-
AA
+
🡀
|
🡂
၄ ဓမ္မရာဇဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၄ ဓမ္မရာဇဝင်
အခန်းကြီး ၄

အကြွေးတင်သူအတွက် ဆီပွားစေ
CROSS REFERENCES






ပရောဖက် အမျိုးသား၏မယား တစ်ယောက်သည် ဧလိရှဲထံသို့လာ၍၊ ကိုယ်တော်ကျွန်၊ ​ကျွန်မ၏ခင်ပွန်း သေပါပြီ။ ကိုယ်တော်ကျွန်သည် ထာဝရဘုရားကို ကြောက်ရွံ့သောသူ(a) ဖြစ်သည်ကို [A] ကိုယ်တော်သိတော်မူ၏။ ယခုမှာ ကြွေးရှင်သည် ကျွန်မ၏သား နှစ်ယောက်ကို ကျွန်ခံစေခြင်းငှာ လာပါပြီ၊ ဟုကြွေးကြော်လေ၏။ ဧလိရှဲကလည်း၊ သင့်အဘို့အဘယ်သို့ ငါပြုရမည်နည်း။ သင့်အိမ်၌ အဘယ်ဥစ္စာရှိသနည်း၊ ဟုမေးလျှင်၊ ကိုယ်တော်ကျွန်မအိမ်၌ ဆီအိုးတစ်လုံးမှတပါး အဘယ်ဥစ္စာမျှ မရှိပါ၊ ဟုပြောဆိုသော်၊ ဧလိရှဲကသွားလော့။ အိမ်နီးချင်းရှိသမျှတို့တွင် လပ်သောအိုးတို့ကို ငှားယူလော့။ များစွာသော အိုးတို့ကို ငှားယူလော့။ ကိုယ်အိမ်သို့ ရောက်သောအခါ၊ သားတို့ကိုခေါ်၍ တံခါးကိုပိတ်ပြီးမှ ငှားယူသောအိုးများထဲသို့ ဆီကိုအပြည့်လောင်း၍ ထားလော့၊ ဟုစီရင်သည်အတိုင်း၊ ထိုမိန်းမသည်သွား၍ သားတို့သည် အိုးများကို ယူခဲ့ပြီးမှ၊ မိန်းမသည် သားတို့နှင့်အတူ အိမ်ထဲသို့ဝင်၍ တံခါးကိုပိတ်လျက် ဆီကိုလောင်းလေ၏။ အိုးများ၌ ဆီပြည့်သောအခါ၊ အိုးတစ်လုံးကို ယူခဲ့ဦး၊ ဟုသားအားဆိုလျှင်၊ အိုးလပ်မရှိပါ၊ ဟုပြန်ပြောသော်၊ ဆီသည် တန့်လျက်နေ၏။ ထိုမိန်းမသည်လာ၍ ဘုရားသခင်၏လူကို ကြားပြောလျှင်၊ သူက ထိုဆီကိုသွား၍ ရောင်းပြီးလျှင် ကြွေးကိုဆပ်လော့။ ကြွင်းသောဆီကို အမှီပြု၍ သင်နှင့်သားတို့သည် အသက်မွေးကြလော့၊ ဟုဆို၏။


ရှုနင်မြို့သူ
CROSS REFERENCES






တနေ့သ၌ ဧလိရှဲသည် ရှုနင်မြို့သို့သွားရာတွင်၊ ထိုမြို့၌ ထင်ရှားသော မိန်းမတစ်ယောက်သည် ဧလိရှဲကို​ကျွေးခြင်းငှာ ခေါ်ပင့်လေ၏။ နောက်မှ ထိုလမ်းသို့ သွားသောအခါ၊ ​ကျွေးခြင်းကို ခံအံ့သောငှာ ထိုအိမ်သို့ဝင်တတ်၏။ မိန်းမကလည်း၊ ငါတို့ နေရာလမ်းဖြင့် အစဉ်သွားလာသော ဤသူသည် ဘုရားသခင်၏ သန့်ရှင်းသူ [B] ဖြစ်သည်ကို ကျွန်ုပ်ရိပ်မိ၏။ ၁၀ ဝင်းရိုးအပေါ်မှာ အခန်းငယ်တစ်ခုကို လုပ်ကြကုန်အံ့။ သူ့အဖို့ ကုတင်၊ စားပွဲ၊ ထိုင်ခုံ၊ မီးခုံတို့ကို ထားကြကုန်အံ့။ သို့ဖြစ်၍၊ သူသည် ငါတို့ဆီသို့ ရောက်သောအခါ၊ ထိုအခန်းထဲသို့ ဝင်လိမ့်မည်၊ ဟုမိမိခင်ပွန်းအား ဆို၏။ ၁၁ တနေ့သ၌ ဧလိရှဲသည် ရောက်သဖြင့်၊ ထိုအခန်းထဲသို့ဝင်၍ အိပ်နေ၏။ ၁၂ ထိုရှုနင်မြို့သူ မိန်းမကိုခေါ်လော့၊ ဟုမိမိ​ကျွန် ဂေဟာဇိအား ဆိုသည်အတိုင်း ခေါ်၍၊ မိန်းမသည် ဧလိရှဲရှေ့မှာ ရပ်နေ၏။ ၁၃ ဧလိရှဲက၊ သင်သည် ငါတို့အဖို့ ဤမျှလောက် လုပ်​ကျွေးပြုစုသည်အတွက်၊ သင့်အဖို့ အဘယ်သို့ပြုရမည်နည်း။ သင့်အဖို့ ရှင်ဘုရင်ထံ၊ ဗိုလ်ချုပ်မင်းထံ၌ ငါပြောရမည်လော၊ ဟုဂေဟာဇိ မေးမည်အကြောင်း စီရင်သော်၊ မိန်းမက၊ ​ကျွန်မသည် ကိုယ်အဆွေအမျိုးတို့တွင် နေပါဦးမည်၊ ဟုပြန်ပြော၏။ ၁၄ ဧလိရှဲကလည်း၊ ဤမိန်းမအဖို့ အဘယ်သို့ပြုစရာ ရှိသနည်း၊ ဟုမေးပြန်လျှင်၊ ဂေဟာဇိက၊ ဤမိန်းမ၌ သားသမီးမရှိပါ။ သူ့ခင်ပွန်းလည်း အိုလှပြီဟုဆိုသော်၊ ၁၅ တဖန်ခေါ်ဦးလော့၊ ဟုဆိုသည်အတိုင်း၊ မိန်းမသည် တံခါးဝမှာရပ်နေ၏။ ၁၆ ဧလိရှဲကလည်း၊ သင်သည် နောင်နှစ်အချိန် အရွယ်စေ့သောအခါ သားကို ဖက်ယမ်းရလိမ့်မည်၊ ဟုဆိုလျှင်၊ မိန်းမက အိုအရှင်၊ ဘုရားသခင်၏လူ၊ ကိုယ်တော်ကျွန်မကို မုသာမသုံးပါနှင့်၊ ဟုပြန်ပြော၏။ ၁၇ ထိုနောက် မိန်းမသည် ပဋိသန္ဓေယူ၍ ဧလိရှဲချိန်းချက်သော အရွယ်စေ့သောအခါ သားကို ဖွားမြင်လေ၏။


ရှုနင်မြို့သူ၏သား သေပြန်ရှင်
CROSS REFERENCES






၁၈ ထိုသားသည် နို့ကွာပြီးမှ၊ တနေ့သ၌ စပါးရိတ်သောသူတို့ရှိရာ မိမိအဘထံသို့ သွား၍၊ ၁၉ ငါသည်ခေါင်းနာ၏။ ခေါင်းနာ၏၊ ဟုအဘအားပြောဆိုလျှင်၊ အဘက၊ သူငယ်ကို အမိထံသို့ ယူသွား၊ ဟုလုလင်အားပြော၏။ ၂၀ လုလင်သည် အမိထံသို့ယူသွား၍၊ သူငယ်သည် အမိရင်ခွင်၌ ထိုင်၍ မွန်းတည့်အချိန် ရှိပြီးမှသေ၏။ ၂၁ အမိသည် မြို့ရိုးပေါ်သို့တက်၍ အလောင်းကို ဘုရားသခင့် လူ၏ခုတင်ပေါ်မှာ ထားပြီးလျှင်၊ တံခါးကိုပိတ်ခဲ့၍ သွားလေ၏။ ၂၂ ခင်ပွန်းကိုလည်း ခေါ်၍၊ ​ကျွန်ုပ်သည် ဘုရားသခင်၏ လူထံသို့ပြေး၍ တဖန်ပြန်လာဦးမည်။ လုလင်တစ်ယောက်နှင့် မြည်းတစ်စီးကို ထည့်လိုက်ပါ၊ ဟုဆိုလျှင်၊ ၂၃ ခင်ပွန်းက၊ အဘယ်ကြောင့် ယနေ့သွားချင်သနည်း။ လဆန်းနေ့မဟုတ်၊ ဥပုသ်နေ့ [C] လည်းမဟုတ်၊ ဟုဆိုသော်၊ မိန်းမက ကောင်းပါလိမ့်မည်၊ ဟုပြန်ပြော၏။ ၂၄ မြည်းကို ကုန်းနှီးတင်ပြီးမှ ကျွန်ကိုခေါ်၍ နှင်သွားလော့။ ငါမပြောလျှင် ငါ့ကြောင့် အသွားမနှေးစေနှင့်၊ ဟုကျွန်အား မှာထားသဖြင့်၊ ၂၅ ခရီးသွား၍ ဘုရားသခင်၏လူရှိရာ၊ ကရမေလ တောင်ပေါ်သို့ ရောက်သည်ကို ဘုရားသခင်၏လူသည် အဝေးကမြင်သောအခါ၊ မိမိ​ကျွန်ဂေဟာဇိကို ခေါ်၍၊ ရှုနင်မြို့သူ မိန်းမလာ၏။ ၂၆ သင်ပြေး၍ ခရီးဦးကြိုပြုပြီးလျှင်၊ ကိုယ်တိုင်မာ၏လော။ ခင်ပွန်းမာ၏လော။ သူငယ်မာ၏လော၊ ဟုစေလွှတ်၍မေးစေသော်၊ မိန်းမကမာပါ၏၊ ဟုဆို၏။ ၂၇ ဘုရားသခင်၏လူ ရှိရာတောင်ပေါ်သို့ ရောက်သောအခါ၊ သူ၏ခြေတို့ကို ဘက်လေ၏။ ဂေဟာဇိသည် ဆီးတားခြင်းငှာ ချဉ်းလာလျှင်။ ဘုရားသခင်၏လူက သူ့ကိုမဆီးတားနှင့်။ သူသည် စိတ်ညှိုးငယ်ခြင်းရှိ၏။ ထိုအကြောင်းကို ထာဝရဘုရားသည် ငါ့အားမပြ၊ ဝှက်ထားတော်မူပြီ၊ ဟုဆို၏။ ၂၈ မိန်းမကလည်း၊ ​ကျွန်မသည် ကျွန်မသခင်ထံမှာသား ဆုကိုတောင်းပါသလော။ ​ကျွန်မကို မုသာမသုံးပါနှင့်၊ ဟုလျှောက်ဆိုသည် မဟုတ်သလောဟုဆို၏။ ၂၉ ဧလိရှဲသည် ဂေဟာဇိကိုခေါ်၍ သင်၏ခါးကို စည်းလော့။ ငါ့တောင်ဝှေးကိုကိုင်၍ သွားလော့။ လမ်းမှာ သူတစ်ပါးကို တွေ့လျှင် နှုတ်မဆက်နှင့်။ သင့်ကို သူတစ်ပါး နှုတ်ဆက်လျှင်ပြန်၍ မပြောနှင့်။ ငါ့တောင်ဝှေးကို သူငယ်၏မျက်နှာပေါ်မှာ တင်လော့၊ ဟုမှာထားလေ၏။ ၃၀ အမိကလည်း၊ ထာဝရဘုရားအသက်၊ ကိုယ်တော် အသက်ရှင်တော်မူသည်အတိုင်း၊ ​ကျွန်မသည် ကိုယ်တော်နှင့်ကွာ၍ မသွားနိုင်ပါ၊ ဟုဆိုလျှင်၊ ဧလိရှဲသည်ထ၍ လိုက်လေ၏။ ၃၁ ဂေဟာဇိသည် အရင်သွား၍၊ တောင်ဝေးကို သူငယ်၏မျက်နှာပေါ်မှာ တင်သော်လည်း၊ သူငယ်သည် အသံမပြု အမှုမထား။ ထိုကြောင့် ဂေဟာဇိသည် ဧလိရှဲကို ခရီးဦးကြိုပြု၍၊ သူငယ်သည် မနိုးပါ၊ ဟုပြန်ပြော၏။ ၃၂ ဧလိရှဲသည် အိမ်သို့ ရောက်သောအခါ၊ သူငယ်သေလျက်၊ မိမိခုတင်ပေါ်မှာ တင်ထားလျက်ရှိသည်ကို တွေ့သဖြင့်၊ ၃၃ အထဲသို့ဝင်၍ နှစ်ယောက်တည်းရှိစေခြင်းငှာ တံခါးကိုပိတ်လျက် ထာဝရဘုရားကို ဆုတောင်းလေ၏။ ၃၄ သူငယ်၏ အနီးအပါးသို့ချဉ်း၍ သူတို့အပေါ်မှာ အိပ်လျက် နှုတ်ချင်း၊ မျက်စိချင်း၊ လက်ချင်းထပ်လျက်၊ သူငယ်အပေါ်မှာ ကိုယ်ကိုလှန်သဖြင့် သူငယ်အသားသည် နွေးစရှိ၏။ ၃၅ တဖန်ဆင်း၍ အခန်းထဲမှာစင်္ကြံသွားပြီးလျှင်၊ ချဉ်းပြန်၍ သူငယ်အပေါ်မှာ ကိုယ်ကိုလှန်သဖြင့်၊ သူငယ်သည် ခုနစ်ကြိမ်နှာချေ၍ မျက်စိကိုဖွင့်၏။ [D] ၃၆ ဧလိရှဲသည် ဂေဟာဇိကိုခေါ်၍၊ ရှုနင်မြို့သူမိန်းမကို ခေါ်လိုက်၊ ဟုဆိုသည်အတိုင်း သူသည် ရောက်လာသောအခါ၊ ဧလိရှဲက သင်၏သားကို ချီယူလော့၊ ဟုဆို၏။ ၃၇ မိန်းမသည် အထဲသို့ဝင်၍၊ မြေပေါ်မှာ ပြပ်ဝပ်ဦးချပြီးလျှင် သားကိုချီယူ၍ ထွက်သွား၏။


အိုးထဲမှအဆိပ်ပြေစေ

၃၈ တဖန်ဧလိရှဲသည် ဂိလဂါလသို့သွား၍ ထိုပြည်၌ အစာခေါင်းပါး၏။ ပရောဖက် အမျိုးသားတို့သည် ဧလိရှဲရှေ့မှာ ထိုင်ကြစဉ်၊ ပရောဖက် အမျိုးသားတို့အဖို့ ကြီးသော အိုးကင်းကိုပြင်၍ ဟင်းချက်လော့၊ ဟုမိမိ​ကျွန်အားဆို၏။ ၃၉ တစ်စုံတစ်ယောက်သောသူသည် ဟင်းသီးဟင်းရွက်ကို ဆွတ်ခြင်းငှါ လယ်ပြင်သို့သွား၍ တောနွယ်ပင်ကို တွေ့လျှင်၊ တော်ဘူးသီး ပိုက်နိုင်သမျှကို ဆွတ်ယူပြီးမှ၊ ၄၀ ထိုဘူးမျိုးကို မသိဘဲ ဟင်းအိုးထဲသို့ ခပ်လေ၏။ ဟင်းအိုးစားအံ့၊ ဟုလောင်းပြီးမှဝိုင်း၍ စားကြစဉ်တွင်၊ အိုဘုရားသခင်၏လူ၊ အိုးထဲ၌ သေဘေးရှိပါသည်၊ ဟုအော်ဟစ်၍ မစားနိုင်ဘဲနေကြ၏။ ၄၁ ဧလိရှဲကလည်း၊ မုန့်ညက်ကိုယူခဲ့ဟုဆို၍ အိုးထဲမှာခပ်ပြီးလျှင်၊ လူများစားစရာဖို့ လောင်းဦးလော့၊ ဟုဆိုပြန်သော်၊ အိုး၌လည်းဘေးမရှိ။


အစာပွား

၄၂ တဖန်ဗာလရှလိရှမြို့မှ လူတစ်ယောက်သည်လာ၍၊ အဦးသီးသော မုယောဆန်ဖြင့်လုပ်သော မုန့်လုံးနှစ်ဆယ်နှင့်အိတ်၌ ထည့်သော အသီးအနှံများကို ဘုရားသခင်၏လူ ထံသို့ဆောင်ခဲ့၏။ ဧလိရှဲကလည်း၊ ဤလူများကို ကျွေးလော့၊ ဟုဆိုလျှင်၊ ၄၃ ​ကျွန်ကအဘယ်သို့နည်း။ ​ကျွန်တော်သည် လူတစ်ရာကို ဤမျှနှင့် ကျွေးနိုင်ပါမည်လော၊ ဟုမေးလျှင်၊ ဧလိရှဲက ဤလူများကို ကျွေးလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသူတို့သည် ဝစွာစားကြသော်လည်း စားစရာကျန်ကြွင်းလိမ့်မည်၊ ဟုမိန့်တော်မူကြောင်းကို ပြောဆိုသော်၊ ၄၄ ​ကျွန်သည် လူများရှေ့မှာထည့်၍ ထာဝရဘုရား၏ စကားတော်နှင့်အညီ၊ ထိုသူတို့သည် ဝစွာစားကြ၍ စားစရာ ကျန်ကြွင်းလျက်ရှိ၏။

_________________________
Footnotes


(a) မြန်မာကျမ်းစာအုပ်၌ ရိုသေသောသူ ဟုရေးထားသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.