၁ ရာဇဝင်ချုပ်
အခန်းကြီး ၃
ဒါဝိဒ်မင်း၏သားများ
၁ ဟေဗြုန်မြို့၌ ဒါဝိဒ်မြင်သော သားတို့တွင် သားဦးကား၊ ယေဇရေလမြို့သူ အဟိနောင်တွင် မြင်သောသား၊ အာမနုန်တည်း။ ဒုတိယသားကား၊ ကရမေလသူ အဘိဂဲလတွင် မြင်သောသား ဒံယေလတည်း။ ၂ တတိယသားကား၊ ကောရှုရရှင်ဘုရင် တာလမဲသမီး မာခါ၏သား အဗရှလုံတည်း။ စတုတ္ထသားကား၊ ဟဂ္ဂိတ်၏သား အဒေါနိယတည်း။ ၃ ပဉ္စမသားကား အဘိတလ၏သား ရှေဖတိတည်း။ ဆဌမသားကား၊ မြောက်သားတော် ဧဂလတွင် မြင်သောသား ဣသရံတည်း။ ၄ ထိုသား ခြောက်ယောက်တို့ကို ဟေဗြုန်မြို့၌ မြင်၏။ ထိုမြို့တွင် ခုနစ်နှစ်နှင့် ခြောက်လ မင်းပြု၏။ ယေရုရှလင်မြို့တွင် အနှစ်သုံးဆယ့် သုံးနှစ် မင်းပြု၏။ ၅ ယေရုရှလင်မြို့၌ မြင်သောသားဟူမူကား၊ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်တည်းဟူသော အမျေလသမီး ဗာသရှေဘတွင် မြင်သော သားလေးယောက်။ ၆ ထိုမှတပါး၊ ဣဗဟာ။ ဧလိရွ၊ ဧလိပလက်။ ၇ နောဂ၊ နေဖက်၊ ယာဖျာ၊ ၈ ဧလိရှမာ၊ ဧလျာမ၊ ဧလိဖလက်၊ ပေါင်းကိုးယောက်တည်း။ ၉ ဤရွေ့ကား မယားငယ်တွင် ရသောသားတို့ကို မဆိုဘဲ ဒါဝိဒ်၏ သားများတည်း။ နှမ တာမာလည်းရှိ၏။
ရှောလမုန်သားစဉ် မြေးဆက်များ
၁၀ ရှောလမုန်သားကား ရောဗောင်၊ ရောဗောင်သား အဘိယ၊ အဘိယသား ယောရှဖတ်၊ ၁၁ ယောရှဖတ်သား ယောရံ၊ ယောရံသား အာခဇိ၊ အာခဇိသား ယောရှ၊ ၁၂ ယောရှသား အာမဇိ၊ အာမဇိသား ဩဇိ၊ ဩဇိသား ယောသံ၊ ၁၃ ယောသံသား အာခတ်၊ အာခတ်သား ဟေဇကိ၊ ဟေဇကိသား မနာရှေ၊ ၁၄ မနာရှေသား အာမုန်၊ အာမုန်သား ယောရှိတည်း။ ၁၅ ယောရှိသားဦးကား၊ ယောဟာနန်၊ ဒုတိယသား ယောယကိမ်၊ တတိယသား ဇေဒကိ၊ စတုတ္ထသား ရှလ္လုံတည်း။ ၁၆ ယောယကိမ်သားကား ယေခေါနိနှင့် ဇေဒကိတည်း။ ၁၇ အကျဉ်းခံရသော ယေခေါနိသားကား ရှာလသေလ၊ ၁၈ မာလခိရံ၊ ပေဒါယ၊ ရှေနဇာ၊ ယေကမိ၊ ဟောရှမ၊ နေဒဘိတည်း။ ၁၉ ရှာလသေလသားကား ဇေရုဗဗေလနှင့် ရှိမိတည်း။ ဇေရုဗဗေလသား ကားမေရှုန်လံ၊ ဟာနနိ၊ နှမရှေလောမိတ် နှင့်တကွ၊ ၂၀ ဟရှုဘ၊ ဩဟေလ၊ ဗေရခိ၊ ဟသဒိ၊ ယုရှဿေသက်၊ ပေါင်းငါးယောက်တည်း။ ၂၁ ဟာနနိသားကား ပေလတိနှင့် ယေရှာယတည်း။ ယေရှာယသားကား၊ ရေဖာယ။ ရေဖာယသား အာနန်၊ အာနန်သားဩဗဒိ၊ ဩဗဒိသားရှေခနိ၊ ၂၂ ရှေခနိသားရှေမာယတည်း။ ရှေမာယသားကား ဟတ္တုတ်၊ ဣဂါလ၊ ဗာရိ၊ နာရိ၊ အာဇရိ၊ ရှာဖတ်၊ ပေါင်းခြောက်ယောက်တည်း။ ၂၃ နာရိသားကား ဧလိဩနဲ၊ ဟေဇကိ၊ အာဇရိကံ၊ ပေါင်းသုံးယောက်တည်း။ ၂၄ ဧလျောနဲသားကား ဟောဒါယ၊ ဟလျာရှိပ်၊ ပေလာယ၊ အက္ကုပ်၊ ယောဟန်၊ ဒလာယ၊ အာနနိ၊ ပေါင်းခုနစ်ယောက်တည်း။