-
AA
+
🡀
|
🡂
၄ ဓမ္မရာဇဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၄ ဓမ္မရာဇဝင်
အခန်းကြီး ၂

ဧလိယကို လေဘွေအားဖြင့် ကောင်းကင်သို့ချီတော်မူ

ထာဝရဘုရားသည် ဧလိယကို လေဘွေအားဖြင့် ကောင်းကင်သို့ ချီတော်မူချိန် နီးသောအခါ၊ ဧလိယသည် ဧလိရှဲနှင့်အတူ ဂိလဂါလမြို့သို့ သွား၏။ ဧလိယကလည်း၊ ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူသည်၊ ဟုဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက ထာဝရဘုရား အသက်၊ ကိုယ်တော် အသက် ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့်​ ကျွန်ုပ်မကွာရပါ၊ ဟုပြန်ပြောလျက်၊ ထိုသူနှစ်ယောက်တို့သည် ဗေသလမြို့သို့ သွားကြ၏။ ထိုမြို့၌ ရှိသော ပရောဖက် အမျိုးသားတို့သည် ဧလိရှဲကို ခရီးဦးကြိုပြုအံ့သောငှာ ထွက်လာ၍၊ ထာဝရဘုရားသည် ကိုယ်တော် သခင်ကို ကိုယ်တော်ခေါင်းမှ ယနေ့နှုတ်သွားတော်မူမည်ကို သိတော်မူသလော၊ ဟုမေးလျှင်၊ ဟုတ်ကဲ့ငါသိ၏။ တိတ်ဆိတ်စွာ နေကြပါ၊ ဟုပြောဆို၏။ ဧလိယကလည်း အိုဧလိရှဲ ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကို ယေရိခေါမြို့သို စေလွှတ်တော်မူသည်ဟုဆိုလျှင် ဧလိရှဲက ထာဝရဘုရားအသက် ကိုယ်တော် အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် အ​ကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက် ထိုသူနှစ်ယောက်တို့သည် ယေရိခေါမြို့သို့ သွားကြ၏။ ထိုမြို့၌ ရှိသော ပရောဖက် အမျိုးသားတို့သည် ဧလိရှဲထံသို့လာ၍ ထာဝရဘုရား သည် ကိုယ်တော်သခင်ကို ကိုယ်တော်ခေါင်းမှ ယနေ့ နှုတ်သွားတော်မူမည်ကို သိတော်မူသလောဟု မေးလျှင် ဟုတ်ကဲ့ ငါသိ၏။ တိတ်ဆိတ်စွာ နေကြပါဟု ပြောဆို၏။ ဧလိယကလည်း ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကို ယော်ဒန်မြစ်သို့ စေလွှတ်တော်မူသည် ဟုဆိုလျှင် ဧလိရှဲက ထာဝရဘုရားအသက်၊ ကိုယ်တော်အသက် ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် အ​ကျွန်ုပ်မကွာရပါ၊ ဟုပြန်ပြောလျက်၊ ထိုသူနှစ်ယောက်တို့သည် အတူသွားကြ၏။ ပရောဖက်အမျိုးသား ငါးကျိပ်တို့သည် အဝေးက ကြည့်ရှုခြင်းငှါ သွား၍ ရပ်နေကြ၏။ ထိုနှစ်ယောက်တို့သည် ယော်ဒန်မြစ်နားမှာ ရပ်နေကြ၏။ ဧလိယသည် မိမိဝတ်လုံကိုယူ၍ လိပ်ပြီးမှ၊ ရေကိုရိုက်သဖြင့် ရေသည် တဘက်တချက်ကွဲ၍၊ ထိုသူနှစ်ယောက်တို့သည် မြေပေါ်မှာ လျှောက်သွားကြ၏။ မြစ်တဘက်သို့ ရောက်သောအခါ၊ ဧလိယက၊ သင်နှင့် ငါမကွာမှီ ငါ၌ တစုံတခုသောဆုကို တောင်းလော့၊ ဟုဧလရှဲအားဆိုလျှင်၊ ဧလိရှဲက ကိုယ်တော် ဝိညာဉ်နှစ်ဆသောအဘို့ကို အ​ကျွန်ုပ်ကိုယ်ပေါ်မှာ ရှိပါစေသော်၊ ဟုတောင်းသော်၊ ၁၀ ဧလိယက သင်သည် ရခဲသောဆုကို တောင်း၏။ သင်နှင့် ငါကွာသည်ကို မြင်လျှင်ရမည်။ သို့မဟုတ်မရ၊ ဟုပြောဆို၏။ ၁၁ ထိုသို့ နှုတ်ဆက်လျက် သွားကြစဉ်တွင်၊ မီးရထားနှင့် မီးမြင်းတို့သည် ပေါ်လာ၍၊ ထိုသူနှစ်ယောက်တို့ကို ခွဲခွာသဖြင့်၊ ဧလိယသည် လေဘွေအားဖြင့် ကောင်းကင်သို့ တက်လေ၏။ ၁၂ ဧလိရှဲသည် ကြည့်မြင်လျှင် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလ မြင်းပါတကား၊ ဟုဟစ်သော်လည်း၊ နောက်တဖန် ဧလိယကို မမြင်ရ။ မိမိအဝတ်ကိုကိုင်၍ နှစ်ပိုင်းဆုတ်လေ၏။ ၁၃ အောက်သို့ကျသော ဧလိယဝတ်လုံကို ကောက်၍ ပြန်လေ၏။ ယော်ဒန်မြစ်နားမှာ ရပ်၍၊ ၁၄ ရေကိုဝတ်လုံနှင့် ရိုက်လျက်၊ ဧလိယ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားသည် အဘယ်မှာ ရှိတော်မူသနည်းဟူ၍ တဖန်ရိုက်သောအခါ၊ ရေသည် တဘက်တချက်ကွဲသဖြင့် ဧလိရှဲသည် ကူးသွား၏။


ဧလိယကိုရှာကြ

၁၅ ယေရိခေါမြို့မှာ ကြည့်ရှုသော ပရောဖက် အမျိုးသားတို့သည် ဧလိရှဲကို မြင်လျှင်၊ ဧလိယ၏ ဝိညာဉ်သည် ဧလိရှဲအပေါ်မှာ ကျိန်းဝပ်သည်ဟုဆိုလျက် ခရီးဦးကြိုပြုအံ့သောငှါ သွား၍၊ သူ့ရှေ့၌ မြေပေါ်မှာ ပြပ်ဝပ်ကြ၏။ ၁၆ သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့၌ ခွန်အားကြီးသောသူ ငါးကျိပ်ရှိပါ၏။ သူတို့သည်သွား၍ ကိုယ်တော်၏ သခင်ကို ရှာမည်အ ကြောင်း၊ အခွင့်ပေးတော်မူပါ။ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူ့ကိုချီယူ၍ တစုံတခုသော တောင်ပေါ်၌ဖြစ်စေ၊ ချိုင့်ထဲသို့ဖြစ်စေ ချကောင်း ချတော်မူလိမ့်မည်၊ ဟုအခွင့်တောင်းလျှင်၊ မစေလွှတ်ကြနှင့် ဧလိရှဲသည် မြစ်တားသော်လည်း၊ ၁၇ သူတို့သည် ဧလိရှဲစိတ်အား လျော့သည်တိုင်အောင် အလွန်တောင်းပန်သောအခါ၊ စေလွှတ်ကြ၊ ဟုဆို၏။ သူတို့သည် လူငါးကျိပ်ကို စေလွှတ်သဖြင့် သုံးရက်ပတ်လုံးရှာ၍ မတွေ့နိုင်ကြ။ ၁၈ ဧလိရှဲသည် ယေရိခေါမြို့မှာ နေသေးသည်ဖြစ်၍ သူတို့သည် ပြန်လာသောအခါ၊ မသွားကြနှင့်၊ ဟုငါမြစ်တားသည် မဟုတ်လော၊ ဟုဆို၏။


ယေရိခေါမြို့ရေချိုစေ

၁၉ ထိုမြို့သားတို့က၊ ကိုယ်တော် မြင်တော်မူသည်အတိုင်း၊ ဤမြို့တည်ရာအရပ်သည် သာယာပါ၏။ သို့ရာတွင် ရေမကောင်း၊ မြေလည်း ကိုယ်ဝန်ပျက်စေ (a) တတ်ပါသည်၊ ဟုဧလိရှဲအား လျှောက်ကြလျှင်၊ ၂၀ ဧလိရှဲက၊ ဘူးသစ်တစ်လုံးကို ဆားထည့်၍ ယူခဲ့ကြလော့၊ ဟုဆိုသည်အတိုင်း ယူခဲ့ကြ၏။ ၂၁ ဧလိရှဲသည် စမ်းရေတွင်းသို့ သွား၍ ဆားကိုခပ်လျက်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤရေကို ငါချိုစေ၏။ နောက်တဖန် သေစေမည်အကြောင်း၊ ကိုယ်ဝန်ပျက် စေမည်အကြောင်းကို မပြုရ။ ၂၂ ဧလိရှဲဆင့်ဆိုသော အမိန့်တော်အတိုင်း ထိုရေသည် ယနေ့တိုင်အောင် ချိုလေ၏။


ဧလိရှဲကဲ့ရဲ့သူများသေ

၂၃ ထိုမြို့မှ ဗေသလမြို့သို့ပြန်၍ ခရီးသွားစဉ်တွင်၊ လုလင်တို့သည် မြို့ထဲက ထွက်၍၊ ဟေဦးပြည်း၊ တက်ဦးလော့။ ဟေဦးပြည်း၊ တက်ဦးလော့၊ ဟုကဲ့ရဲ့ကြ၏။ ၂၄ ဧလိရှဲသည် လှည့်ကြည့်ပြီးလျှင်၊ ထာဝရဘုရား၏ အခွင့်နှင့် ကျိန်ဆိုသဖြင့်၊ ဝံမနှစ်ကောင်တို့သည် တောထဲကထွက်၍ လုလင် လေးကျိပ်နှစ်ယောက်တို့ကို ကိုက်သတ်လေ၏။ ၂၅ ထိုမြို့မှ ကရမေလတောင်သို့၎င်း၊ ထိုတောင်မှ ရှမာရိမြို့သို့၎င်း အစဉ်အတိုင်းသွား၏။

_________________________
Footnotes



၁၉ (a) (အသီးမသီးနိုင်၊ မတိုးပွါးစေနိုင်)


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.