-
AA
+
🡀
|
🡂
၁ ရာဇဝင်ချုပ်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ရာဇဝင်ချုပ်
အခန်းကြီး ၆


လေဝိသား ကောဟတ်သားများ

လေဝိသားကား ဂေရရှုံ၊ ကောဟတ်၊ မေရာရိတည်း။ ကောဟတ်သားကား အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။ အာမရံသားကား အာရုန်၊ မောရှေ၊ မိရိအံတည်း။ အာရုန်သားကား၊ နာဒပ်၊ အဘိ ၊ ဟုဧလာဇာ၊ ဣသမာတည်း။ ဧလာဇာသားကား ဖိနဟတ်၊ ဖိနဟတ်သား အဘိရွှ၊ အဘိရွှသား ဗုက္ကိ၊ ဗုက္ကိသား ဩဇိ၊ ဩဇိသား ဇေရဟိ၊ ဇေရဟိသားမေရာယုတ်၊ မေရာယုတ်သား အာမရိ၊ အာမရိသား အဟိတုပ်၊ အဟိတုပ်သားဇုဒတ်၊ ဇာဒုတ်သား အဟိမတ်၊ အဟိမတ်သား အာဇရိ၊ အာဇရိသား ယောဟန်တည်း။ ၁၀ ယောဟန်သားကား ယေရုရှလင်မြို့မှာ ရှောလမုန် တည်သော ဗိမာန်တော်၌ ယဇ်ပုရောဟိတ် ပြုသော အာဇရိတည်း။ ၁၁ အာဇရိသားကား အာမရိ၊ အာမရိသား အဟိတုပ်၊ ၁၂ အဟိတုပ်သား ဇာဒုတ်၊ ဇာဒုတ်သား ရှလ္လုံ၊ ၁၃ ရှလ္လုံသား ဟိလခိ၊ ဟိလခိသား အာဇရိ၊ ၁၄ အာဇရိသား စရာယ၊ စရာယသား ယောဇဒက်တည်း။ ၁၅ ယောဇဒက်သည် နေဗုခဒ်နေဇာ လက်ဖြင့် ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို ထာဝရဘုရား သိမ်းသွားစေတော်မူသောအခါ ပါသွားသတည်း။



၁၆ လေဝိသား ဂေရရှုံ၊ ကောဟတ်၊ မေရာရိတို့တွင်၊ ၁၇ ဂေရရှုံသားကား လိဗနိနှင့်ရှိမတည်း။ ၁၈ ကောဟတ်သားကား အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။ ၁၉ မေရာရိသားကား မဟာလိနှင့် မုရှိတည်းဟူသော လေဝိအဆွေ အမျိုးအသီးအသီး ဖြစ်သတည်း။

၂၀ ဂေရရှုံသားကား လိဗနိ၊ လိဗနိသား ယာဟတ်၊ ယာဟတ်သား ဇိမ္မ၊ ၂၁ ဇိမ္မသားယောအာ၊ ယောအာသား ဣဒ္ဒေါ၊ ဣဒေါသားဇေရ၊ ဇေရသား ယာတရဲတည်း။

၂၂ ကောဟတ်သားကား ဣဇဟာတည်းဟူသော အမိနဒ်၊ အမိနဒ်သား ကောရ၊ ကောရသား အဿိရ၊ ၂၃ အဿိရသား ဧလကာန၊ ဧလကာနသား ဧဗျာသပ်၊ ဧဗျာသပ်သား အဿိရ၊ ၂၄ အဿိရသား တာဟတ်၊ တာဟတ်သား ဥရေလ၊ ဥရေလသားဩဇိ၊ ဩဇိသားရှောလ၊ ၂၅ ရှောလာသား ဧလကာန၊ ဧလကာနသား အာမသဲနှင့် အဟိမုတ်၊ ၂၆ အာမသဲသား ဇောဖဲ၊ ဇောဖဲသားနာဟတ်၊ ၂၇ နာဟတ်သား ဧလျာဘ၊ ဧလျာဘသား ယေရောဟံ၊ ယေရောဟံသား ဧလကာန၊ ဧလကာနသား ရှမွေလတည်း။ ၂၈ ရှမွေလ သားဦးကားယောလ၊ ဒုတိယသား အဘိယတည်း။

၂၉ မေရာရိသားကား မဟာလိ၊ မဟာလိသား လိဗနိ၊ လိဗနိသား ရှိမိ၊ ရှိမိသား ဩဇ၊ ၃၀ ဩဇသား ရှိမာ၊ ရှိမာသား ဟဂ္ဂျာ၊ ဟဂ္ဂျာသား အသာယတည်း။

၃၁ ထာဝရဘုရား၏ သေတ္တာတော်သည် ငြိမ်ဝပ်သောအခါ၊ အိမ်တော်၌ သီချင်းဆိုရာ အမှုတော်ကို စောင့်စေခြင်းငှါ၊ ဒါဝိဒ်မင်း ခန့်ထားသောသူတို့သည်၊ ၃၂ ယေရုရှလင်မြို့၌ ဗိမာန်တော်ကို ရှောလမုန် မတည်မှီ ကာလပတ်လုံး၊ ပရိသတ် စည်းဝေးရာ တဲတော်တည်ရာအရပ်၌ သီချင်းဆိုလျက် အမှုတော်ကို စောင့်ကြ၏။ ဗိမာန်တော်ကို တည်ပြီးသောနောက်၊ မိမိတို့အလှည့်အတိုင်း စောင့်ရသောအမှုကို စောင့်လျက်နေကြ၏။

CROSS REFERENCES






၃၃ ထိုအမှုတော်ကို စောင့်သောသူတို့နှင့် သားစဉ်မြေးဆက်ဟူမူကား၊ ဣသရေလ၊ လေဝိ၊ ကောဟတ်၊ ဣဇဟာ၊ ၃၄ ကောရ၊ ဧဗျာသပ်၊ အဿိရ၊ ၃၅ တာဟတ်၊ ဇေဖိနိ၊ အာဇရိ၊ ယောလ၊ ၃၆ ဧလကာန၊ အမာသဲ၊ မာဟတ်၊ ဧလကာန၊ ဇောဖဲ၊ ၃၇ တောအာ၊ ဧလျာဘ၊ ယေရောဟံ၊ ဧလကာန၊ ရှမွေလ၊ ၃၈ ယောလတို့မှ ဆင်းသက်သော ကောဟတ်အမျိုး၊ သီချင်းသည် ဟေမန်တပါး၊ ၃၉-၄၃ လေဝိ၊ ဂေရရှုံ၊ ယာဟတ်၊ ရှိမိ၊ ဇိမ္မ၊ ဧသန်၊ အဒါယ၊ ဇေရ၊ ဧသနိ၊ မာလခိ၊ ဗာသေယ၊ မိက္ခေလ၊ [A] ရှိမာ၊ ဗေရခိတို့မှ ဆင်းသက်သော အာသပ်၊ ဟေမန်လက်ျာဘက်မှာ နေရာရှိသော အပေါင်းအဖေါ် အာသပ်တစ်ပါး၊ ၄၄-၄၇ လေဝိ၊ မေရာရိ၊ မုရှိ၊ မဟာလိ၊ ရှမေရ၊ ဗာနိ၊ အံဇိ၊ ဟိလခိ၊ အာမဇိ၊ ဟာရှဗိ၊ မလ္လုတ်၊ အာဖဒိ၊ ကိရှိတို့မှ ဆင်းသက်သော ဧသန်တပါးမှစ၍ လက်ဝဲဘက်မှာ နေရာရှိသော အပေါင်းအဖေါ်၊ မေရာရိ အမျိုးသားများတည်း။ ၄၈ သူတို့၏ ညီအစ်ကို ဖြစ်သော လေဝိသားတို့သည်၊ ဘုရားသခင် ကျိန်းဝပ်တော်မူရာ တဲတော်အမှု အမျိုးမျိုးစောင့်သော အရာ၌ ခန့်ထားခြင်းကို ခံကြ၏။ ၄၉ အာရုန်နှင့် သူ၏သားစဉ်မြေးဆက်မူကား၊ ယဇ်ကောင်ကို မီးရှို့ရာပလ္လင်နှင့် နံ့သာပေါင်းကို မီးရှို့ရာပလ္လင်ပေါ်မှာ ပူဇော်လျက်၊ အလွန်သန့်ရှင်းရာ ဌာနတော်အမှုအလုံးစုံကို စောင့်လျက်၊ ဘုရားသခင်၏​ကျွန် မောရှေမှာထားသမျှအတိုင်း၊ ဣသရေလအမျိုး၏ အပြစ်ကို ဖြေရသောသူ ဖြစ်ကြ၏။ ၅၀ အာရုန်၏ သားမြေးမှာ၊ အာရုန်သားကား ဧလာဇာ၊ ဧလာဇာသား ဖိနဟတ်၊ ဖိနဟတ်သား အဘိရွှ၊ ၅၁ အဘိရွှသား ဗုက္ကိ၊ ဗုက္ကိသား ဩဇိ၊ ဩဇိသား ဇေရဟိ၊ ၅၂ ဇေရဟိသား မရာယုတ်၊ မရာယုတ်သား အာမရိ၊ အာမရိသား အဟိတုပ်၊ ၅၃ အဟိတုပ်သား ဇာဒုတ်၊ ဇာဒုတ်သား အဟိမတ်တည်း။

၅၄ အာရုန်၏ သားမြေးဖြစ်သော ကောဟတ် အဆွေအမျိုးတို့သည် စာရေးတံ ပြုသောအားဖြင့် ရ၍ နေရသောမြို့နှင့် မြို့နယ်များ ဟူမူကား၊ ၅၅ ယုဒခရိုင်၌ ဟေဗြုန်မြို့နှင့် မြို့နယ်ကို ရကြ၏။ ၅၆ သို့ရာတွင် မြို့နှင့်ဆိုင်သော လယ်များ၊ ရွာများတို့ကို ရေဖုန္နသား ကာလက်သည်ရ၏။ ၅၇ ပြေး၍ မှီခိုရာ ဟေဗြုန်မြို့မှတပါး၊ ယုဒခရိုင်ထဲက လိဗနမြို့နှင့်မြို့နယ်၊ ယတ္တိရမြို့နှင့် မြို့နယ်၊ ဧရှတမောမြို့နှင့် မြို့နယ်၊ ၅၈ ဟောလုန်မြို့နှင့် မြို့နယ်၊ ဒေဗိရမြို့နှင့် မြို့နယ်၊ ၅၉ အဣနမြို့နှင့် မြို့နယ်၊ ယုတ္တမြို့နှင့် မြို့နယ်၊ ဗက်ရှေမက်မြို့နှင့် မြို့နယ်တို့ကို၎င်း၊ ၆၀ ဗင်္ယာမိန်ခရိုင်ထဲက ဂိဗောင်မြို့နှင့် မြို့နယ်၊ ဂေဗမြို့နှင့် မြို့နယ်၊ အာလမက်မြို့နှင့် မြို့နယ်၊ အာနသုတ်မြို့နှင့် မြို့နယ်တို့ကို၎င်း၊ အာရုန်၏ သားမြေးတို့သည် အဆွေအမျိုး အလိုက်ရ၍၊ မြို့ပေါင်းကား တစ်ဆယ့် သုံးမြို့တည်း။ ၆၁ ကြွင်းသော ကောဟတ်သား အဆွေအမျိုးတို့သည် စာရေးတံအားဖြင့်၊ မနာရှေ ခရိုက်ဝက်ထဲက မြို့ဆယ်မြို့တို့ကို ရကြ၏။ ၆၂ ဂေရရှုံသား အဆွေအမျိုးတို့သည် ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည် မနာရှေခရိုင်ထဲက မြို့တစ်ဆယ့် သုံးမြို့တို့ကို ရကြ၏။ ၆၃ မေရာရိသား အဆွေအမျိုးတို့သည် ရုဗင်ခရိုင်၊ ဂဒ်ခရိုင်၊ ဇာဗုလုန်ခရိုင်ထဲက မြို့တစ်ဆယ့် နှစ်မြို့တို့ကို ရကြ၏။ ၆၄ ဤမည်သော မြို့တို့ကို မြို့နယ်နှင့်တကွ၊ ဣသရေလ အမျိုးသားတို့သည် လေဝိသားတို့အား ပေးကြ၏။ ၆၅ အထက်ဆိုခဲ့ပြီးသော မြို့တို့ကို စာရေးတံပြု၍ ယုဒအမျိုးသားခရိုင်၊ ရှိမောင်အမျိုးသား ခရိုင်၊ ဗင်္ယာမိန်အမျိုးသား ခရိုင်ထဲက ပေးကြ၏။ ၆၆ ကြွင်းသော ကောဟတ်သား အဆွေအမျိုးတို့သည် ဧဖရိမ်ခရိုင်ထဲက ရသည်အတိုင်၊ ၆၇ ပြေး၍ ခိုနေရာ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို မြို့နယ်နှင့်တကွ ပေးကြ၏။ ၆၈ ထိုမှတပါး၊ ဂဇောမြို့နှင့် မြို့နယ်၊ ယောကမံမြို့နှင့် မြို့နယ်၊ ဗက်ဟောရုန်မြို့နှင့် မြို့နယ်တို့ကို၎င်း၊ ၆၉ ဒန်ခရိုင်ထဲက ဧလတေကမြို့နှင့် မြို့နယ်၊ ဂိဗ္ဗသုန်မြို့နှင့် မြို့နယ်၊ အာဇလုန်မြို့နှင့် မြို့နယ်၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တို့ကို၎င်း၊ ၇၀ မနာရှေခရိုင် ဝက်ထဲက အနေရမြို့နှင့် မြို့နယ်၊ ဗိလံမြို့နှင့် မြို့နယ်တို့ကို၎င်း၊ ကြွင်းသော ကောဟတ်သား အဆွေအမျိုးတို့အား ပေးကြ၏။ ၇၁ ဂေရရှုံသားတို့အား လည်း၊ မနာရှေခရိုင်ဝက်ထဲက ဗာရှန်ပြည် ဂေါလန်မြို့နှင့် မြို့နယ်၊ အာရှတရုတ်မြို့နှင့် မြို့နယ်တို့ကို၎င်း၊ ၇၂ ဣသခါခရိုင်ထဲက ကေဒေရှမြို့နှင့် မြို့နယ်၊ ဒါဗရတ်မြို့နှင့် မြို့နယ်၊ ၇၃ ရာမုတ်မြို့နှင့် မြို့နယ်၊ ၇၄ အာနင်မြို့နှင့် မြို့နယ်တို့ကို၎င်း၊ ၇၄ အာရှာခရိုင်ထဲက မိရှလမြို့နှင့်မြို့နယ်၊ အာဗဒုန်မြို့နှင့်မြို့နယ်၊ ၇၅ ဟုကုတ်မြို့နှင့် မြို့နယ်၊ ရဟောဘမြို့နှင့် မြို့နယ်တို့ကို၎င်း၊ ၇၆ နဿလိခရိုင်ထဲက ဂါလိလဲပြည် ကေဒေရှမြို့နှင့် မြို့နယ်၊ ဟမ္မုန်မြို့နှင့် မြို့နယ်၊ ကိရယသိမ်မြို့နှင့် မြို့နယ်တို့ကို၎င်း ပေးကြ၏။ ၇၇ ကြွင်းသော မေရာရိသားတို့အားလည်း ဇာဗုလုန်ခရိုင်ထဲက ရိမ္မုန်မြို့နှင့် မြို့နယ်၊ တာဗော်မြို့နှင့် မြို့နယ်တို့ကို၎င်း၊ ၇၈ ယေရိခေါမြို့ အရှေ့၊ ယော်ဒန်မြစ်တဘက်၊ ရုဗင်ခရိုင်ထဲက တော၌ ဗဇောမြို့နှင့် မြို့နယ်၊ ယာဇမြို့နှင့် မြို့နယ်၊ ၇၉ ကေဒမုတ်မြို့နှင့် မြို့နယ်၊ မေဖတ်မြို့နှင့် မြို့နယ်တို့ကို၎င်း၊ ၈၀ ဂဒ်ခရိုင်ထဲက ဂိလဒ်ပြည်၌ ရာမုတ်မြို့နှင့် မြို့နယ်၊ မဟာနိမ်မြို့နှင့်မြို့ နယ်၊ ၈၁ ဟေရှဘုန်မြို့နှင့် မြို့နယ်၊ ယာဇာမြို့နှင့် မြို့နယ်တို့ကို၎င်း ပေးကြ၏။

_________________________
Footnotes


(a)


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.