-
AA
+
🡀
|
🡂
၄ ဓမ္မရာဇဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၄ ဓမ္မရာဇဝင်
အခန်းကြီး ၅

နူနာစွဲသော ဗိုလ်ချုပ်မင်းနေမန်

ရှုရိရှင်ဘုရင်၏ ဗိုလ်ချုပ်မင်း နေမန်သည် မိမိသခင်ထံမှာ မျက်နှာရသောသူ၊ ဘုန်းကြီးသောသူ ဖြစ်၏။ အကြောင်းမူကား၊ ရှုရိပြည်သည် ထိုသူအားဖြင့် အောင်ရသောအခွင့်ကို ထာဝရဘုရား ပေးတော်မူပြီ။ ထိုသူသည် ခွန်အားကြီးသော စစ်သူရဲဖြစ်၏။ သို့ရာတွင် နူနာစွဲ၏။ ရှုရိလူတို့သည် အလိုအလျောက် တပ်ဖွဲ့၍ ချီသွားစဉ်တွင်၊ ဣသရေလပြည်မှ ဖမ်းခဲ့သော မိန်းမငယ်တယောက်သည် နေမန်၏ မယားထံ၌ ကျွန်ခံရ၏။ ထို​ကျွန်မကလည်း၊ ​ကျွန်မသခင်သည် ရှမာရိမြို့၌ ရှိသော ပရောဖက်ထံသို့ ရောက်ပါစေသော်။ ထိုပရောဖက်သည် သခင်၌ စွဲသောနူနာကို ပျောက်စေလိမ့်မည်၊ ဟုမိမိသခင်မအား ဆို၏။ နေမန်သည် မိမိအရှင်ထံသို့ဝင်၍၊ ဣသရေလအမျိုး မိန်းမငယ်စကားကို ပြန်လျှောက်၏။ ရှုရိရှင်ဘုရင်ကလည်း သွားလော့။ သွားလော့။ ဣသရေလ ရှင်ဘုရင်ထံသို့ စာပေးလိုက်မည်၊ ဟုအမိန့်တော်အတိုင်း၊ နေမန်သည် ငွေအခွက်တရာ၊ ရွှေအခွက်​ခြောက်ဆယ်၊ အဝတ်ဆယ်စုံကိုယူသွား၍၊ ဣသရေလ ရှင်ဘုရင်ထံသို့ မိမိအရှင်၏စာကို သွင်းလေ၏။ စာ၌ ပါသော အချက်ဟူမူကား၊ ကိုယ်တော်သည် ငါ့​ကျွန်နေမန်၏ နူနာကို ပျောက်စေခြင်းငှါ သူ့ကိုဤစာနှင့်အတူ ငါစေလွှတ်သည်၊ ဟုပါသတည်း။ ဣသရေလ ရှင်ဘုရင်သည် ထိုစာကိုကြည့်ပြီးမှ မိမိအဝတ်ကိုဆုတ်၍ ငါသည် အသက်ပေးပိုင်၊ နှုတ်ပိုင်သောဘုရား ဖြစ်သောကြောင့် ဤသူသည် လူနူကို ချမ်းသာပေးစေခြင်းငှါ ငါ့ထံသို့ စေလွှတ်သလော။ ကြည့်ကြလော့။ ဤသူသည် ငါ့ကိုအဘယ်မျှလောက် ရန်ရှာချင်သည်ကို ကြည့်ကြလော့၊ ဟုဆို၏။ ဣသရေလ ရှင်ဘုရင်သည် မိမိအဝတ်ကို ဆုတ်သည်၊ ဟုဘုရားသခင်၏လူ ဧလိရှဲသည်ကြားလျှင်၊ ကိုယ်တော်သည် အဘယ်ကြောင့် အဝတ်ကိုဆုတ်သနည်း။ ထိုသူသည် ငါ့ထံသို့လာပါလေစေ။ ဣသရေလပြည်၌ ပရောဖက် ရှိသည်ကို သိလိမ့်မည်၊ ဟုရှင်ဘုရင်ကိုမှာ လိုက်လေ၏။ ထိုကြောင့်၊ နေမန်သည် မြင်းရထားကို စီးသွား၍ ဧလိရှဲအိမ်ရှေမှာ ရပ်နေ၏။ ၁၀ ဧလိရှဲက၊ သင်သည်သွား၍ ယော်ဒန်မြစ်၌ ခုနစ်ကြိမ်တိုင်အောင် ရေချိုးလော့။ အသားပြောင်း၍ သန့်ရှင်းလိမ့် မည်၊ ဟုလူကိုစေလွှတ်၍ ပြောစေ၏။ ၁၁ နေမန်ကလည်း၊ အကယ်၍ ပရောဖက်သည် ထွက်လာမည်။ ငါ့အနားမှာ ရပ်လျက် မိမိဘုရားသခင် ထာဝရဘုရား၏နာမကိုခေါ်၍ မိမိလက်နှင့် သုံးသပ်သဖြင့် နူနာကိုပျောက်စေမည်၊ ဟုငါထင်၏။ ၁၂ ဒမာသက်ပြည်၌ အာဗနမြစ်၊ ဖာဖာမြစ်တို့သည် ဣသရေလ မြစ်အလုံးစုံထက်သာ၍ ကောင်းသည် မဟုတ်လော။ ထိုမြစ်၌ ငါရေချိုး၍ မသန့်ရှင်းရသလော၊ ဟုဆိုလျက် အမျက်ထွက်၍ ပြန်သွား၏။ ၁၃ ​ကျွန်တို့သည် ချဉ်းလာ၍အဘ၊ ခက်သောအမှုကို ပြုရမည်၊ ဟုပရောဖက် စီရင်လျှင် ပြုတော်မူမည် မဟုတ်လော။ ရေချိုး၍သာ သန့်ရှင်းခြင်းသို့ ရောက်လော့၊ ဟုစီရင်ရင်လျှင် အဘယ်မျှလောက်သာ၍ ပြုတော်မူသင့်ပါသည်တကား၊ ဟုလျှောက်ကြသော်၊ ၁၄ နေမန်သည်သွား၍ ဘုရားသခင်၏လူ စီရင်သည်အတိုင်း၊ ယော်ဒန် မြစ်၌ ကိုယ်ကို ခုနစ်ကြိမ်နစ်သဖြင့်၊ သူ၏အသားသည် သူငယ်၏အသားကဲ့သို့ပြောင်း၍ သန့်ရှင်းခြင်းသို့ ရောက်၏။ ၁၅ သို့ပြီးမှ လိုက်သောသူ အပေါင်းတို့နှင့်တကွ ဘုရားသခင်၏လူ ထံသို့ပြန်လာ၍ သူ့ရှေ၌ ရပ်လျက်၊ ဣသရေလပြည်မှ တပါးအဘယ်ပြည်၌ မျှ ဘုရားသခင်မရှိသည်ကို ယခုအ​ကျွန်ုပ်သိပါ၏။ သို့ဖြစ်၍ ကိုယ်တော်၏ကျွန်လှူသော အလှူလက်ဆောင်ကို ခံယူတော်မူပါ၊ ဟုတောင်းလျှောက်လေ၏။ ၁၆ ဧလိရှဲကလည်း၊ ငါကိုးကွယ်သော ထာဝရဘုရား အသက်ရှင် တော်မူသည်အတိုင်း မခံမယူရ၊ ဟုဆိုလျှင်၊ ခံယူစေခြင်းငှါ တဖန်တိုက်တွန်းသော်လည်း ငြင်းပယ်လျက်နေ၏။ ၁၇ နေမန်ကလည်း၊ သို့ဖြစ်လျှင် ကိုယ်တော် ​ကျွန်သည် မြည်းနှစ်စီးနှင့်တင်၍ မြေအနည်းငယ်ကို ယူပါရစေ။ ကိုယ်တော်ကျွန်သည် မီးရှို့ရာယဇ် အစရှိသော အဘယ်ယဇ်ကိုမျှ ထာဝရဘုရားမှတပါး အခြားသောဘုရားအား နောက်တဖန်မပူဇော်ပါ။ ၁၈ သို့သော်လည်း အကျွန်ုပ်သခင်သည် ကိုးကွယ်အံ့၊ ဟုရိမ္မုန်ဘုရား၏ကျောင်းသို့သွား၍ အ​ကျွန်ုပ်ကိုမှီလျက် ရိမ္မုန်ကျောင်း၌ ကိုယ်ကိုညွှတ်သောအခါ၊ အ​ကျွန်ုပ်သည်လည်း ညွှတ်လျှင်၊ ထာဝရဘုရားသည် ကိုယ်တော်ကို အပြစ်လွှတ်တော်မူပါစေသော်၊ ဟုဆိုလျှင်၊ ၁၉ ဧလိရှဲက၊ ငြိမ်ဝပ်စွာသွားလော့၊ ဟုဆို၏။ နေမန်သည်သွား၍ အဝေးသို့မရောက်မှီ၊


ဂေဟဇိနူနာစွဲ

၂၀ ဘုရားသခင်၏လူ ဧလိရှဲ၏ကျွန် ဂေဟာဇိက၊ ဤရှုရိလူ နေမန်ဆောင်ခဲ့သော ဥစ္စာကို ငါ့သခင်သည်မခံမယူ။ သူ့ကိုအလွန် သနားပြီ။ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သူ့နောက်သို့ငါလိုက်၍ တစုံတခုကို ယူမည်ဟုအကြံရှိလျက်၊ ၂၁ နေမန်နောက်သို့ လိုက်လေ၏။ လိုက်ကြောင်းကိုနေမန်သည်မြင်လျှင်၊ ကြိုဆိုအံ့သောငှါ ရထားမှဆင်း၍၊ ရှိသမျှကောင်းသလော၊ ဟုမေးသော်၊ ၂၂ ဂေဟာဇိကကောင်းပါ၏။ ယခုတွင် ပရောဖက်အမျိုးသား လုလင်နှစ်ယောက်သည် ဧဖရိမ်တောင်မှ ရောက်လာပြီ။ ငွေအခွက်တဆယ်နှင့် အဝတ်နှစ်စုံကို သူတို့အဘို့ ပေးပါလော့၊ ဟုတောင်းစေခြင်းငှါ၊ ​ကျွန်တော်သခင်သည် ကျွန်တော်ကို စေလွှတ် ပါပြီ၊ ဟုဆိုလျှင်၊ ၂၃ နေမန်က၊ အခွက်နှစ်ဆယ်ကို မငြင်းယူပါလော့၊ ဟုတိုက်တွန်းလျက်၊ ငွေအခွက်နှစ်ဆယ်ကို အိတ်နှစ်လုံး၌ အဝတ်နှစ်စုံနှင့် တကွစည်း၍ မိမိ​ကျွန် နှစ်ယောက်အပေါ်မှာ တင်သဖြင့်၊ သူတို့သည် ဂေဟာဇိရှေ့၌ ထမ်းသွားရ၏။ ၂၄ မြို့ရိုးသို့ ရောက်သောအခါ၊ ထိုဥစ္စာကို ဂေဟာဇိသည်ယူ၍ အိမ်၌ သိုထားသဖြင့်၊ ထမ်းသောသူတို့ကို လွှတ်လိုက်ပြီးမှ၊ ၂၅ ကိုယ်တိုင် ဝင်၍ မိမိသခင်ရှေ့၌ ရပ်နေ၏။ ဧလိရှဲကလည်း၊ ဂေဟာဇိ၊ အဘယ်အရပ်သို့ သွားဘိသနည်း၊ ဟုမေးလျှင်၊ ကိုယ်တော်ကျွန်သည် အဘယ်အရပ်ကိုမျှ မသွားပါ၊ ဟုပြန်ပြောသော်၊ ၂၆ ဧလိရှဲက၊ ထိုလူသည် သင့်ကိုကြိုဆိုအံ့သောငှါ၊ ရထားပေါ်မှ လှည့်သောအခါ၊ ငါ့စိတ်ဝိညာဉ်သည် သင်နှင့်အတူ မလိုက်သလော။ ငွေကိုခံယူချိန်ရှိသလော။ အဝတ်၊ သံလွင်ဥယျာဉ်၊ စပျစ်ဥယျာဉ်၊ သိုးနွား၊ ​ကျွန်ယောက်ျား၊ ​ကျွန်မိန်းမကို သိမ်းယူချိန်ရှိသလော။ ၂၇ သို့ဖြစ်၍ နေမန်၏ နူနာသည် သင်၌၎င်း၊ သင်၏သားမြေး၌၎င်း၊ အစဉ်အမြဲစွဲစေ၊ ဟုဆိုသည်အတိုင်း၊ ဂေဟာဇိသည် နူနာစွဲ၍ မိုးပွင့်ကဲ့သို့ဖြူလျက်၊ သခင်ထံမှ ထွက်သွား၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.