-
AA
+
🡀
|
🡂
၁ ရာဇဝင်ချုပ်
၂၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ရာဇဝင်ချုပ်
အခန်းကြီး ၂၇


တလစီ အုပ်စိုးသော ဗိုလ်မင်းများ

ရှင်ဘုရင် အမှုတော်ကို စောင့်သော ဣသရေလ အမျိုးသားတို့သည် အဆွေအမျိုးသူကြီး၊ လူတထောင်အုပ်၊ တရာအုပ်၊ အရာရှိတို့နှင့်တကွ၊ တနှစ်တွင် တဆယ်နှစ်လ အစဉ်အတိုင်း တပ်ဖွဲ့၍၊ တလစီတလစီ အလှည့်လှည့် စောင့်ရသော တပ်သားအမှု ထမ်းနှစ်သောင်း လေးထောင် စီရှိကြ၏။ ပဌမလတွင် ပဌမတပ်ကို အုပ်သော ဗိုလ်မင်းကား၊ ဇာဗဒေလသား ယာရှောဗံနှင့် တပ်သားပေါင်း နှစ်သောင်း လေးထောင်တည်း။ ထိုမင်းသည် ဖာရက် အမျိုးသားဖြစ်၍၊ ပဌမလတွင် အမှုစောင့်သော တပ်မှူးအပေါင်းတို့ကို အုပ်ရ၏။ ဒုတိယလတွင် အမှုစောင့်သော တပ်ကို အုပ်သောဗိုလ်မင်းကား၊ အဟောဟိ အမျိုးသား ဒေါဒဲနှင့် စစ်ကဲမိကလုပ်၊ တပ်သားပေါင်း နှစ်သောင်း လေးထောင်တည်း။ တတိယလနှင့် ဆိုင်သော တတိယတပ် ဗိုလ်မင်းကား၊ ယဇ်ပုယောဟိတ် ကြီးယောယဒသား ဗေနာယနှင့် တပ်သားပေါင်း နှစ်သောင်း လေးထောင်တည်း။ ထိုမင်းသည် ဗိုလ်စုတွင် ကျော်စောသောသူ၊ ဗိုလ်ချုပ် အရာရှိသောသူ ဖြစ်၏။ သူ၏သား အမိဇဗဒ်သည်လည်း တပ်မှူးအရာကို ရ၏။ စတုတ္ထလတွင် စတုတ္ထ ဗိုလ်မင်းကား၊ ယွာဘညီ အာသဟေလ၊ စစ်ကဲကား အာသဟေလသား ဇေဗဒိ၊ တပ်သားပေါင်း နှစ်သောင်း လေးထောင်တည်း။ ပဥ္စမလတွင် ပဥ္စမ ဗိုလ်မင်းကား ဣဇဟာအမျိုး ရှံဟုတ်၊ တပ်သားပေါင်း နှစ်သောင်း လေးထောင်တည်း။ ဆဋ္ဌမတွင် ဆဋ္ဌမ ဗိုလ်မင်းကား တေကောမြို့သား၊ ဣကေရှ၏သား ကောရ၊ တပ်သားပေါင်း နှစ်သောင်း လေးထောင်တည်း။၁၀ သတ္တမလတွင် သတ္တမ ဗိုလ်မင်းကား ဧဖရိမ်အမျိုး၊ ပေလောနိ အနွယ်ဖြစ်သော ဟေလက်၊ တပ်သားပေါင်း နှစ်သောင်း လေးထောင်တည်း။ ၁၁ အဋ္ဌမလတွင် အဋ္ဌမ ဗိုလ်မင်းကား ဇာရအမျိုး၊ ဣရှသိ အနွယ်ဖြစ်သော သိဗေကဲ၊ တပ်သားပေါင်း နှစ်သောင်း လေးထောင်တည်း။ ၁၂ နဝမလတွင် နဝမ ဗိုလ်မင်းကား ဗင်္ယာမိန်အမျိုး၊ အနေသောသိအနွယ် ဖြစ်သော အဗျေဇာ၊ တပ်သားပေါင်း နှစ်သောင်း လေးထောင်တည်း။ ၁၃ ဒသမလတွင် ဒသမဗိုလ်မင်းကား ဇာရအမျိုး၊ နေတောဖာသိအနွယ် ဖြစ်သော မဟာရဲ၊ တပ်သားပေါင်း နှစ်သောင်း လေးထောင်တည်း။ ၁၄ ဧကဒသမလတွင် ဧကဒသမ ဗိုလ်မင်းကား ဧဖရိမ်အမျိုး၊ ပိရသော နိအနွယ်ဖြစ်သော ဗေနာယ၊ တပ်သားပေါင်း နှစ်သောင်း လေးထောင်တည်း။ ၁၅ ဒွါဒသမလတွင် ဒွါဒသမ ဗိုလ်မင်းကား ဩသနေလအမျိုး၊ နေတောဖာသိ အနွယ်ဖြစ်သော ဟေလဒဲ၊ တပ်သားပေါင်း နှစ်သောင်း လေးထောင်တည်း။ ၁၆ ဣသရေလ အမျိုးအသီးအသီးတို့ကို အုပ်သော မင်းဟူမူကား၊ ရုဗင်အမျိုးတွင် ဇိခရိ၏သား ဧလျေဇာ၊ ရှိမောင်အမျိုးတွင် မာခ၏သား ရှေဖတိ။ ၁၇ လေဝိအမျိုးတွင် ကေမွေလ၏သား ဟာရှဘိ၊ အာရုန်အမျိုးတွင် ဇာဒုတ်၊ ၁၈ ယုဒအမျိုးတွင် ဒါဝိဒ်အစ်ကို ဧလိ၊ ဟုဣသခါအမျိုးတွင် မိကေလ၏သား ဩမရိ၊ ၁၉ ဇာဗုလုန်အမျိုးတွင် ဩဗဒိ၏သား ဣရှမာယ၊ နဿလိအမျိုးတွင် အာဇရေလ၏သား ယေရိမုတ်၊ ၂၀ ဧဖရိမ်အမျိုးတွင် အာဇဇိ၏သား ဟောရှေ၊ မနာရှေအမျိုးတဝက်တွင် ပေဒါယ၏သား ယောလ၊ ၂၁ ဂိလဒ်ပြည်၌ မနာရှေ အမျိုးတဝက်တွင် ဇာခရိ၏သား ဣဒ္ဒေါ၊ ဗင်္ယာမိန်အမျိုးတွင် အာဗနာ၏သား ယာသေလ၊ ၂၂ ဒန်အမျိုးတွင် ယေရောဟံ၏သား အာဇရေလ၊ ဤရွေကား ဣသရေလ အမျိုးတို့ကို အုပ်သော မင်းပေတည်း။


စာရင်းကောက်ယူခြင်း

၂၃ ထာဝရဘုရားသည် ဣသရေလအမျိုးတို့ကို မိုးကောင်းကင် ကြယ်နှင့်အမျှ တိုးပွားများ စေတော်မူမည်၊ ဟုဂတိရှိသောကြောင့်၊ ဒါဝိဒ်သည် အသက်နှစ်ဆယ် မစေ့သောသူတို့ကို စာရင်းမယူဘဲ နေ၏။ ၂၄ ဇေရုယာသား ယွာဘသည် စာရင်းယူစပြု၍၊ ထိုအ ပြစ်ကြောင့် အမျက်တော်သည် ဣသရေလ အမျိုးပေါ်သို့ သက်ရောက်သောအခါ လက်စမသတ်။ ရေတွက်၍ ရသော လူပေါင်းကို ဒါဝိဒ်မင်းကြီး၏ မှတ်စာ၌ မသွင်းမမှတ်။


ဒါဝိဒ်၏ ဘဏ္ဍာအုပ် အရာရှိများ

၂၅ အဒေလသား အာဇိမာဝက်သည် ဘဏ္ဍာတော်စိုး ဖြစ်၏။ ဩဇိသား ယောနသန်သည် လယ်ပြင်၊ မြို့ရွာ၊ ရဲတိုက်၌ ရှိသော ဘဏ္ဍာတိုက်တို့ကို အုပ်ရ၏။ ၂၆ ခေလုပ်သား ဧဇရိသည် လယ်ယာလုပ်သော သူတို့ကို အုပ်ရ၏။ ၂၇ ရာမမြို့သား ရှိမိသည် စပျစ်ဥယျာဉ် တော်ကို၎င်း၊ ရှိဖမိမြို့သား ဇဗဒိသည် စပျစ်သီးနှင့် စပျစ်ရည်တိုက် တို့ကို၎င်းအုပ်ရ၏။ ၂၈ ဂေဒရိလူ ဗာလဟာနန်သည် ချိုင့်တို့၌ ရှိသော သံလွင်ပင်နှင့် သဖန်းပင်တို့ကို၎င်း၊ ယောရှသည် ဆီတိုက်ကို၎င်း၊ အုပ်ရ၏။ ၂၉ ရှာရုန်အရပ်သား ရှိတရဲသည် ရှာရုန်အရပ်၌ ကျက်စားသော နွားစုကို၎င်း၊ အာဒလဲသား ရှာဖတ်သည် ချိုင့်တို့၌ ကျက်စားသော နွားစုကို၎င်း အုပ်ရ၏။ ၃၀ ဣရှမေလ အမျိုးသား ဩဗိလသည် ကုလားအုပ် တို့ကို၎င်း၊ မေရောနသိလူ ယေဒေယသည် မြည်းတို့ကို၎င်း၊ ၃၁ ဟာဂရ အမျိုးသား ယာဇဇ်သည် သိုးတို့ကို၎င်း အုပ်ရ၏။ ဤသူတို့သည် ဒါဝိဒ်မင်းကြီး၏ ဥစ္စာ ဘဏ္ဍာတော်ကို အုပ်ရသောသူ ပေတည်း။ ၃၂ ဒါဝိဒ်၏ ဘထွေးတော် ယောနသန်သည် တိုင်ပင် မှူးမတ်ပညာ ရှိကျမ်းတတ်ဖြစ်၏။ ဟာခမောနိသား ယေဟေလသည် ရှင်ဘုရင်၏ သားတော်တို့ အပေါင်းအဖေါ်ဖြစ်၏။ ၃၃ အဟိသောဖေလသည် ရှင်ဘုရင်၏ တိုင်ပင်မှူးမတ်၊ အာခိမြို့သား ဟုရှဲသည် ရှင်ဘုရင်၏ အဆွေခင်ပွန်းဖြစ်၏။ ၃၄ အဟိသောဖေလနောက်မှာ အဗျာသာနှင့် ဗေနာယသား ယောယဒသည် နေရာကျ၏။ ယွာဘသည် တပ်တော် ဗိုလ်ချုပ်မင်းဖြစ်၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.