၉ ဤလူမျိုးကို ငါကြည့်မြင်ပြီ။ လည်ပင်းခိုင်မာသောအမျိုး ဖြစ်၏။
၃ နို့နှင့်ပျားရည်စီးသောပြည်သို့ သင်တို့ကို ပို့ဆောင်လိမ့်မည်။ သင်တို့နှင့်အတူ ငါကိုယ်တိုင်မသွား။ သင်တို့သည် လည်ပင်းခိုင်မာသောလူမျိုး ဖြစ်သောကြောင့်၊ လမ်း၌ သွားစဉ် သင်တို့ကို ငါဖျက်ဆီးမည် စိုးရိမ်စရာရှိသည်၊ ဟုမောရှေအား မိန့်တော်မူ၏။
၉ အိုဘုရားရှင်၊ အကျွန်ုပ်သည် ရှေ့တော်၌ မျက်နှာရလျှင်၊ အကျွန်ုပ်အရှင်သည် အကျွန်ုပ်တို့နှင့်အတူ ကြွတော်မူပါစေသော်၊ အကျွန်ုပ် တောင်းပန်ပါ၏။ ဤလူမျိုးသည် လည်ပင်းခိုင်မာသောအမျိုး ဖြစ်သော်လည်း အကျွန်ုပ်တို့ ပြစ်မှားမိသော ဒုစရိုက်အပြစ်များကို လွှတ်၍ အကျွန်ုပ်တို့ကို ကိုယ်တော် အမွေဥစ္စာဖို့ သိမ်းယူတော်မူပါ၊ ဟုလျှောက်လျှင်၊
၆ သို့ဖြစ်၍ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင်၏ ကုသိုလ်ကြောင့်၊ ထိုကောင်းမွန်သော ပြည်ကို ပေးတော်မူသည်မဟုတ်။ သင်သည် လည်ပင်းခိုင်မာသောအမျိုး ဖြစ်၏။
၄ သင်သည် ခိုင်မာသောသဘော၊ သံချောင်းလည်ပင်း၊ ကြေးဝါနဖူးနှင့် ပြည့်စုံသည်ကို ငါသိသောကြောင့်၊
၅၁ လည်ပင်းခိုင်မာ၍ နှလုံးဖြင့်၎င်း၊ နားဖြင့်၎င်း အရေဖျားလှီးခြင်းကို မခံသောလူတို့၊ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို အစဉ်မပြတ် ဆန့်ကျင်ဘက်ပြုလေ့ ရှိကြ၏။ သင်တို့ဘိုးဘေးများ၏ အလေ့နှင့် သင်တို့အလေ့တူ၏။
၁ ထိုအခါ ယဇ်ပုရောဟိတ်မင်းက၊ ဤစကားမှန်သလော၊ ဟုမေးသည်ရှိသော်၊
၂၄ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် လောင်သောမီး၊ သဝန်တို သောဘုရား %fo(a) ဖြစ်တော်မူ၏။
s ရုပ်တုကိုးကွယ်လျှင် ပျောက်ပျက်ကြမည်
၁၉ ယောရှုကလည်း၊ သင်တို့သည် ထာဝရဘုရားအား ဝတ်မပြုနိုင်။ ထိုဘုရားသည် သန့်ရှင်းသောဘုရား၊ သဝန်တိုသောဘုရား %fo(a) ဖြစ်တော်မူ၏။ သင်တို့ လွန်ကျူးပြစ်မှားသော အပြစ်တို့ကိုသည်းခံတော်မမူ။
၂ ထိုအခါ ယောရှုသည် လူအပေါင်းတို့အား ဟောပြော လေသည်မှာ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အာဗြဟံနှင့် နာခေါ်တို့၏ အဘ တေရမှစ၍ သင်တို့ဘိုးဘေးတို့သည် ရှေးကာလ၌ မြစ်ကြီး တဘက်မှာနေ၍ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုကြ၏။
၁၁ အဘယ်သို့ စားရမည်နည်းဟူမူကား၊ ခါးစည်းကိုစည်းလျက်၊ ခြေနင်းကိုစီးလျက်၊ တောင်ဝေးကိုကိုင်လျက်၊ အလျင်အမြန်စားရမည်။ ထာဝရဘုရား၏ ပသခါ ဖြစ်သတည်း။
sသားဦးများနှင့် အဲဂုတ္တုဘုရားတို့ကို တရားစီရင်မည်
၂၁ ထိုအခါ မောရှေသည်၊ ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့ကို ခေါ်၍၊ သင်တို့သည် အိမ်ထောင်များ အသီး အသီး၊ကိုယ်စီကိုယ်စီ သိုးသူငယ်တို့ကိုယူ၍ ပသခါပွဲ ဖို့ သတ်ကြလော့။
၂၇ ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကိုဒဏ်ခတ်၍၊ ငါတို့အိမ်များကို ချမ်းသာပေးတော်မူသောအခါ၊ အဲဂုတ္တုပြည်၌ ဣသရေလအမျိုးသားတို့၏ အိမ်များကို လွန်သွားတော်မူသော၊ ထာဝရဘုရား၏ ပသခါယဇ်ဖြစ်သတည်း၊ ဟုပြန်ပြောရကြမည်၊ ဟုမောရှေဆိုပြီးလျှင်၊ ထိုသူတို့သည် ဦးညွတ်ချ၍ ကိုးကွယ်ကြ၏။
၄၃ ပသခါပွဲတရားဟူမူကား၊ တပါးအမျိုးသား မစားရ။
၂၅ ငါ့ယဇ်ကောင်အသွေးကို တဆေးနှင့်ရော၍ မပူဇော်ရ။ ပသခါပွဲ ယဇ်ကောင်ကို၊ နံနက်တိုင်အောင် မကြွင်းစေရ။
၅ ပဌမလ ဆယ့်လေးရက်နေ့ ညဦးယံ၌၊ ထာဝရဘုရား၏ ပသခါပွဲဖြစ်၏။
၂ ဣသရေလ အမျိုးသားတို့သည်၊ ချိန်းချက်သော ကာလအချိန်၌ ပသခါပွဲ ကို ခံရကြမည်။
၁၀ သင်တို့အမျိုးသားသည် အသေကောင်အားဖြင့် ညစ်ညူးခြင်း ရှိသော်၎င်း၊ ဝေးသောအရပ်သို့ ခရီးသွားသော်၎င်း၊ ထာဝရဘုရားအဖို့ ပသခါပွဲ ကို ခံရမည်။
၁၆ ပဌမလ တဆယ့်လေးရက်နေ့၌ ၊ ထာဝရဘုရား၏ ပသခါပွဲဖြစ်၏။
၃ ပဌမလ တဆယ့် ငါးရက်နေ့၌ ရာမသက်မြို့မှ ထွက်လာကြ၏။ ပသခါပွဲ ကို ခံပြီးသောနောက်၊ နက်ဖြန်နေ့၌ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု လူအပေါင်းတို့ရှေ့မှာ ဝါကြွားသော အခြင်းအရာနှင့် ထွက်လာကြ၏။
၁ သင်၏ ဘုရားသခင် ထာဝရဘုရားသည် အဗိဗလ၊ ညအခါ၌ သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသောကြောင့်၊ အဗိဗလကို မှတ်၍၊ သင်၏ ဘုရားသခင် ထာဝရဘုရားအား ပသခါပွဲကို ခံလော့။
၁၀ ဣသရေလ အမျိုးသားတို့သည် ဂိလဂါလ အရပ်တွင် တပ်ချ၍၊ ထိုလ တဆယ့်လေးရက်နေ့၊ ညဦးယံ၌ ယေရိခေါလွင်ပြင်မှာ ပသခါပွဲ ကို ခံကြ၏။
၂၁ တဖန် ရှင်ဘုရင်ကလည်း၊ ဤပဋိညာဉ်ကျမ်းစာ၌ လာသည်အတိုင်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားအား ပသခါပွဲကို ဆောင်ကြလော့၊ ဟုလူအပေါင်းတို့ကို မိန့်တော်မူ၏။
၁ တဖန် ဧဖရိမ်အမျိုး၊ မနာရှေအမျိုးနှင့်တကွ ဣသရေလအမျိုး၊ ယုဒအမျိုးသား အပေါင်းတို့သည် ယေရုရှလင်မြို့၊ ဗိမာန်တော်သို့ လာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားအား၊ ပသခါပွဲ ကိုခံစေခြင်းငှါ၊ ဟေဇကိသည် စာရေး၍ ပေးလိုက်လေ၏။
၄ ရှင်ဘုရင်နှင့် စည်းဝေးသော သူအပေါင်းတို့သည် ထိုအမှုကို နှစ်သက်သောကြောင့်၎င်း၊ ကျမ်းစာ၌ လာသည်အတိုင်း၊ ကြာမြင့်စွာသော ကာလပတ်လုံး၊ ပသခါပွဲကို မခံသောကြောင့်၎င်း၊
၁၅ ဒုတိယလ တဆယ်လေးရက်နေ့တွင်၊ ပသခါသိုးငယ်တို့ကို သတ်ကြ၏။ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် သတိရ၍ ကိုယ်ကိုသန့်ရှင်းစေလျက်၊ မီးရှို့ရာယဇ်တို့ကို ဗိမာန်တော်ထဲသို့ သွင်းကြ၏။
၁၇ မသန့်ရှင်းသောသူ အများတို့သည် ပရိသတ်၌ ပါသောကြောင့်၊ ထိုမသန့်ရှင်းသောသူ ရှိသမျှတို့ကို၊ ထာဝရဘုရား အဘို့ သန့်ရှင်းစေခြင်းငှါ၊ ပသခါသိုးငယ် သတ်ခြင်းအမှုကို၊ လေဝိသားတို့သည် စောင့်ရကြ၏။
၁ တဖန် ယောရှိမင်းသည် ယေရုရှလင်မြို့၌ ထာဝရဘုရားအဘို့ ပသခါပွဲကို ခံတော်မူ၍ ပဌမလ တဆယ်လေးရက်နေ့တွင်၊ ပသခါ သိုးသငယ်ကို သတ်ကြ၏။
၆ ထိုသို့ ပသခါ သိုးသငယ်ကိုသတ်၍ ကိုယ်ကို သန့်ရှင်းစေကြလော့။ သင်တို့ ညီအစ်ကိုတို့သည် မောရှေအားဖြင့် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ပြုစေခြင်းငှါ၊ သူတို့ကိုလည်း ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။
sမင်းမှုးမတ်များ လေဝိသားတို့က တိရစ္ဆာန်များပေးကြ
၁၁ ပသခါ သိုးသငယ်ကို သတ်၍၊ ယဇ်ပုရောဟိတ်တို့သည် အသွေးကိုလက်နှင့် ဖြန်းလျက်၊ လေဝိသားတို့သည် အရေကိုခွါလျက် ပြုကြ၏။
၁၆ ထိုသို့ ယောရှိမင်းကြီး မိန့်တော်မူသည်အတိုင်း ပသခါပွဲကိုခံ၍၊ ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်းငှါ၊ ထာဝရဘုရားအား ပြုရသော ဝတ်အလုံးစုံကို၊ ထိုနေ့ခြင်းတွင် ပြင်ဆင်ကြ၏။
၁၉ သိမ်းသွားခြင်းကိုခံရသော အမျိုးသားတို့သည် ပဌမလ တဆယ်လေးရက်နေ့တွင် ပသခါပွဲ ကိုလည်း ခံကြ၏။
၂၁ ပဌမလတဆယ့်လေးရက်နေ့တွင်ပသခါပွဲကိုခံရမည်။ ခုနစ်ပတ်လုံးပွဲခံစဉ်တွင်တဆေးမဲ့မုန့်ကိုသာစားရမည်။
၂ နှစ်ရက်လွန်မှ ပသခါပွဲနေ့ရောက်မည်ကို သင်တို့သိကြ၏။ ထိုအခါ လူသားကို လက်ဝါးကပ်တိုင်မှာ ရိုက်သတ်စေခြင်းငှာ အပ်နှံကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။
၁၇ အဇုမပွဲ ပဌမနေ့၌ တပည့်တော်တို့သည် အထံတော်သို့ ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲကို စားတော်မူဖို့ရာ၊ အဘယ်အရပ်၌ အကျွန်ုပ်တို့သည် ပြင်ဆင်စေခြင်းငှာ၊ အလိုရှိတော်မူသနည်း၊ ဟုမေးလျှောက်ကြသော်၊
၁ ထိုနောက် နှစ်ရက်လွန်လျှင် ပသခါအဇုမပွဲရှိ၏။ ယဇ်ပုရောဟိတ် အကြီးတို့နှင့် ကျမ်းပြုဆရာတို့သည်၊ ကိုယ်တော်ကို အဘယ်သို့ ပရိယာယ်အားဖြင့် ဖမ်းဆီး၍၊ သတ်ရအံ့နည်း၊ ဟုရှာကြံကြ၏။
၁၂ ပသခါ သိုးသငယ်ကို သတ်သောနေ့တည်းဟူသော အဇုမပွဲပဌမနေ့၌၊ တပည့်တော်တို့သည် အထံတော်သို့ ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲကို စားတော်မူဘို့ရာ အဘယ်အရပ်၌ အကျွန်ုပ်တို့သည်သွား၍၊ ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်း၊ ဟုမေးလျှောက်ကြသော်။
၄၁ မိဘတို့သည် နှစ်တိုင်းအစဉ် ပသခါပွဲခံချိန်ရောက်လျှင်၊ ယေရုရှလင်မြို့သို့ သွားကြ၏။
၁ ပသခါအမည်ရှိသော အဇုမပွဲခံခါနီးတွင်၊
၇ ပသခါ သိုးသငယ်ကို သတ်ရသောနေ့ တည်းဟူသော၊ အဇုမပွဲနေ့ ရောက်သောအခါ၊
၁၁ ငါသည် ငါ့တပည့်တို့နှင့်တကွ၊ ပသခါပွဲကိုစားရသော ဧည့်သည်အခန်းကား အဘယ်မှာရှိသနည်း၊ ဆရာကမေးသည်၊ ဟုအိမ်ရှင်ကိုပြောကြလော့။
၁၅ ငါသည် အသေမခံမှီ ဤပသခါပွဲကို သင်တို့နှင့်အတူ စားခြင်းငှါ၊ အလွန်အလိုရှိလေပြီ။
၁၃ ယုဒပသခါပွဲ ခံချိန်နီးသည်ရှိသော်၊ ယေရုရှလင်မြို့သို့ ကြွတော်မူ၏။
၂၃ ပသခါပွဲအတွင်းတွင်၊ ယေရှုသည် ယေရုရှလင်မြို့၌ရှိ၍၊ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို၊ များစွာသောသူတို့သည် မြင်ရသဖြင့် ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။
၄ ထိုအခါ ယုဒလူတို့၏ ပသခါပွဲခံချိန် ရောက်လုနီးသတည်း။
၅၅ ယုဒပသခါပွဲ ခံခါနီးတွင်၊ လူများတို့သည် မိမိတို့ကို သန့်ရှင်းစေခြင်းငှါ၊ ပွဲမခံမှီအရပ်ရပ်တို့မှ ယေရုရှလင်မြို့သို့ လာကြ၏။
၁ ပသခါပွဲ ခံချိန် ခြောက်ရက်လိုသေးသောအခါ၊ အထက်က သေလွန်၍ သေခြင်းမှ ထမြောက်စေတော်မူသော၊ လာဇရုနေရာအရပ်၊ ဗေသနိရွာသို့ယေရှုသည် ရောက်တော်မူ၏။
၁ ပသခါပွဲမခံမီ၌ယေရှုသည်၊ ဤလောကမှ ခမည်းတော်ထံသို့ ပြောင်းရသောအချိန် ရောက်သည်ကို သိတော်မူသည်ဖြစ်၍၊ ဤလောက၌ ရှိသောမိမိလူတို့ကို ချစ်တော်မူသောကြောင့်၊ အဆုံးတိုင်အောင် ချစ်တော်မူ၏။
၂၈ နံနက်အချိန်ရောက်လျှင်၊ ယေရှုကို ကယာဖထံမှအိမ်တော်ဦးသို့ ဆောင်သွားကြ၏။ ထိုသူတို့သည် အာပတ်(အပြစ်)နှင့် ကင်းလွတ်၍ ပသခါပွဲကို ခံမည်အကြောင်း၊ အိမ်တော်ဦးထဲသို့ ကိုယ်တိုင်မဝင်ကြ။
၃၉ ပသခါပွဲ ၌လူတယောက်ကို သင်တို့အား ငါလွှတ်မြဲထုံးစံရှိသည်ဖြစ်၍၊ ယုဒရှင်ဘုရင်ကို လွှတ်စေချင်သလော၊ ဟုမေးလျှင်၊
၁၄ ထိုနေ့အချိန်ကား၊ ပသခါ အဘိတ်နေ့ တချက်တီးအချိန်လောက်ရှိ၏။ ပိလတ်မင်းကလည်း၊ သင်တို့၏ ရှင်ဘုရင်ကို ကြည့်ကြလော့၊ ဟုယုဒလူတို့အားပြောဆိုလျှင်၊
sပိလတ်မင်းကယေရှုကိုလက်ဝါးကပ်တိုင်မှာရိုက်ခွင့်ပေး
၄ ပေတရုကိုလည်း ဖမ်းဆီးပြီးမှ၊ ပသခါပွဲလွန်လျှင် လူများတို့အား ထုတ်ပေးမည်အကြံနှင့်၊ အစောင့်အရှောက် စစ်သူရဲ တကျိန်ခြောက်ယောက်တို့၌ အပ်၍၊ ထောင်ထဲမှာ လှောင်ထားလေ၏။
၇ သင်တို့သည် တဆေးမဲ့ဖြစ်သည်နှင့်အညီ၊ အသစ်သော မုန့်စိမ်းဖြစ်မည်အကြောင်း၊ ဟောင်းသောတဆေးကို၊ သုတ်သင်ပယ်ရှင်းကြလော့။ အကြောင်းမူကား၊ ခရစ်တော်တည်းဟူသော၊ ငါတို့ ပသခါသိုးသငယ်သည် ငါတို့အဘို့ ယဇ်ပူဇော်ရာဖြစ်၏။
၂၈ သားဦးများကိုဖျက်ဆီးသောသူသည်၊ ဣသရေလလူတို့ကို ဒဏ်မခတ်စေခြင်းငှါ၊ ယုံကြည်ခြင်းအားဖြင့် ပသခါပွဲကို၎င်း၊ အသွေးဖြန်းဆွတ်ခြင်းကို၎င်း၊ စောင့်လေ၏။
_________________________
Footnotes