-
AA
+
🡀
|
🡂
၁ ရာဇဝင်ချုပ်
၁၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ရာဇဝင်ချုပ်
အခန်းကြီး ၁၂


ဒါဝိဒ်ထံသို့ ဝင်စားသော ဗင်္ယာမိန်အမျိုးသားများ

ဒါဝိဒ်သည် ကိရှ၏သား ရှောလုကိုရှောင်၍ ဇိကလက်မြို့၌ နေစဉ်၊ သူ့ဘက်သို့ ဝင်စားသောသူ၊ လေးလက်နက်ကို ဆောင်၍ လက်ျာလက် လက်ဝဲလက်မရွေး၊ ကျောက်နှင့် မြှားကို ပစ်တတ်သော စစ်သူရဲကြီး၊ ရှောလုပေါက်ဖေါ် ဗင်္ယာမိန် အမျိုးသား များဟူမူကား၊ အကြီးအကဲ အဟဇော၊ သူ့နောက်ယောရှ၊ ဂိဗာမြို့သား ရှေမာ၊ အာဇမာဝက်သား ယေဇေလနှင့် ပေလက်၊ ဗေရာခ၊ အန္တောသိအမျိုးယေ၊ ဟု ဗိုလ်စုတွင် ထူးဆန်း၍ အကြီးအကဲ လုပ်သော ဂိဗောင်သား ဣရှမာယ၊ ယေရမိ၊ ယဟာဇေလ၊ ယောဟနန် ဂေဒရသိအမျိုး ယောဇဗဒ်၊ ဧလုဇဲ၊ ယေရိမုတ်၊ ဗာလျာ၊ ရှေမရိ၊ ဟရုဖိအမျိုးရှေဖတိ၊ ဧလကာန၊ ယေရှာ၊ အာဇရေလ၊ ယောဇာ၊ ကောရသိအမျိုး ယာရှောဗ၊ ဂေဒေါ်မြို့နေ၊ ယေရောဟံသား ယောလာနှင့် ဇေဗဒိတည်း။


ဂဒ်အမျိုးသားများ

ထိုမှတပါး၊ ဒါဝိဒ်ရှိရာ၊ တောရဲတိုက်သို့ ထွက်သွားသောသူ၊ ခွန်အားကြီး၍ ဒိုင်းလွှားဆောင်လျက် စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သောသူ၊ ခြင်္သေ့ကဲ့သို့ မျက်နှာရဲ၍ တောင်ပေါ်မှာ ဒရယ်ကဲ့သို့ လျှင်မြန်သောသူ ဂဒ်အမျိုးသားများ ဟူမူကား၊ ဧဇာတပါး၊ ဩဗဒိတပါး၊ ဧလျာဘတပါး၊ ၁၀ မိရှမန္နတပါး၊ ယေရမိတပါး၊ ၁၁ အတ္တဲတပါး၊ ဧလျေလတပါး၊ ၁၂ ယောဟနန်တပါး၊ ဧလဇာဗဒ်တပါး၊ ၁၃ ယေရမိတပါး၊ မာခဗာနဲတပါး၊ ပေါင်းတကျိပ်တပါးတည်း။ ၁၄ ဤသူတို့သည် ဂဒ်အမျိုးသားတွင် ဗိုလ်လုပ်၍ အငယ်ကား လူတရာ၊ အကြီးကား လူတထောင်ကို အုပ်သောသူ ဖြစ်ကြ၏။ ၁၅ ယော်ဒန်မြစ်ရေသည် ကမ်းတရှောက်လုံးကို လွှမ်းမိုးသောကာလ၊ ပဌမလတွင် သူတို့သည်ကူး၍ မြေညီရာအရပ် အရှေ့အနောက်၌ နေသောသူ အပေါင်းတို့ကို ပြေးစေကြ၏။


ဗင်္ယာမိန်အမျိုးသားနှင့် ယုဒအမျိုးသားအချို့

၁၆ ဗင်္ယာမိန်အမျိုးသားနှင့် ယုဒအမျိုးသား အချို့တို့သည် ဒါဝိဒ်ရှိရာ ရဲတိုက်သို့ လာသောအခါ၊ ၁၇ ဒါဝိဒ်သည် ကြိုဆိုခြင်းငှါ ထွက်သွား၍၊ ငါ့ကိုမစခြင်းငှါ မေတ္တာစိတ်နှင့် လာလျှင် ငါသဘောတူ၏။ သို့မဟုတ် ငါ့ကို ရန်သူလက်သို့ အပ်ခြင်းငှါ လာလျှင် ငါ၌အပြစ် မရှိသောကြောင့်၊ ဘိုးဘေးတို့၏ ဘုရားသခင်သည် ကြည့်ရှု၍ ဆုံးမတော်မူပါစေသော်၊ ဟုဆိုသော်၊ ၁၈ ဝိညာဉ်တော်သည် ဗိုလ်ချုပ် အာမသဲ အပေါ်မှာ သက်ရောက်၍၊ အိုဒါဝိဒ်၊ ​ကျွန်တော်တို့သည် ကိုယ်တော်၏လူ၊ အိုယေရှဲ၏ သားတော်၊ ကိုယ်တော်ဘက်သို့ ဝင်စားသောသူဖြစ်ပါ၏။ ကိုယ်တော်၌ မင်္ဂလာရှိပါစေသော်။ မင်္ဂလာရှိပါစေသော်။ ကိုယ်တော်ကို မစသူ၌ မင်္ဂလာရှိပါစေသော်။ ကိုယ်တော်၏ ဘုရားသခင်သည် ကိုယ်တော်ကို မစတော်မူပါစေသော်၊ ဟုပြန်ပြောလေသော်၊ ဒါဝိဒ်သည် သူတို့ကိုလက်ခံ၍ ဗိုလ်အရာ၌ ခန့်ထားလေ၏။


ဒါဝိဒ်ဘက်သို့ ဝင်စားသော မနာရှေ အမျိုးသားများ
CROSS REFERENCES






၁၉ ထိုမှတပါး၊ ဒါဝိဒ်သည် ရှောလုကို စစ်တိုက်သွားသော ဖိလိတ္တိလူတို့နှင့် လိုက်သောအခါ၊ ဖိလိတ္တိမင်းတို့က၊ ဤသူသည် ငါတို့ကိုအပ်၍ မိမိသခင် ရှောလုဘက်သို့ ဝင်စားမည်၊ ဟုတိုင်ပင်ပြီးမှ ပြန်စေသောကြောင့်၊ ဒါဝိဒ်သည် စစ်မကူဘဲ ဇိကလက်မြို့သို့ သွားသော ကာလ၊ သူ့ဘက်သို့ ဝင်စားသော မနာရှေအမျိုးသား ဟူမူကား၊ ၂၀ မိမိအမျိုးသားတို့တွင် လူတထောင်ကို အုပ်သော ဗိုလ်အာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ [A] ယောဇဗဒ်၊ ဧလိ ၊ ဟုဇိလသဲတည်း။ ၂၁ ထိုသူအပေါင်းတို့သည် ခွန်အားကြီးသော စစ်သူရဲ ဗိုလ်ကြီးဖြစ်၍၊ ဓါးပြလုပ်သော သူတို့အဘက်၌ ဒါဝိဒ်ကို မစကြ၏။ ၂၂ ထိုကာလ၌ ဘုရားသခင်၏ ဗိုလ်​ခြေကဲ့သို့ ကြီးစွာသော ဗိုလ်​ခြေ ဖြစ်သည်တိုင်အောင် တနေ့ထက်တနေ့ ဒါဝိဒ်ကို ကူညီ၍ ဝင်စားကြ၏။


‌‌ဟေဗြုန်မြို့ ဒါဝိဒ်ထံသို့လာသော တပ်သားစာရင်း

၂၃ ထာဝရဘုရား၏ အမိန့်တော်အတိုင်း၊ ရှောလု၏ နိုင်ငံကို ဒါဝိဒ်လက်သို့ လွှဲခြင်းငှါ၊ ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့ လာသောသူ၊ စစ်တိုက်လက်နက်စုံနှင့် ပြည့်စုံသော တပ်သားစာရင်းဟူမူကား၊ ၂၄ ဒိုင်းနှင့်လှံကိုဆောင်၍ စစ်တိုက်လက်နက်နှင့် ပြည့်စုံသော ယုဒအမျိုးသား ခြောက်ထောင်ရှစ်ရာ၊ ၂၅ ခွန်အားကြီးသော စစ်သူရဲ၊ ရှိမောင်အမျိုးသား ခုနစ်ထောင်တရာ၊ ၂၆ လေဝိအမျိုးသား လေးထောင်​ ခြောက်ရာ၊ ၂၇ အာရုန်အမျိုးအုပ်၊ ယောယဒနှင့်အတူ ပါသော အာရုန်အမျိုးသား သုံးထောင်ခုနစ်ရာ၊ ၂၈ ခွန်အားကြီးသော သူရဲ လူပျိုဇာဒုတ်နှင့် သူ၏အဆွေအမျိုး တပ်မှူးနှစ်ကျိပ်နှစ်ပါး၊ ၂၉ ရှောလုပေါက်ဖေါ် ဖြစ်သော ဗင်္ယာမိန်အမျိုးသား သုံးထောင်၊ ထိုအမျိုးသားများတို့သည် ရှောလုဘက်မှာ စောင့်နေကြ၏။ ၃၀ ခွန်အားကြီး၍ အဆွေအမျိုးတို့တွင် ထင်ရှားသော ဧဖရိမ်အမျိုးသား နှစ်သောင်းရှစ်ရာ၊ ၃၁ ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ စာရင်းဝင်သော မနာရှေ အမျိုးဝက်ထဲက လူတသောင်းရှစ်ထောင်၊ ၃၂ ကာလအချိန်တို့ကို နားလည်၍ ဣသရေလအမျိုးသည် အဘယ်သို့ ပြုသင့်သည်ကို သိတတ်သော ဣသခါ အမျိုးသား သူကြီးနှစ်ရာ၊ သူတို့ အမျိုးသားချင်း အပေါင်းတို့သည် အသင့်ရှိကြ၏။ ၃၃ စိတ်နှစ်ခွမရှိ၊ တပ်အခင်းအကျင်းမပျက်၊ စစ်တိုက်လက်နက်စုံနှင့် ပြည့်စုံလျက် စစ်ချီ၍တိုက်တတ်သော ဇာဗုလုန် အမျိုးသားငါးသောင်း၊ ၃၄ နဿလိအမျိုးသား ဗိုလ်တထောင်၊ ဒိုင်းနှင့်လှံကို ဆောင်သောသူ သုံးသောင်းခုနစ်ထောင်၊ ၃၅ ဒန်အမျိုးထဲက စစ်မှုစစ်ရေး၌ လေ့ကျက်သောသူ နှစ်သောင်း ရှစ်ထောင်​ခြောက်ရာ၊ ၃၆ အာရှာအမျိုးထဲက ထိုအတူလေ့ကျက်၍ စစ်ချီတတ်သောသူ လေးသောင်း၊ ၃၇ ယော်ဒန်မြစ် တဘက်ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်ထဲက စစ်တိုက်လက်နက်စုံ အမျိုးမျိုးနှင့် ပြည့်စုံသောသူ တသိန်းနှစ်သောင်းတည်း။ ၃၈ စစ်အခင်းအကျင်း မပျက်တိုက်တတ်သောသူ၊ အထက်ဆိုခဲ့ပြီးသော သူအပေါင်းတို့သည်၊ ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ကြည်ညိုသော စိတ်အားကြီး၍ ဟေဗြုန်မြို့သို့ လာကြ၏။ ကျန်ကြွင်းသော ဣသရေလ အမျိုးသား အပေါင်းတို့သည်၊ ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ချင်သော စိတ်သဘော တညီတညွတ်တည်း ရှိကြ၏။ ၃၉ ထိုသူအပေါင်းတို့သည် သုံးရက်ပတ်လုံး အထံတော်၌ စားသောက်လျက် နေကြ၏။ အမျိုးသားချင်းတို့သည် ပြင်ဆင်နှင့်ကြပြီ။ ၄၀ အနီးအပါး၌ နေသောသူ တို့သည်လည်း၊ သိုးနွားနှင့်တကွ အမဲသား၊ မုန့်ညက်၊ သင်္ဘောသဖန်းသီး၊ စပျစ်သီး၊ စပျစ်ရည်၊ ဆီတည်းဟူသော ရိက္ခာများကိုမြည်း၊ ကုလားအုပ်၊ လား၊ နွားအပေါ်မှာတင်လျက် ဣသခါခရိုင်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်မှပင့် ဆောင်ခဲ့၍ ဣသရေလ အမျိုးသားတို့သည် ပျော်မွေ့ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.