-
AA
+
🡀
|
🡂
၁ ရာဇဝင်ချုပ်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ရာဇဝင်ချုပ်
အခန်းကြီး ၉



သို့ဖြစ်၍ ဣသရေလ အမျိုးသား အပေါင်းတို့သည် သားစဉ်မြေးဆက် အလိုက် မှတ်တမ်းတင်ပြီး ဣသရေလ ရှင်ဘုရင်များ၏ စာအုပ်ထဲတွင် ရေးထားသည်။ သို့သော် ယုဒသည် သူတို့၏သစ္စာမဲ့မှုကြောင့် ဗာဗုလုန်သို့ သုံ့ပန်းအဖြစ် သိမ်းသွားသည်။ နောက်တဖန် ကိုယ်ပိုင်ထိုက်သော မြို့ရွာတို့၌ အဦးဆုံးနေရာ ကျသောသူကား၊ ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ ဘုရားကျွန် အသီးအသီး ဖြစ်ကြ၏။ ယေရုရှလင်မြို့မှာ နေသောသူ ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုး၊ ဧဖရိမ်နှင့် မနာရှေ အမျိုးသားဟူမူကား၊ ယုဒသား ဖာရက်အမျိုးအနွယ်၊ ဗာနိ၊ ဣမရိ၊ ဩမရိ၊ အမိဟုဒ်တို့မှ ဆင်းသက်သော ဥသဲတစ်ပါး၊ ရှိလောနိအမျိုး ဖြစ်သော သားဦးအသာယနှင့် သူ၏သားတစ်စု၊ ဇေရအမျိုး ယွေလနှင့်သူ၏ ညီအစ်ကိုတစ်စု ပေါင်း​ခြောက်ရာ ကိုးဆယ်တည်း။ ဗင်္ယာမိန်အမျိုးအနွယ် ဖြစ်သော ဟာသေနွာ၊ ဟောဒဝိ၊ မေရှုလံတို့မှ ဆင်းသက်သော သလ္လု၊ ယေရောဟံသား ဣဗနိယ၊ မိခရိသားဖြစ်သော ဩဇိ၏သား ဧလာနှင့် ဣဗနိယ၊ ရွေလ၊ ရှေဖတိတို့မှ ဆင်းသက်သော မေရှုလံမှစ၍၊ သားစဉ်မြေးဆက် စာရင်းဝင်သော အမျိုးသားချင်းပေါင်း ကိုးရာငါးဆယ် ခြောက်ယောက်တည်း။ ဤသူအပေါင်းတို့သည် အဆွေအမျိုးသူကြီး ဖြစ်ကြ၏။ ၁၀ ယဇ်ပုရောဟိတ်မူကား ယေဒါယ၊ ယောယရိပ်၊ ယာခိန်နှင့်တကွ၊ ၁၁ အဟိတုပ်၊ မရာယုတ်၊ ဇာဒုတ်၊ မေရှုလံ၊ ဟိလခိတို့မှ ဆင်းသက်သော ဘုရားသခင်၏ အိမ်တော်အုပ် အာဇရိတစ်ပါး၊ ၁၂ မာလခိ၊ ပါရှုရ၊ ယေရောဟံတို့မှ ဆင်းသက်သော အဒါယနှင့် ဣမေရ၊ မေရှိလမုတ်၊ မေရှုလံ၊ ယာဇေရ၊ အဒေလတို့မှ ဆင်းသက်သော မာရှဲအစရှိသော၊ ၁၃ အဆွေအမျိုး သူကြီးအမျိုးသားချင်း တစ်ထောင် ခုနစ်ရာ့ ​ခြောက်ဆယ်ရှိကြ၏။ ဤသူတို့သည် ဘုရားသခင်၏ အိမ်တော်အမှုကို ဆောင်ရွက်ခြင်းငှါ တတ်စွမ်းနိုင်သောသူ ပေတည်း။


၁၄ လေဝိသားမူကား၊ မေရာရိ အမျိုးအနွယ်ဖြစ်သော ဟာရှဘိ၊ အာဇရိကံ၊ ဟာရှုပ်တို့မှ ဆင်းသက်သော ရှေမာရတစ်ပါး၊ ၁၅ ဗာကဗက္ကာ၊ ဟေရက်၊ ဂလာလသုံးပါး၊ အာသပ်၊ ဇိခရိ၊ မိက္ခာတို့မှ ဆင်းသက်သော မဿနိတစ်ပါး၊ ၁၆ ယေဒုသုံ၊ ဂလာလ၊ ရှေမာယတို့မှ ဆင်းသက်သော ဩဗဒိတစ်ပါး၊ နေတောဖာသိရွာတို့တွင် နေသော ဧလာကာနသား အာသ၏သား ဗေရခိတစ်ပါးတည်း။

CROSS REFERENCES






၁၇ တံခါးစောင့်မူကား ရှလ္လုံ၊ အက္ကုပ်၊ တာလမုန်၊ အဟိမန်အစရှိသော ညီအစ်ကိုတစ်စု၊ ၁၈ ရှလ္လုံသည် ရှင်ဘုရင်ဝင်သော အရှေ့တံခါးတွင် တံခါးမှူးဖြစ်၏။ ဤသူတို့သည် လေဝိသား အပေါင်းအသင်း၌ ပါသော တံခါးစောင့်ပေတည်း။ ၁၉ ကောရသိအဆွေအမျိုး၊ ကောရ၊ ဧဗျာသပ်၊ ကောရတို့မှ ဆင်းသက်သော ရှလ္လုံနှင့် မိမိညီတို့သည် အမှုတော် စောင့်ရာတွင် တဲတော်တံခါးစောင့် ဖြစ်ကြ၏။ အဘတို့သည် ထာဝရဘုရား၏ ဗိုလ်​ခြေတပ်ချတွင် တဲတော်ဦးစောင့် ဖြစ်ကြ၏။ ၂၀ ရှေးကာလ ဧလာဇာသား ဖိနဟတ်သည် ထိုသူတို့ကိုအုပ်ရ၍၊ ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏။ ၂၁ မေရှိလမိသား ဇာခရိသည် ပရိသတ် စည်းဝေးရာ တဲတော် တံခါးစောင့်ဖြစ်၏။ ၂၂ တံခါးစောင့် အရာ၌ ခန့်ထားသောသူပေါင်းကား နှစ်ရာ တစ်ဆယ့် နှစ်ယောက်တည်း။ ထိုသူတို့သည် ဒါဝိဒ်နှင့် ပရောဖက် ရှမွေလ ခန့်ထားသော သားစဉ်မြေးဆက် အသီးအသီး နေသောရွာ၌ စာရင်းဝင်ကြ၏။ ၂၃ ထိုသူ၏ သားစဉ်မြေးဆက်တို့သည် တဲတော်တည်းဟူသော ထာဝရဘုရား၏ အိမ်တော်၌ တံခါးစောင့်အမှုကို ဆောင်ရွက်ရကြ၏။ ၂၄ တံခါးစောင့်တို့သည် အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာ၌ စောင့်နေရကြ၏။ ၂၅ ရွာတို့၌ နေသော အပေါင်းအဖေါ်တို့သည် အလှည့်သင့်သည်အတိုင်း ခုနစ်ရက်၊ ခုနစ်ရက် လာရကြ၏။ ၂၆ ထိုလေဝိသားတို့တွင် တံခါးစောင့်ကြီး လေးယောက်တို့သည် အရာကို ခံရသည်အတိုင်း၊ ဘုရားသခင်၏ အိမ်တော် အခန်းများနှင့် ဘဏ္ဍာတိုက်များကို စောင့်ရကြ၏။ ၂၇ ထိုသို့စောင့်ရ၍ နံနက်တိုင်း တံခါးကို ဖွင့်ရသောကြောင့်၊ ဘုရားသခင်၏ အိမ်တော်ပတ်လည်၌ အိမ်ရကြ၏။ ၂၈ အချို့တို့သည်လည်း အမှုတော်စောင့် တန်ဆာများကို အရေအတွက်အတိုင်း သွင်းလျက်ထုတ်လျက် စောင့်ရကြ၏။ ၂၉ အချို့တို့သည်လည်း၊ သန့်ရှင်းရာ ဌာနတော်တန်ဆာများ၊ အသုံးအဆောင်များ၊ မုန့်ညက်၊ စပျစ်ရည်၊ ဆီ၊ လောဗန်၊ နံ့သာမျိုးများကို ပြုစု၍ စောင့်ရကြ၏။ ၃၀ ယဇ်ပုရောဟိတ် အမျိုးသား အချို့တို့သည်လည်း နံ့သာဆီကို လုပ်ရကြ၏။ ၃၁ လေဝိသား၊ ကောရသိ အဆွေအမျိုးဖြစ်သော ရှလ္လုံ၏သား ဦးမတ္တိသိသည် သံပြားဖြင့် ဖုတ်သော မုန့်မျိုးကိုစောင့်ရ၏။ ၃၂ သူ၏ ညီအစ်ကိုနှင့် အခြားသော ကောရသိ အဆွေအမျိုးသားတို့သည် ဥပုသ်နေ့ [A]၌ ရှေ့တော်မုန့်ကို ပြင်ဆင်ရကြ၏။ ၃၃ သီချင်းဆိုသောသူ လေဝိသူကြီးတို့သည် မိမိတို့အမှုကို နေ့ညမပြတ် စောင့်ရသောကြောင့်၊ အိမ်တော်အခန်း၌ နေ၍ အခြားသောအမှုနှင့် လွတ်ကြ၏။ ၃၄ ထိုလေဝိ အဆွေအမျိုး သူကြီးတို့သည် အစဉ်အဆက် အကြီးအကဲဖြစ်၍ ယေရုရှလင်မြို့၌ နေရာကျကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.