-
AA
+
🡀
|
🡂
၁ ရာဇဝင်ချုပ်
၁၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ရာဇဝင်ချုပ်
အခန်းကြီး ၁၄


ထာ၀ရဘုရားသည် ဒါဝိဒ်ကို ချီးမြှောက်

တုရုမင်းကြီး ဟိရံသည် ဒါဝိဒ်အဘို့ နန်းတော်ကို တည်ဆောက်ခြင်းငှါ၊ သံတမန်နှင့်တကွ အာရဇ်သစ်သား၊ လက်သမား၊ ပန်းရံသမားတို့ကို စေလွှတ်လေ၏။ ထာဝရဘုရားသည် ဒါဝိဒ်ကို ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူကြောင်းနှင့် မိမိလူ ဣသရေလ အမျိုးအဘို့အလိုငှါ၊ နိုင်ငံကို ချီးမြှောက် တော်မူကြောင်းကို ဒါဝိဒ်သိမြင်လေ၏။ ဒါဝိဒ်သည် ယေရုရှလင်မြို့၌ ထပ်၍ မယားတို့ကို သိမ်းယူသဖြင့် သားသမီးများတို့ကို မြင်လေ၏။ ယေရုရှလင်မြို့၌ ဒါဝိဒ်မြင်သော သားတို့အမည်ကား ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်၊ ဣဗဟာ၊ ဧလိရွှ၊ ဧလိပလက်၊ နောဂ၊ နေဖက်၊ ယာဖျာ၊ ဧလိရှမာ၊ ဧလျာဒ၊ ဧလိဖလက်တည်း။


ဘုရားသခင်က ဖိလိတ္တိလူတို့ကို တိုက်ပေး

ဒါဝိဒ်ကိုဘိသိက်ပေး၍ ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထားကြောင်းကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ထိုလူအပေါင်းတို့သည် ဒိဝိဒ်ကိုရှာ၍ လာကြ၏။ ထိုသိတင်းကို ဒါဝိဒ်သည် ကြားသောအခါ ချီသွား၏။ ဖိလိတ္တိလူတို့သည် လာ၍ ရေဖိမ်ချိုင့်၌ အနှံ့အပြားနေကြ၏။ ၁၀ ဒါဝိဒ်ကလည်း၊ အ​ကျွန်ုပ်သည် ဖိလိတ္တိလူတို့ရှိရာသို့ သွားရပါမည်လော။ အ​ကျွန်ုပ်လက်၌ အပ်တော်မူမည်လော၊ ဟုဘုရားသခင်ကို မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့။ သင့်လက်၌ ငါအပ်မည်၊ ဟုမိန့်တော်မူသည်အတိုင်း၊ ၁၁ ဒါဝိဒ်သည် ဗာလပေရဇိမ်မြို့သို့သွား၍ သူတို့ကို လုပ်ကြံပြီးမှ ဘုရားသခင်သည်၊ ရေထ၍ ဖြိုဖျက်သကဲ့သို့ ငါ့ရန်သူတို့ကို ငါ့အားဖြင့် ဖြိုဖျက်တော်မူပြီ၊ ဟုဆိုလျက်၊ ထိုအရပ်ကို ဗာလပေရဇိန် အမည်ဖြင့် တွင်စေသတည်း။ ၁၂ ထိုအရပ်၌ ဖိလိတ္တိလူတို့ ပစ်ထားသော ရုပ်တုကို ဒါဝိဒ်၏ အမိန့်တော်နှင့် မီးရှို့ကြ၏။ ၁၃ တဖန် ဖိလိတ္တိလူတို့သည် ထိုချိုင့်၌ အနှံ့အပြားလာ၍ နေကြ၏။ ၁၄ ဒါဝိဒ်သည်လည်း ဘုရားသခင်ကို တဖန်မေးလျှောက်သော်၊ သူတို့ရှိရာသို့ တည့်တည့်မတက်ရ။ သူတို့မှလွှဲ၍ ပိုးစာတောတဘက်တချက်၌ ချီရမည်။ ၁၅ ပိုးစာပင်ဖျား၌ စစ်ချီသံကို ကြားသောအခါ၊ စစ်တိုက်အံ့သောငှါ ချီလော့။ ထိုအခါ ဘုရားသခင်သည် ဖိလိတ္တိတပ်ကို လုပ်ကြံခြင်းငှါ သင့်ရှေ့မှာ ကြွသွားမည်၊ ဟုဘုရားသခင် မိန့်တော်မူသည်အတိုင်း၊ ၁၆ ဒါဝိဒ်သည်ပြု၍ ဖိလိတ္တိလူတို့ကို ဂိဗောင်မြို့မှ သည်ဂါဇေရမြို့ တိုင်အောင်လုပ်ကြံလေ၏။ ၁၇ ဒါဝိဒ်သိတင်းသည် အတိုင်းတိုင်း အပြည်ပြည်တို့၌ နှံ့ပြား၍၊ ခပ်သိမ်းသော လူမျိုးတို့သည် သူ့ကိုကြောက်ရွံ့စေခြင်းငှါ ထာဝရဘုရား စီရင်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.