-
AA
+
🡀
|
🡂
၂ ရာဇဝင်ချုပ်
၂၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ရာဇဝင်ချုပ်
အခန်းကြီး ၂၀


ယုဒပြည်ကိုတိုက်

ထိုနောက်မှ၊ မောဘအမျိုးနှင့် အမ္မုန် အမျိုးသားတို့သည် ဧဒုန်အမျိုးသား အချို့နှင့်တကွ၊ ယောရှဖတ်ကို စစ်တိုက်မည်ဟု ချီလာကြ၏။ အိုင်ကြီးတဘက်၊ ဧဒုန်ပြည်ဘက်က များစွာသော အလုံးအရင်း စစ်ချီလာ၍၊ အင်္ဂေဒိ အမည်ရှိသော ဟာဇဇုန္တာမာမြို့မှာ ရှိကြပါသည်ဟု ယောရှဖတ်အား ကြားလျှောက်လျှင်၊ ယောရှဖတ်သည် ကြောက်၍၊ ထာဝရဘုရားကို ရှာခြင်းငှါ သဘောချလျက်၊ အစာရှောင်ရာ အချိန်ကို၊ ယုဒပြည် တရှောက်လုံး၌ ကြော်ငြာ စေတော်မူ၏။ ယုဒလူတို့သည် ထာဝရ ဘုရားကို ဆုတောင်းမည်ဟု စုဝေး၍၊ ထာဝရဘုရားကို ရှာအံ့သောငှါ၊ ယုဒမြို့ရှိသမျှမှ ထွက်လာကြ၏။


ယောရှဖတ်ဆုတောင်း

ယောရှဖတ်သည် ဗိမာန်တော် တန်တိုင်းသစ်ရှေ့၊ ယုဒပြည်သူ ယေရုရှလင် မြို့သားစည်းဝေးရာ ပရိသတ်အလယ်၌ ရပ်လျက်၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ကောင်းကင်ဘုံ၏ အရှင် ဘုရားသခင် ဖြစ်တော်မူသည် မဟုတ်လော။ တပါးအမျိုးသား နေရာတိုင်း နိုင်ငံရှိသမျှတို့ကို အစိုးရတော်မူသည် မဟုတ်လော။ အဘယ်သူမျှ မဆီးတားနိုင်အောင် ခွန်အားတန်ခိုး ကြီးတော်မူသည် မဟုတ်လော။ ဤပြည်၌ နေဘူးသော သူတို့ကို ကိုယ်တော်၏လူ ဣသရေလ အမျိုးရှေ့မှ နှင်ထုတ်၍၊ ကိုယ်တော်အဆွေ အာဗြဟံ၏ သားမြေးတို့အား ဤပြည်ကိုအစဉ် ပေးတော်မူသော အ​ကျွန်ုပ်တို့၏ ဘုရားသခင် ဖြစ်တော်မူသည် မဟုတ်လော့။ သူတို့သည် နေရာကျ၍၊ နာမတော်အဘို့ သန့်ရှင်းရာ ဌာနတော်ကို တည်ဆောက် ကြသောအခါ၊ အ​ကျွန်ုပ်တို့ အပေါ် မှာ ဓါးဘေး၊ ဒဏ်ခတ်ခြင်းဘေး၊ ကာလနာဘေး၊ မွတ်သိပ်ခြင်းဘေး တစုံတခုရောက်၍၊ နာမတော်ဖြင့် သမုတ်သော ဤအိမ်တော်၊ အထံတော်သို့ အ​ကျွန်ုပ်တို့သည် ချဉ်းကပ်၍၊ ဆင်းရဲဒုက္ခကြောင့် အော်ဟစ် ကြသောအခါ၊ နားထောင်၍ ကယ်မတော်မူပါဟု လျှောက်ထားကြပါပြီ။ ၁၀ ယခုတွင် ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ၊ တိုက်ရသော အခွင့်ကို ပေးတော်မမူ။ လွှဲရှောင်၍ မဖျက်ဆီးဘဲ ထားခဲ့သော အမ္မုန်အမျိုးသား၊ မောဘအမျိုးသား စီရတောင် သားတို့သည်၊ ၁၁ အ​ကျွန်ုပ်အား အပိုင်ပေးတော်မူသော အမွေခံရာ မြေထဲက အ​ကျွန်ုပ်တို့ကို နှင်ထုတ်ခြင်းငှါ လာ၍၊ အဘယ်သို့ ကျေးဇူး ဆပ်ကြပါသည်ကို၊ ကြည့်ရှုတော်မူပါ။ ၁၂ အိုအ​ကျွန်ုပ်တို့ ဘုရားသခင်၊ သူတို့ကိုမစီရင်ဘဲ နေတော်မူမည်လော။ အ​ကျွန်ုပ်တို့ကို တိုက်အံ့သောငှါ လာသော ဤအလုံးအရင်းကြီးကို အ​ကျွန်ုပ်တို့သည် ဆီးတားခြင်းငှါ မတတ်နိုင်ပါ။ အဘယ်သို့ ပြုရမည်ကို မသိပါ။ ကိုယ်တော်ကိုသာ မျှော်ကြည့်လျက် နေကြပါသည်ဟု ဆုတောင်း၍၊ ၁၃ ယုဒလူ အပေါင်းတို့သည် သားမယား သူငယ်တို့နှင့်တကွ၊ ထာဝရဘုရား ရှေ့တော်၌ ရပ်နေကြ၏။


စစ်မှုသည် ဘုရားတာဖြစ်ကြောင်းပြော

၁၄ ထိုအခါ ပရိသတ် အလယ်၌ ရှိသော လေဝိအမျိုး၊ အာသပ်အနွယ်၊ မတ္တနိ၊ ယေယေလ၊ ဗေနာယ၊ ဇာခရိတို့မှ ဆင်းသက်သော ယဟာဇေလ အပေါ်သို့၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သက်ရောက်၍ ၁၅ ထိုသူက၊ အိုယောရှဖတ် မင်းကြီးနှင့် ယုဒပြည်သူ၊ ယေရုရှလင် မြို့သား အပေါင်းတို့ နားထောင်ကြလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုအလုံးအရင်းကြီးကြောင့် မကြောက်ကြနှင့် စိတ်မပျက်ကြနှင့်။ စစ်မှုသည် သင်တို့ တာမဟုတ်၊ ဘုရားသခင် တာဖြစ်၏။ ၁၆ နက်ဖြန်နေ့ သူတို့ရှိရာသို့ ချီသွားကြလော့။ သူတို့သည် ဇိဇမြို့သို့ တက်ရာလမ်းဖြင့် လာကြစဉ်၊ ယေရွေလတောစနား၊ ချိုင့်ဝမှာ သင်တို့တွေ့ကြလိမ့်မည်။ ၁၇ သို့ရာတွင်၊ အိုယုဒပြည်သူ ယေရုရှလင် မြို့သားတို့၊ သင်တို့သည် စစ်တိုက်စရာ အကြောင်း မရှိသည်ဖြစ်၍၊ တည်ကြည်စွာ မတ်တပ်နေလျက်၊ ထာဝရဘုရား ကယ်တင်တော် မူခြင်းကျေးဇူးကို ကြည့်ရှုကြလော့။ မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ နက်ဖြန်နေ့၌ ချီသွားကြလော့။ ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်ဟု မြွက်ဆို၏။


ယောရှဖတ်မင်းက အားပေး
CROSS REFERENCES






၁၈ ယောရှဖတ်သည် မြေပေါ်မှာ ဦးချ၍၊ ယုဒပြည်သူ ယေရုရှလင် မြို့သား အပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ ပြပ်ဝပ်လျက်၊ ထာဝရဘုရားကို ကိုးကွယ်ကြ၏။ ၁၉ လေဝိအမျိုး၊ ကောဟတ် အနွယ်သားနှင့် ကောရ အနွယ်သားတို့သည် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ကျယ်သောအသံနှင့် ချီးမွမ်းခြင်းငှါ၊ ရပ်နေကြ၏။ ၂၀ နက်ဖြန် နံနက် စောစောထ၍၊ တေကောတောသို့ ထွက်သွားကြ၏။ သွားကြစဉ်တွင်၊ ယောရှဖတ်သည် ရပ်၍ အိုယုဒပြည်သူ ယေရုရှလင် မြို့သားတို့ နားထောင် ကြလော့။ သင်တို့၏ ဘုရားသခင်ကို ယုံကြည်ကြလော့၊ သို့ပြုလျှင် တည်ကြည်ကြလိမ့်မည်။ ပရောဖက်တော်တို့ကို ယုံကြည်ကြလော့၊ သို့ပြုလျှင် အောင်မြင်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ ၂၁ လူများနှင့် တိုင်ပင်ပြီးမှ၊ ထာဝရဘုရား၏ ကရုဏာတော်သည် အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု [A] တပ်ရှေ့မှာ ချီသွားလျက်၊ သန့်ရှင်းခြင်း အသရေကို ချီးမွမ်းရသော သီချင်းသည်တို့ကို ထာဝရဘုရားအဘို့ ခန့်ထားတော်မူ၏။


ချီးမွမ်းရာ သီချင်းကိုဆို ရန်သူများ အချင်းချင်းသတ်ကြ

၂၂ ထိုသူတို့သည် ချီးမွမ်းရာသီချင်းကို ဆိုစပြုကြသောအခါ၊ ယုဒပြည်ကို တိုက်အံ့သောငှါ လာသော၊ စီရတောင်သားတို့ကို အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့ တဘက်၌ ထာဝရဘုရား ချောင်းမြောင်း စေတော်မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုး သားတို့သည် အထိအခိုက် ခံရသောကြောင့်၊ ၂၃ တဖန် စီရတောင်သားတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှါ၊ လှန်၍ တိုက်သဖြင့်၊ အကုန်အစင် သတ်ပြီးမှ၊ တယောက်ကို တယောက် တိုက်ခိုက်၍၊ ပျက်စီးခြင်းသို့ ရောက်ကြ၏။ ၂၄ ယုဒလူတို့သည် တော၌ ရှိသော ကင်းမျှော်စင်သို့ ရောက်၍ ထိုအလုံးအရင်းကို ကြည့်ရှုသောအခါ၊ ထိုလူအပေါင်းတို့သည် တယောက်မျှ မလွတ်၊ မြေပေါ်မှာ လဲသော အသေကောင် ဖြစ်ကြ၏။


ရန်သူများ၏ ဥစ္စာသုံးရက်လုံးလုံးချွတ်ယူကြ

၂၅ ယောရှဖတ်နှင့် သူ၏လူတို့သည်၊ ရန်သူတို့ ဥစ္စာကို လုယူခြင်းငှါ လာကြသောအခါ၊ အသေကောင်တို့၌ များစွာသောဥစ္စာ၊ အဘိုးထိုက်သော တန်ဆာတို့ကို တွေ့သဖြင့်၊ ထမ်း၍ မသွားနိုင်အောင် ချွတ်ယူကြ၏။ လက်ရ ဥစ္စာ အလွန်များသောကြောင့်၊ သုံးရက်ပတ်လုံး လုယူထုတ်ထားလျက် နေကြ၏။ ၂၆ စတုတ္ထနေ့တွင် ဗရာခချိုင့်၌ စည်းဝေး၍၊ ထာဝရဘုရားကို ကောင်းကြီးပေးကြ၏။ ထိုကြောင့် ယနေ့တိုင်အောင် ထိုအရပ်သည် ဗရာခချိုင့်ဟူ၍ တွင်သတည်း။


ထာ၀ရဘုရားကို အားကိုး၍ နိုင်ငံတော်သာယာ
CROSS REFERENCES






၂၇ ထိုအခါ သူတို့သည် ရန်သူတို့အပေါ်မှာ ဝမ်းမြောက်သော အခွင့်ကို၊ ထာဝရဘုရား ပေးတော်မူသောကြောင့်၊ ယောရှဖတ်သည် ရှေ့ဦးစွာကြွ၍၊ ယုဒပြည်သူ ယေရုရှလင် မြို့သားအပေါင်းတို့သည်၊ ဝမ်းမြောက်သော စိတ်နှင့် ယေရုရှလင် မြို့သို့ ပြန်သွား၍၊ ၂၈ စောင်းတယောတံပိုးကို တီးမှုတ်လျက်၊ ယေရုရှလင်မြို့၊ ဗိမာန်တော်သို့ ရောက်လာကြ၏။ ၂၉ ထာဝရဘုရားသည် ဣသရေလ အမျိုး၏ ရန်သူတို့ကို တိုက်တော်မူကြောင်းကို၊ အခြားတိုင်းနိုင်ငံသား ရှိသမျှတို့သည် ကြား၍၊ ဘုရားသခင်ကို ကြောက်ရွံကြ၏။ [B] ၃၀ ထိုသို့ ဘုရားသခင်သည် အရပ်ရပ်၌ ငြိမ်ဝပ်သော အခွင့်ကို ပေးတော်မူသောကြောင့်၊ ယောရှဖတ်၏ နိုင်ငံတော်သည် သာယာ၏။


ယောရှဖတ်သည် ဘုရားသခင်၌ ဆည်းကပ်

၃၁ ယောရှဖတ်သည် အသက် သုံးဆယ်ငါးနှစ်ရှိသော နန်းထိုင်၍ နှစ်ဆယ် ငါးနှစ်ပတ်လုံး ယေရုရှလင်မြို့မှာ နေလျက်၊ ယုဒပြည်ကို စိုးစံလေ၏။ မယ်တော်ကား ရှိလဟိသမီး အဇုဘအမည်ရှိ၏။ ၃၂ ထိုမင်းသည် ခမည်းတော် အာသလိုက်သော လမ်းကိုမလွှဲ၊ အကုန်အစင်လိုက်၍၊ ထာဝရဘုရား ရှေ့တော်၌ ဖြောင့်မတ်သော အကျင့်ကိုသာကျင့်၏။ ၃၃ သို့ရာတွင်၊ မြင့်သောအရပ်တို့ကို မပယ်ရှား၊ လူများတို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ကို ဆည်းကပ်ခြင်းငှါ၊ သဘောမချဘဲ နေကြသေး၏။ ၃၄ ယောရှဖတ် ပြုမူသော အမှုအရာ ကြွင်းလေသမျှ အစအဆုံးတို့သည်၊ ဣသရေလ ရာဇဝင်နှင့် ဆက်၍၊ ဟာနန်သား ယေဟုစီရင်သောစာ၌ ရေးထားလျက်ရှိ၏။


ယောရှဖတ် အာခရိနှင့်ပေါင်း၍ အကြံမထမြောက်

၃၅ နောက်တဖန် ယုဒရှင် ဘုရင် ယောရှဖတ်သည်၊ ၃၆ တာရှုမြို့သို့ သွားရသော သင်္ဘောတို့ကို တည်လုပ်ခြင်းငှါ၊ အလွန်အဓမ္မအမှုကို ပြုသော ဣသရေလ ရှင်ဘုရင် အာခဇိနှင့် ပေါင်းဖေါ်ပြီးလျှင်၊ ထိုသင်္ဘောတို့ကို ဧဇယုန်ဂါဗာမြို့မှာ တည်လုပ်ကြ၏။ ၃၇ ထိုအခါ မရေရှမြို့သူ၊ ဒေါဒဝသား ဧလျေဇက၊ မင်းကြီးသည် အာခဇိနှင့် ပေါင်းဖေါ်သောကြောင့်၊ ထာဝရဘုရားသည် မင်းကြီးပြုသော အမှုကို ဖျက်တော်မူပြီဟု ယောရှဖတ် တဘက်၌ ဟောသည်နှင့်အညီ၊ ထိုသင်္ဘောတို့သည် တာရှုမြို့သို့ မသွားနိုင်အောင် ကျိုးပဲ့ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.