-
AA
+
🡀
|
🡂
၂ ရာဇဝင်ချုပ်
၁၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ရာဇဝင်ချုပ်
အခန်းကြီး ၁၄


အာသမင်း ထာ၀ရဘုရားအားကိုး

အဘိယသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဒါဝိဒ်မြို့၌ သင်္ဂြိုလ်ခြင်းကို ခံလေ၏။ သားတော် အာသသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ ထိုမင်းလက်ထက်၊ ပြည်တော်သည် ဆယ်နှစ် ပတ်လုံး ငြိမ်းချမ်းသာယာ၏။ အာသမင်းသည် မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ကောင်းသောအမှု၊ ​ဖြောင့်မတ်သော အမှုတို့ကို ပြုလေ၏။ တပါးအမျိုးသား ဘုရား ယဇ်ပလ္လင် တို့ကို၎င်း၊ မြင့်သော အရပ်တို့ကို၎င်း ပယ်ရှား၏။ ရုပ်တုဆင်းတုတို့ကို ဖြိုဖျက်၍၊ အာရှရပင်တို့ကို ခုတ်လှဲ၏။ ယုဒလူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ရှာ၍၊ ပညတ်တရားကို စောင့်ရှောက်မည် အကြောင်း မိန့်တော်မူ၏။ ယုဒမြို့ရွာ အရပ်ရပ်တို့၌ ရှိသော ကုန်းနှင့် ရုပ်တုဆင်းတုတို့ကို ပယ်ရှား၍၊ နိုင်ငံတော် ရေးသာယာလျက်ရှိ၏။


ထာ၀ရဘုရားက ငြိမ်သက်ခြင်းပေး

ထိုကာလ၌ ငြိမ်သက်သောအခွင့်ကို ထာဝရဘုရား ပေးတော်မူသဖြင့်၊ ယုဒပြည်သည် ငြိမ်၍၊ စစ်မှုနှင့်လွတ်သောကြောင့်၊ အာသမင်းသ ည်တပြည်လုံးတွင် ခိုင်ခံ့သော မြို့တို့ကိုတည်လေ၏။ ငါတို့သည် ငါတို့၏ ဘုရားသခင် ထာဝရဘုရားကို ကြိုးစားရှာ၍၊ ထိုဘုရားသည် အရပ်ရပ်၌ ငြိမ်သက်သော အခွင့်ကို ပေးတော်မူသောကြောင့်၊ တပြည်လုံးကို အစိုးရစဉ်အခါ၊ ဤမည်သော မြို့တို့ကို ပြုစု၍ မြို့ရိုး၊ ပြအိုး၊ တံခါး၊ ကန့်လန့်ကျင်တို့ကို လုပ်ကြကုန်အံ့ဟု ယုဒလူတို့အား မိန့်တော်မူ၏။ အာသမင်း၌ ကိဒုန်နှင့် လှံကိုကိုင်သော ယုဒအမျိုး သူရဲသုံးသိန်း၊ ဒိုင်းလွှားနှင့် လေးကို ကိုင်သော ဗင်္ယာမိန်အမျိုး သူရဲ နှစ်သိန်းရှစ်သောင်းရှိ၍၊ ထိုသူအပေါင်းတို့သည်၊ ခွန်အားကြီးသော စစ်သူရဲဖြစ်ကြ၏။


ကုရှရှင်ဘုရင်စစ်ချီ၍ ဘုရားက တိုက်ပေး၍နိုင်

တဖန် ကုရှရှင်ဘုရင် ဇေရသည် စစ်သူရဲ တသန်း၊ ရထားသုံးရာနှင့်တကွ ချီလာ၍၊ မရေရှမြို့သို့ ရောက်သောအခါ၊ ၁၀ အာသသည် ဆီးကြို၍ မရှေရှမြို့အနားမှာ ဇေဖသချိုင့်၌ စစ်ပြိုင်ကြ၏။ ၁၁ အာသသည် မိမိဘုရားသခင် ထာဝရ ဘုရားအား ဟစ်ခေါ်၍ အိုထာဝရဘုရား၊ ကိုယ်တော်သည် လူများတို့တွင် အားနည်းသောသူကို ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူသည် ဖြစ်၍၊ အ​ကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၊ ကယ်တင်တော်မူပါ။ အ​ကျွန်ုပ်တို့သည် ကိုယ်တော်ကို ခိုလှုံ၍၊ နာမတော်ကို အမှီပြုလျက်၊ ဤအလုံးအရင်းကြီးကို တိုက်ခြင်းငှါ သွားပါ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အ​ကျွန်ုပ်တို့၏ ဘုရားသခင် ဖြစ်တော်မူ၏။ လူသည် ကိုယ်တော်ကို နိုင်သောအခွင့် ရှိစေတော်မမူပါနှင့် [A]ဟု ဆုတောင်းသည်ဖြစ်၍၊ ၁၂ ထာဝရဘုရားသည် ကုရှလူတို့ကို အာသနှင့် ယုဒလူတို့ရှေ့မှာ ဒဏ်ခတ်တော်မူသဖြင့်၊ သူတို့သည် ပြေးကြ၏။


ကုရှလူတို့က မတိုက်ဝံ့အရှုံးခံ
CROSS REFERENCES






၁၃ အာသနှင့် သူ၏လူတို့သည် ဂေရာမြို့တိုင်အောင် လိုက်သဖြင့်၊ ကုရှလူတို့သည် ပြန်၍ မတိုက်ဝံ့သောကြောင့် အရှုံးခံကြရ၏။ ထာဝရဘုရားနှင့် ဗိုလ်​ခြေတော် ရှေ့မှာ ဖျက်ဆီးခြင်းကို ခံကြရ၏။ ယုဒလူတို့သည် လက်ရ ဥစ္စာအများကို သိမ်းယူကြ၏။ ၁၄ ဂေရာမြို့ ပတ်ဝန်းကျင် မြို့သားတို့သည် ထာဝရဘုရားကို ကြောက်ရွံ့သော စိတ်ရှိသဖြင့်၊ [B] ယုဒလူတို့သည် ထိုမြို့ရှိသမျှတို့ကို လုပ်ကြံ၍၊ သို ထားနှင့်သော ဘဏ္ဍာ ဥစ္စာအများတို့ကို သိမ်းယူကြ၏။ ၁၅ တိရစ္ဆာန်တင်းကုပ်များကိုလည်း တိုက်ဖျက်လျက်၊ သိုးနှင့် ကုလား အုပ်အများတို့ကို သိမ်းယူ၍၊ ယေရုရှလင်မြို့သို့ ပြန်သွားကြ၏။




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.