-
AA
+
🡀
|
🡂
၁ ရာဇဝင်ချုပ်
၁၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ရာဇဝင်ချုပ်
အခန်းကြီး ၁၀


ရှောလုမင်းနှင့်သားများသေ
CROSS REFERENCES






ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကို စစ်တိုက်၍၊ ဣသရေလ လူတို့သည် ရန်သူရှေ့မှာ ပြေးသဖြင့်၊ ဂိလဗော တောင်ပေါ်မှာ အထိအခိုက်နှင့်လဲ၍ သေကြ၏။ ဖိလိတ္တိလူတို့သည် ရှောလမင်းနှင့် သူ၏သားတို့ကို ပြင်းထန်စွာ လိုက်၍၊ ရှောလု၏သား ယောနသန်၊ အဘိနဒပ်၊ မေလခိရွှတို့ကို သတ်ကြ၏။ စစ်တိုက်ရာတွင် ရှောလုသည် အလွန်ခံရ၏။ လေးသမားတို့ ပစ်သောမြှားမှန်၍ အလွန်နာသောကြောင့်၊ လက်နက်ဆောင် လုလင်ကို ခေါ်ပြီးလျှင်၊ သင့်ဓါးကိုထုတ်၍ ငါ့ကိုထိုးလော့။ သို့မဟုတ် အရေဖျားလှီးခြင်း [A]ကို မခံသော လူတို့သည်လာ၍၊ ငါ့ကို မရိုမသေ ညှဉ်းဆဲကြလိမ့်မည်၊ ဟုဆိုသော်လည်း၊ လက်နက်ဆောင် လုလင်သည် အလွန်ကြောက်၍ မပြုဘဲ နေသောကြောင့်၊ ရှောလုသည် ထိုဓါးကိုယူ၍ ထောင်ပြီးလျှင်၊ ဓားဖျားပေါ်မှာ လှဲ၍ သေ၏။ ရှောလုသေသည်ကို လက်နက်ဆောင် လုလင်မြင်လျှင်၊ သူသည်လည်း ထိုဓါးကိုထောင်၍ ဓါးဖျားပေါ်မှာ လှဲ၍ သေ၏။ ထိုသို့ရှောလုနှင့် သူ၏သား သုံးယောက်မှစ၍ နန်းတော်သား အပေါင်းတို့သည် အတူသေကြ၏။


ရှောလုခေါင်းကို ဖိလိတ္တိတို့ယူသွား

ဣသရေလလူ ပြေးကြောင်း၊ ရှောလုနှင့် သူ၏သားများ သေကြောင်းကို၊ ချိုင့်၌ နေသော ဣသရေလလူ အပေါင်းတို့သည် သိမြင်လျှင်၊ မြို့ရွာတို့ကို စွန့်ပစ်သဖြင့်၊ ဖိလိတ္တိလူတို့သည် လာ၍ နေကြ၏။ နက်ဖြန်နေ့၌ ဖိလိတ္တိလူတို့သည် အသေကောင်တို့၌၊ အဝတ်တန်ဆာကို ချွတ်ခြင်းငှါ လာသောအခါ၊ ဂိလဗောတောင်မှာ ရှောလုနှင့် သူ၏သား သုံးယောက်တို့သည် သေလျက်ရှိသည်ကို တွေ့မြင်ကြ၏။ အဝတ်တန်ဆာတော်ကို ချွတ်ပြီးမှ ခေါင်းတော်၊ လက်နက်တော်ကို ယူ၍ သူတို့ ရုပ်တုအိမ်များ၌၎င်း၊ လူများတို့၌၎င်း၊ သတင်းကျော်စောစေခြင်းငှါ၊ ဖိလိတ္တိပြည် အရပ်ရပ်သို့ ပေးလိုက်ကြ၏။ ၁၀ လက်နက်တော်ကိုလည်း သူတို့ ဘုရားကျောင်း၌ ထား၍၊ ခေါင်းတော်ကို ဒါဂုန်ဗိမာန်၌ ဆွဲထားကြ၏။


ရှောလုအလောင်းကို ယာဗက်မြို့သားတို့က သင်္ဂြိုလ်

၁၁ ဖိလိတ္တိလူတို့သည် ရှောလု၌ ပြုသမျှကို ဂိလဒ်ပြည် ယာဗက်မြို့သားများ ကြားလျှင်၊ ၁၂ သူရဲအပေါင်းတို့သည် ရှောလု၏ အလောင်းနှင့် သူ၏သား အလောင်းတို့ကို ယူသွား၍၊ ယာဗက်မြို့သို့ ဆောင်ခဲ့သဖြင့်၊ အရိုးတို့ကို ယာဗက်မြို့မှာ သပိတ်ပင်အောက်၌ သင်္ဂြိုလ်ပြီးမှ ခုနစ်ရက် ပတ်လုံး အစာရှောင်ကြ၏။ ၁၃ ထိုသို့ရှောလုသည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်၊ လွန်ကျူး၍ ထာဝရဘုရားကို ပြစ်မှားသောကြောင့်၎င်း၊ ၁၄ ထာဝရဘုရားကို မမေးမြန်းဘဲ နတ်ဝင်မိန်းမကို ရှာဖွေ မေးမြန်းသောကြောင့်၎င်း၊ ထာဝရဘုရားသည် သူ့ကိုကွပ်မျက်၌ နိုင်ငံတော်ကို ယေရှဲသား ဒါဝိဒ်၌ လွှဲအပ်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.