-
AA
+
🡀
|
🡂
၂ ရာဇဝင်ချုပ်
၂၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ရာဇဝင်ချုပ်
အခန်းကြီး ၂၃


ယဇ်ပုရောဟိတ် ယောယဒ ဦးဆောင်၍ ယောရှကို နန်းတင်ကြ
CROSS REFERENCES






ခုနစ်နှစ် မြောက်သောအခါ၊ ယောယဒသည် ကိုယ်ကို ခိုင်ခံ့စေ၍၊ တပ်မှူးများ၊ ယေရောဟံသား အာဇရိ၊ ယောဟနန်သား ဣရှမေလ၊ ဩဗက်သား အာဇရိ။ အဒါယသား မာသေယ၊ ဇိခရိသား ဧလိရှဖတ်တို့နှင့် သင်းဖွဲ့လေ၏။ ထိုသူတို့သည် ယုဒပြည်၌ လှည့်လည်သဖြင့်၊ ယုဒမြို့ အရပ်ရပ်ထဲက လေဝိသားများနှင့် ဣသရေလ အဆွေအမျိုး သူကြီးများကို စုဝေးစေ၍၊ ယေရုရှလင်မြို့သို့ ပြန်လာကြ၏။ စည်းဝေးသောသူ အပေါင်းတို့သည် ဗိမာန်တော်၌ ရှင်ဘုရင်နှင့် ပဋိညာဉ်ဖွဲ့ကြ၏။ ယောယဒကလည်း၊ ရှင်ဘုရင် သားတော်ကို ကြည့်ရှုကြလော့။ ထာဝရဘုရားသည် ဒါဝိဒ်မျိုးကို မိန့်တော်မူသည်အတိုင်း၊ ရှင်ဘုရင်သားတော် စိုးစံရမည်။ သင်တို့ပြုရသော အမှုဟူမူကား၊ ဥပုသ်နေ့ [A] ၌ ဝင်သော ယဇ်ပုရောဟိတ်သား လေဝိသား သုံးစုတစုတို့သည် တခါးစောင့်လုပ်ရမည်။ တစုသည် နန်းတော်ကို စောင့်ရမည်။ တစုသည် သုရတံခါးကို စောင့်ရမည်။ လူအပေါင်းတို့သည် ဗိမာန်တော် တံတိုင်းတို့ အတွင်း၌ နေရကြမည်။ ယဇ်ပုရောဟိတ်များနှင့် အမှုတော်စောင့် လေဝိသားများမှ တပါး၊ အဘယ်သူမျှ ဗိမာန်တော်ထဲသို့ မဝင်စေနှင့်။ သူတို့သည် သန့်ရှင်းသောကြောင့် ဝင်ရကြမည်။ အခြားသောသူ အပေါင်းတို့သည် ထာဝရဘုရားဘက်၌ စောင့်နေရကြမည်။ လေဝိသားတိုင်း မိမိလက်နက်ကို ကိုင်လျက်၊ ကိုယ်တော်မြတ်ကို ဝိုင်း၍၊ အိမ်တော်ထဲသို့ ဝင်သမျှသောသူ တို့ကိုသတ်ရမည်။ ရှင်ဘုရင် ထွက်ဝင်တော် မူသောအခါ၊ နောက်တော်သို့ လိုက်ရမည်ဟု မှာထားလေ၏။ ထိုသို့ ယဇ်ပုရောဟိတ် ယောယဒမှာ ထားသမျှတိုင်း၊ လေဝိသားများနှင့် ယုဒအမျိုးသား အပေါင်းတို့သည် ပြု၍၊ ယဇ်ပုရောဟိတ် ယောယဒသည် ဖွဲ့မြဲဖွဲ့သော အသင်းတို့ကို မဖျက်သောကြောင့် ဥပုသ်နေ့၌ ထွက်ရသောသူနှင့် ဝင်ရသောသူ အသီးအသီးတို့ကို ခေါ်ထားကြ၏။ ဗိမာန်တော်၌ ရှိသော ဒါဝိဒ်မင်းကြီး၏ လှံများနှင့် ဒိုင်းလွှားများကို၊ ယဇ်ပုရောဟိတ် ယောယဒသည် ထုတ်၍၊ လူတရာအုပ်တို့အား အပ်လေ၏။ ၁၀ အသီးအသီး လက်နက်ကိုင်သော သူအပေါင်းတို့ကို ရှင်ဘုရင်ပတ်လည်၊ ယဇ်ပလ္လင်အနားနှင့် ဗိမာန်တော်၌ လက်ျာထောင့်မှစ၍ လက်ဝဲ ထောင်တိုင်အောင် နေရာချထားလေ၏။ ၁၁ ထိုအခါ ရှင်ဘုရင် သားတော်ကို ပြင်သို့ထုတ်၍၊ ရာဇသရဖူနှင့် ပညတ္တိကျမ်းကို တင်လျက်၊ ရှင်ဘုရင် အရာ၌ ချီးမြှောက်ကြ၏။ ယောယဒနှင့် သူ၏သားတို့သည်ဘိသိက်ပေး၍၊ ရှင်ဘုရင် အသက်တော် ရှင်စေသတည်းဟု ကြွေးကြော်ကြ၏။


အာသလိကို သတ်ကြ

၁၂ အာသလိသည် လူများပြေး၍ ရှင်ဘုရင်ထံ၌ ချီးမွမ်းသံကို ကြားလျှင်၊ လူများရှိရာ ဗိမာန်တော်သို့သွား၍၊ ၁၃ ရှင်ဘုရင်သည် ဗိမာန်တော်ဝင်ဝ၊ တိုင်နားရပ်လျက်၊ မှူးတော် မတ်တော်များနှင့်၊ တံပိုးမှုတ်သော သူများတို့သည် ရှင်ဘုရင် အနားတော်၌ ရပ်လျက်၊ ပြည်သူ ပြည်သားများတို့သည် ဝမ်းမြောက်၍၊ တံပိုးမှုတ်လျက် သီးချင်းသည်တို့သည် တူရိယာအမျိုးမျိုးကို ကိုင်၍၊ ထောမနာ သီချင်းကိုဆိုလျက် ရှိကြသည်ကို မြင်လျှင်၊ မိမိအဝတ်ကို ဆုတ်၍၊ ပုန်ကန်မှုပါတကားဟု အော်ဟစ်လေ၏။ ၁၄ ယဇ်ပုရောဟိတ် ယောယဒကလည်း၊ ဗိမာန်တော်ထဲမှာ မသေစေနှင့်။ တပ်ပြင်သို့ ထုပ်ကြ။ သူ့ဘက်မှာ နေသောသူကို ဓါးနှင့်သတ်ကြဟု လူတရာအုပ် တပ်မှူးတို့ကို မှာထားနှင့်သည်အတိုင်း၊ ၁၅ အာသလိကို ဖမ်းဆီးလျက်၊ နန်းတော်သို့ သွားသော၊ မြင်းလမ်းဝသို့ ရောက်သောအခါ၊ သတ်ကြ၏။



၁၆ ရှင်ဘုရင်နှင့် လူအပေါင်းတို့သည် ထာဝရဘုရား၏ လူဖြစ်ရမည်အကြောင်း၊ ယောယဒသည် မိမိထံ၌ ပဋိညာဉ် ဖွဲ့စေ၏။ ၁၇ လူအပေါင်းတို့သည် ဗာလကျောင်းသို့သွား၍ ဖြိုဖျက်ကြ၏။ ယဇ်ပလ္လင်များနှင့် ရုပ်တုများကို ချိုးဖဲ့၍၊ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလ ယဇ်ပုရောဟိတ် မဿန်ကို သတ်ကြ၏။ ၁၈ မောရှေ ပညတ္တိကျမ်း၌ ပါသည်အတိုင်း၊ ထာဝရဘုရားအား မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်း၊ ဒါဝိဒ်စီရင်သည်အတိုင်း၊ ရွှင်လန်းစွာ သီချင်းဆိုခြင်းအမှုကို ပြုစေခြင်းငှါ၊ ဗိမာန်တော်၌ ဒါဝိဒ်ခွဲထားသော ယဇ်ပုရောဟိတ် လေဝိသားတို့သည် ဗိမာန်တော်မှုများကို ဆောင်ရွက်မည်အကြောင်း၊ ယောယဒ စီရင်လေ၏။ ၁၉ မသန့်ရှင်းသော လက္ခဏာ တစုံတခုရှိသော သူကို မဝင်စေခြင်းငှါ၊ ဗိမာန်တော် တံခါးစောင့်တို့ကိုလည်း ခန့်ထားလေ၏။ ၂၀ လူတရာအုပ်၊ မှူးမတ်၊ အကြီးအကဲ၊ ပြည်သူပြည်သား အပေါင်းတို့ကို ခေါ်လျက်၊ မြင့်သော တံခါးလမ်းဖြင့်၊ ရှင်ဘုရင်ကို ဗိမာန်တော်မှ နန်းတော်သို့ ပို့ဆောင်၍၊ ရာဇပလ္လင်တော်ပေါ်မှာ တင်ကြ၏။ ၂၁ နန်းတော်နားမှာ အာသလိကို သတ်ပြီးမှ၊ ပြည်သူ ပြည်သား အပေါင်းတို့သည် ဝမ်းမြောက်၍၊ တစ်မြို့လုံး၌ လည်း၊ ငြိပ်ဝပ်ခြင်းရှိ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.