-
AA
+
🡀
|
🡂
၁ ရာဇဝင်ချုပ်
၁၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ရာဇဝင်ချုပ်
အခန်းကြီး ၁၅


ဒါဝိဒ်တဲတော်ဆောက်၍ ဋိညာဉ် သေတ္တာဆောင်ဘို့ပြင်

ထိုနောက် ဒါဝိဒ်မြို့၌ အိမ်တော်တို့ကို ဆောက်တော်မူ၏။ ဘုရားသခင်၏ သေတ္တာတော်ဌာနကိုပြင်၍ တဲတော်ကိုလည်း တည်တော်မူပြီးမှ၊ ဒါဝိဒ်က၊ ဘုရားသခင်၏ သေတ္တာတော်ကို ထမ်း၍ ရှေ့တော်၌ အမှုတော်ကို အစဉ်စောင့်စေခြင်းငှါ ထာဝရဘုရားသည် လေဝိသားတို့ကို ရွေးချယ်တော်မူသောကြောင့်၊ အခြားတပါးသော သူတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို မထမ်းရကြ၊ ဟုဆိုလျက်၊ ထာဝရဘုရား၏ သေတ္တာတော်အဘို့ ပြင်ဆင်သော အရပ်ဌာနသို့ ဆောင်ခဲ့ခြင်းငှါ၊ ဣသရေလ အမျိုးသား အပေါင်းတို့ကို ယေရုရှလင်မြို့၌ စုဝေးစေသောအခါ၊ အာရုန်သားတို့နှင့် လေဝိသားတို့ကိုလည်း၊ စုဝေးစေတော်မူ၍ ရောက်လာသောသူ ဟူမူကား၊ ကောဟတ်အမျိုးတွင် အကြီးဖြစ်သော ဥရေလနှင့် သူ၏ညီအစ်ကို တရာနှစ်ဆယ်၊ မေရာရိအမျိုးတွင် အကြီးဖြစ်သော အသာယနှင့် သူ၏ညီအစ်ကို တရာနှစ်ဆယ်၊ ဂေရရှုံအမျိုးတွင် အကြီးဖြစ်သော ယောလနှင့်သူ၏ညီအစ်ကို တရာသုံးဆယ်၊ ဧလိဇဖန်အမျိုးတွင် အကြီးဖြစ်သော ရှေမာယနှင့် သူ၏ညီအစ်ကို နှစ်ရာ၊ ဟေဗြုန်အမျိုးတွင် အကြီးဖြစ်သော ဧလျေလနှင့် သူ၏ညီအစ်ကိုရှစ်ဆယ်၊ ၁၀ ဩဇေလအမျိုးတွင် အကြီးဖြစ်သော အမိနဒပ်နှင့် သူ၏ညီအစ်ကို တရာတဆယ် နှစ်ယောက်တည်း။ ၁၁ ဒါဝိဒ်သည်လည်း ယဇ်ပုရောဟိ တ်ဇာဒုတ်နှင့် အဗျာသာ၊ လေဝိသား ဩရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျေလ၊ အမိနဒပ်တို့ကို ခေါ်၍၊ ၁၂ သင်တို့သည် လေဝိသား အဆွေအမျိုးသူကြီး ဖြစ်ကြ၏။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ သေတ္တာတော်အဘို့ ငါပြင်ဆင်သော အရပ်ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ကိုယ်ကို၎င်း၊ ညီအစ်ကိုတို့ကို၎င်း၊ သန့်ရှင်းစေကြလော့။ ၁၃ အရင်ကမသန့်ရှင်း၊ တရားလမ်းသို့ မလိုက်ဘဲ ငါတို့ ဘုရားသခင် ထာဝရဘုရားကို ရှာသောကြောင့် ဒဏ်ခတ်တော်မူသည်၊ ဟုသတိပေး၏။ [A]


သေတ္တာတော်ကို ထမ်းပိုးနှင့်ထမ်းကြ

၁၄ ထိုအခါ ယဇ်ပုရောဟိတ်တို့နှင့် လေဝိသားတို့သည်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှါ ကိုယ်ကို သန့်ရှင်းစေကြ၏။ ၁၅ ထာဝရဘုရား အမိန့်တော်နှင့်အညီ မောရှေမှာ ထားခဲ့သည်အတိုင်း၊ လေဝိသားတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို သေတ္တာတော်ထမ်းပိုးဖြင့် ထမ်းကြ၏။ ၁၆ လေဝိသား အကြီးအကဲ တို့သည်စောင်း၊ တယော၊ ခွက်ကွင်း အစရှိသော တူရိယာမျိုးနှင့် သီချင်းဆိုတတ်သော ညီအစ်ကိုတို့ကို ဝမ်းမြောက်စွာ အသံပြိုင်ဆိုစေခြင်းငှါ ခန့်ထားရမည်အကြောင်း အမိန့်တော်ရှိသည်အတိုင်း၊ ၁၇ ထိုလေဝိသားတို့သည် ယောလသား ဟေမန်၊ သူ၏ ညီစုထဲက ဗေရခိသား အာသပ်၊ မိမိတို့ညီစု၊ မေရာရိအမျိုးထဲက ဣရှာယသား ဧသန်တို့ကို၎င်း၊ ၁၈ မိမိတို့ညီ ဒုတိယ အရာရှိဖြစ်သော ခရာဇိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာသေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ တံခါးစောင့် ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့ကို၎င်း ခန့်ထားကြ၏။ ၁၉ သီချင်းဆရာဟေမန်၊ အာသပ်၊ ဧသန်တို့သည်​ ကြေးဝါခွက်ကွင်းကို တီးရကြ၏။ ၂၀ ဇာခရိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ မာသေယ၊ ဗေနာယတို့သည် အာလမုတ် တယောကို ထိုးရကြ၏။ ၂၁ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့သည် အသံစုံလင်စွာ ရှေမိနိတ်စောင်းကို တီးရကြ၏။ ၂၂ လေဝိသား အကြီးအကဲဖြစ်သော ခေနနိသည် သီချင်းအတတ်၌ လေ့ကျက်သောကြောင့် သီချင်းဆရာကြီးဖြစ်၏။ ၂၃ ဗေရခိနှင့် ဧလကာနသည် သေတ္တာတော် တံခါးစောင့်ဖြစ်၏။ ၂၄ ယဇ်ပုရောဟိတ်ရှေဗနိ၊ ယောရှဖတ်၊ နာသနေလ၊ အာမသဲ၊ ဇာခရိ၊ ဗေနာယ၊ ဧလျေဇာတို့သည် ဘုရားသခင်၏ သေတ္တာတော် ရှေ့တံပိုးမှုတ်ရကြ၏။ ဩဗဒေဒုံ နှင့်ယေဟိသည်လည်း သေတ္တာတော် တံခါးစောင့်ဖြစ်၏။


ပဋိညာဉ် သေတ္တာတော်ကို ကလျက်တီးမှုတ်လျက်ဆောင်

၂၅ ထိုသို့ ဒါဝိဒ်မင်းနှင့် ဣသရေလ အမျိုးအသက်ကြီးသူ၊ လူတထောင်အုပ်တို့သည် ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို ဩဗဒေဒုံအိမ်မှ၊ ဝမ်းမြောက်သော စိတ်နှင့် ဆောင်ခဲ့ခြင်းငှါ သွားကြ၏။ ၂၆ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို ထမ်းသော လေဝိသားတို့ကို၊ ဘုရားသခင် မစတော်မူသည်ဖြစ်၍၊ သူတို့သည် နွားခုနစ်ကောင်နှင့် သိုးခုနစ်ကောင်တို့ကို ယဇ်ပူဇော်ကြ၏။ ၂၇ ဒါဝိဒ်နှင့် သေတ္တာတော်ကို ထမ်းသော လေဝိသားများ၊ သီချင်းဆရာ ခေနနိနှင့် သီချင်းဆိုသူများတို့သည် ပိတ်ချောကို ဝတ်ကြ၏။ ဒါဝိဒ်သည် ပိတ်သင်တိုင်းကိုလည်း ထပ်၍ဝတ်၏။ ၂၈ ထိုသို့ ဣသရေလ အမျိုးသား အပေါင်းတို့သည် ကြွေးကြော်လျက် နှဲခရာ၊ တံပိုး၊ ခွက်ကွင်း၊ တယော၊ စောင်းတို့ကိုတီးမှုတ်လျက်၊ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို ဆောင်ခဲ့ကြ၏။ ၂၉ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်သည် ဒါဝိဒ်မြို့ထဲသို့ ဝင်သောအခါ၊ ရှောလု၏သမီး မိခါလသည် ပြတင်းပေါက်က ကြည့်၍၊ ဒါဝိဒ်မင်းကြီးသည် ကလျက် တီးမှုတ်လျက် လာသည်ကို မြင်သဖြင့် စိတ်နှလုံးထဲ၌ မထီမဲ့မြင်ပြု၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.