-
AA
+
🡀
|
🡂
၁ ရာဇဝင်ချုပ်
၁၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ရာဇဝင်ချုပ်
အခန်းကြီး ၁၇


ဒါဝိဒ် ဗိမာန်တော်ဆောက်ချင်

ဒါဝိဒ်မင်းသည် နန်းတော်၌ ငြိမ်ဝပ်စွာ နေရသောအခါ၊ ပရောဖက် နာသန်ကိုခေါ်၍ ကြည့်ရှုလော့။ ငါသည် အာရဇ်သစ်သား အိမ်နှင့်နေ၏။ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်မူကား ကုလားကာဖြင့်သာ ကွယ်ကာလျက် နေသည်ဟုဆိုသော်၊ နာသန်က အကြံတော်ရှိသမျှအတိုင်း ပြုတော်မူပါ။ ဘုရားသခင်သည် ကိုယ်တော်နှင့် အတူရှိတော်မူသည်၊ ဟုပြန်လျှောက်၏။


ဒါဝိဒ်သည် ထာ၀ရဘုရားအတွက် အိမ်တော် မတည်ဆောက်ရ

ထိုညတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ပရောဖက်နာသန် သို့ရောက်၍၊ ငါ့​ကျွန် ဒါဝိဒ်ထံသို့ သွားလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငါနေစရာဘို့ အိမ်ကိုမဆောက်ရ။ ဣသရေလ အမျိုးကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော နေ့ကစ၍ ယနေ့တိုင်အောင် အိမ်နှင့်ငါမနေ။ တဲတခုမှတခုသို့ ပြောင်း၍ တဲများတို့နှင့် နေပြီ။ ဣသရေလအမျိုး အပေါင်းနှင့် ငါလှည့်လည်ရာ အရပ်တို့၌ ငါ၏လူမျိုးကို ကျွေးမွေးစေခြင်းငှါ၊ ငါစေခိုင်းသော ဣသရေလ တရားသူကြီး တစုံတယောက်အား သင်သည် ငါ့အဘို့ အာရဇ်သစ်သားအိမ်ကို အဘယ်ကြောင့် မဆောက်သနည်း၊ ဟုငါဆိုဘူးသလော။ ယခုမှာ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိုးထိန်းရာ သိုးခြံထဲက သင့်ကို ငါနှုတ်ယူ၍၊ ငါ၏ လူဣသရေလ အမျိုးသားတို့ကို အုပ်စိုးသော မင်းအရာ၌ ငါခန့်ထားပြီ။ သင်သွားလေရာရာ၌ ငါလိုက်၍၊ သင်၏ ရန်သူ အပေါင်းတို့ကို သင့်ရှေ့မှာ ပယ်ရှားသဖြင့်၊ မြေကြီးသား လူကြီးဂုဏ်အသရေကဲ့သို့ သင့်၌ ဂုဏ်အသရေကို ငါပေးပြီ။ ထိုမှတပါး၊ ငါ၏လူ ဣသရေလ အမျိုးနေရာ အရပ်ကို ငါပြင်ဆင်ပြီ။ သူတို့သည် နောက်တဖန် မပြောင်းမလဲ၊ မိမိတို့နေရာ၌ နေစေခြင်းငှါ ငါမြဲမြံစေမည်။ မတရားသောသူတို့သည် ရှေးကာလ၌၎င်း၊ ၁၀ ငါ၏လူ ဣသရေလအမျိုး တရားသူကြီးတို့ကို ခန့်ထားသောကာလ၌၎င်း၊ ညှဉ်းဆဲသကဲ့သို့ နောက်တဖန်မညှဉ်းဆဲရ။ သင့်ကိုလည်း ရန်သူအပေါင်းတို့လက်မှ ကယ်လွှတ်၍ ချမ်းသာပေးပြီ။ သင်၏ အမျိုးအနွယ်ကိုလည်း ငါတည်စေမည်၊ ဟုထာဝရဘုရား မိန့်တော်မူပြီ။


ဒါဝိဒ်၏သားသည် အိမ်တော်ဆောက်မည်

၁၁ သင်သည် အသက်ကာလစေ့၍ ဘိုးဘေးနေရာသို့ သွားရသောအခါ၊ သင်မှဆင်းသက်သော သားစုတွင် သားတယောက်ကို ငါချီးမြှောက်၍ သူ၏နိုင်ငံကို တည်ထောင်မည်။ ၁၂ ထိုသားသည် ငါ့အဘို့အိမ်ကို ဆောက်လိမ့်မည်။ သူထိုင်သော ရာဇပလ္လင်ကို အစဉ်အမြဲ ငါတည်စေမည်။ ၁၃ ငါသည်သူ၏ အဘဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။ သင့်ရှေ့မှာ ရှိသောသူ၌ ငါ၏ကရုဏာကို နှုတ်သကဲ့သို့ သင်၏သား၌ ငါမနှုတ်။ ၁၄ ထိုသားကိုငါ့အိမ်၊ ငါ့နိုင်ငံ၌ အစဉ်အမြဲ နေရာချမည်။ သူ၏ ရာဇပလ္လင်သည်လည်း အစဉ်အမြဲ တည်ရလိမ့်မည်၊ ဟုငါ့ကျွန်ဒါဝိဒ်အား ပြောလော့၊ ဟုမိန့်တော်မူ၏။ ၁၅ ထိုဗျာဒိတ်တော် စကားအလုံးစုံတို့ကို နာသန်သည် ဒါဝိဒ်အား ပြန်ပြောလေ၏။


ဒါဝိဒ် ထာ၀ရဘုရား အပေါ်ချီးမွမ်း
CROSS REFERENCES






၁၆ ထိုအခါ ဒါဝိဒ်မင်းကြီးသည် အထဲသို့ဝင်၍ ထာဝရဘုရား ရှေ့တော်၌ ထိုင်လျက်၊ အိုထာဝရအရှင် ဘုရားသခင်၊ အ​ကျွန်ုပ်ကို ဤမျှလောက် ချီးမြှောက် တော်မူမည်အကြောင်း အ​ကျွန်ုပ်သည် အဘယ်သို့သောသူ ဖြစ်ပါသနည်း။ အ​ကျွန်ုပ်အမျိုးသည် အဘယ်သို့သော အမျိုးဖြစ်ပါသနည်း။ ၁၇ သို့ရာတွင် အိုဘုရားသခင်၊ ထိုကျေးဇူးတော်ကို သာမည ကျေးဇူး၊ ဟုထင်မှတ်တော်မူသောကြောင့်၊ ကိုယ်တော်ကျွန်၏ အမျိုးအနွယ်ကို ကြာမြင့်စွာသော ကာလနှင့် ယှဉ်လျက် မိန့်တော်မူပါသည်တကား။ အိုထာဝရ အရှင် ဘုရားသခင်၊ အ​ကျွန်ုပ်ကို ဘုန်းကြီးသော သူကဲ့သို့ မှတ်တော်မူပါသည်တကား။ ၁၈ ကိုယ်တော်ကျွန် ဒါဝိဒ်သည် ကိုယ်ဘုန်းကြီး စေခြင်းငှါ၊ အဘယ်သို့ တိုးတက်၍ လျှောက်ရမည်နည်း။ ကိုယ်တော်သည် ကိုယ်တော်ကျွန်ကို သိတော်မူ၏။ ၁၉ အိုထာဝရဘုရား၊ ကိုယ်တော်ကျွန် အကျိုးကို ထောက်၍ အလိုတော် ရှိသည်အတိုင်း၊ ဤကြီးစွာသော အမှုအလုံးစုံတို့ကို ထင်ရှားစေခြင်းငှါ အလုံးစုံတို့ကို ပြုတော်မူပြီ။ ၂၀ သို့ဖြစ်၍ အိုထာဝရဘုရား၊ အ​ကျွန်ုပ်တို့ ကြားသမျှအတိုင်း ကိုယ်တော်နှင့် တူသောဘုရား၊ ကိုယ်တော်မှတပါး အခြားသော ဘုရားမည်မျှမရှိပါ။ ၂၁ အဲဂုတ္တုပြည်မှ ရွေးနှုတ်တော်မူသော ကိုယ်တော်၏ လူမျိုးရှေ့မှ လူအမျိုးမျိုးတို့ကို နှင်ထုတ်သဖြင့်၊ ကြီးမြတ်၍ ကြောက်မက်ဘွယ်သော နာမတော်ကို [A] ကိုယ်တော်အဘို့ ထင်ရှားစေခြင်းငှါ၊ ဘုရားသခင်က ကြွ၍ ကိုယ်တော်အဘို့ ရွေးနှုတ်တော်မူသော ကိုယ်တော်၏လူ ဣသရေလ အမျိုးနှင့် တူသော လူမျိုးတစုံတမျိုးသည် မြေကြီးပေါ်မှာ ရှိပါသလော။ ၂၂ အကြောင်းမူကား၊ ကိုယ်တော်၏လူ ဣသရေလ အမျိုးသည် အစဉ်အမြဲ ကိုယ်တော်၏လူ ဖြစ်စေခြင်းငှါ ပြု၍၊ ကိုယ်တော် ထာဝရဘုရားသည် သူတို့ဘုရားသခင် ဖြစ်တော်မူ၏။ ၂၃ ယခုမှာ အိုထာဝရဘုရား၊ ကိုယ်တော်ကျွန်၌၎င်း၊ ကိုယ်တော်ကျွန်၏ အမျိုးအနွယ်၌၎င်း၊ မိန့်တော်မူသော စကားတော် အစဉ်အမြဲ တည်ပါစေသော်။ မိန့်တော်မူသည် အတိုင်း ပြုတော်မူပါ။ ၂၄ ကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရားသည် ဣသရေလ အမျိုး၏ ဘုရားသခင် ဖြစ်တော်မူသည်ဟူ၍ နာမတော်သည် အစဉ်အမြဲ ချီးမြှောက်ခြင်း ရှိမည်အကြောင်း၊ အမိန့်တော်သည် အစဉ်အမြဲ တည်ပါစေသော်။ ကိုယ်တော်​ကျွန် ဒါဝိဒ်၏ အမျိုးအနွယ်သည် ရှေ့တော်၌ တည်ပါစေသော်။ ၂၅ အကြောင်းမူကား၊ အို​ကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်က သင်၏ အမျိုးအနွယ်ကို ငါတည်စေမည်၊ ဟုကိုယ်တော်ကျွန်အား ဗျာဒိတ် ပေးတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ ပဌနာ ပြုချင်သော စိတ်ရှိပါ၏။ ၂၆ ယခုလည်း အိုထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင် မှန်တော်မူ၏။ ဤကျေးဇူးကို ကိုယ်တော်ကျွန်၌ ဂတိထားတော်မူပြီ။ ၂၇ သို့ဖြစ်၍ ကိုယ်တော်ကျွန်၏ အမျိုးအနွယ်သည် ရှေ့တော်၌ အစဉ်အမြဲ တည်ပါမည်အကြောင်း ကောင်းကြီးပေးခြင်းငှါ နူးညွတ်သော စိတ်ရှိတော်မူပါ။ အိုထာဝရဘုရား၊ ကိုယ်တော်သည် ကောင်းကြီး ပေးတော်မူလျှင်၊ ကောင်းကြီးမင်္ဂလာကို အစဉ်အမြဲ ခံရပါလိမ့်မည်၊ ဟုဆုတောင်းသတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.