၄ သင်၏သားမြေးတို့သည် စိတ်နှလုံးအကြွင်းမဲ့ ငါရှေ့မှာ သမ္မာတရား ၌ ကျင်လည်ခြင်းငှာ မိမိတို့ သွားရာလမ်းကို သတိပြုလျှင် ဣသရေလနိုင်ငံ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင်၏အမျိုး မင်းရိုး မပြတ်ရာဟု မိန့်တော်မူသော စကားတော်တည်၍ သင်သည် ပြုလေရာရာ သွားလေရာရာ၌ အောင်မြင်မည်အကြောင်း သင်၏ ဘုရားသခင် ထာဝရဘုရား၏ လမ်းတော်သို့လိုက်၍ မောရှေ၏ ပညတ္တိကျမ်း၌ ပါသော စီရင်ထုံးဖွဲ့ချက်၊ သက်သေခံချက်၊ ပညတ်တရားတော်တို့ကို စောင့်ရှောက်စေခြင်းငှာ မှာထားတော်မူသော စကားကို နားထောင်လော့။
sဒါဝိဒ်မင်းသည် ယွာဘ၊ ဗာဇိလဲနှင့် ရှိမိတို့နှင့် ဆိုင်သော အမှာစကား
၆ ရှောလမုန်ကလည်း ကိုယ်တော်၏ကျွန် အကျွန်ုပ်၏ အဘဒါဝိဒ်သည် ရှေ့တော်၌ သဘောဖြောင့်၍ သမ္မာတရား၊ ဖြောင့်မတ်ခြင်း တရားအတိုင်း ကျင့်သည်နှင့်အညီ၊ သူ၌များစွာသော ကျေးဇူးကို ပြုတော်မူပြီ။ ယနေ့တွင် ရှိသည်အတိုင်း သူ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသောသားကို သူ့အား ပေးသနားတော်မူသဖြင့် သူ့အဖို့ ကျေးဇူးတရားကို စောင့်ရှောက်တော်မူပြီ။
၂၀ ထိုသို့ ဟေဇကိသည် ယုဒပြည် တရှောက်လုံးတွင် စီရင်၍၊ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ကောင်းသောအမှု၊ ဖြောင့်မတ်သောအမှု၊ သမ္မာတရားအမှုတို့ကို ပြုတော်မူ၏။
၅ ကိုယ်တော်၏ သမ္မာတရားကိုပြ၍၊ အကျွန်ုပ်ကို သွန်သင်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်သော ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို အစဉ်မြော်လင့်လျက် နေပါ၏။
၃ အကျွန်ုပ်သည် မေတ္တာ ကျေးဇူးတော်ကို မျက်မှောက်ပြု၍၊ သမ္မာတရား %fo(a)နှင့်အညီ ကျင့်ပါ၏။
၄ အကြောင်းမူကား ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဖြောင့်မတ်ပေ၏။ စီရင်တော်မူသမျှသော အမှုတို့သည်လည်း သမ္မာတရား %fo(a)နှင့် ညီကြ၏။
၃ ထာဝရ ဘုရားကို ခိုလှုံ၍ကောင်းသော အကျင့်ကိုကျင့်လော့။ ပြည်တော်၌နေ၍ သမ္မာတရားကို ကျက်စားလော့။
၄ သမ္မာတရား %fo(a)နူးညံ့ခြင်းတရား၊ ဖြောင့်မတ်ခြင်း တရားကြောင့် အသရေ တော်ထင်ရှားလျက် အောင်မြင်၍ စီးသွားတော်မူပါ။ လက်ျာလက်တော်လည်း ကြောက်မက်ဘွယ်သော အရာကို ကိုယ်တော်အား ပြပါလိမ့်မည်။
၁၁ အိုထာဝရဘုရား၊ ကိုယ်တော်၏ လမ်းကို အကျွန်ုပ်အား ပြညွှန်တော်မူပါ။ ကိုယ်တော်၏ သမ္မာတရားလမ်းသို့ လိုက်သွားပါမည်။ နာမတော်ကို ကြောက်ရွံ့မည့်အကြောင်း၊ အကျွန်ုပ်၏နှလုံးကို စေ့စပ်စေတော်မူပါ။
၃ ကရုဏာတရားနှင့် သမ္မာတရား %fo(a)ကို သင်နှင့်မကွာစေနှင့်။ ထိုတရားတို့ကို သင်၏လည်ပင်း၌ ဆွဲထားလော့။ နှလုံးအင်းစာရင်း၌ ရေးသွင်းလော့။
၇ ငါ့နှုတ်ထွက်စကားသည် သမ္မာတရားနှင့်သာ ဆိုင်၍၊ ငါ့နှုတ်ခမ်းတို့သည် ဒုစရိုက်ကို စက်ဆုပ်ရွံ့ရှာ၏။
၆ ကရုဏာတရားနှင့်သမ္မာတရားအားဖြင့်အပြစ်ပြေတတ်၏။ ထာဝရဘုရားကိုကြောက်ရွံ့သောသဘောအားဖြင့်ဒုစရိုက်ကိုရှောင်တတ်၏။
၂၀ သင်သည်သမ္မာတရားစကားစစ်ကိုသိမည်အကြောင်း နှင့်၊ သင့်ထံသို့စေလွှတ်သောသူတို့အား၊ သမ္မာစကားကိုပြန်ပြောနိုင်မည်အကြောင်းသတိပေးလျက်၊
၂၃ သမ္မာတရားကိုဝယ်လော့၊ မရောင်းနှင့်။ ပညာကို၎င်း၊ ဆုံးမဩဝါဒကို၎င်း၊ ဥာဏ်သတ္တိကို၎င်းထိုအတူပြုလော့။
၃ အိုထာဝရဘုရား၊ ကိုယ်တော်သည် သမ္မာတရား %fo(a)ကို ထောက်ရှုတော်မူသည် မဟုတ်လော။ ကိုယ်တော်သည် ဒဏ်ခတ်တော်မူသော်လည်း သူတို့သည် ညှိုးငယ်သော စိတ်မရှိကြပါ။ ဖျက်ဆီးတော်မူသော်လည်း၊ သူတို့သည် ဆုံးမခြင်းကို ငြင်းပယ်ကြပါပြီ။ မိမိတို့မျက်နှာကို ကျောက်ထက်သာ၍ မာစေကြပါပြီ။ ငါတို့သည်ပြန်၍ မလာဟု ငြင်းဆန်လျက် နေကြပါပြီ။
sဆင်းရဲသားများသာမက လူကြီးများလည်း အတူတူ
၃ သူတို့သည် မိမိတို့လျှာတည်းဟူသော လေးကို မုသာနှင့်တင်ကြ၏။ သမ္မာတရားကို အမှီမပြုဘဲ မြေကြီးပေါ်မှာ လူကြီးဖြစ်ကြ၏။ အကယ်စင်စစ် ဆိုးသောအမှုအပေါ်မှာ ဆိုးသောအမှုကို ထပ်၍ ပြုကြ၏။ ငါ့ကိုလည်း မသိမမှတ်ကြဟု ထာဝရဘုရား မိန့်တော်မူ၏။
၁၂ အပြစ်များသောကြောင့် နေ့ရက်အစဉ် ပြုသောဝတ်နှင့်တကွ ဗိုလ်ခြေကိုလည်း ထိုချိုသည်ရ၍၊ သမ္မာတရားကို မြေသို့နှိမ့်ချ၏။ ထိုသို့ပြု၍ အောင်မြင်ခြင်းသို့ ရောက်လေ၏။
sသန့်ရှင်းရာဌာနကို တဖန်ဆေးကြောမည်
၁၃ မောရှေ၏ ပညတ္တိကျမ်းစာ၌ မှတ်သားသည်အတိုင်း၊ ဤဘေးဥပဒ်ရှိသမျှသည် အကျွန်ုပ်တို့အပေါ်မှာ ရောက်ပါပြီ။ အကျွန်ုပ်တို့သည် ဒုစရိုက်များကို ရှောင်၍ သမ္မာတရားတော်ကို နားလည်ခြင်းအလိုငှါ၊ အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား ထံတော်၌ မတောင်းပန်ဘဲ နေကြပါပြီတကား။
၈ ဆောင်ခဲ့သဖြင့်၊ သူတို့သည် ယေရုရှလင်မြို့ထဲမှာ နေရကြလိမ့်မည်။ သမ္မာတရားနှင့်ဖြောင့်မတ်ခြင်းတရားအားဖြင့်၊ သူတို့သည် ငါ၏လူဖြစ်၍၊ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်လိမ့်မည်။
၆ ထိုအမျိုးသည် သမ္မာတရားစကားကို ပြောတတ်၏။ သူ့နှုတ်၌ အပြစ်ကိုရှာ၍ မတွေ့။ ငြိမ်ဝပ်ခြင်းတရား၊ ဖြောင့်မတ်ခြင်းတရားအတိုင်း၊ ငါနှင့်အတူ သွားလာ၍၊ များစွာသောသူတို့ကို ဒုစရိုက်အပြစ်မှ လွှဲရှောင်စေတတ်၏။
sယဇ်ပုရောဟိတ်နှုတ်၌ တရားတော်ရှာရမည်
၁၇ အကြောင်းမူကား၊ ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သမ္မာတရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း။
၂၁ သမ္မာတရားကို ကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏ အလိုတော်နှင့် ညီသည်ကို ထင်ရှားစေခြင်းငှာ၊ အလင်းသို့ ချဉ်းကပ်သည်၊ ဟုဟောတော်မူ၏။
sယေရှုနှင့်ပတ်သက်၍ ယောဟန်ဟော
၂၃ ကိုးကွယ်သောသူ မှန်သမျှတို့သည်၊ ခမည်းတော်ကို ဝိညာဉ်နှင့်၎င်း၊ သမ္မာတရား %fo(b)နှင့်၎င်း၊ ကိုးကွယ်ရမည့် အချိန်ကာလသည်လာ၍၊ ယခုပင် ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ ကိုးကွယ်သောသူတို့ကို၊ ခမည်းတော်သည် အလိုရှိတော်မူ၏။
၃၃ သင်တို့သည် ယောဟန်ထံသို့ စေလွှတ်ကြ၏။ သူသည် သမ္မာတရားဘက်၌ သက်သေခံ၏။
၃၂ သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်၊ ဟုယုံကြည်သော ယုဒလူတို့အား မိန့်တော်မူ၏။
၄၀ ဘုရားသခင့် အထံတော်၌ ကြားရသော သမ္မာတရားကို သင်တို့အား ဟောပြောသောသူ တည်းဟူသော ငါ့ကိုသတ်အံ့သောငှါ သင်တို့သည် ယခုရှာကြံကြ၏။ အာဗြဟံသည် ထိုနည်းတူ ကျင့်သည်မဟုတ်။
၄၄ သင်တို့သည် သင်တို့၏ အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူအသက်ကို သတ်သောသူဖြစ်၏။ သူ၌ သမ္မာတရား %fo(b) မရှိသောကြောင့် သမ္မာတရား%fo(b)၌ မတည်မနေ။ သူသည် မုသာစကားကို ပြောသောအခါ မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူ ဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏။
sယေရှုကို နတ်ဆိုးစွဲသူဟုစွပ်စွဲ
၆ ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။
၁၆ ခမည်းတော်သည် သမ္မာတရားကို ပြသော ဝိညာဉ်တော်တည်းဟူသော၊ တပါးသော ဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ် တည်နေစေခြင်းငှါ၊ သင်တို့အား ပေးတော်မူမည်။
၂၆ ခမည်းတော်ထံမှ ထွက်လာ၍ သမ္မာတရားနှင့် ပြည့်စုံသော ဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါစေလွှတ်လတံ့သော ဥပဇ္ဈာယ်ဆရာသည် ရောက်လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။
၁၃ သမ္မာတရားနှင့် ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြသလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သော အရာတို့ကိုလည်း သင်တို့အား ဖေါ်ပြလိမ့်မည်။
၁၇ ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။
၃၇ ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် သင်သည် ရှင်ဘုရင်မှန်သလော၊ ဟုမေးသော်၊ ယေရှုက၊ မင်းကြီးမေးသည်အတိုင်း ငါသည်ရှင်ဘုရင်မှန်၏။ သမ္မာတရားဘက်၌ သက်သေခံခြင်းငှါ ငါသည်မွေးဖွားခြင်းကိုခံ၍၊ ဤလောကသို့ကြွလာပြီ။ သမ္မာတရားနှင့် စပ်ဆိုင်သမျှသောသူတို့သည်၊ ငါ့စကားကို နားထောင်ကြသည်။ ဟုမိန့်တော်မူ၏။
၂၅ ပေါလုကလည်း၊ မြတ်တော်မူသော ဖေတ္တုမင်း၊ အကျွန်ုပ်သည် သူရူးမဟုတ်ပါ။ သမ္မာတရားနှင့်၎င်း၊ ကောင်းသောစိတ်နှင့်၎င်း၊ ယှဉ်သောစကားကိုပြောပါ၏။
၁၈ သမ္မာတရားကို အဓမ္မဖြင့်ဆီးတား နှိပ်စက်သောသူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်းအမှု အမျိုးမျိုးတို့တဘက်၌၊ ဘုရားသခင်၏ အမျက်တော်သည် ကောင်းကင်မှ ထင်ရှားလျက်ရှိ၏။
၂ ဘုရားသခင်သည် ထိုသို့ပြုသောသူတို့ကို၊ စီရင်တော်မူခြင်းအရာသည်၊ သမ္မာတရားနှင့် ညီသည်ကို ငါတို့သိကြ၏။
၈ ငြင်းဆန်သော သဘောရှိ၍၊ သမ္မာတရားကို နားမထောင်ဘဲ မတရားသဖြင့် ကျင့်သောသူတို့ကိုကား၊ ပြင်းစွာသောဒေါသ အမျက်ထွက်တော်မူလတံ့၊
၂၀ လူမိုက်တို့ကို ဆုံးမတတ်သောသူ၊ သူငယ်တို့ကို နည်းပေးသောသူ၊ ပညတ်တရားတော်အားဖြင့် ပညာကို၎င်း၊ သမ္မာတရားကို၎င်း၊ ရိပ်မိသောသူ ဖြစ်သည်ဟူ၍၊ ကိုယ်ကို ထင်မှတ်တတ်သည်မှန်လျှင်၊
၆ မတရားသောအမှု၌ ဝမ်းမြောက်ခြင်း မရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။
၂ ဆိတ်ကွယ်ရာအရပ်၌ ပြုသော ရှက်ဘွယ်သော အမှုများကို ပယ်ကြ၏။ ပရိယာယ်ကိုမသုံး၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို ထိမ်ဝှက်မှောက်လှန်ခြင်းမရှိ၊ သမ္မာတရားကို အတည့်အလင်းဖေါ်ပြ၍၊ ဘုရားသခင့် ရှေ့တော်၌ လူအပေါင်းတို့၏ စိတ်ထင်အတိုင်း၊ ချီးမွမ်းဘွယ်သော အကျင့်ဓလေ့ကို ကျင့်ကြ၏။
၇ သမ္မာတရားကို ဟောခြင်း၊ ဘုရားသခင်၏ တန်ခိုးတော်ကိုပြခြင်း၊ ဖြောင့်မတ်သော အကျင့်တည်းဟူသော လက်နက်များကို လကျ်ာဘက်လက်ဝဲဘက်၌ ဝတ်ဆောင်ခြင်းအားဖြင့်၎င်း၊
၁၀ ခရစ်တော်၏ သမ္မာတရားသည်%fo(d) ငါ၌ ရှိသည်ဖြစ်၍၊ အခါယပြည်(Achaia) များတို့၌ ၊ ဤသို့ငါဝါကြွားသည်အမှုကို၊ အဘယ်သူမျှ မဆီးတားရ။
၈ ငါတို့သည် သမ္မာတရား ကို ဆီးတားခြင်းငှါ အလျှင်းမတတ်နိုင်ကြ။
၁ ပညာမဲ့သော ဂလာတိလူတို့၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ယေရှုခရစ်တော်ကို၊ သင်တို့မျက်မှောက်၌ ထင်ရှားစွာ ပြပြီးသည်ဖြစ်၍၊ သမ္မာတရားကို နားမထောင်စေခြင်းငှါ၊ သင်တို့ကို အဘယ်သူ ပြုစားသနည်း။
၁၆ ယခုမူကား၊ ငါသည် သမ္မာတရားကို သင်တို့အား ဟောပြောသောကြောင့်၊ သင်တို့၏ ရန်သူဖြစ်သလော။
၇ အထက်က သင်တို့သည် ကောင်းမွန်စွာပြေးကြ၏။ သို့ဖြစ်၍ သမ္မာတရားကို နားမထောင်စေခြင်းငှါ၊ အဘယ်သူ ဆီးတားသနည်း။
၁၃ သင်တို့သည်လည်း၊ ကယ်တင်တော်မူခြင်း အကြောင်းနှင့် ယှဉ်သော၊ ဧဝံဂေလိတရား တည်းဟူသော၊ သမ္မာတရားကို ကြားနာရ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ကတိတော်နှင့် ယှဉ်သော၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံရကြပြီ။
၁၅ မေတ္တာစိတ်နှင့် သမ္မာတရားကို ဟောပြောသဖြင့်၊ ဦးခေါင်းတည်းဟူသော ခရစ်တော်မှာ၊ အရာရာတို့၌ ကြီးပွားကြမည် အကြောင်းတည်း။
၂၄ ယေရှု၌ သမ္မာတရားရှိသည်နှင့် အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီသတည်း။
s
၈ ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့် ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတပါး နှစ်သက်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့် ရှိသမျှတို့ကို၎င်း၊ ပါရမီတပါးပါး၊ ကောင်းသော သတင်းတပါးပါးနှင့်ဆိုင်သော အကျင့်တို့ကို၎င်း၊ နှလုံးသွင်းကြလော့။
၄ သမ္မာတရားတည်းဟူသော ဧဝံဂေလိတရားကို၊ သင်တို့သည် အထက်က ကြားသိကြသည်အတိုင်း၊ သင်တို့အဘို့ ကောင်းကင်ဘုံ၌ သိုထားသော၊ မြော်လင့်ရာကို ထောက်သဖြင့်၎င်း၊ သင်တို့အဘို့ အစဉ်မပြတ် ဆုတောင်း၍၊
၁၀ ပျက်စီးခြင်းသို့ ရောက်သောသူတို့တွင်၊ မတရားသော လှည့်ဖြားခြင်း အမျိုးမျိုးနှင့်၎င်း၊ လာလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ၊ သမ္မာတရား၌ မွေ့လျော်သောစိတ်ကို မခံမယူကြ။
၄ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှာ၊ ဘုရားသခင် အလိုတော်ရှိ၏။
၇ ငါသည် ထိုသက်သေခံသောသူ အရာ၌၎င်း၊ တမန်တော်အရာ၌ ၎င်း၊ ယုံကြည်ခြင်းတရားနှင့် သမ္မာတရားကို တပါးအမျိုးသားတို့အား ဟောပြောသော ဆရာအရာ၌၎င်း၊ ခန့်ထားတော်မူသောသူ ဖြစ်သည်၊ ဟုငါဆိုသော်၊ မုသာစကားကိုမဆို၊ မှန်သောစကားကိုဆို၏။
s မိန်းမတို့နေထိုင်ကျင့်သုံးမည့်အရာများ
၁၅ သင်သည် ဘုရားသခင်၏ အိမ်တော်၌ အဘယ်သို့ ကျင့်ကြံပြုမူရမည်ကို သိစေခြင်းငှာ၊ ဤသို့ငါရေး၍ ပေးလိုက်၏။ ထိုအိမ်တော်ကား၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ အသင်းတော်ဖြစ်၏၊ ထိုအသင်းတော်ကား၊ သမ္မာတရား၏ တိုင်ဖြစ်၏။ သမ္မာတရား၏ အုပ်မြစ်လည်းဖြစ်၏။ %fo(a)
sဘုရားသခင်သည် ကိုယ်ခန္ဓာ၌ ပေါ်ထွန်းတော်မူပြီ
၃ မင်္ဂလာဆောင်ခြင်း အမှုကိုမပြုရ ဟူ၍၎င်း၊ ယုံကြည်၍ သမ္မာတရားကို သိသောသူတို့သည်၊ ကျေးဇူးတော်ကို သိသောစိတ်နှင့်တကွ သုံးဖို့ရာ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော အစာမျိုးကို ရှောင်ရမည်ဟူ၍၎င်း၊ ပညတ်ထားကြလိမ့်မည်။
၅ စိတ်နှလုံးယိုယွင်း၍ သမ္မာတရားနှင့် ကင်းသောသူတို့၏ အချည်းအနှီး ဆွေးနွေးခြင်း ဖြစ်တတ်၏။ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည်၊ အကျိုးစီးပွားဖြစ်သည်၊ ဟုသူတို့သည် စိတ်ထင်ကြ၏။ ထိုသို့သော သူတို့ကို ရှောင်လော့။
s စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက် နေကြကုန်အံ့
၁၅ သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာ အကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သခြင်းငှာ၊ ကြိုးစားအားထုတ်လော့။
၁၈ သူတို့က၊ သေလွန်သောသူတို့သည် ထမြောက်ကြပြီ၊ ဟုပြောလျက်၊ သမ္မာတရားလမ်းမှ လွဲသွား၍၊ အချို့သောသူတို့၏ ယုံကြည်ခြင်းကို မှောက်လှန်တတ်ကြ၏။
၂၅ ဆီးတား၊ ငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမရမည်။ သမ္မာတရားကို ဝန်ခံခြင်းအလိုငှာ၊ နောင်တကို ဘုရားသခင် ပေးကောင်းပေးတော်မူ၍၊
၇ အထူးထူး အပြားပြားသော လောဘ ကိလေသာ သွေးဆောင်ရာသို့ လိုက်၍၊ အစဉ်သင်သော်လည်း၊ သမ္မာတရားကို လေ့ကျက်ခြင်းသို့ အလျှင်းမရောက်နိုင်သော မိန်းမမိုက်တို့ကို၊ အိမ်ထဲသို့ဝင်၍ ဖမ်းသွားသောသူတို့သည် ထိုသူတို့အဝင် ဖြစ်ကြ၏။
၄ သမ္မာတရားကို နားမထောင်ဘဲ၊ ဒဏ္ဍာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။
၂ ငါ၌ အပ်ထားသော တရားဟောခြင်းအခွင့်အားဖြင့် တော်လျော်သောအချိန်၌၊ နှုတ်ကပတ်တရားတော်ကို ထင်ရှားစေတော်မူသော အရာနှင့်စပ်ဆိုင်သော၊ ထာဝရအသက်ကို မြော်လင့်သည်ဖြစ်၍၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို ဝန်ခံခြင်းအလိုငှါ၎င်း၊
၁၃ ဤသက်သေမှန်၏။ ထိုကြောင့်၊ သူတို့သည် ယုဒဒဏ္ဍာရီစကားကို၎င်း၊ သမ္မာတရားကို စွန့်သောလူတို့၏ ပညတ်တို့ကို၎င်း၊
၂၆ အကြောင်းမူကား၊ သမ္မာတရားကိုသိပြီးမှ၊ ကိုယ်အလိုသို့လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့်မရှိဘဲ၊
၁၈ ဖန်ဆင်းသောသတ္တဝါ%fo(a)တို့တွင် ငါတို့သည် အဦးသီးသော အသီးကဲ့သို့ ဖြစ်စေခြင်းငှါ၊ သမ္မာတရားစကားအားဖြင့် မိမိအလိုတော်အတိုင်း၊ ငါတို့ကိုဖြစ်ပွားစေတော်မူ၏။ %fo(b)
၁၄ သို့မဟုတ် သင်တို့စိတ်ထဲမှာ ခါးစွာသောဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း ရှိလျှင်၊ သမ္မာတရားကို မုသာဖြင့်ဆန်၍ မဝါကြွားကြနှင့်။
၁၉ ညီအစ်ကိုတို့၊ သင်တို့တွင် တစုံတယောက်သော သူသည် သမ္မာတရားလမ်းမှ လွဲသွား၍ သူတပါးသည် ထိုသူကို ပြန်စေလျှင်မူကား၊
၂၃ မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော၊ အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရား သခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ပွား(မွေးဖွား) သောကြောင့်၊ ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊ အမှန်ချစ်ခြင်းအလိုငှါ၊ စိတ်ထဲမှာသမ္မာတရားကို နားထောင်လျက်၊ ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့်အညီ၊ စင်ကြယ်သော စိတ်နှင့်အချင်းချင်း အားကြီးသော ချစ်ခြင်းမေတ္တာရှိကြလော့။
၁၂ ထိုကြောင့်၊ ယခုဟောပြောသော သမ္မာတရားကို သင်တို့သည်နားလည်၍၊ တည်ကြည်ခြင်းရှိသော်လည်း၊ ဤသို့သော စကားများနှင့် သင်တို့အား အစဉ်မပြတ် သတိပေးမည်အမှုကို ငါမမေ့မလျော့။
၂ သူတို့ညစ်ညူးသော အကျင့်ဓလေ့တို့ကို အများသောသူတို့သည် လိုက်သောအားဖြင့် သမ္မာတရားလမ်း အသရေသည် ပျက်စီးလိမ့်မည်။
၆ ငါတို့သည် ဘုရားသခင်နှင့် မိဿဟာဖွဲ့ပြီ၊ ဟုဆိုလျက်ပင်၊ မှောင်မိုက်၌ ကျင်လည်လျှင်၊ သမ္မာတရားကိုမကျင့်၊ မုသာကို သုံးသောသူဖြစ်ကြ၏။
၂၁ သမ္မာတရားကို သင်တို့မသိသောကြောင့်၊ ငါရေး၍ ပေးလိုက်သည်မဟုတ်။ သင်တို့သည် သမ္မာတရားကို၎င်း၊ မုသာရှိသမျှတို့သည် သမ္မာတရားနှင့် မသက်ဆိုင်သည်ကို၎င်း၊ သိသောကြောင့် ငါရေး၍ပေးလိုက်၏။
၁၉ ထိုသို့ချစ်လျှင်၊ ကိုယ်တိုင်သမ္မာတရားနှင့်ဆိုင်သည်ကိုကိုယ်သိရ၍၊ ဘုရားသခင့်ရှေ့တော်၌ ကိုယ်စိတ်နှလုံးကိုသက်သာစေကြလိမ့်မည်။
၆ ထိုသခင်ကား၊ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်၎င်း၊ ကြွလာသောသူတည်းဟူသော ယေရှုခရစ်ပေတည်း။ ရေအားဖြင့်သာမဟုတ်။ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်၎င်း၊ ကြွလာတော်မူ၏။ သက်သေခံဟူမူကား၊ ဝိညာဉ်တော်သည် သမ္မာတရား ဖြစ်၍သက်သေခံတော်မူ၏။
၁ အသက်ကြီးသူသည် မြတ်သောသခင်မကို၎င်း၊ သားသမီးတို့ကိုကို၎င်း ကြားလိုက်ပါ၏။ ငါတို့၌ တည်၍ ငါတို့တွင် အစဉ်မပြတ်ရှိလတံ့သော သမ္မာတရားကြောင့်၊
၃ သင်သည် သမ္မာတရား၌ ကျင်လည်သည်အတိုင်း၊ သင်၌ ရှိသော သမ္မာတရား၏ အကြောင်းကို၊ ညီအစ်ကိုတို့ သည်လာ၍ သက်သေခံကြသော အခါ၊ ငါသည် အလွန်ဝမ်းမြောက်ခြင်းရှိ၏။
၈ ငါတို့သည် သမ္မာတရားကို ကူမသောသူ ဖြစ်အံ့သောငှါ၊ ထိုသို့သောသူတို့အား ဧည့်သည်ဝတ်ကို ပြုအပ်ကြ၏။
s အသင်းတော်၌ အကဲအမှုးလုပ်ချင်သူရှိ