-
AA
+
🡀
|
🡂
၂ ရာဇဝင်ချုပ်
၁၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ရာဇဝင်ချုပ်
အခန်းကြီး ၁၃


ဣသရေလနှင့် ယုဒစစ်တိုက်ဘို့ပြင်
CROSS REFERENCES






ယေရောဗောင် မင်းကြီး နန်းစံ ဆယ်နှစ်နှစ်တွင် အဘိယသည် ယေရုရှလင်မြို့၌ မင်းပြု၍၊ ယုဒပြည်ကို သုံးနှစ်စိုးစံ၏။ မယ်တော်ကား၊ ဂိဗာမြို့သား ဩရေလ၏သမီး မာခါအမည်ရှိ၏။ အဘိယနှင့် ယေရောဗောင်တို့သည် စစ်တိုက်သော အကြောင်းအရာဟူမူကား၊ အဘိယသည် ရွေးချယ်သော စစ်သူရဲကောင်း လေးသိန်းနှင့် စစ်ခင်းကျင်း၏။ ယေရောဗောင်သည် ရွေးချယ်သော စစ်သူရဲကောင်း ရှစ်သိန်းနှင့် စစ်ခင်းကျင်း၏။ အဘိယသည် ဧဖရိမ်ခရိုင်၊ ဇေမရိမ် တောင်ပေါ်မှာ ရပ်လျက်၊ အိုယေရောဗောင်နှင့် ဣသရေလ လူအပေါင်းတို့၊ နားထောင်ကြလော့။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် ဆားနှင့်ယှဉ်သော ပဋိညာဉ်အားဖြင့်၊ [A] ဣသရေလ နိုင်ငံကို ဒါဝိဒ်နှင့် သားတော် မြေးတော်တို့၌ အစဉ် အပ်တော်မူကြောင်းကို၊ သင်တို့သိမှတ် သင့်သည် မဟုတ်လော။ သို့ရာတွင်၊ ဒါဝိဒ်သားတော် ရှောလမုန်၏​ကျွန် နေဗတ်သား ယေရောဗောင်သည်၊ မိမိအရှင်ကို တဘက်ထ၍ ပုန်ကန်လေပြီ။ ရှောလမုန်သား ရောဗောင်သည် အသက်ငယ်၍ သဘောနူးညံ့သောကြောင့် မဆီးတားနိုင် သောအခါ၊ လျှပ်ပေါ်သောသူ၊ အဓမ္မလူတို့သည် ယေရောဗောင် ထံစုဝေး၍၊ ရောဗောင် မင်းတဘက်၌ ကိုယ်ကို ခိုင်ခံ့စေကြ၏။ ယခုလည်း သင်တို့သည် ဒါဝိဒ်၏ သားမြေး၌ ရှိသော ထာဝရဘုရား၏ နိုင်ငံတော်ကို ဆီးတားမည်၊ ဟုကြံစည်ကြသည်တကား။ သင်တို့သည် များပြား၍ သင်တို့ဘုရားအရာ၌၊ ယေရောဗောင် လုပ်သော ရွှေနွားသငယ်တို့လည်း ရှိကြ၏။ သင်တို့သည် ထာဝရဘုရား ခန့်ထားတော်မူသော ယဇ်ပုရောဟိတ်၊ အာရုန်အမျိုးနှင့် လေဝိအမျိုးသားတို့ကို နှင်ထုတ်၍၊ တပါးအမျိုးသား ထုံးစံအတိုင်း၊ ကိုယ်အဘို့ ယဇ်ပုရော ဟိတ်တို့ကို လုပ်ကြပြီ မဟုတ်လော။ ထိုသို့နှင့်အညီ၊ နွားသငယ် တကောင်နှင့် သိုးခုနစ်ကောင်ကိုပေး၍၊ ယဇ်ပုရောဟိတ် အရာ၌ ခန့်ထားခြင်းကို ခံသောသူမည်သည်ကား၊ ဘုရားမဟုတ်သော သူထံမှ ယဇ်ပုရောဟိတ် ပြုရသည်တကား။ ၁၀ ငါတို့မူကား၊ ထာဝရဘုရားကိုမစွန့်၊ ထိုဘုရားသည် ငါတို့၏ ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရဘုရား၏ အမှုတော်ကို ထမ်းသော ယဇ်ပုရောဟိတ် တို့သည် အာရုန်အမျိုး ဖြစ်ကြ၏။ လေဝိသားတို့သည်လည်း၊ မိမိတို့အမှုကို စောင့်နေကြ၏။ ၁၁ ထာဝရဘုရားရှေ့တော်၌ ၊ မီးရှို့ရာယဇ်နှင့် နံ့သာပေါင်းကို နံနက်တိုင်း၊ ညဦးတိုင်း မီးရှို့ကြ၏။ သန့်ရှင်းသော စားပွဲပေါ်မှာ ရှေ့တော်မုန့်ကို၎င်း၊ ညဦးတိုင်း ထွန်းစရာဘို့ ရွှေမီးခုံနှင့် မီးခွက်တို့ကို၎င်း၊ ပြင်ဆင်ကြ၏။ ငါတို့သည် ငါတို့၏ ဘုရားသခင် ထာဝရဘုရား၏ အမှုတော်ကို စောင့်ကြ၏။ သင်တို့မူကား၊ ထာဝရဘုရားကို စွန့်ကြပြီ။ ၁၂ ဘုရားသခင် ကိုယ်တော်တိုင်သည် ငါတို့တွင် ဗိုလ်မင်း ဖြစ်တော်မူ၏။ ဘုရားသခင်၏ ယဇ်ပုရောဟိတ် တို့သည်လည်း၊ တံပိုးမှုတ်လျက် သင်တို့တဘက်၌ နှိုးဆော်ခြင်းငှါ၊ ငါတို့တွင်ရှိကြ၏။ အိုဣသရေလ အမျိုးသားတို့၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား တဘက်၌ မတိုက်ကြနှင့်။ တိုက်လျှင် ရှုံးရကြလိမ့်မည်၊ ဟုပြောဆို၏။


ယုဒမင်း အဘိယက ဣသရေလမင်း ယေရောဗောင်စစ်နိုင်

၁၃ ယေရောဗောင်သည် ယုဒလူတို့နောက်၌ မထင်မရှား တပ်ချီစေ၍၊ ကိုယ်တိုင်တဘက်၊ ချောင်းနေသောသူတဘက်၊ ယုဒတပ်ကို ဝိုင်းကြ၏။ ၁၄ ယုဒလူတို့သည် ပြန်ကြည့်သောအခါ၊ စစ်မှုဝိုင်းမိသည်ကို မြင်လျှင်၊ ထာဝရဘုရားအား ဟစ်ခေါ်၍၊ ယဇ်ပုရောဟိတ် တို့သည်လည်း တံပိုးမှုတ်ကြ၏။ ၁၅ တဖန် ယုဒလူတို့သည် ကြွေးကြော်သောအခါ၊ ဘုရားသခင်သည် ယေရောဗောင်ကို အဘိယနှင့် ယုဒလူတို့ရှေ့မှာ ဒဏ်ခတ်တော်မူသဖြင့်၊ ၁၆ ဣသရေလ အမျိုးသား တို့သည်ပြေး၍၊ သူတို့ကို ယုဒလူတို့ လက်သို့ ဘုရားသခင် အပ်တော်မူ၏။ ၁၇ အဘိယနှင့် သူ၏လူတို့သည် ကြီးစွာသော လုပ်ကြံခြင်းကိုပြု၍၊ ရွေးချယ်သော ဣသရေလလူ ငါးသိန်းလဲသေသဖြင့်၊ ၁၈ ဣသရေလ အမျိုးသားတို့သည်၊ ထိုအခါရှုံး၍ ယုဒအမျိုးသားတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ခိုလှုံသောကြောင့် နိုင်ကြ၏။ ၁၉ အဘိယသည် ယေရောဗောင်ကို လိုက်၍၊ ဗေသလမြို့နှင့် ရွာများ၊ ယေရှနမြို့နှင့် ရွာများ၊ ဧဖရိမ်မြို့နှင့် ရွာများတို့ကို သူ့လက်မှ နှုတ်ယူလေ၏။ ၂၀ အဘိယ လက်ထက် ကာလပတ်လုံး၊ ယေရောဗောင်သည် နောက်တဖန် ခွန်အားကိုမရပြန်။ ထာဝရဘုရား ဒဏ်ခတ် တော်မူသဖြင့် သေလေ၏။ ၂၁ အဘိယမူကား ခွန်အားတိုးပွား၍၊ မယား တဆယ်လေးယောက် တို့ကိုယူ၍ သားနှစ်ဆယ်နှစ်ယောက်နှင့် သမီးတဆယ်​ ခြောက်ယောက်တို့ကို မြင်ရ၏။ ၂၂ အဘိယပြုမူသော အမူအရာ ကြွင်းလေသမျှတို့နှင့် ကျင့်သောအကျင့်၊ ပြောသော စကားများတို့သည်၊ ရာဇဝင်နှင့်ဆက်၍ ပရောဖက် ဣဒ္ဒေါ စီရင်သောစာ၌ ရေးထားလျက် ရှိ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.