-
AA
+
🡀
|
🡂
၂ ရာဇဝင်ချုပ်
၁၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ရာဇဝင်ချုပ်
အခန်းကြီး ၁၈

ရောနှောသောအသက်တာ (Compromised life)

ယောရှဖတ်မင်းသည် ဂုဏ်အသရေနှင့် စည်းစိမ်းဥစ္စာများ၍၊ အာဟပ်မင်းနှင့် အမျိုးစပ်လေ၏။ နောက်တဖန် ရှမာရိမြို့၊ အာဟပ်မင်းထံသို့ ကိုယ်တိုင်သွား၍၊ ဣသရေလ ရှင်ဘုရင် အာဟပ်သည် ယုဒရှင်ဘုရင် ယောရှဖတ်နှင့်၊ သူ၏လူတို့အဘို့ များစွာသော သိုးနွားတို့ကို စီရင်၍၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ လိုက်စေခြင်းငှါ၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ ငါနှင့်အတူ လိုက်မည်လောဟု မေးလျှင်၊ ယောရှဖတ်က၊ ငါသည် မင်းကြီးကဲ့သို့၎င်း၊ ငါ့လူတို့သည် မင်းကြီး၏လူကဲ့သို့၎င်း ဖြစ်လျက်၊ မင်းကြီးနှင့်ဝိုင်း၍ စစ်တိုက်မည်ဟု ပြန်ပြော၏။


ထာ၀ရဘုရား၏ ပရောဖက်မိက္ခာကို ခေါ်

တဖန်ယောရှဖတ်က၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ယနေ့မေးမြန်းပါလော့ဟု ဣသရေလ ရှင်ဘုရင်အား ဆိုသော်၊ ဣသရေလ ရှင်ဘုရင်သည် ပရောဖက် လေးရာတို့ကို စုဝေးစေပြီးလျှင်၊ ငါသည် ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲ နေကောင်းသလောဟု မေးသော်၊ သူတို့က ချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်ဟု လျှောက်ကြ၏။ ယောရှဖတ်ကလည်း၊ ငါတို့ မေးမြန်းစရာ ထာဝရဘုရား၏ ပရောဖက် တစုံတပါးမျှ မရှိသလောဟု မေးသော်၊ ဣသရေလရှင် ဘုရင်က၊ ထာဝရဘုရားကို မေးမြန်းရသော သူတယောက်၊ ဣမလသား မိက္ခာရှိသေး၏။ သို့ရာတွင်၊ ထိုသူကို ငါမုန်း၏။ ငါ၌ မင်္ဂလာစကားကို မဟော၊ အမင်္ဂလာစကားကိုသာ အစဉ် ဟောတတ်သည်ဟု ယောရှဖတ်အား ဆိုလျှင်၊ ယောရှဖတ်က၊ ထိုသို့မင်းကြီး မပြောပါနှင့် ပြန်ဆို၏။ ထိုအခါ ဣသရေလ ရှင်ဘုရင်သည် အရာရှိ တယောက်ကိုခေါ်၍၊ ဣမလသား မိက္ခာကို အလျှင်အမြန် ခေါ်ခဲ့ဟု မိန့်တော်မူ၏။


အာဟပ်မင်း၏ ပရောဖက်များက အောင်မြင်မည်ဟုဟော

ဣသရေလ ရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှဖတ်တို့သည် မင်းမြောက်တန်ဆာကို ဝတ်ဆင်လျက်၊ ရှမာရိမြို့ တံခါးဝရှေ့၊ ဟင်းလင်းသော အရပ်၌ ရာဇပလ္လင်တို့အပေါ်မှာ ထိုင်၍၊ ပရောဖက် အပေါင်းတို့သည် ရှေ့တော်၌ ဟောပြောကြ၏။ ၁၀ ခေနာနာသား ဇေဒကိသည် သံဦးချိုတို့ကို လုပ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်တော်သည် ရှုရိပြည်ကို မဖျက်ဆီးမှီ တိုင်အောင်၊ ဤဦးချိုတို့နှင့် တိုးရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။ ၁၁ ပရောဖက် အပေါင်းတို့ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီ၍ အောင်တော်မူပါ၊ ထာဝရဘုရားသည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်ဟု ပရောဖက်ပြု၍ ဟောကြ၏။


ပရောဖက်မက္ခာကို အကြံပေးသူ

၁၂ မိက္ခာကိုခေါ်သော တမန်က၊ ပရောဖက် အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ရှင်ဘုရင်အား တညီတညွတ်တည်း ဟောကြ၏။ ကိုယ်တော်လည်း သူတို့ဟော ကြသည်နည်းတူ၊ မင်္ဂလာစကားကိုသာ ဟောတော်မူပါဟု ဆိုလျှင်၊ ၁၃ မိက္ခာက၊ ထာဝရဘုရား အသက်ရှင် တော်မူသည်အတိုင်း၊ ငါ၏ ဘုရားသခင် မိန့်တော်မူသော စကားကိုသာ ငါပြန်ပြောရမည်ဟု ဆို၏။


အာဟပ်မင်းက မိက္ခာကို မေး

၁၄ ရှင်ဘုရင်ထံသို့ ရောက်သောအခါ၊ ရှင်ဘုရင်က၊ အချင်းမိက္ခာ၊ ငါတို့သည် ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲ နေကောင်းသလောဟု မေးလျှင်၊ မိက္ခာကစစ်ချီ၍ အောင်တော်မူပါ။ ရန်သူတို့ကို လက်တော်သို့ အပ်တော်မူမည်ဟု ပြန်လျှောက်၏။ ၁၅ ရှင်ဘုရင်ကလည်း၊ မှန်သောစကားမှတပါး အခြားသော စကားကို ထာဝရဘုရား အခွင့်နှင့် သင်သည် ငါ့အား မဟောမည်အကြောင်း၊ ငါသည် ဘယ်နှစ်ကြိမ်တိုင်အောင် သင့်အား အကျိန်ပေးရမည်နည်းဟု မေးသော်၊ ၁၆ မိက္ခာက၊ ဣသရေလ အမျိုးသား အပေါင်းတို့သည် သိုးထိန်းမရှိသော သိုးကဲ့သို့ တောင်များအပေါ်မှာ အရပ်ရပ်ကွဲပြားလျက် ရှိကြသည်ကို ငါမြင်ပြီ။ ထာဝရဘုရားကလည်း၊ ဤလူအပေါင်းတို့သည် အရှင် မရှိသောကြောင့်၊ အသီးအသီး ကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။


မုသာပြောတတ်သော စိတ်ဝိညာဉ်

၁၇ ဣသရေလ ရှင်ဘုရင်ကလည်း၊ သူသည် ငါ၌ မင်္ဂလာစကားကို မဟော၊ အမင်္ဂလာ စကားကိုသာ ဟောတတ်သည်ဟု မင်းကြီးအား ငါမပြောသလောဟု ယောရှဖတ်အားဆို၏။ ၁၈ မိက္ခာကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ပါ။ ထာဝရဘုရားသည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသည်ကို၎င်း၊ ကောင်းကင် ဗိုလ်​ခြေ အပေါင်းတို့သည် လက်ျာတော်ဘက်၊ လက်ဝဲတော်ဘက်၌ ရပ်နေကြသည်ကို၎င်း၊ ငါမြင်ပြီ။ ၁၉ ထာဝရဘုရား ကလည်း၊ အာဟပ်သည် ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီ၍ ဆုံးစေခြင်းငှါ၊ အဘယ်သူ သွေးဆောင်မည်နည်းဟု မေးတော်မူလျှင်၊ အခြံအရံတော်တို့သည် တယောက် တနည်းစီ ပြန်လျှောက်ကြ၏။ ၂၀ တဖန် ဝိညာဉ်တပါးသည် လာ၍ ထာဝရဘုရား ရှေ့တော်၌ ရပ်လျက်၊ အ​ကျွန်ုပ် သွေးဆောင်ပါမည်ဟု လျှောက်လျှင်၊ ၂၁ ထာဝရဘုရားက၊ အဘယ်သို့ သွေးဆောင်မည်နည်းဟု မေးတော်မူသော်၊ အ​ကျွန်ုပ်သွား၍ ထိုမင်းကြီး၏ ပရောဖက် အပေါင်းတို့အထဲမှာ၊ မုသာစကားကို ပြောတတ်သော စိတ်ဝိညာဉ် ဖြစ်ပါမည်ဟု ပြန်လျှောက်သော်၊ သင်သည် သွေးဆောင်၍ နိုင်လိမ့်မည်။ ထိုသို့သွား၍ ပြုလောဟု မိန့်တော်မူ၏။ ၂၂ သို့ဖြစ်၍ ထာဝရဘုရားသည် မုသာစကားကို ပြောတတ်သော စိတ်ဝိညာဉ်ကို မင်းကြီး၏ ပရောဖက် အပေါင်းတို့၌ သွင်းတော်မူပြီ။ မင်းကြီး၏အမှုမှာ အမင်္ဂလာစကားကို ပြောတော်မူပြီဟု ဟောလေ၏။


အာဟပ်မင်းကမိက္ခာကိုထောင်ချ

၂၃ ထိုအခါ ခေနာနာသား ဇေဒကိသည် ချဉ်းလာ၍ မိက္ခာ၏ပါးကို ပုတ်လျက်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သင်နှင့်နှုတ် ဆက်ခြင်းငှါ၊ အဘယ်လမ်းဖြင့် ငါမှ ထွက်တော်မူသနည်းဟု မေးလျှင်၊ ၂၄ မိက္ခာက၊ သင်သည် ပုန်းရှောင်၍ နေခြင်းငှါ၊ အတွင်းခန်းထဲသို့ ဝင်သောနေ့၌ သင်မြင်လိမ့်မည်ဟု ဆို၏။ ၂၅ ဣသရေလ ရှင်ဘုရှင်က မိက္ခာကို မြို့ဝန်မင်း အာမုန်ထံ၊ သားတော် ယောရှထံသို့ ယူသွား၍၊ ၂၆ ဤသူကို ထောင်ထဲမှာ လှောင်ထားကြ။ ငါသည် ငြိမ်ဝပ်စွာပြန်၍ မလာမှီတိုင်အောင်၊ ဆင်းရဲစွာ စားသောက်စေဟု အမိန့်တော် ရှိကြောင်းကို ဆင့်ဆိုလော့ဟု စီရင်၏။ ၂၇ မိက္ခာကလည်း၊ မင်းကြီးသည် ငြိမ်ဝပ်စွာ ပြန်လာရလျှင်၊ ထာဝရဘုရားသည် ငါ့အားဖြင့် မိန့်တော်မမူ၊ အိုလူများအပေါင်းတို့၊ နားထောင်ကြလော့ဟု ဆို၏။


ထာ၀ရဘုရား ကာကွယ်၍ ယောရှဖတ်လွတ်

၂၈ ထိုသို့ ဣသရေလ ရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှဖတ်တို့သည်၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီကြ၏။ ၂၉ ဣသရေလ ရှင်ဘုရင်က၊ ငါသည် ခြားနားသော အယောင်ကို ဆောင်၍၊ စစ်ပွဲထဲသို့ဝင်မည်။ မင်းကြီးမူကား၊ မင်းမြောက် တန်ဆာကို ဝတ်ဆင်ပါလော့ဟု ယောရှဖတ်အား ဆိုပြီးမှ၊ ဣသရေလ ရှင်ဘုရင်သည် ခြားနားသော အယောင်ကို ဆောင်လျက် စစ်ပွဲထဲသို့ဝင်၏။ ၃၀ ရှုရိ ရှင်ဘုရင်က၊ ဣသရေလ ရှင်ဘုရင်မှ တပါး၊ အခြားသော လူကြီးသူငယ်တို့ မတိုက်နှင့်ဟု ရထားစီး သူရဲအုပ် ဗိုလ်မင်းတို့ကို မှာထားနှင့်သောကြောင့်၊ ၃၁ ရထားစီး သူရဲအုပ် ဗိုလ်မင်းတို့သည် ယောရှဖတ်ကို မြင်သောအခါ၊ ထိုသူသည် ဣသရေလ ရှင်ဘုရင် ဖြစ်လိမ့်မည်ဟု ဆိုလျက်၊ သူ့ကို တိုက်အံ့သောငှါ ဝိုင်းလာကြ၍၊ ယောရှဖတ်လည်း ကြွေးကြော်လေ၏။ ထာဝရဘုရားလည်း မစ၍ သူတို့ကို လွှဲသွားစေခြင်းငှါ၊ ဘုရားသခင် သွေးဆောင်တော်မူ၏။ ၃၂ ဣသရေလ ရှင်ဘုရင် မဟုတ်ကြောင်းကို၊ ရထားစီး သူရဲအုပ် ဗိုလ်မင်းတို့သည် ရိပ်မိသောအခါ၊ မလိုက်ဘဲ အခြားသို့ ရှောင်သွားကြ၏။


အာဟပ်မင်းသေ

၃၃ လူတယောက်သည် မရွယ်ဘဲ လေးနှင့်ပစ်၍၊ ဣသရေလ ရှင်ဘုရင်ကို၊ သံချပ်အင်္ကျီ အဆစ်ကြားမှာ မှန်လေသော်၊ ငါ့ကို စစ်ပွဲထဲက လှည့်၍ ထုတ်ဆောင်လော့။ ငါနာသည်ဟု မိမိ ရထားတော်ထိန်းကို ဆို၏။ ၃၄ ထိုနေ့၌ တိုး၍ တိုက်ကြ၏။ ဣသရေလ ရှင်ဘုရင်သည် ညဦးယံတိုင်အောင် ရှုရိ လူတဘက်တချက်၌ ရထားတော်ထဲမှာ လူကိုမှီ၍ ထိုင်လေ၏။ နေဝင်ချိန် နီးသောအခါ အသက်တော်ကုန်၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.