-
AA
+
🡀
|
🡂
၁ ရာဇဝင်ချုပ်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ရာဇဝင်ချုပ်
အခန်းကြီး ၇



ဣသခါသားကား တောလ၊ ဖုဝါ၊ ယာရှုပ်၊ ရှိမရုန်၊ ပေါင်းလေးယောက်တည်း။ တောလသားကား တောလအဆွေအမျိုးသူကြီး ဩဇိ၊ ရေဖာယ၊ ယေရေလ၊ ယာမဲ၊ ယိဗသံ၊ ရှမွေလတည်း။ ထိုအဆွေအမျိုး အစဉ်အဆက်တို့သည် ခွန်အားကြီးသော သူရဲဖြစ်၍၊ ဒါဝိဒ်မင်းလက်ထက် နှစ်သောင်း နှစ်ထောင်ခြောက်ရာ ရှိသတည်း။ ဩဇိသားကား ဣဇိဟိ၊ ဣဇဟိသား မက္ခေလ၊ ဩဗဒိ၊ ယောလ၊ ဣရှယ၊ ပေါင်းငါးယောက်တည်း။ ဤသူတို့သည် အကြီးအကဲဖြစ်ကြ၏။ သူတို့၌ သားမယားများသောကြောင့်၊ အဆွေအမျိုး အသီးအသီးအလိုက်၊ စစ်သူရဲတပ်သား သုံးသောင်း ​ခြောက်ထောင်ရှိကြ၏။ သူတို့ညီအစ်ကို ဣသခါ အဆွေအမျိုး အပေါင်းတို့သည် ခွန်အားကြီးသော သူရဲ ဖြစ်၍၊ သားစဉ်မြေးဆက် စာရင်းဝင်သည်အတိုင်း၊ ရှစ်သောင်း ခုနစ်ထောင်ရှိကြ၏။

ဗင်္ယာမိန်သားကား ဗေလ၊ ဗေခါ၊ ယေဒယေလ၊ ပေါင်းသုံးယောက်တည်း။ ဗေလသားကား အဆွေအမျိုးသူကြီး ဧဇဗုန်၊ ဩဇိ၊ ဩဇေလ၊ ယေရိမုတ်၊ ဣရိ၊ ပေါင်းငါးယောက်တည်း။ ဤသူတို့သည် ခွန်အားကြီးသော သူရဲဖြစ်၍၊ သားစဉ်မြေးဆက် စာရင်းဝင်သည်အတိုင်း၊ နှစ်သောင်း နှစ်ထောင် သုံးဆယ်လေးယောက် ရှိကြ၏။ ဗေခါသားကား ဇေမိရ၊ ယောရှ၊ ဧလျေဇာ၊ ဧလိဩနဲ၊ ဩမရိ၊ ယေရိမုတ်၊ အဘိယ၊ အာနသုတ်၊ အာလမက်တည်း။ သားစဉ်မြေးဆက် စာရင်းဝင်၍၊ အဆွေအမျိုး သူကြီး အသီးအသီး အလိုက်၊ ခွန်အားကြီးသော သူရဲနှစ်သောင်း နှစ်ထောင်နှစ်ရာ ရှိကြ၏။ ၁၀ ယေဒယေလသားကား ဗိလဟန်၊ ဗိလဟန်သား ယုရှ၊ ဗင်္ယာမိန်၊ ဧဟုဒ်၊ ခေနာန၊ ဇေသန်၊ သာရှိရှ၊ အဟိရှဟာတည်း။ ၁၁ အဆွေအမျိုး သူကြီး အသီးအသီး အလိုက်၊ ခွန်အားကြီး၍ စစ်တိုက်ခြင်းငှါ၊ တတ်စွမ်းနိုင်သော သူရဲ တစ်သောင်း ခုနစ်ထောင့်နှစ်ရာ ရှိကြ၏။ ၁၂ ထိုမှတပါး၊ ရှုပိမ်၊ ဟုဝိမ်နှင့်တကွ ဣရဟုရှိမ်သား၊ အာဟေရသား ရှိသတည်း။ ၁၃ နဿလိသည် ဗိလဟာတွင် မြင်သောသားကား၊ ယာဇေလ၊ ဂုနိ၊ ယေဇ၊ ရှလ္လုံတည်း။ ၁၄ မနာရှေသားဦးကား အာသရေလ၊ ထိုနောက်၊ ရှုရိအမျိုး ဖြစ်သော မယားငယ်တွင် မြင်သောသား၊ ဂိလဒ်၏ အဘမာခိရတည်း။ ၁၅ မာခိရသည် မာခါအမည်ရှိသော ဟုပိမ်နှင့်ရှုပိ၏ နှမနှင့်စုံဘက်၍၊ နှစ်ဆက်မြောက်သော သားကား ဇလောဖတ်အမည်ရှိ၏။ ဇလောဖတ်၌ သမီးသက်သက်ရှိ၏။ ၁၆ မာခိရမယား မာခါသည် သားကိုဖွားမြင်၍၊ ပေရက်အမည်ဖြင့် မှည့်၏။ သူ၏ညီကား ရှေရက်အမည်ရှိ၏။ သူ၏သားကား ဥလံနှင့် ရေကင်တည်း။ ၁၇ ဥလံသားကား ဗေဒန်တည်း။ ဤရွေ့ကား မနာရှေသား မာခိရ၏သား ဂိလဒ်အမျိုးအနွယ်တည်း။ ၁၈ သူ၏နှမ ဟမ္မောလေကက်သည် ဣရှောဒ၊ အဗျေဇာ၊ မဟာလကို ဖွားမြင်၏။ ၁၉ ရှမိဒသားကား အဟိအန်၊ ရှေခင်၊ လိကဟိ၊ အနိအံတည်း။

၂၀ ဧဖရိမ်သားကား ရှုသေလ၊ ရှုသေလသား ဗေရက်၊ ဗေရက်သား တာဟတ်၊ တာဟတ်သား ဧလာဒ၊ ဧလာဒသား တာဟတ်၊ ၂၁ တာဟတ်သားဇာဗဒ်၊ ဇာဗဒ်သားရှုသေလတည်း။ ထိုမှတပါး၊ ဖရိမ်သားဧဇာနှင့် ဧလဒ်တို့သည် ထိုပြည်၌ မွေးဖွားသော၊ ဂါသမြို့သားတို့ တိရစ္ဆာန်များကို လုယူသောကြောင့် အသက်ဆုံးကြ၏။ ၂၂ အဘဧဖရိမ်သည် အင်တန်ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေ၏။ ညီအစ်ကိုတို့သည် နှစ်သိမ့်စေခြင်းငှါ လာကြ၏။ ၂၃ နောက်တဖန် မယားဆီသို့ ဝင်သဖြင့်သူသည် ပဋိသန္ဓေယူ၍ သားကိုဖွားမြင်၏။ ထိုသားကို ဗေရိယအမည်ဖြင့် မှည့်၏။ အကြောင်းမူကား၊ ကိုယ်အိမ်ထောင်၌ အမင်္ဂလာ ရောက်သတည်း။ ၂၄ သမီးရှေရကား အထက်ဗေသောရုန်မြို့၊ အောက်ဗေသောရုန်မြို့၊ ဩဇင်ရှေရမြို့တို့ကို ပြုစုသောသူ ဖြစ်၏။ ၂၅ သူ၏သားကား ရေဖ၊ သူ၏သား ရေရှပ်၊ သူ၏သားတေလ၊ သူ၏သားတာဟန်၊ ၂၆ သူ၏သား လာဒန်၊ သူ၏သား အမိဟုဒ်၊ သူ၏သား ဧလိရှမာ၊ ၂၇ သူ၏သားနုန်၊ သူ၏သား ယောရှုတည်း။ ၂၈ သူတို့ပိုင်ထိုက်သော နေရာဟူမူကား၊ ဗေသလမြို့နှင့် ကျေးလက်၊ အရှေ့ဘက်၌ နာရန်မြို့၊ အနောက်ဘက်၌ ဂဇောမြို့နှင့်ကျေးလက်၊ ရှေခင်မြို့နှင့် ကျေးလက်၊ ဂါဇမြို့နှင့် ကျေးလက်၊ ၂၉ မနာရှေ အမျိုးသား နေရာနားမှာ ဗက်ရှန်မြို့နှင့် ကျေးလက်၊ တာနက်မြို့နှင့် ကျေးလက်၊ မေဂိဒ္ဒေါမြို့နှင့် ကျေးလက်၊ ဒေါရမြို့နှင့် ကျေးလက်တည်း။ ဤမြို့ရွာတို့၌ ဣသရေလသား ဖြစ်သော ယောသပ်၏ သားတို့သည် နေရာကျကြ၏။

၃၀ အာရှာသားကား ယိမန၊ ဣရှာ၊ ဣရွှိ၊ ဗေရိယ၊ နှမစေရတည်း။ ၃၁ ဗေရိယသားကား ဟေဗာနှင့် မာလကျေလတည်း။ မာလကျေလသားကား ဗိရဇာဝတ်၊ ၃၂ ဟေဗာသားကား ယာဖလက်၊ ရှောမာ၊ ဟောသံ၊ နှမရှုအာတည်း။ ၃၃ ယာဖလက်သားကား ပါသက်၊ ဗိမဟာလ၊ အာရှဝတ်တည်း။ ၃၄ ရှောမေရသားကား အာဟိ၊ ရောဂ၊ ယေဟုဗ္ဗ၊ အာရံတည်း။ ၃၅ သူ၏ညီ ဟေလင်သားကား ဇောဖ၊ ဣမန၊ ရှေလက်၊ အာမလတည်း။ ၃၆ ဇောဖသားကား သုအာ၊ ဟာနေဖာ၊ ရွှလ၊ ဗေရိ၊ ဣမရ၊ ၃၇ ဗဇော၊ ဟောဒ၊ ရှမ္မ၊ ရှိလရှ၊ ဣသရန်၊ ဗေရတည်း။ ၃၈ ယေသာသား ကား ယေဖုန္နပိသပ၊ အာရတည်း။ ၃၉ ဥလ္လသားကား အာရ၊ ဟံယေလ၊ ရေဇိတည်း။ ၄၀ ဤသူအပေါင်းတို့သည် အာရှာ အမျိုး၌ အဆွေအမျိုးသူကြီး၊ ရွေးသောသူ၊ ခွန်အားကြီးသော သူရဲမင်းဖြစ်ကြ၏။ သားစဉ်မြေးဆက် စာရင်းဝင်၍ စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သောသူ နှစ်သောင်း ​ခြောက်ထောင်ရှိကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.