-
AA
+
🡀
|
🡂
၂ ရာဇဝင်ချုပ်
၁၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ရာဇဝင်ချုပ်
အခန်းကြီး ၁၇


ယောရှဖတ်ဘုရား၌ ဆည်းကပ်၍အောင်မြင်

အာသသား ယောရှဖတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၍၊ ဣသရေလ နိုင်ငံ တပတ်ဘက် မိမိကိုခိုင်ခံ့စေ၏။ ယုဒပြည်တွင်၊ ခိုင်ခံ့သော မြို့ရှိသမျှတို့၌၊ တပ်သားများကို ထား၏။ ယုဒပြည် အရပ်ရပ်တို့၌၎င်း၊ ဧဖရိမ်ပြည်မှာ ခမည်းတော် အာသ တိုက်ယူသော မြို့တို့၌၎င်း၊ မြို့စောင့်တပ်ကို အသီးအသီး ခန့်ထား၍၊ ခမည်းတော်သည် အရင်လိုက်သော လမ်းသို့၊ ယောရှဖတ်လိုက်လျက်၊ ဗာလဘုရားတို့ကို မဆည်းကပ်၊ ခမည်းတော်၏ ဘုရားသခင်ကို သာဆည်းကပ်သဖြင့်၊ ဣသရေလအမျိုး၏ ထုံးစံကိုရှောင်၍ ပညတ်တရားတော်ကို ကျင့်သောကြောင့်၊ ထာဝရဘုရားသည် စောင့်မ၍၊ နိုင်ငံတော်ကို ယောရှဖတ်လက်၌ တည်စေတော်မူသဖြင့်၊ ယုဒပြည်သား အပေါင်းတို့သည် လက်ဆောင်များကို ဆောင်ခဲ့ကြ၏။ ဂုဏ်အသရေနှင့် စည်းစိမ် ဥစ္စာများသော်လည်း၊ ထာဝရဘုရား၏ တရားလမ်းတို့၌ စိတ်စွဲလမ်း၍၊ မြင့်သောအရပ်နှင့် အာရှရပင်တို့ကို ယုဒပြည်မှ ပယ်ရှားတော်မူ၏။


ယုဒပြည်၌ မှုးမတ်များစေလွှတ်၍ သွန်သင်ခိုင်း

နန်းစံသုံးနှစ်တွင်၊ ယုဒမြို့အရပ်ရပ်၌ သွန်သင်စေခြင်းငှါ၊ မှူးမတ်ဗင်ဟဲလ၊ ဩဗဒိ၊ ဇာခရိ၊ နာသနေလ၊ မိက္ခာယတို့ကို၎င်း၊ လေဝိသားရှေမာယ၊ နေသနိ၊ ဇေဗဒိ၊ အာသဟေလ၊ ရှေမိရမုတ်၊ ယောနသန်၊ အဒေါနိယ၊ တောဘိယ၊ တောဘ၊ ဒေါနိယတို့ကို၎င်း၊ ယဇ်ပုရောဟိတ် ဧလိရှမာနှင့် ယောရံကို၎င်း၊ စေလွှတ်တော်မူ၏။ ထိုသူတို့သည် ယုဒပြည်၌ ဩဝါဒပေး၍ ထာဝရဘုရား၏ ပညတ္တိ ကျမ်းပါလျက်၊ ယုဒမြို့ အရပ်ရပ်တို့တွင်၊ လှည့်လည်သဖြင့်၊ ပြည်သားတို့ကို သွန်သင်ကြ၏။


ထာ၀ရဘုရားကို ကြောက်၍ မည်သူကမျှမတိုက်ဝံ့
CROSS REFERENCES






၁၀ ယုဒပြည် ပတ်ဝန်းကျင် တိုင်းနိုင်ငံရှိသမျှတို့သည်၊ ထာဝရဘုရားကို ကြောက်ရွံ့၍၊ [A] ယောရှဖတ်ကို စစ်မတိုက်ဝံ့ဘဲ နေကြ၏။ ၁၁ ဖိလိတ္တိလူတို့သည် လက်ဆောင်နှင့် အခွန်ငွေကို၎င်း၊ အာရပ်လူတို့သည် သိုးခုနစ်ထောင် ခုနစ်ရာနှင့် ဆိတ်ခုနစ်ထောင် ခုနစ်ရာကို၎င်း ဆောင်ခဲ့ကြ၏။ ၁၂ ယောရှဖတ်သည် အလွန်ခွန်အား တိုးပွါး၍၊ ယုဒပြည်၌ ရဲတိုက်နှင့် ဘဏ္ဍာတော်မြို့တို့ကို တည်တော်မူ၏။ ၁၃ ယုဒမြို့တို့၌ အမှုအရေးတော်များ၏။ ခွန်အားကြီးသော စစ်သူရဲတို့သည် ယေရုရှလင်မြို့၌ ရှိကြ၏။


စစ်သူရဲများစာရင်း

၁၄ စစ်သူရဲ အဆွေအမျိုး လိုက်ယူသော စာရင်းဟူမူကား၊ ယုဒအမျိုး ဗိုလ်ချုပ်မင်း အာဒနနှင့် ခွန်အားကြီးသော စစ်သူရဲသုံးသိန်း၊ ၁၅ စစ်ကဲယောဟနန်နှ င့်ခွန်အားကြီးသော စစ်သူရဲ နှစ်သိန်းရှစ်သောင်း၊ ၁၆ စေတနာစိတ်နှင့် ထာဝရဘုရားအား ပူဇော်သော ဇိခရိသား အာမသိနှင့် ခွန်အားကြီးသော စစ်သူရဲနှစ်သိန်း၊ ၁၇ ဗင်္ယာမိန်အမျိုး ခွန်အားကြီးသော ဧလျာဒနှင့်လေး၊ ဒိုင်းလွှားကို ကိုင်သောသူနှစ်သိန်း၊ ၁၈ သူ့နောက်ယောဇဗဒ်နှင့် စစ်တိုက်ခြင်းငှါ၊ အသင့်ရှိသောသူ တသိန်းရှစ်သောင်းတည်း။ ၁၉ ယုဒပြည်အရပ်ရပ်၊ ခိုင်ခံ့သောမြို့တို့၌ ရှင်ဘုရင် ထားသော သူရဲမှတပါး၊ အထက်ဆိုခဲ့ပြီးသော သူတို့သည် အမှုတော်ကို ထမ်းလျက်နေကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.