လှံနှင့် ဒိုင်းကို ကိုင်တတ်သော စစ်သူရဲကောင်းတို့သည်၊ စာရင်းဝင်သည်အတိုင်း သုံးသိန်းရှိကြ၏။ ခွန်အားကြီးသော ဣသရေလ သူရဲ တစ်သိန်းကိုလည်း ငွေအခွက် တစ်ထောင်နှင့် ငှား၏။ သို့ရာတွင် ဘုရားသခင်၏လူ [A] တစ်ယောက်သည် လာ၍၊ အိုမင်းကြီး၊ ဣသရေလတပ်ကို မလိုက်စေနှင့်။ ထာဝရဘုရားသည် ဣသရေလ လူတည်းဟူသော ဧဖရိမ်အမျိုးသား အပေါင်းတို့နှင့် အတူရှိတော်မမူ။ မင်းကြီးသွားလိုလျှင် သွား၍ စစ်တိုက်ခြင်းငှါ၊ ခိုင်ခံ့သော်လည်း၊ ရန်သူရှေ့မှာ ဘုရားသခင် ရှုံးစေတော်မူမည်။ ဘုရားသခင်သည် မစခြင်းငှာ၎င်း၊ အာမဇိက၊ ဣသရေလတပ် ကိုငှား၍၊ ငွေအခွက် တစ်ထောင်ကို ပေးမိသောကြောင့်၊ အဘယ်သို့ ပြုရမည်နည်းဟု ဘုရားသခင်၏ လူကိုမေးမြန်းသော်၊ ဘုရားသခင်၏လူက၊ ထိုမျှမက ထာဝရဘုရားသည် သာ၍ ပေးနိုင်တော်မူသည်ဟု ပြန်ပြော၏။ ၁၀ ထိုအခါ အာမဇိသည် ဧဖရိမ်ပြည်မှ ရောက်လာသော စစ်သူရဲတို့ကို ခွဲထား၍ မိမိတို့နေရာသို့ ပြန်သွားစေခြင်းငှာ၊ လွှတ်လိုက်သဖြင့်၊ သူတို့သည် အလွန် အမျက်ထွက်၍၊ ယုဒပြည်သားတို့၌ အငြိုးထားလျက်၊ မိမိတို့နေရာသို့ ပြန်သွားကြ၏။ ၁၁ အာမဇိသည်လည်း၊ ကိုယ်ကို ခိုင်ခံ့စေ၍၊ ဆားချိုင့်သို့ တပင်ချီသဖြင့်၊ စိရတောင်သား တစ်သောင်းကို လုပ်ကြံလေ၏။ ၁၂ ယုဒအမျိုးသားတို့သည် လူတစ်သောင်းကို အရှင်ဖမ်းပြီးလျှင် ကျောက်တောင်ထိပ်သို့ ဆောင်သွား၍၊ ကျိုးပဲ့စေခြင်းငှာ အောက်သို့ တွန်းချကြ၏။ ၁၃ ဝိုင်း၍ တိုက်ရသောအခွင့်ကို အာမဇိမပေး၊ လွှတ်လိုက်သော စစ်သူရဲတို့မူကား၊ ရှမာရိမြို့မှစ၍၊ ဗေသောရုန်မြို့တိုင်အောင်၊ ယုဒမြို့တို့ကို တိုက်သဖြင့်၊ လူသုံးထောင်ကို တိုက်၍ လက်ရဥစ္စာအများကို သိမ်းသွားကြ၏။

၁၄ အာမဇိသည် ဧဒုန် အမျိုးသားတို့ကို လုပ်ကြံရာမှ ပြန်လာသောအခါ၊ စိရတောင်သား ကိုးကွယ်သော ဘုရားတို့ကို ဆောင်ခဲ့၍၊ ကိုယ်တိုင် ကိုးကွယ်ရာ ဘုရားဖြစ်စေခြင်းငှာ၊ တည်ထောင်လျက် သူတို့ရှေ့မှာ၊ ဦးညွှတ်ချ၍၊ နံ့သာပေါင်းကို မီးရှို့လေ၏။ ၁၅ ထာဝရဘုရားသည် အာမဇိကို အမျက်ထွက်၍၊ ပရောဖက်ကို စေလွှတ်တော်မူသည်ကား၊ မိမိလူတို့ကို ရန်သူလက်မှ မကယ်နိုင်သော တစ်ပါးအမျိုးသား ဘုရားတို့ကို အဘယ်ကြောင့် ဆည်းကပ်သနည်းဟု ပြောဆိုလျှင်၊ ၁၆ ရှင်ဘုရင်က သင်သည် တိုင်ပင်မှူးမတ် ဖြစ်သလော။ တိတ်ဆိတ်စွာ နေလော့။ အဘယ်ကြောင့် ရာဇဝတ် ခံချင်သနည်းဟု ဆိုသော်၊ ပရောဖက်က၊ မင်းကြီးသည် ငါပေးသော ကတိစကားကို နားမထောင် ဤအမှုကို ပြုမိသောကြောင့်၊ ဘုရားသခင်သည် မင်းကြီးကို ဖျက်ဆီးမည် ကြံတော်မူသည်ကို ငါသိမြင်သည်ဟု ပြောဆိုပြီးလျှင်၊ တိတ်ဆိတ်စွာ နေလေ၏။


၁၇ ထိုနောက်၊ အာမဇိသည် တိုင်ပင်ပြီးမှ၊ ဣသရေလ ရှင်ဘုရင် ယေဟု သားဖြစ်သော ယောခတ်၏သား ယဟောရှ ထံသို့ သံတမန်ကို စေလွှတ်၍၊ ငါတို့သည် မျက်နှာချင်း ဆိုင်မိကြကုန်အံ့ဟု မှာလိုက်လျှင်၊ ၁၈ ဣသရေလ ရှင်ဘုရင် ယဟောရှက၊ လေဗနုန် ဆူးပင်သည် လေဗနုန် အာရဇ်ပင်ထံသို့ စေလွှတ်၍၊ သင့်သမီးကို ငါ့သားနှင့် ပေးစားပါဟု ဆိုစဉ်တွင်၊ လေဗနုန် သားရဲတစ်ကောင်သည် လျှောက်သွား၍ ဆူးပင်ကို နင်းမိ၏။ ၁၉ သင်က ငါသည် ဧဒုန်လူတို့ကို လုပ်ကြံပြီဟု ဆိုလျက်၊ ဝါကြွားချင်သော စိတ်မြင့်လှ၏။ သို့ရာတွင် ကိုယ်နေရာ၌ နေလော့။ သင့်ကိုယ်တိုင် နှင့်ယုဒပြည်သည် ဘေးရောက်၍ ဆုံးရှုံးစေခြင်းငှာ၊ အဘယ်ကြောင့် အမှုရှာသနည်းဟု ယုဒရှင်ဘုရင် အာမဇိကိုပြန်၍ မှာလိုက်လေ၏။ ၂၀ ထိုစကားကို အာမဇိသည် နားမထောင်။ အကြောင်းမူကား၊ ဧဒုံပြည် ဘုရားတို့ကို ဆည်းကပ်သောကြောင့်၊ ရန်သူလက်သို့ အပ်ခြင်းငှာ၊ ဘုရားသခင် စီရင်တော်မူ၏။ ၂၁ ဣသရေလ ရှင်ဘုရင်သည် စစ်ချီ၍၊ ရှင်ဘုရင်နှင့် ရှင်ဘုရင် နှစ်ပါးတို့သည် ယုဒပြည် ဗက်ရှေမက်မြို့၌ မျက်နှာချင်း ဆိုင်မိကြသဖြင့်၊ ၂၂ ဣသရေလ အမျိုးသား ရှေ့မှာ ယုဒအမျိုးသားရှုံး၍၊ အသီးအသီးတို့သည် မိမိတို့နေရာသို့ ပြေးကြ၏။ ၂၃ ဣသရေလ ရှင်ဘုရင် ယဟောရှသည် ယုဒရှင်ဘုရင် အာခဇိသား ဖြစ်သော ယောရှ၏သား အာမဇိကို ဗက်ရှေမက်မြို့မှာ ဖမ်းမိ၍၊ ယေရုရှလင်မြို့သို့ သွားပြီးလျှင်၊ ယေရုရှလင် မြို့ရိုး အတောင်လေးရာကို၊ ဧဖရိမ်တံခါးမှသည် ထောင့်တံခါးတိုင်အောင် ဖြိုဖျက်လေ၏။ ၂၄ ဩဗဒေဒုံလက်တွင်၊ ဗိမာန်တော်၌ ရှိသမျှသော ရွှေငွေမှစ၍၊ တန်ဆာ အလုံးစုံနှင့် နန်းတော် ဘဏ္ဍာအလုံးစုံကို၎င်း၊ အာမခံသောသူ အချို့တို့ကို၎င်း၊ ယူ၍ ရှမာရိမြို့သို့ ပြန်သွား၏။


၂၅ ဣသရေလ ရှင်ဘုရင် ယောခတ်သား ယဟောရှ သေသောနောက်၊ ယုဒ ရှင်ဘုရင် ယောရှသား အာမဇိသည် တစ်ဆယ့်ငါးနှစ် အသက်ရှင်သေး၏။ ၂၆ အာမဇိ ပြုမူသော အမှုအရာ ကြွင်းသမျှ အစအဆုံးတို့သည်၊ ယုဒရာဇဝင်နှင့် ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၂၇ အာမဇိသည် ထာဝရဘုရား နောက်တော်သို့ လိုက်ရာမှ လွှဲသွားသောနောက်၊ သူ၏တဘက် ယေရုရှလင်မြို့၌ သင်းဖွဲ့ကြ၍၊ သူသည် လာခိရှမြို့သို့ ပြေးသည်တွင်၊ ထိုမြို့သို့စေလွှတ်၍ သတ်စေပြီးမှ၊ ၂၈ မြင်းပေါ်၌ တင်လျက်၊ ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍၊ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုလ်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.