-
AA
+
🡀
|
🡂
၂ ရာဇဝင်ချုပ်
၂၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ရာဇဝင်ချုပ်
အခန်းကြီး ၂၄


ယောရှနန်ထိုင်၍ ဗိမာန်တော်ပြုပြင်

ယောရှသည် အသက် ခုနစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ အနှစ် လေးဆယ်စိုးစံ၏။ မယ်တော်ကား၊ ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ၏။ ယဇ်ပုရောဟိတ် ယောယဒ လက်ထက် ကာလပတ်လုံး၊ ယောရှသည် ထာဝရဘုရား ရှေ့တော်၌ တရားသောအမှုကို ပြု၏။ ယောယဒ ပေးစားသော မိန်းမနှစ်ယောက်နှင့် စုံဘက်၍ သားသမီးတို့ကို မြင်ရ၏။ ထိုနောက်မှ၊ ယောရှသည် ဗိမာန်တော်ကို ပြုပြင်မည် အကြံရှိလျက်၊ ယဇ်ပုရောဟိတ် လေဝိသားတို့ကို စုဝေးစေ၍၊ သင်တို့ ဘုရားသခင် ၏ အိမ်တော်ကို ပြုပြင်ခြင်းငှါ၊ ယုဒမြို့တို့ကို လှည့်လည်သဖြင့်၊ နှစ်တိုင်းအစဉ် ဣသရေလ အပေါင်းတို့မှ ငွေကိုခံယူ၍၊ အမှုပြီးအောင် ကြိုးစားအား ထုတ်ကြလော့ဟု မိန့်တော်မူ၏။ သို့သော်လည်း၊ လေဝိသားတို့သည် မကြိုးစားဘဲ နေကြ၏။ တဖန်ရှင်ဘုရင်သည် ယဇ်ပုရောဟိတ် အကြီး ယောယဒကို ခေါ်၍၊ သက်သေခံတော်မူချက်၊ တဲတော်အဘို့၊ ထာဝရဘုရား၏​ကျွန် မောရှေနှင့် စည်းဝေးရာ ဣသရေလ ပရိသတ် ပြုသည်နည်းတူ၊ လေဝိသားတို့သည် ယေရုရှလင်မြို့မှ စ၍၊ ယုဒပြည် အရပ်ရပ်တို့မှ ငွေကိုခံယူ၍၊ ဆောင်ခဲ့ရမည် အကြောင်း၊ အဘယ်ကြောင့် မမှာထားဘဲ နေသနည်းဟု မေးတော်မူ၏။ အဓမ္မ မိန်းမ အာသလိ၏ သားတို့သည် ဗိမာန်တော်ကို ဖြိုဖျက်၍၊ ဗိမာန်တော်၌ ပူဇော်သော ဘဏ္ဍာ ရှိသမျှတို့ကိုလည်း၊ ဗာလဘုရားတို့အား ပူဇော်ကြ၏။ ရှင်ဘုရင် အမိန့်တော်အတိုင်း၊ သေတ္တာကို လုပ်၍၊ ဗိမာန်တော်ပြင်၊ တံခါးနားမှာ ထားကြ၏။ ဘုရားသခင်၏ကျွန် မောရှေသည် တောမှာ ဣသရေလ အမျိုး၌ ငွေခွဲသည်အတိုင်း၊ ထာဝရဘုရား အထံတော်သို့ ဆောင်ခဲ့ရမည်ဟု ယေရုရှလင်မြို့မှစ၍ ယုဒပြည် အရပ်ရပ်၌ ကြော်ငြာကြ၏။ ၁၀ မင်းများနှင့် ပြည်သူ ပြည်သားများ အပေါင်းတို့သည်၊ ဝမ်းမြောက်သော စိတ်နှင့် ဆောင်ခဲ့၍၊ လက်စသတ်သည် တိုင်အောင်၊ သေတ္တာထဲသို့ သွင်းထားကြ၏။ ၁၁ ထိုသေတ္တာကို လေဝိသားတို့သည် ဘဏ္ဍာတော် တိုက်ထဲသို့ သွင်း၍၊ ငွေများသည်ကို သိမြင်လျှင်၊ ရှင်ဘုရင်၏ စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်၏ စာရေးသည် လာ၍၊ ငွေကိုထုတ်ယူပြီးမှ သေတ္တာကို သူ့နေရာ၌ ထားပြန်၏။ ထိုသို့နေတိုင်းပြု၍၊ များစွာသောငွေကို စုထားကြ၏။ ၁၂ ရှင်ဘုရင်နှင့် ယောယဒသည် ဗိမာန်တော်၏ အမှုတော်စောင့်တို့၌ ထိုငွေကိုအပ်၍၊ ဗိမာန်တော်ကို ပြုပြင်စေခြင်းငှါ၊ ပန်းရန်သမား၊ လက်သမား၊ ပန်းပဲသမား၊ ပန်းတဉ်းသမားတို့အား ပေးဝေကြ၏။ ၁၃ အလုပ်လုပ်သော သူတို့သည် ကြိုးစား၍ ပြုပြင်သဖြင့်၊ ဗိမာန်တော်ကို ပကတိအဖြစ်၌ ခိုင်ခံ့စေကြ၏။ ၁၄ လက်စသတ်သောအခါ၊ ကျန်ကြွင်းသောငွေကို ရှင်ဘုရင်နှင့် ယောယဒထံသို့ ယူခဲ့၍၊ ထိုငွေနှင့် ဗိမာန်တော်၌ အမှုတော်ကို ဆောင်ရွက် ပူဇော်ရန် တန်ဆာ၊ ရွှေဖလား၊ ငွေဖလား၊ ဇွန်များကို လုပ်ကြ၏။ ယောယဒ လက်ထက် ကာလပတ်လုံး၊ ဗိမာန်တော်၌ မီးရှို့ရာယဇ်ကို အစဉ်ပူဇော်ကြ၏။


ယဇ်ပုရောဟိတ်ယောယဒသေ

၁၅ ယောယဒသည် အို၍ ကာလပြည့်စုံရာ ရောက်လျက်၊ အသက်တရာ သုံးဆယ်ရှိသော်သေ၍၊ ၁၆ ဒါဝိဒ်မြို့မှာ ရှင်ဘုရင်တို့တွင် သင်္ဂြိုလ်ခြင်းကို ခံလေ၏။ အကြောင်းမူကား၊ ဣသရေလ အမျိုးတွင် ဘုရားသခင်၌၎င်း၊ အိမ်တော်၌၎င်း၊ ကျေးဇူးပြုသောသူ ဖြစ်သတည်း။


ယောယဒသေ၍ ရုပ်တု ကိုးကွယ်ကြ

၁၇ ယောယဒ သေသောနောက်၊ ယုဒမင်းတို့သည် ရှင်ဘုရင် ထံတော်သို့လာ၍ ရှိခိုးကြ၏။ သူတို့စကားကို ရှင်ဘုရင် နားထောင်သဖြင့်၊ ၁၈ သူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကိုစွန့်၍၊ အာရှရပင်နှင့် ရုပ်တုတို့ကို ဝတ်ပြုကြ၏။ ထိုအပြစ်ကြောင့် အမျက်တော်သည် ယုဒပြည်နှင့် ယေရုရှလင်မြို့ အပေါ်မှာ သက်ရောက်လေ၏။ ၁၉ သူတို့ကို ထာဝရ ဘုရား ထံတော်သို့ သွေးဆောင်စေခြင်းငှါ၊ ပရောဖက်တို့ကို စေလွှတ်တော်မူ၍၊ ပရောဖက်တို့သည် သက်သေခံသော်လည်း၊ သူတို့သည် နားမထောင်ကြ။


ယောရှမင်းက ဇာခရိကိုသတ်

၂၀ တဖန် ဘုရားသခင်၏ ဝိညာဉ်တော်သည် ယဇ်ပုရောဟိတ် ယောယဒသား ဇာခရိအပေါ်မှာ သက်ရောက်၍၊ သူသည် ပရိသတ် အလယ်မြင့်သော အရပ်၌ ရပ်လျက်၊ ဘုရားသခင် မိန့်တော်မူသည်ကား၊ သင်တို့သည် ကိုယ်အကျိုးကို ပျက်စေခြင်းငှါ၊ ထာဝရဘုရား၏ ပညတ်တော်တို့ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။ သင်တို့သည် ထာဝရဘုရားကို စွန့်သောကြောင့်၊ သင်တို့ကိုလည်း စွန့်တော်မူပြီဟု မြွက်ဆို၏။ ၂၁ လူများတို့သည် သူ့ကို မကောင်းသောအကြံနှင့် တိုင်ပင်၍၊ ရှင်ဘုရင် အမိန့်တော်နှင့် ဗိမာန်တော်အတွင်း၌ ကျောက်ခဲနှင့်ပစ်၍ သတ်ကြ၏။ ၂၂ ထိုသို့ ယောရှမင်းကြီးသည် ဇာခရိအဘ၊ ယောယဒပြုသော ကျေးဇူးကို မအောက်မေ့၊ သားကို သတ်လေသည်တကား။ ဇာခရိသေသောအခါ၊ ဤအမှုကို ထာဝရဘုရားသည် ကြည်ရှု စစ်ကြောတော်မူမည်ဟု ဆို၏။


ရှုရိတပ်သားများက ယုဒပြည်ကို စစ်တိုက်၍နိုင်

၂၃ ထိုနှစ်အဆုံး၌၊ ရှုရိ တပ်သားတို့သည် စစ်ချီ၍ လာကြသဖြင့်၊ ယုဒပြည် ယေရုရှလင်မြို့သို့ ရောက်မှ၊ မှူးမတ်အရာရှိ အပေါင်းတို့ကို သုတ်သင် ပယ်ရှင်း၍၊ လက်ရဥစ္စာ ရှိသမျှတို့ကို ဒမာသက် ရှင်ဘုရင်ထံသို့ ပေးလိုက်ကြ၏။ ၂၄ ယုဒလူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်သောကြောင့်၊ များပြားသော အလုံးအရင်း ဖြစ်သော်လည်း၊ နည်းသော ရှုရိတပ် အလုံးအရင်းလက်သို့ ထာဝရဘုရား အပ်တော်မူ၍၊ ရှုရိလူတို့သည် ယောရှကို တရားစီရင်ကြ၏။


ယောရှမင်း အသတ်ခံရ

၂၅ ရန်သူ ထွက်သွားသောအခါ၊ ယောရှသည် ကြီးစွာသော ဒုက္ခကို ခံရလျက် နေရစ်သည်ဖြစ်၍၊ ယဇ်ပုရောဟိတ် ယောယဒသားတို့ကို သတ်သောအပြစ်ကြောင့်၊ မိမိ​ကျွန်တို့သည် သင်းဖွဲ့၍၊ သာလွန်ပေါ်မှာ သေအောင်လုပ် ကြံကြ၏။ ထိုမင်းကို ဒါဝိဒ်မြို့၌ သင်္ဂြိုလ်သော်လည်း၊ ရှင်ဘုရင်တို့တွင် မသင်္ဂြိုလ်။ ၂၆ လုပ်ကြံသောသူကား၊ အမ္မုန် အမျိုးသမီးရှိမတ်သား၊ ယောဇဗဒ်နှင့် မောဘအမျိုးသမီး ရှိမရိပ်သား ရဟောဇဗဒ်တည်း။ ၂၇ ယောရှသည် သားရှိခြင်းအရာ၊ လေးသောအမှုကို ထမ်းခြင်းအရာ၊ ဗိမာန်တော်ကို ပြုပြင်ခြင်းအရာတို့သည် ရာဇဝင်နှင့် စပ်သောစာ၌ ရေးထားလျက်ရှိ၏။ သားတော် အာမဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.