-
AA
+
🡀
|
🡂
၄ ဓမ္မရာဇဝင်
၁၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၄ ဓမ္မရာဇဝင်
အခန်းကြီး ၁၄


ယုဒရှင်ဘုရင် အာမဇိနန်းတက်

ဣသရေလ ရှင်ဘုရင် ယောခပ်သား ယဟောရှ နန်းစံနှစ်နှစ်တွင်၊ ယုဒရှင်ဘုရင် ယောရှသား အာမဇိသည် အသက်နှစ်ဆယ်ငါးနှစ် ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ်စိုးစံ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သူ ယုဒ္ဒန်အမည်ရှိ၏။ ထိုမင်းသည် ထာဝရဘုရား ရှေ့တော်၌ တရားသောအမှုကို ပြုသော်လည်း၊ အဘဒါဝိဒ်၏ အကျင့်ကိုမမှီ၊ ခမည်းတော် ယောရှပြုသမျှ အတိုင်းပြု၏။ သို့ရာတွင် မြင့်သော အရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်၌ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ကြ၏။ အာမဇိသည် မင်းအာဏာ တည်သောအခါ၊ ခမည်းတော် မင်းကြီးကို သတ်သော ​ကျွန်တို့ကို သတ်လေ၏။ သားအတွက် အဘသည် အသေမခံရ။ အဘအတွက် သားသည် အသေမခံရ။ လူတိုင်း မိမိအပြစ်ကြောင့် အသေခံရ၏၊ ဟုမောရှေ ပညတ္တိကျမ်းစာ၌ ရေးထားလျက်ရှိသော ထာဝရဘုရား၏ ပညတ်တော်တို့ကို စောင့်ရှောက်၍၊ ခမည်းတော်ကို သတ်သောသူတို့၏ သားများကို မသတ်ဘဲ နေ၏။


အာမဇိမင်းသည် ဧဒုံအမျိုးကိုနိုင်၍ ဣသရေလကို စိတ်ခေါ်

အာမဇိမင်းသည် ဧဒုံအမျိုးသား တသောင်းကို ဆားချိုင့်၌ သတ်၍ သေလမြို့ကို တိုက်သဖြင့်၊ ယနေ့တိုင်အောင် ယု​ဿေလဟူ၍ သမုတ်လေ၏။ ထိုအခါ ဣသရေလ ရှင်ဘုရင် ယေဟုသား ယောခတ်၏သား ယဟောရှထံသို့ သံတမန်ကို စေလွှတ်၍၊ ငါတို့ သည်မျက်နှာချင်းဆိုင်မိကြကုန်အံ့ဟုမှာလိုက်လျှင်၊ ဣသရေလ ရှင်ဘုရင် ယဟောရှက၊ လေဗနုန်ဆူးပင်သည် လေဗနုန် အာရဇ်ပင်ထံသို့ စေလွှတ်၍ သင့်သမီးကို ငါ့သားနှင့်ပေးစားပါ၊ ဟုဆိုစဉ်တွင်၊ လေဗနုန်သား ရဲတကောင်သည် လျှောက်သွား၍ ဆူးပင်ကို နင်းမိ၏။ ၁၀ သင်သည် ဧဒုံပြည်ကို လုပ်ကြံသောကြောင့် စိတ်မြင့်လှ၏။ ကိုယ်နေရာ၌ တပ်တိုင်း ဝါကြွားလျက် နေလော့။ သင့်ကိုယ်တိုင်နှင့် ယုဒပြည်သည် ဘေးရောက်၍ ဆုံးရှုံးစေခြင်းငှါ အဘယ်ကြောင့် အမှုရှာသနည်း၊ ဟုယုဒရှင်ဘုရင် အာမဇိကိုပြန်၍ မှာလိုက်လေ၏။ ၁၁ ထိုစကားကို အာမဇိသည် နားမထောင်သောကြောင့် ဣသရေလ ရှင်ဘုရင်သည် စစ်ချီ၍ ရှင်ဘုရင်နှစ်ပါးတို့သည် ယုဒပြည် ဗက်ရှေမက်မြို့၌ မျက်နှာချင်း ဆိုင်မိကြသဖြင့်၊ ၁၂ ဣသရေလ အမျိုးသားရှေ့မှာ ယုဒအမျိုးသား ရှုံး၍ အသီးအသီး တို့သည် မိမိတို့နေရာသို့ ပြေးကြ၏။ ၁၃ ဣသရေလ ရှင်ဘုရင် ယဟောရှသည် ယုဒရှင်ဘုရင် အာခဇိသားဖြစ်သော ယောရှ၏သား အာမဇိကို ဗက်ရှေမက်မြို့မှာ ဖမ်းမိ၍၊ ယေရုရှလင်မြို့သို့ သွားပြီးလျှင်၊ ယေရုရှလင်မြို့ ရိုးအတောင်လေးရာကို ဧဖရိမ်တံခါးမှသည် ထောင့်တံခါးတိုင်အောင် ဖြိုဖျက်လေ၏။ ၁၄ ဗိမာန်တော်၌၎င်း၊ နန်းတော် ဘဏ္ဍာတိုက်၌၎င်း၊ ရှိသမျှသော ရွှေငွေမှစ၍ တန်ဆာအလုံးစုံနှင့် အာမခံသောသူ အချို့တို့ကို ယူပြီးမှ ရှမာရိမြို့သို့ ပြန်သွား၏။ ၁၅ ယဟောရှ ပြုမူသော အမှုအရာ ကြွင်းလေသမျှ၊ တန်ခိုးကြီးခြင်း၊ ယုဒရှင်ဘုရင် အာမဇိကို စစ်တိုက်ခြင်း အရာသည် ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၁၆ ယဟောရှသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဣသရေလ ရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့၌ သင်္ဂြိုလ်ခြင်းကို ခံလေ၏။ သားတော် ယေရောဗောင်သည် ခမည်းတော်အရာ၌ နန်းခံ၏။


ယုဒရှင်ဘုရင် အာမဇိကိုသတ်၍ သာဩဇိနန်းထိုင်

၁၇ ဣသရေလ ရှင်ဘုရင် ယောခပ်သား ယဟောရှ သေသည်နောက်၊ ယုဒရှင်ဘုရင် ယောရှသား အာမဇိသည် တဆယ်ငါးနှစ် အသက်ရှင်သေး၏။ ၁၈ အာမဇိပြုမူသော အမှုအရာ ကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၁၉ ထိုမင်းတဘက် ယေရုရှလင်မြို့၌ သင်းဖွဲ့ကြ၍၊ သူသည် လာခိရှမြို့သို့ ပြေးသည်တွင်၊ ထိုမြို့သို့စေလွှတ်၍ သတ်စေပြီးမှ၊ ၂၀ မြင်းပေါ်၌ တင်လျက် ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုလ်ကြ၏။ ၂၁ ယုဒပြည်သူ ပြည်သားအပေါင်း တို့သည် အသက်တဆယ်​ခြောက်နှစ်ရှိသော သားတော် ဩဇိကိုယူ၍ ခမည်းတော် အာမဇိအရာ၌ နန်းတင်ကြ၏။ ၂၂ ထိုမင်းသည် ခမည်းတော် သေသည်နောက်၊ ဧလတ်မြို့ကို ပြုစု၍ ယုဒနိုင်ငံသို့ သွင်းပြန်၏။

၂၃ ယုဒရှင်ဘုရင် ယောရှသား အာမဇိ နန်းဆယ်ငါးနှစ်တွင်၊ ဣသရေလ ရှင်ဘုရင် ယဟောရှသား ယေရောဗောင်သည် ရှမာရိမြို့၌ မင်းပြု၍ လေးဆယ်တနှစ်စိုးစံ၏။ ၂၄ ထိုမင်းသည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလ အမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုရိုက်အပြစ်ကို မစွန့်ဘဲနေ၏။ ၂၅ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် မိမိ​ကျွန်ဂါသေဖာမြို့နေ၊ အမိတ္တဲ၏သား ပရောဖက် ယောနအားဖြင့် မိန့်တော်မူသော စကားတော်အတိုင်း၊ ထိုမင်းသည် ဣသရေလနိုင်ငံကို ဟာမက်မြို့ဝင်ဝမှသည် ချိုင့်ပင်လယ်တိုင်အောင် ရန်သူလက်မှနှုတ်၍ ပြုစုလေ၏။ ၂၆ အကြောင်းမူကား၊ ဣသရေလ အမျိုးခံရသော ညှဉ်းဆဲခြင်း အလွန်လေးလံသည်ကို၎င်း၊ မြို့၌အချုပ်ခံရသောသူ ဖြစ်စေ၊ အလွတ်ပြေးသောသူ ဖြစ်စေ၊ ဣသရေလအမျိုး၌ မစနိုင်သောသူ မရှိသည်ကို၎င်း၊ ၂၇ ထာဝရဘုရားသည် မြင်လျှင်၊ ဣသရေလ အမျိုး၏ နာမကို မိုးကောင်းကင် အောက်၌ မပျောက်စေမည် အကြောင်းကြံတော်မူ၍၊ ယဟောရှသား ယေရောဗောင်အားဖြင့် ကယ်တော်မူ၏။ ၂၈ ယေရောဗောင် ပြုမူသော အမှုအရာ ကြွင်းလေသမျှတို့နှင့် တန်ခိုးကြီးခြင်း၊ စစ်တိုက်ခြင်း၊ အထက်က ယုဒနိုင်ငံအဝင်ဖြစ်သော ဒမာသက်မြို့နှင့် ဟာမတ်မြို့ကို ဣသရေလ အမျိုးအဘို့ ရန်သူလက်မှ နှုတ်ယူခြင်း အရာတို့သည် ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၂၉ ယေရောဗောင်သည် ဘိုးတော်ဘေးတော် ဣသရေလ ရှင်ဘုရင်တို့နှင့် အိပ်ပျော်၍ သားတော်ဇာခရိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.