၁ ရာဇဝင်ချုပ်
အခန်းကြီး ၂၄
အာရုန်၏ သားစဉ် မြေးဆက်များ
၁ အာရုန်အမျိုးသား အသီးအခြားသင်းဖွဲ့ရာမှာ၊ အာရုန်သားကား နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။ ၂ နာဒပ် နှင့် အဘိဟုသည် သားမရှိ။ အဘလက်ထက်တွင် သေသောကြောင့် [A] ဧလာဇာနှင့် ဣသမာသည် ယဇ်ပုရောဟိတ် အမှုကို ဆောင်ရ၏။ ၃ ဒါဝိဒ်သည် ဧလာဇာအမျိုး ဇာဒုတ်နှင့် ဣသမာ အမျိုးအဟိမလက်ကို အသီးအသီး ဆောင်သင့်သည်အတိုင်း ခန့်ထားလေ၏။ ၄ ဣသမာ အမျိုးအကြီးအကဲထက် ဧလာဇာအမျိုးအကြီးအကဲ သာ၍ များသောကြောင့်၊ ဧလာဇာ အဆွေအမျိုးအလိုက် အကြီးအကဲ တကျိပ်ခြောက်ယောက်၊ ဣသမ္မာ အဆွေအမျိုးအလိုက် အကြီးအကဲ ရှစ်ယောက်တို့ကို အသီးအသီး ခွဲခန့်ထားလေ၏။ ၅ စာရေးတံပြုလျက် အသီးအခြားခွဲခန့်၍ သန့်ရှင်းရာဌနအုပ်၊ ဘုရားသခင်၏ အမှုတော်အုပ်တို့ကို ဧလာဇာ အမျိုးနှင့် ဣသမာ အမျိုးထဲက ရွေးယူရ၏။ ၆ လေဝိအမျိုး နာသနေလသား စာရေးတော် ရှေမာယသည် ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ အဗျာသာသား အဟိမလက်၊ ယဇ်ပုရောဟိတ် လေဝိသား အဆွေအမျိုး သူကြီးများရှေ့မှာ နာမများကို မှတ်ရ၏။ စာရေးတံပြု၍ ဧလာဇာ အမျိုးနှင့် ဣသမာ အမျိုးထဲက အလှည့်လှည့် ရွေးကောက် ခန့်ထားသောသူ ဟူမူကား၊ ၇ ပဌမသူ ယောယာရိပ်၊ ဒုတိယသူ ယေဒါယ၊ ၈ တတိယသူ ဟာရိမ်၊ စတုတ္ထသူ စောရိမ်၊ ၉ ပဥ္စမသူ မာလခိယ၊ ဆဌမသူ မိယမိန်၊ ၁၀ သတ္တမသူ ဟက္ကုတ်၊ အဋ္ဌမသူ အဘိယ၊ ၁၁ နဝမသူယေရွှာ၊ ဒသမသူရှေကနိ၊ ၁၂ ဧကဒသမသူ ဧလျာရှိပ်၊ ဒွါဒသမသူ ယာကိမ်၊ ၁၃ တကျိပ် သုံးယောက် မြောက်သောသူ ဟုပ္ပ၊ တကျိပ် လေးယောက် မြောက်သောသူ ယေရှေဗပ်၊ ၁၄ တကျိပ် ငါးယောက်မြောက် သောသူ ဗိလဂ၊ တကျိပ်ခြောက်ယောက် မြောက်သောသူ ဣမ္မေရ၊ ၁၅ တကျိပ် ခုနစ်ယောက်မြောက် သောသူ ဟေဇိရ၊ တကျိပ် ရှစ်ယောက် မြောက်သောသူ အပ်ဇဇ်၊ ၁၆ တကျိပ် ကိုးယောက် မြောက်သောသူ ပေသဟိ၊ နှစ်ကျိပ် မြောက်သောသူ ယေဇကျေလ၊ ၁၇ နှစ်ကျိပ် တယောက် မြောက်သောသူ ယာခန်၊ နှစ်ကျိပ် နှစ်ယောက် မြောက်သောသူ ဂါမုလ၊ ၁၈ နှစ်ကျိပ် သုံးယောက် မြောက်သောသူ ဒေလာယ၊ နှစ်ကျိပ် လေးယောက် မြောက်သောသူ မာဇိတည်း။ ၁၉ ထိုသို့သူတို့အဘ အာရုန်အား ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူ၍၊ အဘ အာရုန် စီရင်သည်အတိုင်း သူတို့ သည် ထာဝရဘုရား၏ အိမ်တော်သို့ ဝင်မြဲဝင်၍ အမှုတော်ကို ဆောင်ရွက်စေခြင်းငှါ ခွဲခန့်ခြင်း ရှိသတည်း။
ကြွင်းသောလေဝိအမျိုးသားများ
၂၀ ကြွင်းသော လေဝိ အမျိုးသားဟူမူကား၊ အာမရံသား ဖြစ်သော ရှုဗွေလ၏သားစုတွင် ယေဒေယ၊ ၂၁ ရေဟဘိသားစုတွင် ဣရှယာ၊ ၂၂ ဣဇဟာသားဖြစ်သော ရှေလောမိတ်သားစုတွင် ယာဟတ်၊ ၂၃ ဟေဗြုန်သားစုတွင် သားအကြီး ယေရိ၊ ဒုတိယသားအာမရိ၊ တတိယသားယဟာဇေလ၊ စတုတ္ထသားယေကမံ၊ ၂၄ ဩဇေလသားဖြစ်သော မိက္ခာ၏သားစုတွင် ရှမိရ၊ ၂၅ မိက္ခာညီ ဣရှယာသားစုတွင် ဇာခရိတည်း။ ၂၆ မေရာရိသားကား အဟာလိနှင့် မုရှိဖြစ်၍၊ ၂၇ မေရာရိအမျိုး သားဖြစ်သော ယာဇိ၏သား ကားဗေနော၊ ရှောဟံ၊ ဇက္ကုရ၊ ဣဗရိတည်း။ ၂၈ မဟာလိသား ဧလာဇာ၌ သားမရှိ။ ၂၉ ကိရှသားကား ယေရမေလတည်း။ ၃၀ မုရှိသားကား မဟာလိ၊ ဧဒါ၊ ယေရိမုတ်တည်း။ ဤရွေ့ကား မိမိတို့ အဆွေအမျိုးအလိုက် လေဝိအမျိုးသားတည်း။ ၃၁ ဤသူတို့သည် ဒါဝိဒ်မင်းကြီး ဇာဒုတ်၊ အဟိမလက် အစရှိသော ယဇ်ပုရောဟိတ် လေဝိသား အဆွေအမျိုး သူကြီးတို့ရှေ့မှာ၊ မိမိတို့ညီအစ်ကို အာရုန်အမျိုး သားတို့ တဘက်တချက် အလှည့်လှည့် စာရေးတံပြုကြ၏။