-
AA
+
🡀
|
🡂
၁ ရာဇဝင်ချုပ်
၁၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ရာဇဝင်ချုပ်
အခန်းကြီး ၁၃


ဒါဝိဒ်က သေတ္တာတော်ကို ယူဆောင်ဘို့သွား

တဖန် ဒါဝိဒ်သည် လူတထောင်အုပ်၊ တရာအုပ် အစရှိသော အကြီးအကဲ လူအပေါင်းတို့နှင့် တိုင်ပင်ပြီးလျှင်၊ ဣသရေလ အမျိုး ပရိသတ်အပေါင်းတို့အား၊ သင်တို့သည် အလိုရှိ၍ ငါတို့၏ ဘုရားသခင် ထာဝရဘုရား အခွင့်ပေးတော်မူလျှင်၊ ဣသရေလ နိုင်ငံအရပ်ရပ်၌ ကျန်ကြွင်းသေးသော ငါတို့ညီအစ်ကိုများ၊ မြို့နှင့်မြို့နယ်၌ နေသော ယဇ်ပုရောဟိတ်၊ လေဝိသားများတို့သည် ငါတို့နှင့်အတူ စည်းဝေးစေခြင်းငှါ အနှံ့အပြား စေလွှတ်ကြကုန်အံ့။ ငါတို့၏ ဘုရားသခင် သေတ္တာတော်ကို တဖန် ဆောင်ခဲ့ကြကုန်အံ့။ ရှောလုလက်ထက်၌ ထိုသေတ္တာတော်ရှေ့မှာ မေးမြန်းလေ့ မရှိပါတကား၊ ဟုမိန့်တော်မူသော စကားကို၊ စည်းဝေးသော ပရိသတ် အပေါင်းတို့သည် နှစ်သက်သောကြောင့် အမိန့်တော်အတိုင်း ပြုပါမည်၊ ဟုဝန်ခံကြ၏။ ထိုသို့ ဒါဝိဒ်သည် ဘုရားသခင်၏ သေတ္တာ တော်ကို ကိရယတ်ယာရိမ်မြို့မှ ဆောင်ခဲ့ခြင်းငှါ အဲဂုတ္တုပြည်အနား၊ ရှိဟောရမြစ်မှစ၍ ဟာမတ်မြို့ လမ်းဝတိုင်အောင်နေသော ဣသရေလ အမျိုးသား အပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ခေရုဗိမ်ကြားမှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရား၏ နာမတော်နှင့် ဆိုင်သော ဘုရားသခင်၏ သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှါ၊ ဣသရေလ အမျိုးသား အပေါင်းတို့နှင့်တကွ ယုဒပြည် ကိရယတ်ယာရိမ်မြို့တည်းဟူ သော ဗာလမြို့သို့ သွားလေ၏။


သေတ္တာတော်ကို ကိုင်သောကြောင့် ဩဇသေ

ဘုရားသခင်၏ သေတ္တာတော်ကို လှည်းသစ်ပေါ်မှာ တင်၍ အဘိနဒပ်အိမ်ထဲက ထုတ်ကြ၏။ ဩဇနှင့် အဟိဩသည်လှည်းကို နှင်ကြ၏။ ဒါဝိဒ်နှင့် ဣသရေလ အမျိုးသား အပေါင်းတို့သည် သီချင်းဆိုလျက်စောင်း၊ တယော၊ ပတ်သာ၊ နှဲခရာ၊ ခွက်ကွင်း၊ တံပိုးတို့ကိုကိုင်လျက် ထာဝရဘုရား ရှေ့တော်၌ အားထုတ်၍ တီးမှုတ်ကြ၏။ ခိဒုန် ကောက်နယ်တလင်းသို့ ရောက်သောအခါ၊ [A]နွားတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို လှုပ်ရှားသောကြောင့်၊ ဩဇသည် လက်ကိုဆန့်၍ သေတ္တာတော်ကို ကိုင်၏။ ၁၀ ထိုသို့ သေတ္တာတော်ကို ကိုင်သောကြောင့်၊ ထာဝရဘုရားသည် ဩဇကို အမျက်ထွက်၍၊ ဒဏ်ခတ်တော်မူသဖြင့်၊ ဩဇသည် ဘုရားသခင် ရှေ့တော်၌ သေလေ၏။


သေတ္တာတော်ကို ဩဗဒေဒုံအိမ်သို့လွှဲ၍ ဆောင်သွား
CROSS REFERENCES






၁၁ ဩဇကို ထာဝရဘုရား ဒဏ်ခတ်တော်မူသောကြောင့် ဒါဝိဒ်သည် ညှိုးငယ်သော စိတ်ရှိ၏။ ထိုအရပ်သည် ယနေ့တိုင်အောင် ပေရဩဇ(a) အမည်ဖြင့် တွင်သတည်း။ ၁၂ ထိုနေ့၌ ဒါဝိဒ်သည် ဘုရားသခင်ကို ကြောက်၍၊ [B] ဘုရားသခင်၏ သေတ္တာတော်ကို အဘယ်ကြောင့် ငါ့ထံသို့ ဆောင်ခဲ့ရမည်နည်း၊ ဟုဆိုလျက်၊ ၁၃ မိမိနေရာ ဒါဝိဒ်မြို့ထဲသို့ သေတ္တာတော်ကို မဆောင်ဘဲ၊ ဂိတ္တိလူ ဩဗဒေဒုံအိမ်သို့လွှဲ၍ ဆောင်သွားလေ၏။ ၁၄ ဘုရားသခင်၏ သေတ္တာတော်သည် သုံးလပတ်လုံး၊ ဩဗေဒဒုံအိမ်တွင် အိမ်သူအိမ်သားများ ဆီမှာရှိ၏။ ထာဝရဘုရားသည် ဩဗဒေဒုံနှင့် အိမ်သူအိမ်သား အပေါင်းတို့ကို ကောင်းကြီးပေးတော်မူ၏။

_________________________
Footnotes


(a)

עֻזָּ֔א פֶּ֣רֶץ pe·reṣ ‘uz·zā မြန်မာကျမ်းစာအုပ်၌ "ပေရဇောဇ" ဟုရေးထားသည်။ သို့သော်ထိုအရာသည်"ပေရဩဇ" ဖြစ် သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.