-
AA
+
🡀
|
🡂
၄ ဓမ္မရာဇဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၄ ဓမ္မရာဇဝင်
အခန်းကြီး ၈


အသက်ရှင်စေသော သူငယ်၏ မိခင်ဥစ္စာပြန်ပေး

တဖန် ဧလိရှဲသည် အထက်က အသက်ရှင်စေသော သူငယ်၏အမိကို ခေါ်၍၊ သင်သည် အိမ်သူအိမ်သားနှင့်တကွ ထသွားလော့။ တည်းခို၍ နေနိုင်သော အရပ်တစုံတရပ်၌ တည်းခို၍နေလော့။ ထာဝရဘုရားသည် အစာခေါင်းပါးရာ ကာလကို မှာလိုက်တော်မူပြီ။ တပြည်လုံး၌ ခုနစ်နှစ် ခေါင်းပါးလိမ့်မည်၊ ဟုသတိပေး၏။ ထိုမိန်းမသည် ဘုရားသခင်လူ၏ စကားကို နားထောင်သဖြင့်၊ အိမ်သူအိမ်သားတို့နှင့်တကွ သွား၍ ဖိလိတ္တိပြည်၌ ခုနစ်နှစ်နေ၏။ ခုနစ်နှစ်စေ့သောအခါ၊ ဖိလိတ္တိပြည်မှ ပြန်လာ၍ ကိုယ်အိမ်၊ ကိုယ်မြေကို ရောင်းအံ့သောငှာ အသနားတော်ခံမည့်အကြံနှင့် ရှင်ဘုရင်ထံသို့ သွား၏။ ထိုအခါ ရှင်ဘုရင်သည် ဘုရားသခင့်လူ၏​ ကျွန်ဂေဟာဇိနှင့် နှုတ်ဆက်လျက်၊ ဧလိရှဲပြုသော အံ့ဘွယ်သော အမှုအလုံးစုံတို့ကို ပြောပြလော့၊ ဟုမိန့်တော်မူ၍၊ ဧလိရှဲသည် သေသောသူ အသက်ရှင်စေကြောင်းကို ဂေဟာဇိသည် ပြန်လျှောက်စဉ်တွင်၊ အသက်ရှင်စေသော သူငယ်၏အမိသည် ကိုယ်အိမ်၊ ကိုယ်မြေကို ရောင်းအံ့သောငှာ အသနားတော်ခံလေ၏။ ဂေဟာဇိကလည်း၊ အရှင်မင်းကြီး၊ ဤမိန်းမကား ယခုပြောသောမိန်းမ၊ ဤသူငယ်ကား ဧလိရှဲ အသက်ရှင်စေသော သူငယ်ဖြစ်ပါသည်၊ ဟုလျှောက်လျှင်၊ ရှင်ဘုရင်သည် မိန်းမကို မေး၍ မိန်းမလည်း သက်သေခံ၏။ ထိုအခါ ရှင်ဘုရင်က၊ သူ၏ဥစ္စာရှိသမျှကို၎င်း၊ ပြည်တော်က ထွက်သောနေ့မှစ၍ ယခုတိုင် အောင်သူ့မြေ၌ ဖြစ်သမျှကို၎င်း၊ ပြန်ပေးစေ၊ ဟုမိန့်တော်မူလျက်၊ သူ၏အမှုကို စောင့်စေခြင်းငှါ အရာရှိ တစ်ယောက်ကို ခန့်ထားတော်မူ၏။


ရှုရိဘုရင် ဗင်္ဟာဒဒ်ကို သူ့ကျွန် ဟာဇေလက သတ်မည်

တဖန် ဧလိရှဲသည် ဒမာသက်မြို့သို့ သွား၏။ ထိုအခါ ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်သည် နာနေ၏။ ဘုရားသခင်၏လူ ရောက်ကြောင်းကို နားတော်လျှောက်လေသော်။ ဟာဇေလကိုခေါ်၍၊ သင်သည် လက်ဆောင်ကိုဆောင်လျက် ဘုရားသခင်၏လူကို ခရီးဦးကြိုပြုပြီးလျှင်၊ ငါသည် ဤအနာမှ ထမြောက်မည်လော၊ ဟုသူအားဖြင့် ထာဝရဘုရား ကိုမေးလျှောက်လော့၊ ဟုစေလွှတ်သည်အတိုင်း ဟာဇေလသည် ကုလားအုပ် လေးဆယ်ပေါ်မှာ ဒမာသက် ဥစ္စာများကိုတင်၍၊ လက်ဆောင်ကို ဆောင်သဖြင့်၊ ဘုရားသခင်၏ လူကို ခရီးဦးကြိုပြု ခြင်းငှာ သွား၍ ရှေ့တော်၌ ရပ်လျက်၊ ကိုယ်တော်၏သား ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်က၊ ငါသည်ဤအနာမှ ထမြောက်ရမည်လောဟု မေးမြန်းစေခြင်းငှာ၊ ​ကျွန်တော်ကို စေလွှတ်ပါသည်၊ ဟုဆို၏။ ၁၀ ဧလိရှဲကလည်း၊ အကယ်စင်စစ် ကိုယ်တော်သည် ထမြောက်နိုင်ပါ၏၊ ဟုပြန်လျှောက်လော့။ သို့သော်လည်း ဆက်ဆက် သေရမည်ကြောင်းကို ထာဝရဘုရားသည် ငါ့အား ဖေါ်ပြတော်မူပြီ၊ ဟုဆိုလျက်၊ ၁၁ စေ့စေ့ကြည့်ရှု၍ ဟာဇေလသည် မျက်နှာပျက်လေ၏။ ဘုရားသခင်၏ လူသည်လည်း မျက်ရည် ကျ၏။ ၁၂ ဟာဇေလကလည်း၊ သခင်သည် အဘယ်ကြောင့် မျက်ရည် ကျတော်မူသနည်း၊ ဟုမေးလျှင်ဧလိရှဲက၊ သင်သည် ဣသရေလ အမျိုးသားတို့၌ ပြုလတံ့သော ဘေးဥပါဒ်တည်းဟူသော သူတို့၏ ရဲတိုက်များကို မီးရှို့ခြင်း၊ လုလင်များကို ဓားနှင့်သတ်ခြင်း၊ သူငယ်များကို မြေပေါ်မှာ ဆောင့်ဖွပ်ခြင်း၊ ကိုယ်ဝန်ဆောင်သော မိန်းမများ၌ ဝမ်းခွဲခြင်းကို ပြုလိမ့်မည်၊ ဟုငါသိမြင်သောကြောင့် မျက်ရည်ကျသည်၊ ဟုပြန်ပြောသော်၊ ၁၃ ဟာဇေလက၊ ကိုယ်တော်ကျွန်သည် ခွေးဖြစ်လျက်နှင့် ဤမျှလောက်ကြီးသော အမှုကို ပြုရပါလိမ့်မည်လော၊ ဟုမေးပြန်သော်၊ ဧလိရှဲက၊ သင်သည် ရှုရိနိုင်ငံကို စိုးစံရလိမ့်မည်အကြောင်းကို ထာဝရဘုရားသည် င့ါအား ပြတော်မူပြီ၊ ဟုဆို၏။


ဟာဇေလ မိမိသခင်ကိုသတ်၍ ရှုရိပြည်အုပ်စိုး

၁၄ ဟာဇေလသည်သွား၍ မိမိသခင်ထံသို့ ရောက်သောအခါ၊ သခင်က၊ ဧလိရှဲသည် အဘယ်သို့ဆိုသနည်း၊ ဟုမေးလျှင်၊ ကိုယ်တော်သည် အနာမှ ဆက်ဆက် ထမြောက်တော်မူမည် ဆိုပါသည်၊ ဟုလျှောက်လေ၏။ ၁၅ နက်ဖြန်နေ့၌ ဟာဇေလသည် သိုးမွေးအဝတ်ကို ရေ၌နှစ်ပြီးလျှင်၊ ရှင်ဘုရင်၏ မျက်နှာကို ဖုံးအုပ်သဖြင့်၊ ရှင်ဘုရင်သေ၍ ဟာဇေလသည် နန်းထိုင်လေ၏။


၁၆ ဣသရေလ ရှင်ဘုရင် အာဟပ်သား ယောရံနန်းစံငါးနှစ်တွင်၊ ယုဒရှင်ဘုရင် ယောရှဖတ်သား ယဟောရံသည် နန်းထိုင်လေ၏။ ၁၇ အသက်သုံးဆယ် နှစ်နှစ်ရှိသော်၊ ယေရုရှလင်မြို့၌ မင်းပြု၍ ရှစ်နှစ်စိုးစံ၏။ ၁၈ အာဟပ်သမီးနှင့် စုံဘက်သဖြင့်၊ ဣသရေလ ရှင်ဘုရင်တို့လိုက်ရာ လမ်းသို့ အာဟပ်အမျိုးကဲ့သို့ လိုက်၍ ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ ၁၉ သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိသော သားမြေးတို့၏ မီးခွက်ကို အစဉ်ထွန်းလင်း စေမည်၊ ဟုဂတိတော်ရှိသောကြောင့်၊ ဒါဝိဒ်၏ မျက်နှာကို ထောက်၍၊ ယုဒပြည်ကို မဖျက်ဆီးဘဲ ထားတော်မူ၏။ ၂၀ ထိုမင်းလက်ထက်၌ ၊ ဧဒုံပြည်သည် ယုဒရှင်ဘုရင်ကို ပုန်ကန်၍ ကိုယ်အမျိုးသားကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ၂၁ ယဟောရံမင်းသည် ရထားစီးသူရဲ အပေါင်းတို့နှင့် တကွ၊ ဇာဣရမြို့သို့ စစ်ချီ၍ ညအခါ ဝိုင်းသော ဧဒုံလူများ၊ ရထားအုပ်များကို လုပ်ကြံသဖြင့်၊ ဧဒုံလူတို့သည် မိမိတို့နေရာသို့ ပြေးကြ၏။ ၂၂ သို့သော်လည်း၊ ဧဒုံပြည်သည် ယနေ့တိုင်အောင် ယုဒရှင်ဘုရင်ကို ပုန်ကန်၏။ ထိုကာလ၌ လိဗနပြည်သည်လည်း ပုန်ကန်၏။ ၂၃ ယဟောရံ ပြုမူသော အမှုအရာ ကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၂၄ ယဟောရံသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုလ်ခြင်းကို ခံလေ၏။ သားတော် အာခဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။


ယုဒရှင်ဘုရင် ယဟောရံနန်းထိုင်

၂၅ ဣသရေလ ရှင်ဘုရင် အာဟပ်သား ယောရံ နန်းစံဆယ်နှစ်နှစ်တွင်၊ ယုဒရှင်ဘုရင် ယဟောရံသား အာခဇိသည် နန်းထိုင်လေ၏။ ၂၆ အသက် နှစ်ဆယ့် နှစ်နှစ်ရှိသော်၊ မင်းပြု၍ ယေရုရှလင်မြို့၌ တစ်နှစ်စိုးစံ၏။ မယ်တော်ကား၊ ဣသရေလ ရှင်ဘုရင် ဩမရိမင်း အာသလိအမည်ရှိ၏။ ၂၇ အာခဇိသည် အာဟပ်၏ သမက်ဖြစ်သဖြင့်၊ အာဟပ် အမျိုးလိုက်ရာ လမ်းသို့ လိုက်၍၊ အာဟပ်အမျိုးကဲ့သို့ ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကို ပြု၏။ ၂၈ အာဟပ်၏သား ယောရံသည် ဝိုင်းလျက်၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီ၍၊ ရှုရိရှင်ဘုရင် ဟာဇေလကို တိုက်ရာတွင်၊ ရှုရိလူတို့သည် ယောရံကို ထိခိုက်ကြ၏။ ၂၉ ထိုသို့ရာမုတ်မြို့၌ ရှုရိရှင်ဘုရင် ဟာဇေလကို တိုက်၍၊ ရှုရိလူထိခိုက်သော အနာပျောက်စေခြင်းငှာ၊ ယောရံမင်းကြီးသည် ယေဇရေလမြို့သို့ ပြန်သွား၍ နာလျက်နေစဉ်တွင်၊ ယုဒရှင်ဘုရင် ယဟောရံသား အာခဇိသည်လည်း၊ အာဟတ်သား ယောရံကို ကြည့်ရှုခြင်းငှာ ထိုမြို့သို့ ဆင်းသွားလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.