-
AA
+
🡀
|
🡂
၄ ဓမ္မရာဇဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၄ ဓမ္မရာဇဝင်
အခန်းကြီး ၆


ပုဆိန်ရေပေါ်၌ ပေါ်

ပရောဖက်အမျိုးသားတို့က၊ ကိုယ်တော်နှင့်အတူ ယခုနေသောအရပ်သည် ကျဉ်းမြောင်းပါ၏။ အ​ကျွန်ုပ်တို့သည် ယော်ဒန်မြစ်နားသို့ သွားပါရစေ။ ထိုအရပ်၌ ဝိုင်း၍ သစ်သားကို ခုတ်ပြီးလျှင်၊ ကိုယ်နေစရာဘို့ လုပ်ပါရစေ၊ ဟုဧလိရှဲထံ၌ အခွင့်တောင်းလျှင်၊ သွားကြလော့၊ ဟုအခွင့်ပေး၏။ အချို့ကလည်း မငြင်းပါနှင့်။ ကိုယ်တော်ကျွန်တို့နှင့် ကြွတော်မူပါ၊ ဟုတောင်းပန်လျှင်၊ ငါသွားမည်၊ ဟုဝန်ခံသည်အတိုင်း၊ သူတို့နှင့်အတူ လိုက်လေ၏။ ယော်ဒန်မြစ်နားသို့ ရောက်သောအခါ၊ သစ်သားကို ခုတ်ကြ၏။ တယောက်သောသူသည် ခုတ်စဉ်တွင်၊ ရေထဲသို့ ပုဆိန်ကျ၏။ ခုတ်သောသူကလည်း၊ ခက်လှပြီသခင်။ ထိုပုဆိန်သည် ငှါးခဲ့သော ဥစ္စာဖြစ်ပါ၏၊ ဟုအော်ဟစ်လျှင်၊ ဘုရားသခင်၏လူက၊ အဘယ်မှာ ကျသနည်း၊ ဟုမေးသော်၊ ကျရာအရပ်ကိုပြပြီးမှ၊ ဒုတ်ကိုခုတ်၍ ထိုအရပ်၌ ချသဖြင့် ပုဆိန်သည် ပေါလောနေ၏။ ဆယ်ယူလော့၊ ဟုဧလိရှဲဆိုသည်အတိုင်း၊ တပည့်သည် လက်ကိုဆန့်၍ ဆယ်ယူ၏။


ဧလိရှဲကိုဖမ်းဘို့

တဖန် ရှုရိရှင်ဘုရင်သည် ဣသရေလပြည်ကို စစ်တိုက်၍၊ ဤမည်သောအရပ်၊ ဤမည်သောအရင်၌ ငါတို့သည် တပ်ချကြ ကုန်အံ့၊ ဟု​ကျွန်တို့နှင့် တိုင်ပင်သောအခါ၊ ဘုရားသခင်၏ လူသည်၊ ဣသရေလ ရှင်ဘုရင်ထံသို့ လူကိုစေလွှတ်၍၊ ဤမည်သောအရပ်ကို သတိပြုပါ။ ထိုအရပ်သို့ ရှုရိလူတို့သည် လာကြပြီ၊ ဟု၁၀ သတိပေးသောအရပ်သို့ ဣသရေလ ရှင်ဘုရင်သည် လူကိုစေလွှတ်၍၊ တကြိမ်နှစ်ကြိမ်မက ရန်သူတို့ကို ရှောင်လေ၏။ ၁၁ ထိုအကြောင်းကြောင့် ရှုရိရှင်ဘုရင်သည် စိတ်ပူပန်၍၊ ​ကျွန်တို့ကိုခေါ်ပြီးလျှင်၊ ငါတို့တွင် အဘယ်သူသည် ဣသရေလ ရှင်ဘုရင်ဘက်၌ နေသည်ကို ငါ့အားမပြဘဲ နေကြသနည်း၊ ဟုမေးသော်၊ ၁၂ ​ကျွန်တယောက်က၊ ထိုသို့မဟုတ်ပါ အရှင်မင်းကြီး၊ ကိုယ်တော် စက်တော်မူခန်းထဲ၌ မိန့်တော်မူသော စကားကိုပင်၊ ဣသရေလပြည်၌ ရှိသော ပရောဖက်ဧလိရှဲသည်၊ ဣသရေလ ရှင်ဘုရင်အား ပြန်ပြောတတ်ပါသည်၊ ဟုလျှောက်လေ၏။

၁၃ ရှင်ဘုရင်ကလည်း၊ သူသည် အဘယ်အရပ်၌ ရှိသည်ကိုသွား၍ ချောင်းကြည့်လော့။ သူ့ကို ဖမ်းဆီးစေခြင်းငှါ၊ ငါစေလွှတ် မည်၊ ဟုမိန့်တော်မူပြီးမှ၊ ဒေါသန်မြို့၌ [A] ရှိပါသည်၊ ဟုလျှောက်လေ၏။ ၁၄ ထိုမြို့သို့မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်​ခြေများကို စေလွှတ်သဖြင့်၊ ညအခါရောက်၍ မြို့ကိုဝိုင်းကြ၏။


ဧလိရှဲ၏ကျွန်မျက်စိမြင်စေ
CROSS REFERENCES






၁၅ နံနက်စောစော ဘုရားသခင့်လူ၏ကျွန်သည် ထ၍ပြင်သို့ထွက်သောအခါ၊ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်​ခြေတို့သည် မြို့ကိုဝိုင်းလျက် ရှိကြသည်ဖြစ်၍၊ အိုသခင်၊ အဘယ်သို့ ပြုရပါမည်နည်း၊ ဟုမိမိသခင်အားဆို၏။ ၁၆ ဧလိရှဲက၊ မစိုးရိမ်နှင့်။ ငါတို့ဘက်၌ နေသောသူတို့သည် ရန်သူတို့ဘက်၌ နေသောသူတို့ထက် သာ၍များကြသည်၊ ဟုဆိုလျက်၊ ၁၇ အိုထာဝရဘုရား၊ ဤသူသည် မြင်နိုင်မည်အကြောင်း သူ၏မျက်စိကို ဖွင့်တော်မူပါ၊ ဟုဆုတောင်းသည်အတိုင်း၊ ထာဝရဘုရားသည် ထိုလုလင်၏ မျက်စိကို ဖွင့်တော်မူသဖြင့်၊ [B] ဧလိရှဲပတ်လည် ၌ တတောင်လုံးသည်မီးမြင်း၊ မီးရထားနှင့် ပြည့်သည်ကို မြင်လေ၏။


ရှုရိလူတို့ကိုမျက်စိကန်းစေ
CROSS REFERENCES






၁၈ ရှုရိလူတို့သည် ရောက်လာသောအခါ၊ ဧလိရှဲက၊ အိုထာဝရဘုရား၊ ဤသူတို့၏ မျက်စိမမြင်စေခြင်းငှါ၊ ဒဏ်ခတ်တော်မူပါ၊ ဟုဆုတောင်းသည်အတိုင်း၊ ဒဏ်ခတ်တော်မူ၏။ ၁၉ ဧလိရှဲကလည်း၊ ဤလမ်းမဟုတ်။ ဤမြို့လည်းမဟုတ်။ ငါ့နောက် သို့လိုက်ကြ။ သင်တို့ရှာသောသူရှိရာသို့ ငါပို့မည်၊ ဟုဆိုလျက်၊ ရှမာရိမြို့သို့ ပို့လေ၏။ ၂၀ မြို့ထဲသို့ရောက်ပြီးမှ ဧလိရှဲက၊ အိုထာဝရဘုရား၊ ဤသူတို့သည် မြင်နိုင်မည်အကြောင်း သူတို့၏မျက်စိကို ဖွင့်တော်မူပါ၊ [B]ဟုဆုတောင်းသည်အတိုင်း၊ သူတို့၏မျက်စိကို ဖွင့်တော်မူသဖြင့်၊ သူတို့သည်မြင်၍ ရှမာရိမြို့ထဲမှာရှိသည်၊ ဟုသိကြ၏။


ရှုရိလူများမလာရဲတော့ချေ

၂၁ ဣသရေလ ရှင်ဘုရင်ကလည်း၊ အဘ၊ ထိုသူတို့ကို ဓါးနှင့် သတ်ရပါမည်လော၊ ဟုဧလိရှဲအားမေးလျှင်၊ ၂၂ မသတ်ပါနှင့်။ ဓါးနှင့်ခုတ်လျက်၊ လေးနှင့်ပစ်လျက် စစ်တိုက်၍ ဖမ်းမိသောသူတို့ကို သတ်ရမည်လော။ သူတို့ရှေ့မှာ မုန့်နှင့်ရေကိုထည့်၍ သူတို့သည် စားသောက်ပြီးမှ၊ မိမိတို့သခင်ထံသို့ သွားပါစေ၊ ဟုဆိုလျှင်၊ ၂၃ များစွာသော စားစရာကိုပြင်ဆင်၍ စားသောက်စေပြီးမှ လွှတ်လိုက်သဖြင့်၊ သူတို့သည် မိမိတို့သခင်ထံသို့ ပြန်သွားကြ၏။ ထိုနောက်မှ ရှုရိလူတို့သည် အလိုအလျောက် တပ်ဖွဲ့၍၊ ဣသရေလပြည်သို့ မလာကြ။


မြည်းခေါင်းတလုံးငွေရှစ်ဆယ်

၂၄ နောက်တဖန် ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်သည်၊ ဗိုလ်​ခြေအပေါင်းကို စုဝေးစေသဖြင့် စစ်ချီ၍ ရှမာရိမြို့ကိုဝိုင်းထား၏။ ၂၅ ကြာမြင့်စွာဝိုင်းထားသောကြောင့်၊ ရှမာရိမြို့၌ အလွန်အစာခေါင်းပါး၍၊ မြည်းခေါင်းတလုံးကို ငွေရှစ်ဆယ်နှင့်၎င်း၊ ပဲကြမ်းတပြည်ကို ငွေငါးကျပ်နှင့်၎င်း ရောင်းရ၏။


ကိုယ်သားကိုစားသော အမျိုးသမီး
CROSS REFERENCES






၂၆ ဣသရေလ ရှင်ဘုရင်သည် မြို့ရိုးပေါ်မှာ လျှောက်သွားစဉ်၊ မိန်းမတယောက်က အရှင်မင်းကြီး၊ ကယ်မတော်မူပါ၊ ဟုအော်ဟစ်၏။ ၂၇ ရှင်ဘုရင်က၊ ထာဝရဘုရား ကယ်မတော်မမူလျှင်၊ ငါသည် အဘယ်သို့ ကယ်မနိုင်မည်နည်း။ စပါးနယ်ရာတလင်း၊ စပျစ်သီးနယ်ရာ ကျင်းထဲက ကယ်မရမည်လောဟူ၍၎င်း၊ ၂၈ သင်၌ အဘယ်သို့ ဖြစ်သနည်းဟူ၍၎င်း မေးလျှင်၊ မိန်းမက၊ ဤမိန်းမသည်​ ကျွန်မဆီသို့လာ၍၊ သင့်သားကို ယနေ့ငါတို့စားဘို့အပ်ပါ။ နက်ဖြန်နေ့၌ ငါ့သားကို စားရမည်၊ ဟုဆိုသည်အတိုင်း၊ ၂၉ ​ကျွန်မ၏သားကို ပြုတ်၍ စားကြပါ၏။ [C] နက်ဖြန်နေ့၌ ​ကျွန်မက၊ သင်၏သားကို ငါတို့စားဘို့ အပ်ပါဟုတောင်းသော်၊ သူသည် မိမိသားကို ဝှက်ထားပါသည်၊ ဟုလျှောက်လေ၏။


ဧလိရှဲကိုသတ်ဘို့ရှင်ဘုရင်ပြော

၃၀ ရှင်ဘုရင်သည် ထိုမိန်းမ၏ စကားကိုကြားလျှင်၊ မိမိအဝတ်ကို ဆုတ်လေ၏။ မြို့ရိုးပေါ်မှာ လျှောက်သွားစဉ် လူတို့သည်ကြည့်၍၊ အတွင်း၌ လျှော်တေအဝတ်ဖြင့် ဝတ်တော်မူကြောင်းကို သိမြင်ရကြ၏။ ၃၁ ရှင်ဘုရင်ကလည်း၊ ရှာဖတ်သား ဧလိရှဲ၏ဦးခေါင်းသည် ယနေ့သူ့ကိုယ်နှင့် မကွာဘဲနေလျှင်၊ ထာဝရဘုရားသည် ထိုမျှမက၊ ငါ၌ ပြုတော်မူပါစေသော်၊ ဟုဆို၏။ ၃၂ ဧလိရှဲသည် မိမိအိမ်၌ ထိုင်၍ အသက်ကြီးသူတို့သည် သူနှင့်အတူထိုင်ကြစဉ်၊ ရှင်ဘုရင်သည် မိမိရှေ့မှာ လူတယောက်ကို စေလွှတ်၏။ ထိုတမန် မရောက်မှီဧလိရှဲက၊ လူသတ်၏သားသည် ငါ့လည်ပင်းကို ဖြတ်စေခြင်းငှါ၊ စေလွှတ်သည်ကို သိမြင်ကြသလော။ ထိုတမန် ရောက်သောအခါ၊ တံခါးကိုပိတ်၍၊ တံခါးနားမှာသူ့ကို ဆီးတားကြလော့။ သူ့နောက်မှာ သူ့သခင်​ ခြေသံမမြည်သလော၊ ဟု၃၃ အသက်ကြီးသူတို့အား ပြောစဉ်တွင်၊ ထိုတမန်သည် ရောက်လာ၏။ ရှင်ဘုရင်ကိုယ်တိုင် ရောက်လျှင်၊ ဤအမှုသည် ထာဝရဘုရား စီရင်သောအမှုဖြစ်၏။ ထာဝရဘုရား၏ ကျေးဇူးကို အဘယ်ကြောင့် မြော်လင့်ရသေးသနည်း၊ ဟုဆိုသော်၊



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.