-
AA
+
🡀
|
🡂
၁ ရာဇဝင်ချုပ်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ရာဇဝင်ချုပ်
အခန်းကြီး ၄


ယုဒသားဖာရက်

ယုဒသားကား ဖာရက်၊ ဟေဇရုံ၊ ကာမိ၊ ဟုရ၊ ရှောဗာလတည်း။ ရှောဗာလသားကား ရာယ၊ ရာယသားယာဟတ်၊ ယာဟတ်သား အဟုမဲနှင့်လာဟဒ်၊ ဤရွေ့ကား ဇောရေသိအမျိုးအနွယ်တည်း။ ဧကံအမျိုးအဘ၏ သားကား ယေဇရေလ၊ ဣရှမ၊ ဣဒဗတ်၊ နှမဟာဇလေလပေါနိ၊ ဂေဒေါ် အဘပေနွေလ၊ ဟုရှအဘဧဇာတည်း။ ဤသူတို့သည် ဗက်လင်အဘ၊ ဧဖရတ်သားဦး ဟုရအမျိုးအနွယ်တည်း။ တေကောအဘ အာရှုရသည် ဟေလနှင့် နာရအမည်ရှိသော မယားနှစ်ယောက်ရှိ၏။ နာရ ဖွားမြင်သောသားကား အဟုဇံ၊ ဟေဖာ၊ တေမနိ၊ ဟာဟရှတာရိတည်း။ ဇေရက်၊ ယေဇော်၊ ဧသနန်၊ ကောဇတည်း။ ကောဇသားကား အာနုန်နှင့် ဇောဗေဒအစရှိသော ဟာရုံသား အဟာရေလ အဆွေအမျိုးတည်း။


ယာဗက်ဆုတောင်း

ထိုအဆွေအမျိုး၌ ယာဗက်သည် ထူးဆန်းသောသူဖြစ်၏။ သူ၏အမိက၊ ငါသည်ပြင်းစွာသော ဝေဒနာကိုခံ၍ ဤသားကို မြင်ရပြီဟုဆိုလျက်၊ ယာဗက်အမည်ဖြင့် မှည့်၏။ ၁၀ ယာဗက်ကလည်း၊ ကိုယ်တော်သည် အ​ကျွန်ုပ်ကို အစဉ်ကောင်းကြီးပေး၍၊ ​ကျွန်ုပ်နေရာကို ကျယ်ဝန်းစေတော်မူပါ။ အ​ကျွန်ုပ်သည် ဘေးဥပါဒ် အနှောင့်အယှက်နှင့် ကင်းလွတ်ပါမည်အကြောင်း၊ လက်တော်သည် အ​ကျွန်ုပ်ဘက်၌ နေ၍ ကွယ်ကာ စောင်မတော်မူပါ၊ ဟုဣသရေလ အမျိုး၏ ဘုရားသခင်အား ဆုတောင်းတတ်၍၊ တောင်းသောဆုကို ဘုရားသခင် ပေးသနားတော်မူ၏။


ဘုရားယုံကြည်သူ ကာလက်၏အမျိုး

၁၁ ရှုအာမောင် ကာလက်သားကား မဟိရ၊ မဟိရသား ဧရှတုန်တည်း။ ၁၂ ဧရှတုန်သားကား ဗက်ရာဖ၊ ပါသာ၊ တေဟိန္နတည်း။ တေဟိန္နသားကား ဣရနာဟတ်တည်း။ ဤသူတို့သည် ရေခါအမျိုးသား ဖြစ်ကြ၏။ ၁၃ ကေနတ်သားကား ဩသံယေလနှင့် စရာယတည်း။ ဩသံယေလသားကား ဟာသတ်နှင့် မောနောသဲတည်း။ ၁၄ မောနောသဲသားကား ဩဖရာတည်း။ စရာယသားကား ယွာဘ၊ ယွာဘ၏သားတို့သည် ဆရာသမားဖြစ်၍ ဆရာသမားချိုင့်၌ နေသောသူတည်း။ ၁၅ ယေဖုန္နသားဖြစ်သော ကာလက်၏သားကား ဣရု၊ ဧလာ၊ နာမတည်း။ [A] ၁၆ ဧလာသားကား ကေနတ်တည်း။ ၁၆ ယေဟလလေလသားကား ဇိဖ၊ ဇိဖာ၊ တိရိ၊ အာသရေလတည်း။ ၁၇ ဧဇရသားကား ယေသာ၊ မေရက်၊ ဧဖာ၊ ယာလုန်တည်း။ မေရက်နှင့်စုံဘက်သော ဖာရောသမီး ဗိသဟာသည် မိရိ၊ ရှမ္မဲ၊ ဧရှတမောအဘ ဣရှဘကို ဖွားမြင်၏။ ၁၈ မယားယေဟုဒိယသည် ဂေဒေါ်အဘ ယေရက်၊ စောခေါအဘ ဟေဗာ၊ ဇာနော်အဘ ယေကုသေလကို ဖွားမြင်၏။ ၁၉ ယေဟုဒိယသည် နာဟံနှမဖြစ်၏။ နာဟံသည် ဂါမိရွာသားကိလ၊ မာခမြို့သား ဧရှတမော၏အဘ ဖြစ်သတည်း။ ၂၀ ရှိမုန်သားကား အာမနုန်၊ ရိန္န၊ ဗင်္ဟာနန်၊ တိလုန်တည်း။ ဣရှိသားကား ဇော်ဟက်၊ ဗဇောဟက်တည်း။


ယုဒသားရှေလ၏သားများ

၂၁ ယုဒသားဖြစ်သော ရှေလ၏သားကား လေကအဘဧရ၊ မရေရှအဘ လာဒအစရှိသော ပိတ်ချောကို ရက်တတ်သော အာရှဗာအဆွေအမျိုး၊ ၂၂ ယောယကိမ် အစရှိသော ခေါဇေဘလူ၊ မောဘပြည်၌ အစိုးရသော ယောရှ၊ သာရပ်၊ ယာရှုဗိလင်တည်း။ ထိုသို့ဆိုသော် ရှေးစကားဖြစ်၏။ ၂၃ ထိုသူတို့သည် အိုးထိန်းသမား၊ လယ်ယာ လုပ်သမားဖြစ်၍၊ ရှင်ဘုရင်အနားမှာ နေလျက် အမှုတော်ကို ဆောင်ရွက်ကြ၏။


ရှိမောင်သားများ

၂၄ ရှိမောင်သားကား ယေမွေလ၊ ယာမိန်၊ ယာရိပ်၊ ဇေရ၊ ရှောလတည်း။ ၂၅ ရှောလသားရှလ္လုံ၊ ရှလ္လုံသားမိဘသံ၊ မိဘသံသားမိရှမ၊ ၂၆ မိရှမသား ဟမွေလ၊ ဟမွေလသားဇက္ကုရ၊ ဇက္ကုရသား ရှိမိတည်း။ ၂၇ ရှိမိသည် သားတစ်ဆယ့်​ ခြောက်ယောက်နှင့် သမီး​ခြောက်ယောက်တို့ကို မြင်၏။ သို့ရာတွင် သူ၏ ညီအစ်ကိုတို့၌ သားမများ။ ရှိမောင် အမျိုးသားတို့သည် ယုဒအမျိုးသားကဲ့သို့ မပွားမများတတ်။ ၂၈ ရှိမောင်အမျိုးတို့သည် ဒါဝိဒ်မင်းကြီး လက်ထက်တိုင်အောင် ဗေရရှေဗမြို့၊ မောလဒါမြို့၊ ဟာဇရွာလမြို့၊ ၂၉ ဗိလဟာမြို့၊ ဧဇင်မြို့၊ တောလဒ်မြို့၊ ၃၀ ဗေသွေလမြို့၊ ဟော်မာမြို့၊ ဇိကလက်မြို့၊ ၃၁ ဗက်မာကဗုတ်မြို့၊ ဟာဇသုသိမ်မြို့၊ ဗက်ဗိရိမြို့၊ ရှာရိမ်မြို့တို့၌ နေကြ၏။၃၂ ထိုမှတပါး၊ တော်မြို့ဧတံ၊ အင်ရိမ္မုန်၊ တောခင်၊ ဧသာ၊ အာရှန်တည်းဟူသော မြို့ငါးမြို့နှင့်တကွ၊ ၃၃ ပတ်လည်၌ ရှိသော ရွာအပေါင်းတို့ကို ဗာလမြို့တိုင်အောင် ပိုင်ကြ၏။ ဤရွေ့ကား ရှိမောင်အမျိုးသား နေရာနှင့် ဆွေစဉ်မျိုးဆက် ဖြစ်သတည်း။ ၃၄ မေရှောဗပ်၊ ယာမလက်၊ အာမဇိသားယောရှ၊ ၃၅ ယောလ၊ အာသေလသား စရာယ၏သား ယောရှိဘိ၏သားယေ ၊ ဟု၃၆ ဧလျောနဲ၊ ယာကောဘ၊ ယေရှောဟာယ၊ အသာယ၊ အဒျေလ၊ ယေသိမျေလ၊ ဗေနာယနှင့်တကွ၊ ၃၇ ရှေမာယ၊ ရှိမရိ၊ ယေဒါယ၊ အလ္လုန်၊ ရှိဖိတို့မှ ဆင်းသက်သော ဇိဇတည်းဟူသော၊ ၃၈ နာမအားဖြင့် မှတ်သော သူတို့သည် အဆွေအမျိုး သူကြီးဖြစ်၍၊ သူတို့အမျိုးသည် အလွန်ပွားများသတည်း။ ၃၉ ထိုသူတို့သည် သိုးကျက်စားရာ အရပ်ကိုရှာ၍ ချိုင့်အရှေ့ဘက်၊ ဂေဒေါ်မြို့ဝတိုင် အောင်သွားသောအခါ၊ ၄၀ မြက်ပင်ပေါများ၍ ကောင်းသော ကျက်စားရာ ကျယ်ဝန်းငြိမ်ဝပ်သော အရပ်ကိုတွေ့ကြ၏။ ရှေးကာလတွင် ဟာမအမျိုးသားတို့သည် ထိုအရပ်၌ နေကြ၏။ ၄၁ အထက်ဆိုခဲ့ပြီးသော သူတို့သည် ယုဒရှင်ဘုရင် ဟေဇကိလက် ထက်၌ သွား၍၊ သိုးကျက်စားစရာ ကောင်းသောအရပ်ကို တွေ့သောကြောင့်၊ အရပ်သား နေရာရွာတို့ကို လုပ်ကြံ၍၊ ရှင်းရှင်းဖျက်ဆီးပြီးမှ ယနေ့တိုင်အောင် နေကြ၏။ ၄၂ တဖန် ရှိမောင်အမျိုးသား ယောက်ျား ငါးရာတို့သည် ဣရှိသား၊ ဗိုလ်ပေလတိ၊ နာရိ၊ ရေဖာယ၊ ဩဇေလနှင့်တကွ၊ စိရတောင်သို့ ချီသွား၍၊ ၄၃ အရင်လွတ်သော အာမလက် အမျိုးသား အကျန်အကြွင်းကိုလုပ် ကြံ၍ ထိုအရပ်၌ ယနေ့တိုင်အောင် နေကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.