-
AA
+
🡀
|
🡂
၄ ဓမ္မရာဇဝင်
၂၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၄ ဓမ္မရာဇဝင်
အခန်းကြီး ၂၁


ဟေဇကိသား မနာရှေ နန်းထိုင်၍ ထာ၀ရဘုရားကိုစွန့်

မနာရှေသည် အသက် တစ်ဆယ့်နှစ်နှစ် ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်ငါးနှစ် စိုးစံလေ၏။ မယ်တော်ကား၊ ဟဇ္ဇိဘအမည်ရှိ၏။ ထိုမင်းသည် ဣသရေလ အမျိုးသားရှေ့မှာ ထာဝရဘုရား နှင်ထုတ်တော်မူသော တစ်ပါးအမျိုးသား ရွံရှာဘွယ် ထုံးစံအတိုင်း ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ ခမည်းတော် ဟေဇကိ ဖျက်ဆီးသော ကုန်းတို့ကို ပြုပြင်၍၊ ဣသရေလ ရှင်ဘုရင် အာဟပ်ပြုသကဲ့သို့ ဗာလအဖို့ ယဇ်ပလ္လင်တို့ကို တည်၏။ အာရှရပင်ကိုလည်း ပြုစု၏။ မိုးကောင်းကင် တန်ဆာများကိုလည်း ဝတ်ပြုကိုးကွယ်၏။ ယေရုရှလင်မြို့၌ ငါ့နာမကို ငါတည်စေမည်၊ ဟုထာဝရဘုရား မိန့်တော်မူသောမြို့၊ ဗိမာန်တော်၌ ယဇ်ပလ္လင်တည်းဟူသော၊ ဗိမာန်တော် တန်တိုင်းနှစ်ရပ်တွင် မိုးကောင်းကင် တန်ဆာများအဖို့ ယဇ်ပလ္လင်တို့ကို တည်၏။ မိမိသားကို မီးဖြင့် ပူဇော်၏။ ကာလဗေဒင်ကို ကြည့်တတ်၏။ ပြုစားသော အတတ်ကို သုံးဆောင်၍ စုန်းနှင့် နတ်ဝင်တို့ကိုလည်း အခွင့်ပေး၏။ ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ ရှေ့တော်၌ များစွာသော ဒုစရိုက်ကိုပြု၏။ ဤဗိမာန်၌၎င်း၊ ဣသရေလ ခရိုင်များတို့တွင် ငါရွေးကောက်သော ယေရုရှလင်မြို့၌၎င်း၊ ငါ့နာမကို အစဉ်အမြဲ ငါတည်စေမည်၊ ဟုထာဝရဘုရားသည် ဒါဝိဒ်နှင့် သားတော် ရှောလမုန်အား မိန့်တော်မူရာ၌၊ ရည်ဆောင်သော ဗိမာန်တော်ထဲမှာ မိမိပြုစုသော အာရှရပင်နှင့် တူအောင် လုပ်သော ရုပ်တုကို တင်ထား၏။ ငါမှာထားသမျှအတိုင်း ငါ့​ကျွန်မောရှေ မှာထားသမျှသော တရားအတိုင်း ဣသရေလ အမျိုးသားတို့သည် ကျင့်ခြင်းငှါ စောင့်ရှောက်လျှင်၊ သူတို့ ဘိုးဘေးတို့အား ငါပေးသော ပြည်မှသူတို့ကို နောက်တဖန် ငါမရွှေ့မပြောင်းစေ၊ ဟုမိန့်တော်မူသော်လည်း၊ သူတို့သည် နားမထောင်။ ဣသရေလ အမျိုးသားတို့ရှေ့မှာ ထာဝရဘုရား ဖျက်ဆီးတော်မူသော လူမျိုးတို့ ပြုသည်ထက်သာ၍ ဒုရိုက်ကို ပြုစေခြင်းငှါ မနာရှေသည် သွေးဆောင်လေ၏။


ထာ၀ရဘုရားက မနာရှေနှင့် ယေရုရှလင်မြို့ကို ဘေးရောက်စေမည်

၁၀ ထိုကြောင့် ထာဝရဘုရားသည် မိမိ​ကျွန် ပရောဖက်တို့ဖြင့် မိန့်တော်မူသည်ကား၊ ၁၁ ယုဒရှင်ဘုရင် မနာရှေသည် သူ့ရှေ့မှာ ဖြစ်ဘူးသော အာမောရိလူတို့ ပြုသမျှထက်သာ၍ ရွံရှာဘွယ်သော ဤဒုစရိုက်တို့ကို ပြုသောကြောင့်၎င်း၊ မိမိရုပ်တုဆင်းတုအားဖြင့် ယုဒအမျိုးကို ပြစ်မှားစေသောကြောင့်၎င်း၊ ၁၂ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သတင်းကြားသော သူတိုင်း နားနှစ်ဘက် ခါးစေခြင်းငှါ၊ ငါသည် ယေရုရှလင်မြို့ ယုဒပြည်၌ ဘေးရောက်စေမည်။ ၁၃ ယေရုရှလင်မြို့ အပေါ်မှာ ရှမာရိမျဉ်းကြိုးနှင့်၊ အာဟပ်အမျိုး၏ ချိန်ကြိုးကို ငါတန်းချမည်။ ပန်းကန်ကိုသုတ်၍ သုတ်ပြီးမှ မှောက်ထားသကဲ့သို့ ယေရုရှလင်မြို့ကို ငါပြုမည်။ ၁၄ ကျန်ကြွင်းသော ငါ့အမွေလူတို့ကို ငါစွန့်၍ ရန်သူလက်သို့ အပ်သဖြင့်၊ သူတို့သည် ရန်သူအပေါင်းတို့၏ လုယက် နှိပ်စက်ရာ ဖြစ်ကြလိမ့်မည်။ ၁၅ အကြောင်းမူကား ဘိုးဘေးတို့သည် အဲဂုတ္တုပြည်က ထွက်သောနေ့မှစ၍ ယနေ့တိုင်အောင်၊ အစဉ်အဆက်တို့သည် ငါ့ရှေ့မှာ ဒုစရိုက်ကိုပြု၍ ငါ့အမျက်ကို နှိုးဆော်ကြပြီ၊ ဟုမိန့်တော်မူ၏။


မနာရှေ သေဆုံး

၁၆ မနာရှေသည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ယုဒအမျိုးကို ပြစ်မှားစေသော အပြစ်မှတပါး အပြစ်မရှိသော သူအများတို့ကို သတ်၍၊ ယေရုရှလင်မြို့ တဘက်မှ တဘက်တိုင်အောင် သူတို့အသွေးနှင့် ပြည့်စေခြင်းငှါ ပြု၏။ ၁၇ မနာရှေပြုမူသော အမှုအရာ ကြွင်းလေသမျှတို့နှင့် ပြစ်မှားသော အပြစ်တို့သည်၊ ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၁၈ မနာရှေသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဩဇ ဥယျာဉ်တည်းဟူသော မိမိအိမ်နှင့် ဆိုင်သော ဥယျာဉ်၌ သင်္ဂြိုလ်ခြင်းကိုခံလေ၏။ သားတော် အာမုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။


အာမုန်သည် ဘုရားစွန့်၍ အသတ်ခံရ

၁၉ အာမုန်သည် အသက် နှစ်ဆယ့်နှစ်နှစ်ရှိသော် နန်းထိုင်၍၊ ယေရုရှလင်မြို့၌ နှစ်နှစ် စိုးစံလေ၏။ မယ်တော်ကား ယုပ္ဘါမြို့သူ ဟာရုပ်သမီး မေရှုလမက်အမည်ရှိ၏။ ၂၀ ထိုမင်းသည် ခမည်းတော် မနာရှေပြု သကဲ့သို့၊ ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကို ပြု၏။ ၂၁ ခမည်းတော် လိုက်သမျှသော လမ်းသို့လိုက်၏။ ခမည်းတော် ဝတ်ပြုသော ရုပ်တုဆင်းတုတို့ကို ဝတ်ပြုကိုးကွယ်၏။ ၂၂ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်၍၊ ထာဝရဘုရား၏ လမ်းတော်ကို လွှဲရှောင်၏။ ၂၃ မိမိ​ကျွန်တို့သည် သင်းဖွဲ့၍၊ ရှင်ဘုရင်ကို နန်းတော်၌ လုပ်ကြံကြ၏။ ၂၄ အာမုန်မင်းကြီး တဘက်၌ သင်းဖွဲ့သောသူ အပေါင်းတို့ကို၊ ပြည်သူ ပြည်သားတို့သည် ကွပ်မျက်၍၊ သားတော် ယောရှိကို ခမည်းတော်အရာ၌ နန်းတင်ကြ၏။ ၂၅ အာမုန်ပြုမူသော အမှုအရာ ကြွင်းလေသမျှတို့သည်၊ ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၂၆ ဩဇဥယျာဉ်တွင် မိမိသင်္ချိုင်းတွင်း၌ သင်္ဂြိုလ်ခြင်းကိုခံ၍၊ သားတော် ယောရှိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.