-
AA
+
🡀
|
🡂
၁ ရာဇဝင်ချုပ်
၂၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ရာဇဝင်ချုပ်
အခန်းကြီး ၂၁


စာတန်က ဒါဝိဒ် သန်းခေါင်စာရင်း ကောက်စေ [A]

နောက်တဖန် စာတန်သည် ဣသရေလ အမျိုးတဘက်၌ ထ၍ ဣသရေလ အမျိုးသားတို့ကို ရေတွက်စေခြင်းငှါ ဒါဝိဒ် ကိုတိုက် တွန်းလေ၏။ ဒါဝိဒ်ကလည်း၊ လူပေါင်းမည်မျှရှိသည်ကို ငါသိမည်အကြောင်း၊ ဗေရရှေဘမြို့မှသည် ဒန်မြို့တိုင်အောင် သွား၍ ဣသရေလ အမျိုးသားတို့ကို ရေတွက်ပြီးလျှင်၊ စာရင်းကို ငါ့ထံသို့သွင်းလော့၊ ဟုဗိုလ်ချုပ်မင်းယွာဘနှင့် အရာရှိတို့အား မိန့်တော်မူ၏။ ယွာဘကလည်း၊ ထာဝရဘုရားသည် မိမိလူတို့ကို ထပ်၍ အစတရာ တိုးပွားစေခြင်းငှါ ပြုတော်မူပါစေသော်။ သို့ရာတွင် အရှင်မင်းကြီး၊ ဣသရေလ လူအပေါင်းတို့သည် သခင်၏ကျွန် ဖြစ်ပါသည် မဟုတ်လော။ သို့ဖြစ်၍ ကျွန်တော်သခင်သည် ဤအမှုကို အဘယ်ကြောင့် စီရင်တော်မူသနည်း။ ဣသရေလ အမျိုး ပြစ်မှားစရာ အကြောင်းကို အဘယ်ကြောင့် ပြုတော်မူသနည်း၊ ဟုလျှောက်လေ၏။ သို့သော်လည်း အမိန့်တော်သည် ယွာဘစကားကို နိုင်သဖြင့်၊ ယွာဘသည်ထွက်၍ ဣသရေလ ပြည်တရှောက်လုံးသို့ သွားပြီးနောက် ယေရုရှလင်မြို့သို့ ပြန်လာ၏။ လူပေါင်းစာရင်းကို ဒါဝိဒ်အား ဆက်၍ ဣသရေလ အမျိုး၌ ဓါးကိုင်သူရဲ တသန်းနှင့် တသိန်း၊ ယုဒအမျိုး၌ ဓါးကိုင်သူရဲ လေးသိန်းနှင့် ခုနစ်သောင်းရှိ၏။ သို့ရာတွင် ယွာဘသည် အမိန့်တော်ကို ရွံသောကြောင့် လေဝိအမျိုးနှင့် ဗင်္ယာမိန်အမျိုးကို အခြားသော အမျိုးထဲသို့သွင်း၍ မရေတွက်။


ဘုရားက ဒါဝိဒ်အား ဘေးသုံးမျိုးထဲမှ တမျိုးရွေးခိုင်း

ဒါဝိဒ်ပြုသော အမှုကို ဘုရားသခင် အလိုတော်မရှိသဖြင့်၊ ဣသရေလ အမျိုးကို ဒဏ်ခတ်တော်မူမည်ဖြစ်၍၊ ဒါဝိဒ်က၊ ​ကျွန်ုပ် ပြုမိသောအမှု၌ အလွန် ပြစ်မှားပါပြီ။ ကိုယ်တော်ကျွန်၏ အပြစ်ကို ဖြေရှင်းတော်မူပါ။ အ​ကျွန်ုပ်သည် အလွန်မိုက်မဲသော အမှုကို ပြုမိပါပြီ၊ ဟုဘုရားသခင်အား တောင်းပန်လေ၏။ ထာဝရဘုရားသည် ဒါဝိဒ်၏ ပရောဖက် ဂဒ်ကို ခေါ်၍၊ ၁၀ ဒါဝိဒ်ထံသို့ သွားလော့။ အရာသုံးပါးကို သင့်အား ငါပြ၏။ သင်၌ ငါပြုစရာဘို့ တပါးပါးကို ရွေးလော့၊ ဟုထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလော့၊ ဟုမိန့်တော်မူသည်အတိုင်း၊ ၁၁ ဂဒ်သည် ဒါဝိဒ်ထံသို့သွား၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ၁၂ သုံးနှစ်ပတ်လုံး အစာအာဟာရ ခေါင်းပါးသောဘေး၊ သုံးလပတ်လုံး သင့်ကို ရန်သူလိုက်မှီ၍ဓါးဖြင့် လုပ်ကြံသောဘေး၊ သုံးရက်ပတ်လုံး ပြည်တော်၌ ကာလနာတည်းဟူသော ထာဝရဘုရား၏ ဓါးတော်ကို၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကိုင်၍ ဣသရေလ ပြည်တရှောက်လုံးကို ဖျက်ဆီးသောဘေးတို့တွင် တပါးပါးကို ရွေးလော့၊ ဟုမိန့်တော်မူသည်ဖြစ်၍၊ အ​ကျွန်ုပ်ကို စေလွှတ်တော်မူသောသူအား အဘယ်သို့ ပြန်လျှောက်ရမည်ကို ဆင်ခြင်တော်မူပါ၊ ဟုလျှောက်လေ၏။ ၁၃ ဒါဝိဒ်ကလည်း၊ ငါသည် ကျဉ်းမြောင်းရာသို့ ရောက်လေပြီတကား၊ ထာဝရဘုရား၏ လက်တော်သို့ ရောက်ပါစေ။ ကရုဏာတော် ကြီးလှ၏။ လူလက်သို့ မရောက်ပါစေနှင့်၊ ဟုဂဒ်အား ပြန်ပြော၏။


ကာလနာကြောင့် လူခုနစ်သောင်းသေ

၁၄ ထာဝရဘုရား သည်လည်း၊ ဣသရေလအမျိုး၌ ကာလနာကို လွှတ်လိုက်တော်မူ၍ လူခုနစ်သောင်း သေကြ၏။ ၁၅ ယေရုရှလင်မြို့ကို ဖျက်ဆီးစေခြင်းငှါ ဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်တော်မူသည်အတိုင်း၊ ကောင်းကင်တမန် ဖျက်ဆီးမည်၊ ဟုအားထုတ်သောအခါ၊ ထာဝရဘုရားသည် ကြည့်ရှုလျက်၊ ထိုဘေးကြောင့် နောင်တရတော်မူ၍၊ တန်ပြီ။ သင့်လက်ကို ရုတ်သိမ်းလော့၊ ဟုဖျက်ဆီးသော ကောင်းကင်တမန်အား မိန့်တော်မူ၏။ ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည်၊ ယေဗုသိလူ အရောန၏ ကောက်နယ်တလင်း အနားမှာ ရပ်နေ၏။ ၁၆ ဒါဝိဒ်သည် မြော်ကြည့်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ယေရုရှလင်မြို့အပေါ်မှာ ဓါးကို မိုးလျက် မိုးကောင်းကင်နှင့် မြေကြီးကြားမှာ ရပ်နေသည်ကို မြင်လျှင်၊ ကိုယ်တိုင်မှစ၍ ဣသရေလ အမျိုးသား အသက်ကြီးသူတို့သည် လျော်တေအဝတ်ကို ဝတ်လျက် မြေပေါ်မှာ ပြပ်ဝပ်လျက် နေကြ၏။ ၁၇ ဒါဝိဒ်ကလည်း၊ ပြည်သားတို့ကို ရေတွက်စေခြင်းငှါ စီရင်သောသူအား အ​ကျွန်ုပ် ဖြစ်ပါသည် မဟုတ်လော။ အ​ကျွန်ုပ် ပြစ်မှားပါပြီ။ အလွန်ဒုစရိုက်ကို ပြုမိပါပြီ။ ဤသိုးတို့မူကား အဘယ်သို့ ပြုမိပါသနည်း။ အိုအ​ကျွန်ုပ် ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏ လူတို့ကို ဒဏ်ခတ်စေခြင်းငှါ လက်တော်ကို သူတို့အပေါ်သို့ ရောက်စေတော်မမူပါနှင့်။ အ​ကျွန်ုပ်နှင့် အ​ကျွန်ုပ် အဆွေအမျိုးအပေါ်သို့ ရောက်စေတော်မူပါ၊ ဟုဘုရားသခင်အား တောင်းပန်လေ၏။


အရောန ကောက်နယ်တလင်း၌ ဒါဝိဒ်ယဇ်ပူဇော်

၁၈ ထိုအခါ ဒါဝိဒ်သည် သွား၍၊ ယေဗုသိလူ အရောန၏ ကောက်နယ်တလင်း၌ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်စေခြင်းငှါ ပြောရမည်အကြောင်း၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဂဒ်ကို မှာထားသဖြင့်၊ ၁၉ ဂဒ်ဆင့်ဆိုသော ထာဝရဘုရား အမိန့်တော်အတိုင်း ဒါဝိဒ်သည် သွားလေ၏။ ၂၀ အရောနသည် စပါးကို နယ်စဉ်တွင်၊ လှည့်ကြည့်၍ ရှင်ဘုရင်ကို မြင်သောအခါ သားလေးယောက်နှင့်တကွ ပုန်းရှောင်၍ နေလေ၏။ ၂၁ ဒါဝိဒ်သည် အရောနရှိရာသို့ ရောက်သောအခါ၊ အရောနကြည့်၍ ဒါဝိဒ်ကို မြင်လျှင်၊ ကောက်နယ်တလင်းမှ ဆင်း၍ ဒါဝိဒ်ရှေ့မှာ ဦးချပြပ်ဝပ်လေ၏။ ၂၂ ဒါဝိဒ်ကလည်း၊ လူတို့တွင် ကာလနာဘေးကို ငြိမ်းစေမည်အကြောင်း၊ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို ငါတည် လိုသည်ဖြစ်၍၊ ဤကောက်နယ်တလင်း အရပ်ကို အဘိုးထိုက်သည်အတိုင်း ရောင်းပါ၊ ဟုအမိန့်ရှိသော်၊ ၂၃ အရောနက၊ ​ကျွန်တော်သခင် အရှင်မင်းကြီး ယူတော်မူပါ။ စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါ။ မီးရှို့ရာယဇ်ဘို့နွားများ၊ ထင်းဘို့ ကောက်နယ်တန်ဆာများ၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ဂျုံစပါးများ၊ အလုံးစုံကို ကျွန်တော်ဆက်ပါ ၏၊ ဟုဒါဝိဒ်အားလျှောက်လျှင်၊ ၂၄ ဒါဝိဒ်မင်းကြီးက၊ ထိုသို့ငါမယူရ။ စင်စစ် အဘိုးထိုက်သည်အတိုင်း ပေး၍ ငါဝယ်မည်။ သင့်ဥစ္စာကို ထာဝရဘုရား အဘို့ငါမသိမ်း။ ကိုယ်ငွေမကုန်ဘဲ မီးရှို့ရာယဇ်ကို မပူဇော်လို၊ ဟုအရောနအား ဆိုသဖြင့်၊ ၂၅ ရွှေ​ခြောက်ပိဿာကို ချိန်ပေး၍ ထိုအရပ်ကို ဝယ်ပြီးမှ၊ ၂၆ ထာဝရဘုရား အဘို့ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်လေ၏။ ထိုသို့ ထာဝရဘုရားကို ပဌနာပြုသောအခါ၊ မီးရှို့ရာ ယဇ်ပလ္လင်ပေါ်သို့ မီးကျသဖြင့်၊ ကောင်းကင်ထဲက ထူးတော်မူ၏။ ၂၇ ထာဝရဘုရား မှာထားတော်မူသည် အတိုင်း၊ ကောင်းကင်တမန်သည် မိမိဓါးကို ဓါးအိမ်၌ သွင်းထားပြန်၏။ ၂၈ ထာဝရဘုရားသည် ယေဗုသိလူ အရောန၏ ကောက်နယ်တလင်း၌ ထူးတော်မူသည်ကို ဒါဝိဒ်သိမြင်လျှင်၊ ထိုအရပ်၌ ယဇ်ပူဇော်ခြင်းအမှုကို ပြုလေ၏။ ၂၉ တော၌ မောရှေလုပ်ခဲ့သော ထာဝရဘုရား၏ တဲတော်နှင့် မီးရှို့ရာ ယဇ်ပလ္လင်သည် ထိုကာလ၌ ဂိဗောင်မြို့၌ မြင့်သောအရပ်ပေါ်မှာ ရှိ၏။ ၃၀ ဒါဝိဒ်သည် ထာဝရဘုရား၏ ကောင်းကင်တမန် ဓါးကို ကြောက်သောကြောင့်၊ ထိုယဇ်ပလ္လင်သို့သွား၍ ဘုရားသခင်ကို မမေးမလျှောက်ဝံ့။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.