-
AA
+
🡀
|
🡂
၄ ဓမ္မရာဇဝင်
၁၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၄ ဓမ္မရာဇဝင်
အခန်းကြီး ၁၀


ယေဟုက အာဟတ်၏သား ခုနစ်ကျိပ်နှင့် မျိုးအားလုံးသတ်

အာဟတ်၏သား ခုနစ်ကျိပ်တို့သည် ရှမာရိမြို့၌ ရှိသည်ဖြစ်၍၊ ယေဟုသည် ယေဇရေလမြို့အုပ်များ၊ အသက်ကြီးသူများ၊ အာဟပ်သားတို့ကို လုပ်​ကျွေးသောသူ များရှိရာ၊ ရှမာရိမြို့သို့ စာရေး၍ ပေးလိုက်လေ၏။ မှာလိုက်သော စာချက်ဟူမူကား၊ သင်တို့၌ သင်တို့သခင်၏ သားများ၊ စစ်သူရဲများ၊ မြင်းစီးသူရဲများ၊ ခိုင်ခံ့သောမြို့၊ လက်နက်စုံရှိသည်ဖြစ်၍၊ ဤစာ ရောက်သောအခါ၊ သင်တို့သခင်၏သားတို့တွင် သာ၍ ကောင်းမြတ် တော်သင့်သောသူကို ရွေးကောက်၍ ခမည်းတော်၏ ရာဇပလ္လင်ပေါ်မှာ တင်ပြီးလျှင်၊ သခင်အမျိုးအဘို့ စစ်တိုက်ကြလော့၊ ဟုမှာလိုက်သတည်း။ ထိုသူတို့က၊ ရှင်ဘုရင်နှစ်ပါးတို့သည် သူ့ရှေ့မှာ မခံမရပ်နိုင်သည်ဖြစ်၍၊ ငါတို့သည် အဘယ်သို့ ခံရပ်နိုင်မည်နည်း၊ ဟုအလွန်ကြောက်လျက် ဆိုကြ၏။ နန်းတော်အုပ်၊ မြို့အုပ်၊ အသက်ကြီးသူ၊ အာဟတ်သားတို့ကို လုပ်​ကျွေးသောသူ တို့ကလည်း၊ ​ကျွန်တော်တို့သည် ကိုယ်တော်ကျွန် ဖြစ်ပါ၏။ မိန့်တော်မူသည်အတိုင်း ပြုပါမည်။ ​ကျွန်တော်တို့သည် ရှင်ဘုရင်ကို မချီးမြှောက်ပါ။ အလိုတော် ရှိသည်အတိုင်း ပြုတော်မူပါ၊ ဟုယေဟုထံသို့ ပြန်စာကို ပေးလိုက်ကြ၏။ ယေဟုကလည်း၊ သင်တို့သည် ငါ၏လူဖြစ်၍ ငါ့စကားကို နားထောင်လျှင်၊ သင်တို့သခင့် သားတို့၏ဦးခေါင်းများကိုယူ၍ ယေဇရေလမြို့၊ ငါရှိရာသို့ နက်ဖြန်နေ့ ယခုအချိန်၌ လာကြလော့၊ ဟုတဖန်စာပေးလိုက်လေ၏။ ရှင်ဘုရင်၏ သားတော်အပေါင်း ခုနစ်ကျိပ်ရှိသည် ဖြစ်၍၊ လုပ်​ကျွေးသော မြို့သားအကြီးအကဲတို့၌ ရှိကြ၏။ ထိုစာရောက်သော အခါ၊ ရှင်ဘုရင်၏သားတော် ခုနစ်ကျိပ်တို့ကိုယူ၍ သတ်သဖြင့်၊ ဦးခေါင်းများကို တောင်းတို့၌ ထည့်ပြီးလျှင်၊ ယေဇရေလမြို့၊ ယေဟုထံသို့ ပေးလိုက်လေ၏။ လုလင် တယောက်သည်လာ၍ ရှင်ဘုရင်သားတို့၏ ဦးခေါင်းများကို ဆောင်ခဲ့ပါပြီ၊ ဟုလျှောက်လျှင်၊ ယေဟုက၊ မြို့တံခါးဝမှာ နံနက်တိုင်အောင် နှစ်စုပုံထားတော့၊ ဟုဆို၏။ နံနက်ရောက်မှ ယေဟုသည်ထွက်၍ ရပ်လျက်လူများတို့ အား၊ အို​ဖြောင့်မတ်သောလူတို့၊ ငါသည် ငါ့သခင်တဘက်၌ သင်းဖွဲ့၍ သတ်လေပြီ။ ဤသူအပေါင်းတို့ကို ကားအဘယ် သူသတ်သနည်း။ ၁၀ ထာဝရဘုရားသည် အာဟတ်အမျိုး၌ မိန့်တော်မူသော စကားတော်တခွန်းမျှ မြေသို့မကျရသည်ကို သင်တို့ သိမှတ်ကြလော့။ ထာဝရဘုရားသည် မိမိ​ကျွန် ဧလိယအားဖြင့် မိန့်တော်မူသည်အတိုင်း ပြုတော်မူမည်၊ ဟုဆိုသဖြင့်၊ ၁၁ ယေဇရေလမြို့၌ ကျန်ကြွင်းသော အာဟတ်အမျိုးသား အပေါင်းတို့နှင့် သူ၏ လူကြီးပေါက်ဖေါ်၊ ယဇ်ပုရောဟိတ် အပေါင်းတို့ကို တယောက်မျှမကျန်စေဘဲ သတ်လေ၏။


ယုဒရှင်ဘုရင်အာခဇိအမျိုးအားလုံးအသတ်ခံရ

၁၂ နောက်မှထ၍ ရှမာရိမြို့သို့ သွား၏။ လမ်းနားမှာရှိသော သိုးမွေးညှပ်စရာစရပ်သို့ ရောက်သောအခါ၊ ၁၃ ယုဒရှင် ဘုရင် အာခဇိ၏ ပေါက်ဖေါ်တို့ကို တွေ့လျှင်၊ သင်တို့သည် အဘယ်သူနည်း၊ ဟုမေးသော်၊ ငါတို့သည် အာခဇိမင်း၏ ဆွေတော်မျိုးတော်ဖြစ်၏။ ရှင်ဘုရင်၏ သားတော်နှင့် မိဖုရား၏ သားတော်တို့ကို နှုတ်ဆက်အံ့သောငှါ သွားသည်၊ ဟုဆိုကြ၏။ ၁၄ ယေဟုကလည်း၊ အရှင်ဖမ်းကြ၊ ဟုစီရင်သည်အတိုင်း၊ အရှင်ဖမ်း၍ သိုးမွေးစရပ်တွင်းနားမှာ လေးကျိပ်နှစ်ယောက်တို့ကို တယောက်မျှ မကျန်စေဘဲ သတ်ကြ၏။


ရေခပ်သား ယောနဒပ်ကို ယေဟုလက်ခံ [A]

၁၅ ထိုစရပ်မှ ထွက်သောအခါ ခရီးဦးကြိုပြုအံ့၊ ဟုလာသော ရေခပ်သား ယောနဒပ်ကိုတွေ့၍ နှုတ်ဆက်သဖြင့်၊ ငါ့စိတ်နှလုံးသည် သင့်စိတ်နှလုံးနှင့် သင့်၍ သဘောဖြောင့်သကဲ့သို့ သင့်စိတ်နှလုံးသည် သဘောဖြောင့် သလော၊ ဟုမေးလျှင်၊ ​ဖြောင့်ပါသည်၊ ဟုလျှောက်ဆိုသော်။ ထိုသို့မှန်လျှင် သင့်လက်ကို ပေးပါ၊ ဟုဆိုသည်အတိုင်း လက်ကိုပေး၍ ယေဟုသည် မိမိအနားသို့ ရထားပေါ်မှာ ဆွဲတင်လျက်၊ ၁၆ ငါနှင့်အတူလိုက်၍ ထာဝရဘုရား ဘက်၌ ငါ့စိတ်အားကြီး ကြောင်းကို ကြည့်ရှုလော့၊ ဟုဆိုသဖြင့် မိမိရထားကို စီးစေ၏။ ၁၇ ရှမာရိမြို့သို့ ရောက်သောအခါ၊ ထာဝရဘုရားသည် ဧလိယအား မိန့်တော်မူသော စကားတော်အတိုင်း၊ အာဟပ်အမျိုး အကုန်အစင် ပျက်စီးသည် တိုင်အောင် ထိုမြို့၌ ကျန်ကြွင်းသမျှတို့ကို သတ်လေ၏။


ယေဟုက ဗာလပရောဖက်အားလုံးသတ်

၁၈ တဖန်ယေဟုသည် လူအပေါင်းတို့ကို စုဝေးစေ၍၊ အာဟပ်သည် ဗာလဘုရားကို အနည်းငယ် သာဝတ်ပြု၏။ ငါယေဟုမူ ကားများစွာပြုမည်။ ၁၉ သို့ဖြစ်၍ ဗာလဘုရား၏ ပရောဖက်များ၊ အမှုစောင့်များ၊ ယဇ်ပုရောဟိတ်များ အပေါင်းတို့ကို ခေါ်ကြ။ တယောက်မျှ မကြွင်းစေနှင့်။ ငါသည် ဗာလဘုရားအား ယဇ်ကြီးကို ပူဇော်မည်။ ကြွင်းသောသူမည်သည်ကား အသက်မရှင်ရ ဟုဆို၏။ ထိုသို့ဆိုသော်၊ ဗာလကို ကိုးကွယ်သောသူတို့ကို ဖျက်ဆီးမည်အကြံနှင့် ပရိယာယ်ပြု၍ ဆို၏။ ၂၀ ဗာလဘုရားအဘို့ ဓမ္မပွဲကို ပြင်ဆင်ကြ၊ ဟုတဖန်စီရင်သည်အတိုင်း ဓမ္မပွဲကို စောင့်ရမည်၊ ဟုကြော်ငြာကြ၏။ ၂၁ ဣသရေလ ပြည်တရှောက်လုံးသို့ စေလွှတ်၍၊ ဗာလတပည့်ရှိသမျှတို့သည် တယောက်မျှ မကြွင်းလာကြ၏။ ဗာလကျောင်းထဲသို့ ဝင်ကြသဖြင့် တကျောင်းလုံး ပြည့်လျက်ရှိ၏။ ၂၂ ယေဟုသည် အဝတ်တန်ဆာ တိုက်စိုးကိုခေါ်၍၊ ဗာလဘုရား တပည့်တို့အဘို့ အဝတ်တန်ဆာကို ထုတ်ကြ၊ ဟုဆိုသည်အတိုင်း ထုတ်လေ၏။ ၂၃ တဖန် ရေခပ်သား ယောနဒပ်နှင့်အတူ ဗာလကျောင်းထဲသို့ဝင်၍၊ သင်တို့သည် ထာဝရဘုရား တပည့်တယောက်မျှမပါ၊ ဗာလဘုရား တပည့်သက်သက် ရှိစေမည်အကြောင်း ကြည့်ရှုစစ်ကြောကြလော့၊ ဟုဗာလတပည့်တို့အား ဆို၏။ ၂၄ မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးကို ပူဇော်ခြင်းငှါ အထဲသို့ဝင်သောအခါ၊ ယေဟုသည် ကျောင်းပြင်၌ လူရှစ်ကျိပ်ကို ထား၍၊ သင်တို့လက်သို့ ငါဆောင်ခဲ့သော ဤသူ တစုံတယောက်မျှ လွတ်လျှင်၊ လွတ်စေသောသူသည် အသက်သေရမည်၊ ဟုစီရင်၍၊ ၂၅ မီးရှို့ရာယဇ်ကို ပူဇော်မှုပြီးသောအခါ၊ ယေဟုကဝင်၍ သတ်ကြလော့။ တယောက်ကိုမျှ မထွက်စေနှင့်၊ ဟုတပ်သားနှင့် တပ်မှူးတို့အား ဆိုသည်အတိုင်း၊ တပ်သားနှင့် တပ်မှူးတို့သည် ထားနှင့်လုပ်ကြံ၍ အသေကောင်များကို ထုတ်ပစ်ပြီးမှ၊ ၂၆ ဗာလကျောင်းနှင့် ဆိုင်သော မြို့သို့သွား၍ ဗာလကျောင်းထဲက ရုပ်တုများကိုထုတ်ပြီးလျှင် မီးရှို့ကြ၏။ ၂၇ ဗာလဆင်းတုကို၎င်း၊ ကျောင်းကို၎င်း ဖြိုဖျက်၍ ယနေ့တိုင်အောင် ကိုယ်သုတ်သင်ရာ အိမ်ဖြစ်၏။ ၂၈ ထိုသို့ယေဟုသည် ဗာလကို ဣသရေလပြည်မှ ပယ်ရှားဖျက်ဆီးလေ၏။


ယေဟုယေရောဗောင်၏ ရွှေနွားသငယ်ကိုမစွန့်

၂၉ သို့ရာတွင် ဣသရေလ အမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်တည်းဟူသော ဗေသလမြို့နှင့် ဒန်မြို့မှာရှိသော ရွှေနွားသငယ်တို့ကို မစွန့်။ ၃၀ ထာဝရဘုရားကလည်း၊ သင်သည် ငါ့ရှေ့မှာ ဖြောင့်မတ်သော အကျင့်ကိုကျင့်၍ ကောင်းမွန်စွာ ပြုသောကြောင့်၎င်း၊ ငါအလိုရှိသမျှအတိုင်း အာဟတ်အမျိုး၌ စီရင်သောကြောင့်၎င်း၊ သင့်သား မြေးလေးဆက်တိုင်အောင် ဣသရေလ နိုင်ငံရာဇပလ္လင်ပေါ်မှာ ထိုင်ရမည်၊ ဟုယေဟုအား မိန့်တော်မူသော်လည်း၊ ၃၁ ယေဟုသည် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား တရားတော်လမ်းသို့ စိတ်နှလုံးအကြွင်းမဲ့ လိုက်ခြင်းငှါ သတိမပြု၊ ဣသရေလ အမျိုးကို ပြစ်မှားစေသော ယေရောဗောင်၏ ဒုစရိုက်တို့ကိုမစွန့်။


ထာဝရဘုရားသည် ဣသရေလ ပြည်စွန်းတို့ကိုဖျက်

၃၂ ထိုကာလတွင်၊ ထာဝရဘုရားသည် ဣသရေလ ပြည်စွန်းတို့ကို ဖျက်တော်မူ၏။ ၃၃ ဟာဇေလသည် ယော်ဒန်မြစ်အရှေ့ဘက်၊ ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုးနေရာ၊ အာနုန်မြစ်နား၌ ရှိသော အာရော်မြို့မှစ၍ ဂိလဒ်ပြည်၊ ဗာရှန်ပြည် တရှောက်လုံး အရပ်ရပ်တို့ကို လုပ်ကြံလေ၏။


ယေဟု၏နိဂုံး

၃၄ ယေ၊ ဟုပြုမူသောအမှုအရာ ကြွင်းလေသမျှတို့နှင့် တန်ခိုးကြီးခြင်းအရာသည်၊ ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၃၅ ယေဟုသည် ရှမာရိမြို့၌ မင်းပြု၍၊ ဣသရေလ နိုင်ငံကို နှစ်ဆယ်ရှစ်နှစ် စိုးစံပြီးမှ ဘိုးဘတို့နှင့် အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုလ်ခြင်းကို ခံလေ၏။ ၃၆ သားတော် ယောခတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.