-
AA
+
🡀
|
🡂
၂ ရာဇဝင်ချုပ်
၁၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ရာဇဝင်ချုပ်
အခန်းကြီး ၁၅


ဘုရားရှာလျှင် အတွေ့ခံမည်

ဘုရားသခင်၏ ဝိညာဉ်တော်သည် ဩဒက်သား အာဇရိ အပေါ်သို့ သက်ရောက်၍၊ အာဇရိသည် အာသမင်းကို ကြိုဆိုခြင်းငှါ သွားလျက်၊ အိုအာသမင်း၊ အိုယုဒအမျိုးနှင့် ဗင်္ယာမိန် အမျိုးသားအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့သည် ထာဝရဘုရား ဘက်၌ နေလျှင်၊ နေစဉ်ကာလ၊ ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူမည်။ ထာဝရဘုရားကို ရှာလျှင် အတွေ့ခံတော်မူမည်။ [A] [B] [C] [D] [E] [F] စွန့်လျှင် သင်တို့ကို စွန့်တော်မူမည်။


ဘုရားမရှိသောအခါ ငြိမ်သက်မှု မရှိခဲ့

ကြာမြင့်သော ကာလပတ်လုံး၊ ဣသရေလအမျိုး၌ မှန်သော ဘုရားမရှိ။ ဩဝါဒ ပေးတတ်သော ယဇ်ပုရောဟိတ်မရှိ။ တရားလည်း မရှိဘဲနေ၍၊ ဘေးရောက်သဖြင့်၊ သူတို့သည် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ထံတော်သို့ ပြန်လာ၍၊ ရှာကြသောအခါ အတွေ့ခံတော်မူ၏။ ရှေးကာလ၌ ထွက်သောသူ၊ ဝင်သောသူသည် ချမ်းသာမရ။ အတိုင်းတိုင်း အပြည် ပြည်သားအပေါင်းတို့သည် အလွန်ဆင်းရဲခြင်းကို ခံရကြ၏။ တနိုင်ငံနှင့် တနိုင်ငံ၊ တမြို့နှင့် တမြို့ကို ထကြ၍၊ ဘေးအမျိုးမျိုး အားဖြင့်၊ ဘုရားသခင် ဆုံးမတော်မူ၏။ သင်တို့မူကား အားယူကြလော့။ လက်အားမလျော့စေနှင့်။ သင်တို့ကျင့်သည် အတိုင်း အကျိုးကို ခံရကြမည်ဟု မြွက်ဆို၏။


ပရောဖက် စကားကြောင့် အာသမင်းရဲရင့်

ထိုစကားနှင့် ပရောဖက် ဩဒက်၏ အနာဂတ္ တိစကားကို အာသမင်းသည် ကြားသောအခါ၊ ရဲရင့်ခြင်းသို့ရောက်၍ ယုဒပြည်နှင့် ဗင်္ယာမိန် အရပ်ရပ်တို့၌၎င်း၊ ဧဖရိမ်တောင်ပေါ်မှာ တိုက်ယူသော မြို့တို့၌၎င်း၊ စက်ဆုပ်ဘွယ်သော အရာရှိသမျှတို့ကို ပယ်ရှား၍၊ ဗိမာန်တော် ဦးရှေ့တွင် ရှိသော ထာဝရဘုရား၏ ယဇ်ပလ္လင်ကို ပြုပြင်လေ၏။ ယုဒအမျိုးနှင့် ဗင်္ယာမိန် အမျိုးသား အပေါင်းတို့ကို၎င်း၊ ဧဖရိမ်ခရိုင်၊ မနာရှေခရိုင်၊ ရှိမောင်ခရိုင်ထဲက ထွက်သော တပါးအမျိုးသားတို့ကို၎င်း စုဝေးစေ၏။ အာသမင်း၏ ဘုရားသခင် ထာဝရဘုရားသည်၊ သူနှင့်အတူ ရှိတော်မူကြောင်းကို၊ ဣသရေလ အမျိုးသား အများတို့သည် သိမြင်လျှင်၊ ထိုမင်းဘက်သို့ ဝင်စားကြ၏။ ၁၀ အာသမင်း နန်းစံ ဆယ်ငါးနှစ် တတိယလတွင် ယေရုရှလင်မြို့၌ စုဝေး၍၊ ၁၁ ဆောင်ခဲ့သော လက်ရဥစ္စာထဲက နွားခုနစ်ရာ၊ သိုးခုနစ်ထောင်တို့ကို ထာဝရဘုရားအား ပူဇော်ကြ၏။


စိတ်နှလုံး အကြွင်းမဲ့ ရှာပါမည်

၁၂ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ရှာပါမည်ဟူ၍၎င်း၊ ၁၃ ဣသရေလ အမျိုး၏ဘုရား သခင် ထာဝရဘုရားကို မရှာသောသူ၊ ယောက်ျား မိန်းမ အကြီးအငယ် မည်သည်ကား၊ အသေသတ်ခြင်းကို ခံရမည်ဟူ၍၎င်း၊ [G] [H]၁၄ ကြွေးကြော်သံ၊ တံပိုးနှဲခရာ မှုတ်သံနှင့်တကွ၊ ကြီးသော အသံဗလံပြုလျက်၊ ထာဝရဘုရားအား ကျိန်ဆို၍ ဝန်ခံခြင်း ပဋိညာဉ်ဖွဲ့ကြ၏။ ၁၅ ယုဒလူအပေါင်းသည် ထိုသို့ ကျိန်ဆိုခြင်းကို ပြုသောအခါ၊ ဝမ်းမြောက်ကြ၏။ အကြောင်းမူကား၊ စိတ်နှလုံး အကြွင်းမဲ့ ကျိန်ဆို၍၊ အလိုဆန္ဒ အားကြီးသည်နှင့်၊ ထာဝရဘုရားကို ရှာသောကြောင့် အတွေ့ခံတော်မူ၏။ အရပ်ရပ်၌ ငြိမ်သက်ခြင်း အခွင့်ကို ပေးတော်မူ၏။


အာသစိတ်နှလုံးစုံလင်၍ သုံးဆယ်ငါးနှစ် စစ်မတိုက်

၁၆ အာသမင်းကြီး၏ အဖွားတော် မာခါသည်၊ အာရှရပင် အောက်မှာ ရုပ်တုကို လုပ်သောကြောင့်၊ မိဖုရားအရာကို နှုတ်၍၊ ရုပ်တုကို ဖျက်ဆီး ကျော်နင်းပြီးလျှင်၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ၏။ ၁၇ မြင့်သော အရပ်တို့ကို ဣသရေလ ပြည်၌ မပယ်ရှားသော်လည်း၊ လက်ထက်တော် ကာလပတ်လုံး အာသစိတ်နှလုံးသည် စုံလင်ခြင်းရှိ၏။ ၁၈ ခမည်းတော်လှူသော ဥစ္စာ၊ ကိုယ်တိုင်လှူသော ဥစ္စာရွှေ၊ ငွေတန်ဆာများကို ဗိမာန်တော်ထဲသို့ သွင်းထားတော်မူ၏။ ၁၉ နောက်တဖန် နန်းစံ သုံးဆယ် ငါးနှစ်တိုင်အောင် စစ်တိုက်ခြင်းမရှိ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.