၁ ရာဇဝင်ချုပ်
အခန်းကြီး ၂၅
၁ ထိုမှတပါး အာသပ်၊ ဟေမန်၊ ယေဒုသုန်သားတို့နှင့် အတူဝိုင်း၍ စောင်း၊ တယော၊ ခွက်ကွင်းကို တီးမှုတ်လျက် ကိုးကွယ်ခြင်း အမှုကို ဆောင်ရွက်စရာဘို့၊ ဒါဝိဒ်နှင့် ပရိသတ် ဗိုလ်ခြေ အကြီးအကဲ တို့သည် ခွဲခန့်သော သူတို့စာရင်းဟူမူကား၊ ၂ အာသပ်သား ဇက္ကုရ၊ ယောသပ်၊ နေသနိ၊ အာရှရေလတစု။ သူတို့သည် ရှင်ဘုရင် စီရင်သည်အတိုင်း၊ အဘအာသပ်၌ တပည့်ဖြစ်၍ ကိုးကွယ်ခြင်း အမှုကို ဆောင်ရွက်ရကြ၏။ ၃ ယေဒုသုန်သား ဂေဒလိ၊ ဇေရိ၊ ရှိမိ၊ ယေရှာယ၊ ဟာရှဘိ၊ မတ္တိသိပေါင်း ခြောက်ယောက်၊ သူတို့သည် အဘယေဒုသုန်၌ တပည့်ဖြစ်၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ဖေါ်ပြချီးမွမ်းခြင်းငှါ စောင်းတီးလျက် ကိုးကွယ်ခြင်း အမှုကို ဆောင်ရွက်ရကြ၏။ ၄ ဟေမန်သားဗုက္ကိ၊ မတ္တနိ၊ ဩဇေလ၊ ရှေဗွေလ၊ ယေရိမုတ်၊ ဟာနနိ၊ ဟာနန်၊ ဧလျာသ၊ ဂိဒ္ဒါလတိ၊ ရောမန္တေဇာ၊ ယောရှဗေကရှ၊ မလ္လောသိ၊ ဟောသိရ၊ မဟာဇုတ်တည်းဟူသော၊ ၅ ထိုသူအပေါင်းတို့သည် တံပိုးမှုတ်လျက် ဘုရားသခင်၏ တရားတော်ကို ဟောပြောသော ရှင်ဘုရင်၏ ဆရာတော် ဟေမန်သား ဖြစ်ကြ၏။ ဘုရားသခင်သည် ဟေမန်အား သားတကျိပ် လေးယောက်နှင့် သမီးသုံးယောက်တို့ကို ပေးတော်မူ၏။ ၆ ထိုသား အပေါင်းတို့သည် အာသပ်၊ ယေဒုသုန်၊ ဟေမန်တို့ကို ရှင်ဘုရင် စီရင်သည်အတိုင်း အဘဟေမန်၌ တပည့်ဖြစ်၍၊ ထာဝရအရှင် ဘုရားသခင်၏ အိမ်တော်၌ ခွက်ကွင်း၊ စောင်း၊ တယောကို တီးလျက်၊ သီချင်းဆို၍ အမှုတော်ကို ဆောင်ရွက်ရကြ၏။ ၇ ထိုသူတို့နှင့်တကွ ထာဝရဘုရား၏ သီချင်းကိုသင်၍ လေ့ကျက်သော ညီအစ်ကို ပေါင်းကား နှစ်ရာ ရှစ်ကျိပ်နှစ်ယောက်တည်း။
၈ ထိုသူတို့သည် အကြီးအငယ် ဆရာတပည့် ရောနှောလျက် စာရေးတံပြု၍ သင်းဖွဲ့ရာမှာ၊ ၉ ပဌမသူကား၊ အာသပ် အပေါင်းအသင်း ဝင်သူ ယောသပ်တည်း။ ဒုတိယသူ ဂေဒလိ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။ ၁၀ တတိယသူ ဇက္ကုရ၊ သူနှင့်သူ၏ သားညီ ပေါင်းကား တကျိပ်နှစ်ယောက်တည်း။ ၁၁ စတုတ္ထသူ ဣဇရိ၊ သူနှင့်သူ၏ သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။ ၁၂ ပဥ္စမသူနေသနိ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ် နှစ်ယောက်တည်း။ ၁၃ ဆဌမသူဗုက္ကိ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ် နှစ်ယောက်တည်း။ ၁၄ သတ္တမသူ ယေရှရေလ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ် နှစ်ယောက်တည်း။ ၁၅ အဋ္ဌမသူ ယေရှာယ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ် နှစ်ယောက်တည်း။ ၁၆ နဝမသူ မတ္တနိ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ် နှစ်ယောက်တည်း။ ၁၇ ဒသမသူရှိမ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ် နှစ်ယောက်တည်း။ ၁၈ ဧကဒသမသူ အာရေလ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ် နှစ်ယောက်တည်း။ ၁၉ ဒွါဒသမသူ ဟာရှဘိ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ် နှစ်ယောက်တည်း။ ၂၀ တကျိပ် သုံးယောက်မြောက် သောသူ ရှေဗွေလ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ် နှစ်ယောက်တည်း။ ၂၁ တကျိပ် လေးယောက် မြောက်သောသူ မတ္တိသိ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ် နှစ်ယောက်တည်း။ ၂၂ တကျိပ် ငါးယောက် မြောက်သော သူယေရမုတ်၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ် နှစ်ယောက်တည်း။ ၂၃ တကျိပ် ခြောက်ယောက် မြောက်သောသူ ဟာနနိ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ် နှစ်ယောက်တည်း။ ၂၄ တကျိပ် ခုနစ်ယောက် မြောက်သောသူ ယောရှဗေကရှ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ် နှစ်ယောက်တည်း။ ၂၅ တကျိပ် ရှစ်ယောက် မြောက်သောသူ ဟာနန်၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ် နှစ်ယောက်တည်း။ ၂၆ တကျိပ် ကိုးယောက် မြောက်သောသူ မလ္လောသိ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ် နှစ်ယောက်တည်း။ ၂၇ နှစ်ကျိပ် မြောက်သောသူ ဧလျာသာ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ် နှစ်ယောက်တည်း။ ၂၈ တကျိပ် နှစ်ယောက် မြောက်သောသူ ဟောသိရ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ် နှစ်ယောက်တည်း။ ၂၉ နှစ်ကျိပ် နှစ်ယောက် မြောက်သောသူ ဂိဒ္ဒါလတိ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ် နှစ်ယောက်တည်း။ ၃၀ နှစ်ကျိပ် သုံးယောက် မြောက်သောသူ မဟာဇယုတ်၊ သူနှင့် သူ၏သား ညီပေါင်းကား တကျိပ် နှစ်ယောက်တည်း။ နှစ်ကျိပ် လေးယောက် မြောက်သောသူ ရောမန္တဇာ၊ သူနှင့် သူ၏သား ညီပေါင်းကား တကျိပ် နှစ်ယောက်တည်း။