-
AA
+
🡀
|
🡂
၄ ဓမ္မရာဇဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၄ ဓမ္မရာဇဝင်
အခန်းကြီး ၇


မြင်သော်လည်း စားရမည်မဟုတ်

ဧလိရှဲက၊ ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ နက်ဖြန်နေ့ ယခုအချိန်ရောက်လျှင်၊ ဂျုံမုန့်ညက်တစိတ်ကို ငွေတကျပ်၊ မုယောဆန်တခွဲကို တကျပ်နှင့် ရှမာရိမြို့တံခါးဝ၌ ရောင်းရလိမ့်မည်၊ ဟုဆင့်ဆို၏။

ရှင်ဘုရင် မှီခြင်းကိုခံရသော အမတ်က၊ ထာဝရဘုရားသည် မိုးကောင်းကင်၌ ပြတင်းပေါက်တို့ကို ဖွင့်လှစ်တော်မူလျှင်၊ ထိုသို့ဖြစ်နိုင်ကောင်းသည်၊ ဟုဘုရားသခင်၏လူအား ဆိုသော်၊ ဘုရားသခင်၏လူက၊ သင်သည် ကိုယ်မျက်စိနှင့် မြင်ရသော်လည်း မစားရ၊ [A] ဟုပြန်ပြော၏။


ရှုရိတပ်ကို ဘုရားသခင်က အသံနှင့်နှင်ထုတ်

ထိုအခါ မြို့တံခါး၌ ထိုင်လျက်ရှိသော လူနူလေးယောက်တို့က၊ ငါတို့သည် သေသည်တိုင်အောင် အဘယ်ကြောင့် ဤအရပ်၌ ထိုင်ရမည်နည်း။ မြို့ထဲသို့ဝင်လျှင် အစာခေါင်းပါးသောကြောင့် သေရမည်။ ဤအရပ်၌ ထိုင်လျက်နေလျှင်လည်း သေရမည်။ သို့ဖြစ်၍ ရှုရိတပ်သို့ ဝင်စားကြကုန်အံ့။ သူတို့သည် အသက်ရှင်စေလျှင် ရှင်ရမည်။ သတ်လျှင် သေရမည်၊ ဟုတိုင်ပင်ပြီးလျှင်၊ မိုးမလင်းမှီထ၍ ရှုရိတပ်သို့ သွားကြ၏။ တပ်ဦးသို့ ရောက်သောအခါ အဘယ်သူကိုမျှ မတွေ့ကြ။ အကြောင်းမူကား၊ ရှုရိလူတို့သည် ရထားစီးသူရဲ၊ မြင်းစီးသူရဲ၊ များစွာသောဗိုလ်​ခြေအသံကို ကြားစေခြင်းငှါ၊ ထာဝရဘုရား ပြုတော်မူသဖြင့်၊ သူတို့က ဣသရေလ ရှင်ဘုရင်သည် ငါတို့ကို တိုက်စေခြင်းငှါ၊ ဟိတ္တိမင်းများ၊ အဲဂုတ္တုမင်းများတို့ကို ငှါးပြီ၊ ဟုတယောက်ကို တယောက်ဆိုလျက်၊ မိုးမလင်းမှီထ၍ သူတို့တဲ၊ မြင်း၊ မြည်းအစရှိသော တတပ်လုံးကို စွန့်ပစ်၍၊ ကိုယ်အသက် လွတ်အောင်ပြေးကြ၏။


ကောင်းသော သတင်းကြားပြောချိန်

လူနူတို့သည် တပ်ဦးသို့ရောက်သောအခါ၊ တဲတခုထဲသို့ဝင်၍ စားသောက်ပြီးမှ၊ ရွှေငွေအဝတ်တန်ဆာများကို ယူသွားပြီးလျှင် ဝှက်ထားကြ၏။ နောက်တဖန် အခြားသောတဲသို့ဝင်၍၊ ဥစ္စာများကို ယူသွားပြီးလျှင် ဝှက်ထားကြ၏။ သို့ရာတွင်၊ ငါတို့သည် ကောင်းမွန်စွာ မပြုပါတကား။ ယခုနေ့သည် ကောင်းသော သိတင်းကို ကြားပြောရသောနေ့ ဖြစ်လျက်၊ ငါတို့သည် မကြားမပြောဘဲ နေပါပြီတကား။ မိုးလင်းသည်တိုင်အောင် မပြောဘဲနေလျှင် အမှုတစုံတခု ရောက်လိမ့်မည်။ သို့ဖြစ်၍ နန်းတော်၌ သိတင်း ကြားပြောအံ့သောငှါ ငါတို့သည် သွားကြကုန်အံ့၊ ဟုတိုင်ပင်ပြီးမှ၊ ၁၀ မြို့သို့သွား၍ တံခါးပြင်၌ ဟစ်ခေါ်လျက်၊ ငါတို့သည် ရှုရိတပ်သို့ရောက်၍ အဘယ်သူကိုမျှ မတွေ့။ လူသံကိုမကြား၊ မြင်း၊ မြည်းတို့ကို ချည်နှောင်လျက်၊ တဲများလည်း တပ်တိုင်းရှိသည်ကို တွေ့ပါ၏၊ ဟုကြားပြောသည်အတိုင်း၊ ၁၁ တံခါးစောင့်တို့သည် တယောက်ကို တယောက်ဟစ်၍၊ ထိုသိတင်းသည် နန်းတော် ထဲသို့ ရောက်လေ၏။


ရှုရိတပ်သားများ အလျှင်အမြန်ပြေးကြ

၁၂ မိုးမလင်းမှီ ရှင်ဘုရင်သည် ထ၍၊ ရှုရိလူတို့သည် ငါတို့၌ အဘယ်သို့ ပြုလိုသည်ကို ငါပြောမည်။ သူတို့က မြို့ပြင်သို့ထွက်သော မြို့သားတို့ကို အရှင်ဖမ်းပြီးမှ၊ မြို့ထဲသို့ ဝင်မည်အကြံရှိ၍၊ ငါတို့ငတ်မွတ်ကြောင်းကို သိသောကြောင့်၊ မိမိတို့တပ်ပြင်သို့ ထွက်၍ တော၌ ပုန်းရှောင်လျက် နေကြသည်၊ ဟုဆိုလျှင်၊ ၁၃ ​ကျွန်တယောက်က၊ မြို့၌ကျန်ကြွင်းသော မြင်းငါးစီးကို ပေးတော်မူပါ။ ထိုမြင်းမူကား ပျက်စီးခြင်းသို့ရောက်သော ဣသရေလ အမျိုးအလုံးအရင်း ကဲ့သို့ဖြစ်ပါ၏။ ထိုမြင်းတို့ကို စီးလျက်သွား၍ ကြည့်ရှုရသော အခွင့်ကို ပေးတော်မူပါ၊ ဟုလျှောက်ပြီးမှ၊ ၁၄ ရထားမြင်းနှစ်စီးကိုယူပြီးလျှင် သွား၍ ကြည့်ရှုကြလော့၊ ဟုရှင်ဘုရင်သည် ရှုရိဗိုလ်​ခြေနောက်သို့ စေလွှတ်သည်အတိုင်း၊ ၁၅ ယောဒန်မြစ်တိုင်အောင် လိုက်ကြ၏။ ရှုရိလူတို့သည် အလျှင်အမြန် ပြေးရာတွင် ပစ်ခဲ့သော အဝတ်တန်ဆာတို့သည် လမ်း၌ ပြည့်လျက်ရှိကြ၏။ စေလွှတ်သူတို့သည် ပြန်လာ၍ နားတော် လျှောက်ကြ၏။


မြင်သော်လည်းမစားရ

၁၆ ထိုအခါ မြို့သားတို့သည် ထွက်၍ ရှုရိတဲတို့ကို လုယူကြ၏။ ထာဝရဘုရား၏ စကားတော်အတိုင်း၊ ဂျုံမုန့်ညက် တစိတ်ကို ငွေတကျပ်၊ မုရောဆန်တခွဲကို တကျပ်နှင့်ရောင်းကြ၏။ ၁၇ ရှင်ဘုရင်မှီခြင်းကို ခံရသောအမတ်သည်၊ အမိန့်တော်အတိုင်း တံခါးကို စောင့်သည်တွင်၊ ထွက်ဝင်သောသူတို့နင်းမိ၍ ဘုရားသခင်၏ လူသည် ရှင်ဘုရင် ရောက်လာသောအခါ ပြောဆိုနှင့်သည် အတိုင်း၊ ထိုအမတ်သေလေ၏။ ၁၈ ဘုရားသခင်၏လူက၊ နက်ဖြန်နေ့ ယခုအချိန်ရောက်လျှင်၊ ဂျုံမုန့်ညက် တစိတ်ကိုငွေတကျပ်၊ မုယောဆန်တခွဲကို တကျပ်နှင့်၊ ရှမာရိမြို့တံခါးဝ၌ ရောင်းရလိမ့်မည်၊ ဟုရှင်ဘုရင်အား ဆင့်ဆိုသည် အတိုင်းဖြစ်၏။ ၁၉ အမတ်ကလည်း၊ ထာဝရဘုရားသည် မိုးကောင်းကင်၌ ပြတင်းပေါက်တို့ကို ဖွင့်လှစ်တော်မူလျှင်၊ ထိုသို့ဖြစ်နိုင်ကောင်းသည်၊ ဟုဘုရားသခင်၏လူအားဆို၍၊ ဘုရားသခင်၏လူက သင်သည် ကိုယ်မျက်စိနှင့် မြင်ရသော်လည်း မစားရ၊ [B] ဟုပြန်ပြောသည်အတိုင်း၊ ၂၀ ထိုအမတ်၌ဖြစ်၏။ မြို့တံခါးဝမှာ မြို့သားတို့နင်းခြင်းကိုခံရ၍ သေလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.