-
AA
+
🡀
|
🡂
၄ ဓမ္မရာဇဝင်
၁၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၄ ဓမ္မရာဇဝင်
အခန်းကြီး ၁၅



ဣသရေလရှင်ဘုရင် ယေရောဗောင် နန်းစံနှစ်ဆယ်ခုနစ်နှစ်တွင်၊ ယုဒရှင်ဘုရင် အာမဇိသား ဩဇိသည် အသက်တဆယ်​ခြောက်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်နှစ်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သူ ယေခေါရိအမည်ရှိ၏။ ထိုမင်းသည် ခမည်းတော် အာမဇိ ပြုသမျှအတိုင်း ထာဝရဘုရားရှေတော်၌ တရားသောအမှုကို ပြု၏။ သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ကြ၏။ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ ရှင်ဘုရင်သည် သေသည်တိုင်အောင် နူနာစွဲ၍ ခြားနားသောနန်း၌ နေရ၏။ သားတော် ယောသံသည် နန်းတော်ကိုအုပ်၍ နိုင်ငံတော်အမှုကို စီရင်ရ၏။ ဩဇိပြုမူသော အမှုအရာ ကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ ဩဇိသည် ဘိုးဘေးတို့နှင့် အိပ်ပျော၍ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုလ်ခြင်းကို ခံလေ၏။ သားတော် ယောသံသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

ယုဒရှင်ဘုရင် ဩဇိ နန်းစံသုံးဆယ်ရှစ်နှစ်တွင် ယေရောဗောင်သား ဇာခရိသည် ရှမာရိမြို့၌ မင်းပြု၍ ဣသရေလ နိုင်ငံကို စိုးစံ၏။ ထိုမင်းသည် ဘိုးဘေးပြုသည်အတိုင်း၊ ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲနေ၏။ ၁၀ ရာဖတ်သား ရှလ္လုံသည် ဇာခရိမင်းတဘက်၌ သင်းဖွဲ့၍ လူများရှေ့မှာ သေအောင် လုပ်ကြံပြီးလျှင် သူ၏အရာ၌ နန်းထိုင်၏။ ၁၁ ဇာခရိပြုမူသော အမှုအရာ ကြွင်းလေသမျှတို့သည် ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၁၂ ထိုသို့ ထာဝရဘုရားက သင်၏သား မြေးလေးဆက်တိုင်အောင် ဣသရေလ နိုင်ငံ ရာဇပလ္လင်ပေါ်မှာ ထိုင်ရမည်၊ ဟုယေဟုအား မိန့်တော်မူသော စကားတော် ပြည့်စုံသတည်း။ ၁၃ ယုဒရှင်ဘုရင် ဩဇိ နန်းစံသုံးဆယ်ကိုးနှစ်တွင် ရှလ္လုံသည် နန်းထိုင်၍၊ ရှမာရိမြို့၌ တလစိုးစံလေ၏။ ၁၄ ဂါဒိသား မေနဟင်သည် တိရဇမြို့မှ ရှမာရိမြို့သို့သွား၍ ယာဖတ်သား ရှလုံကို သေအောင် လုပ်ကြံပြီးလျှင်၊ သူ၏အရာ၌ နန်းထိုင်၏။ ၁၅ ရှလ္လုံပြုမူသောအမှုအရာ ကြွင်းလေသမျှတို့နှင့် သင်းဖွဲ့ခြင်းအရာသည် ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၁၆ ထိုအခါ မေနဟင်သည် တိဖသမြို့နှင့် မြို့သားများ တိရဇမြို့အလွန် တိဖသမြို့နယ်များတို့ကို လုပ်ကြံ၏။ မြို့တံခါးကို သူ့အားမဖွင့်သောကြောင့် လုပ်ကြံ၍ ကိုယ်ဝန် ဆောင်သော မိန်းမအပေါင်းတို့၏ ဝမ်းကို ခွဲလေ၏။

၁၇ ယုဒရှင်ဘုရင် ဩဇိ နန်းစံသုံးဆယ်ကိုးနှစ်တွင်၊ ဂါဒိသား မေနဟင်သည် နန်းထိုင်၍၊ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို ဆယ်နှစ် စိုးစံလေ၏။ ၁၈ ထိုမင်းသည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလ အမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မစွန့်လွှတ်ဘဲ နေ၏၊ ၁၉ အာရှုရိ ရှင်ဘုရင်ပုလသည် ဣသရေလ ပြည်ကို တိုက်လာ၏။ မေနဟင်သည် မိမိအာဏာ တည်စေမည်အကြောင်း၊ ပုလမင်း မစစေခြင်းငှါ၊ ငွေအခွက် တသောင်းကို ဆက်ရမည်။ ၂၀ အာရှုရိ ရှင်ဘုရင် အားဆက်စရာဘို့မေနဟင်သည် ဣသရေလအမျိုး၌ ငွေခွဲ၍၊ ရတတ်သော သူတိုင်း အကျပ် ငါးဆယ်စီပေးရ၏။ ထိုကြောင့် အာရှုရိရှင်ဘုရင်သည် မနေ၊ မိမိပြည်သို့ ပြန်သွား၏။ ၂၁ မေနဟင်ပြုမူသော အမှုအရာ ကြွင်းလေသမျှတို့သည် ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၂၂ မေနဟင်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍ သားတော် ပေကဟိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

၂၃ ယဒရှင်ဘုရင် ဩဇိ နန်းစံငါးဆယ်တွင်၊ မေနဟင်သား ပေကဟိသည် နန်းထိုင်၍ ရှမာရိမြို့၌ ဣသရေလ နိုင်ငံကို နှစ်နှစ်စိုးစံလေ၏။ ၂၄ ထိုမင်းသည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ဣသရေလ အမျိုးကို ပြစ်မှာစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲ နေ၏။ ၂၅ အမှုတော်ထမ်းတပ်မှူး၊ ရေမလိသား ပေကာသည် ပေကဟိတဘက်၌ သင်းဖွဲ့၍၊ အာဂေါဘနှင့် အရေဟ အစရှိသော ဂိလဒ်ပြည်သား ငါးကျိပ်ပါလျက်၊ ရှမာရိမြို့၌ နန်းတော်ထဲမှာ သေအောက် လုပ်ကြံ၍ သူ၏အရာ၌ နန်းထိုင်၏။ ၂၆ ပေကဟိပြုမူသော အမှုအရာ ကြွင်းလေသမျှတို့သည် ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။

၂၇ ယုဒရှင်ဘုရင် ဩဇိ နန်းစံ ငါးဆယ်နှစ်နှစ်တွင်၊ ရေမလိသား ပေကာသည် နန်းထိုင်၍ ရှမာရိမြို့၌ ဣသရေလ နိုင်ငံကို အနှစ်နှစ်ဆယ် စိုးစံလေ၏။ ၂၀ ထိုမင်းသည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလ အမျိုးကိုပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲ နေ၏။ ၂၉ ဣသရေလ ရှင်ဘုရင် ပေကာလက်ထက်၊ အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာသည် လာ၍ ဣယုန်မြို့၊ အဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့နှင့် တကဂိလဒ်ပြည်၊ ဂါလိလဲပြည်၊ နဿလိ ပြည်သားအပေါင်းတို့ကို လုပ်ကြံ၍ အာရှုရိပြည်သို့ သိမ်းသွား၏။ ၃၀ ဩဇိသား ယောသံနန်း စံနှစ်ဆယ်တွင် ဧလာသား ဟောရှေသည် ရေမလိသား ပေကာမင်းတဘက်၌ သင်းဖွဲ့၍ သေအောင်လုပ်ကြံပြီးမှ သူ၏အရာ၌ နန်းထိုင်၏။ ၃၁ ပေကာပြုမူသော အမှုအရာ ကြွင်းလေသမျှတို့သည် ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၃၂ ဣသရေလ ရှင်ဘုရင် ရေမလိသား ပေကာနန်းစံနှစ်နှစ်တွင်၊ ယုဒရှင်ဘုရင် ဩဇိသား ယောသံသည် အသက် နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍၊ ၃၃ ယေရုရှလင်မြို့၌ ဣသရေလ နိုင်ငံကို တဆယ်​ခြောက်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ ဇာဒုတ်သမီး ယေရုရှာ အမည်ရှိ၏။ ၃၄ ထိုမင်းသည် ခမည်းတော် ဩဇိကျင့်သမျှအတိုင်း၊ ထာဝရဘုရား ရှေ့တော်၌ တရားသောအမှုကို ပြု၏။ ၃၅ သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍၊ နံ့သာပေါင်းကို မီးရှို့ကြ၏။ ထိုမင်းသည် ဗိမာန်တော် အထက်တံခါးကို လုပ်လေ၏။ ၃၆ ယောသံပြုမူသော အမှုအရာ ကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၃၇ ထိုကာလတွင် ထာဝရဘုရားသည် ရှုရိရှင်ဘုရင် ရေဇိန်နှင့် ရေမလိသား ပေကာကို ယုဒပြည်သို့ စေလွှတ်တော်မူ၏။ ၃၈ ယောသံသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့နှင့်အတူ အဘဒါဝိဒ်မြို့၌ သင်္ဂြိုလ်ခြင်းကို ခံလေ၏။ သားတော် အာခတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.