၁ သင်တို့တွင် ပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သောသူသည် ပေါ်လာ၍၊
၂၀ ငါမမှာထားဘဲ ငါ့အခွင့်ကို ဆောင်၍ ရဲရင့်စွာ ဟောပြောသော ပရောဖက်၊ အခြားတပါးသော ဘုရားအခွင့်နှင့် ဟောပြောသော ပရောဖက်သည် အသေသတ်ခြင်းကို ခံရမည်၊ ဟုငါ့အားမိန့်တော်မူ၏။
၆ ဣသရေလ ရှင်ဘုရင်သည် ပရောဖက် လေးရာတို့ကို စုဝေးစေပြီးလျှင်၊ ငါသည် ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲ နေကောင်းသလော၊ ဟုမေးသော်၊ သူတို့က ချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်၊ ဟုလျှောက်ကြ၏။
၃၁ ပရောဖက်တို့သည် မဟုတ်မမှန် ဟောပြောကြ၏။ ယဇ်ပုရောဟိတ်တို့သည် ဝန်ခံ၍ အစိုးရကြ၏။ ထိုသို့သော အမှုကိုငါ၏ လူတို့သည် နှစ်သက်ကြ၏။ ထိုအမှုဆုံးသောအခါ သင်တို့သည်အဘယ်သို့ ပြုကြလိမ့်မည်နည်း။
%ln
၁၃ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသော သူအပေါင်းတို့သည် မတရားသော စီးပွားကိုရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ် ရှိသမျှတို့သည် မုသာကိုသုံးကြ၏။
၁၃ ငါကလည်း၊ အိုအရှင် ထာဝရဘုရား၊ ပရောဖက်တို့က၊ သင်တို့သည် ဓါးဘေးကို မတွေ့ရကြ။ မွတ်သိပ်ခြင်းဘေးသည် သင်တို့ရှိရာသို့ မရောက်ရကြ။ ဤအရပ်၌ မြဲသောငြိမ်သက်ခြင်းကို ငါပေးမည်ဟု ဤသူတို့အား ဟောပြောကြောင်းကို ငါလျှောက်သောအခါ၊
၁၆ ကောင်းကင်ဗိုလ်ခြေအရှင် ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ ပရောဖက်ပြု၍သင်တို့အား ဟောတတ်သောဆရာတို့၏ စကားကိုနားမထောင်ကြနှင့်။ သူတို့သည်သင်တို့အားအချည်းနှီးဟောတတ်ကြ၏။ ထာဝရဘုရား၏နှုတ်တော်ထွက်သို့မလိုက်၊ ကိုယ်အလိုအလျောက်ရူပါရုံကိုမြင်သည်အတိုင်းဟောပြောတတ်ကြ၏။
၂၅ ငါသည်အိပ်မက်မြင်ပြီ။ အိပ်မက်မြင်ပြီ၊ ဟုငါ့နာမကိုအမှီပြု၍၊ မုသာဖြင့်ဟောပြောသော ပရောဖက်တို့၏စကားကို ငါကြားပြီ။
၉ သို့ဖြစ်၍၊ သင်တို့သည် ဗာဗုလုန် ရှင်ဘုရင်၏ အစေခံကိုမခံရဟု သင်တို့အား ပြောတတ်သော ပရောဖက်၊ အနာဂတ်ဆရာ၊ အိပ်မက်မြင်သောဆရာ၊ နတ်ဝိဇ္ဇာဆရာ၊ ပြုစားတတ်သော ဆရာတို့၏စကားကို နားမထောင်ကြနှင့်။
၁ ထိုနှစ်တည်းဟူသော၊ ယုဒရှင်ဘုရင် ဇေဒကိနန်းစံစတုတ္ထနှစ်၊ ပဥ္စမလတွင်၊ ဂိဗောင်မြို့နယ်၊ အာဇုရသားဟာနနိက၊
၂၀ ထာဝရဘုရားသည် ငါတို့အဘို့ ပရောဖက်များကို ဗာဗုလုန်မြို့၌ ပေါ်ထွန်းစေတော်မူပြီဟု သင်တို့ဆိုကြသည်ဖြစ်၍၊
၃၁ ငါမစေလွှတ်ဘဲ ရှေမာယသည် သင်တို့အား ပရောဖက်ပြု၍ မုသာ၌ ခိုလှုံစေသောကြောင့်၊
၂၈ ပရောဖက်တို့ကလည်း၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်၊ ဟုထာဝရဘုရားမိန့်တော်မမူဘဲ၊ အချည်းနှီးသောအရာကိုမြင်၍၊ မုသာစကားကို ဟောပြောလျက်၊ သူတို့ကိုအင်္ဂတေနှင့်မွမ်းမံကြ၏။
၂ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပြည်တော်တွင် ရှိသော ရုပ်တုတို့၏ နာမများကို နောက်တဖန် အဘယ်သူမျှ မမှတ်မိစေခြင်းငှါ၊ ထိုကာလ၌ ငါသုတ်သင်ပယ်ရှင်းမည်။ ပရောဖက် လုပ်သောသူတို့ကို၎င်း၊ ညစ်ညူးသော ဝိညာဉ်ကို၎င်း၊ ပြည်တော်မှ နှင်ထုတ်မည်။
၁၅ အတွင်း၌ ကြမ်းတမ်းသော တောခွေးဖြစ်လျက်၊ သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့ လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့် ရှောင်ကြလော့။
၅ အများသော သူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏၊ ဟုဆိုလျက်၊ ငါ၏ အယောင်ကို ဆောင်၍ ပေါ်လာသဖြင့်၊ လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။
sစစ်တိုက်မည်
၁၁ အချင်းချင်း မုန်းကြလိမ့်မည်။ မိစ္ဆာပရောဖက် အများတို့သည် ပေါ်လာ၍၊ လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။
၂၄ အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကို ဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍၊ရွေးချယ်သော သူတို့ကိုပင် လှည့်ဖြားနိုင်လျှင်၊ လှည့်ဖြား လောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုတို့ကို ပြကြလိမ့်မည်။
၂၁ ထိုအခါ သူတပါးက၊ ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ ရှိသည်၊ ဟုဆိုသော်လည်း မယုံကြနှင့်။
၈ ကိုယ်တော်က၊ သင်တို့သည် လှည့်ဖြားခြင်းသို့ မလိုက်မပါမည်အကြောင်း သတိပြုကြလော့။ အများသောသူတို့က၊ ငါသည် ဤမည်သောသူဖြစ်၏၊ အချိန်ကာလလည်း ရောက်လာပြီ၊ ဟုဆိုလျက်၊ ငါ၏အယောင်ကို ဆောင်၍ ပေါ်လာကြလိမ့်မည်။ ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။
၇ ဗာယေရှုအမည်ရှိသော ယုဒအမျိုးသား၊ မိစ္ဆာပရောဖက် ဖြစ်သော နတ်ဝိဇ္ဇာအတတ် သမားကို၊ မြို့ဝန်မင်း သေရဂိပေါလုထံ၌ တွေ့ကြ၏။ ထိုမြို့ဝန်သည် ပညာသတိရှိသဖြင့်၊ ဗာနဗနှင့် ရှောလုတို့ကို ခေါ်ပင့်၍၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို နာလိုသောစိတ်ရှိသော်၊
၂၉ အကြောင်းမူကား၊ ငါမရှိသည်နောက်၊ ကြမ်းတမ်းသော တောခွေးတို့သည်၊ သိုးများကို မသနားဘဲ၊ သင်တို့အထဲသို့ ဝင်မည်ကို၎င်း၊
၁၂ အခွင့်ရလိုသောသူတို့သည် အခွင့်မရစေခြင်းငှါ၎င်း၊ ဝါကြွားခြင်းအရာ၌ သူတို့သည် ငါကဲ့သို့ ထင်ရှားစွာဖြစ်စေခြင်းငှါ၎င်း၊ ငါပြုခဲ့ပြီးသည်အတိုင်း အစဉ်ပြုဦးမည်။
၇ ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရား မဟုတ်။ သင်တို့ကို နှောင့်ယှက်၍၊ ခရစ်တော်၏ ဧဝံဂေလိတရားကို၊ မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။
၁ ချစ်သူတို့၊ ခပ်သိမ်းသော ဝိညာဉ်%fo(a) တို့ကို မယုံကြနှင့်။ ဝိညာဉ်တို့သည်၊ ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို၊ စုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့ သွားကြပြီ။
၁ သို့သော်လည်း၊ ယုဒလူတို့တွင် မိစ္ဆာပရောဖက်ရှိကြ၏။ ထိုနည်းတူ ဖျက်ဆီးတတ်သော မိစ္ဆာဒိဌိအယူများကို ပရိယာယ်အားဖြင့်သွင်း၍၊ မိမိတို့ကို ဝယ်တော်မူသောအရှင်ကို ငြင်းပယ်လျက်၊ မိမိတို့အပေါ်သို့ လျင်စွာသော ဖျက်ဆီးခြင်းကို ရောက်စေသော မိစ္ဆာဆရာ တို့သည် သင်တို့တွင် ရှိကြလိမ့်မည်။
၁ ဩဇိမင်းကြီး အနိစ္စရောက်သောနှစ်တွင်၊ ထာဝရဘုရားသည် အလွန်မြင့်မြတ်သော ပလ္လင်ပေါ်မှာ ထိုင်တော်မူသည်ကို ငါမြင်၏။ အဝတ်တော်တန်ဆာသည် ဗိမာန်တော်ကို ဖြည့်လေ၏။
၂၆ သူတို့၏ ခေါင်းများအထက် မိုးမျက်နှာကြက်အပေါ်၌လည်း နီလာကျောက်ကဲ့သို့ အဆင်းအရောင်ရှိသော ရာဇပလ္လင် သဏ္ဍာန်ပေါ်၏။ ပလ္လင်သဏ္ဍာန်အပေါ်၌လည်း လူပုံသဏ္ဍာန်ကဲ့သို့ ပေါ်၏။
၉ ထိုအခါ ငါကြည့်ရှုစဉ်၊ ရာဇပလ္လင်များကို တည်ထားလျက်ရှိ၍၊ အသက်ကြီးသော သူတဦးသည် ထိုင်တော်မူ၏။ အဝတ်တော်သည် မိုးပွင့်ကဲ့သို့ဖြူ၏။ ဆံပင်တော်သည် ဖြူသောသိုးမွေးနှင့်တူ၏။ ပလ္လင်တော်သည် မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက်လှည်းဘီးရှိ၏။
၂ ထိုအခါ ဝိညာဉ်တော်ကို ငါသည်ချက်ချင်းခံရ၍၊ ကောင်းကင်ဘုံ၌ ပလ္လင်တခုတည်လျက်ရှိ၏။ ပလ္လင်ပေါ်မှာ ထိုင်သောသူလည်းရှိ၏။
၉ ပလ္လင်တော်ပေါ်မှာထိုင်၍၊ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသောသူ၏ ဘုန်းအသရေ၊ ဂုဏ်ကျေးဇူးတော်ကို ထိုသတ္တဝါ တို့သည်ချီးမွမ်းကြသောအခါ၊