၁၆ သင်တို့သည် သင်တို့ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှား၍၊ နွားသူငယ်ရုပ်တုကို သွန်းကြောင်းနှင့် ထာဝရဘုရား မှာထားတော်မူသောလမ်းမှ အလျင်အမြန် လွဲသွားကြောင်းကို ငါသည် ကြည့်မြင်လျှင်၊
၁၈ ထိုမျှမက သူတို့သည် နွားသငယ်အရုပ်ကို သွန်း၍၊ အိုဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သင်၏ဘုရား ဖြစ်တော်မူ၏၊ ဟုဆိုလျက်၊ အလွန်ပြစ်မှားသော်လည်း၊
၁၉ သူတို့သည် ဟောရပ် တောင်နားမှာ နွားသငယ်ကိုလုပ်၍၊ အရည်သွန်းသော ရုပ်တုကို ပြပ်ဝပ် ကိုးကွယ်ကြ၏။
၄၁ ထိုနေ့ရက်ကာလ၌ နွားသငယ်ကို လုပ်၍၊ ထိုရုပ်တုအား ယဇ်ပူဇော်သဖြင့်၊ မိမိတို့လက်နှင့် လုပ်သောအရာ၌ ပင်ပျော်မွေ့ကြ၏။
၉ ဤလူမျိုးကို ငါကြည့်မြင်ပြီ။ လည်ပင်းခိုင်မာသောအမျိုး ဖြစ်၏။
၃ နို့နှင့်ပျားရည်စီးသောပြည်သို့ သင်တို့ကို ပို့ဆောင်လိမ့်မည်။ သင်တို့နှင့်အတူ ငါကိုယ်တိုင်မသွား။ သင်တို့သည် လည်ပင်းခိုင်မာသောလူမျိုး ဖြစ်သောကြောင့်၊ လမ်း၌ သွားစဉ် သင်တို့ကို ငါဖျက်ဆီးမည် စိုးရိမ်စရာရှိသည်၊ ဟုမောရှေအား မိန့်တော်မူ၏။
၉ အိုဘုရားရှင်၊ အကျွန်ုပ်သည် ရှေ့တော်၌ မျက်နှာရလျှင်၊ အကျွန်ုပ်အရှင်သည် အကျွန်ုပ်တို့နှင့်အတူ ကြွတော်မူပါစေသော်၊ အကျွန်ုပ် တောင်းပန်ပါ၏။ ဤလူမျိုးသည် လည်ပင်းခိုင်မာသောအမျိုး ဖြစ်သော်လည်း အကျွန်ုပ်တို့ ပြစ်မှားမိသော ဒုစရိုက်အပြစ်များကို လွှတ်၍ အကျွန်ုပ်တို့ကို ကိုယ်တော် အမွေဥစ္စာဖို့ သိမ်းယူတော်မူပါ၊ ဟုလျှောက်လျှင်၊
၆ သို့ဖြစ်၍ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင်၏ ကုသိုလ်ကြောင့်၊ ထိုကောင်းမွန်သော ပြည်ကို ပေးတော်မူသည်မဟုတ်။ သင်သည် လည်ပင်းခိုင်မာသောအမျိုး ဖြစ်၏။
၄ သင်သည် ခိုင်မာသောသဘော၊ သံချောင်းလည်ပင်း၊ ကြေးဝါနဖူးနှင့် ပြည့်စုံသည်ကို ငါသိသောကြောင့်၊
၅၁ လည်ပင်းခိုင်မာ၍ နှလုံးဖြင့်၎င်း၊ နားဖြင့်၎င်း အရေဖျားလှီးခြင်းကို မခံသောလူတို့၊ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို အစဉ်မပြတ် ဆန့်ကျင်ဘက်ပြုလေ့ ရှိကြ၏။ သင်တို့ဘိုးဘေးများ၏ အလေ့နှင့် သင်တို့အလေ့တူ၏။
၁၁ မောရှေကလည်း၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် မဟာတန်ခိုး အားကြီးသောလက်နှင့် အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ကိုယ်တော်၏လူတို့ကို၊ အဘယ်ကြောင့် အမျက်ပြင်းစွာ ထွက်တော်မူသနည်း။
၃၈ သင်တို့ထက် အားကြီး၍ များပြားသော လူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူ၍၊ ယနေ့ပင် ဖြစ်သကဲ့သို့ သူတို့မြေထဲသို့ သင်တို့ကို သွင်း၍ အမွေခံစေခြင်းငှာ၊ မဟာတန်ခိုးတော်အားဖြင့် အဲဂုတ္တုပြည်မှ ရှေ့တော်၌ နှုတ်ဆောင်တော်မှုပြီ။
၂၉ ဤလူတို့သည်ကား၊ မဟာ တန်ခိုးတော်နှင့် လက်ရုံးတော်ကိုဆန့်သဖြင့် နှုတ်ဆောင်တော်မူသော ကိုယ်တော်၏ အမွေလူ ဖြစ်ကြပါသည်၊ ဟုငါသည်ဆုတောင်းလေ၏။
၁၁ အံ့ဘွယ်သော အမှုအလုံးစုံတို့ကို ပြု၍၊ ဣသရေလ အမျိုးသား အပေါင်းတို့ရှေ့မှာ မဟာတန်ခိုးတော်နှင့် အလွန် ကြောက်မက်ဘွယ်သော အမှုအရာ အပေါင်းတို့ကို ပြလေရာတွင်၊
၁၀ ယခုမှာ၊ ဤသူတို့သည် မဟာတန်ခိုးတော်နှင့် အားကြီးသော လက်နက်တော်ဖြင့် ရွေးနှုတ်သော ကိုယ်တော်ကျွန်၊ ကိုယ်တော်လူမျိုး ဖြစ်ကြပါ၏။
၃၂ သို့ဖြစ်၍၊ အိုအကျွန်ုပ်တို့၏ ဘုရား၊ ကြီးမြတ်၍ မဟာတန်ခိုးနှင့် ပြည့်စုံလျက် ကြောက်မက်ဘွယ်သော ဘုရား၊ ကရုဏာ ပဋိညာဉ်တော်ကို စောင့်တော်မူသော ဘုရား၊ အာရှုရိရှင်ဘုရင် လက်ထက်မှစ၍ ယနေ့တိုင်အောင်၊ အကျွန်ုပ်တို့ ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ အဆွေအမျိုးသူကြီး၊ ကိုယ်တော်၏ လူအပေါင်းတို့ အပေါ်သို့ ရောက်သော ဘေးဒဏ်ရှိသမျှကို ပမာဏမပြုဘဲ နေတော်မမူပါနှင့်။
၆ မဟာတန်ခိုးအားဖြင့် ငါနှင့် တရား တွေ့တော်မူမည်လော။ တွေ့တော်မမူ။ ငါ့စကားကို နားထောင်တော်မူမည်။
၈ သို့သော်လည်း၊ မဟာတန်ခိုးတော်ကို ထင်ရှားစေခြင်းငှါ၊ နာမတော်၏ အကြောင်းကြောင့် သူတို့ကို ကယ်တင်တော်မူ၏။
၅ ငါသည် မဟာတန်ခိုးနှင့် လက်ရုံးကိုဆန့်လျက်၊ မြေကြီးကို၎င်း၊ မြေကြီးပေါ်မှာရှိသော လူနှင့် တိရစ္ဆာန်တို့ကို၎င်း၊ ဖန်ဆင်းသည်ဖြစ်၍၊ ငါသည် ပေးလိုသောသူတို့အား ပေး၏။
၁၇ အို အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် မဟာတန်ခိုးနှင့် လက်ရုံးတော်ကို ဆန့်၍၊ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ကိုယ်တော် မတတ်နိုင်သော အရာတစုံတခုမျှ မရှိပါ။
၄၃ လူအပေါင်းတို့သည် ဘုရားသခင်၏၊ မဟာတန်ခိုးတော်ကိုမြင်၍ မိန်းမောတွေဝေခြင်းရှိကြ၏။
sအဘယ်သူသာ၍ကြီးမြတ်သနည်း
၁၀ လူကြီး လူငယ်ရှိသမျှတို့ကလည်း၊ ဤသူသည် ဘုရားသခင်၏ မဟာတန်ခိုးတော်ဖြစ်သည်၊ ဟုဆိုလျက်၊ ထိုသူ၌ ဆည်းကပ်ကြ၏။
၂၀ ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူ၍၊ ခရစ်တော်၌ ပြုပြင်သော၊ မဟာတန်ခိုး အာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။
၁၇ အနန္တတန်ခိုးနှင့် ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ကာလအစဉ်ရှိတော်မူသော၊ ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍၊ စိုးစံတော်မူသော ကျေးဇူးတော်ကို ကျွန်ုပ်တို့သည် ချီးမွမ်းပါ၏။
၂ ထိုအခါ ဘုရားသခင်၏ ကောင်းကင်တမန်သည်၊ ချုံထဲကထွက်သော မီးလျှံ၌ ထင်ရှား၏။ မောရှေသည် ကြည့်သောအခါ၊ မီးလောင်၍ ချုံမကျွမ်းဘဲ ရှိသည်ကိုမြင်လျှင်၊
၁၉ ထိုအခါ ဣသရေလတပ်ရှေ့မှာ သွားသော ဘုရားသခင်၏ ကောင်းကင်တမန်သည် နောက်၌ လိုက်သဖြင့်၊ မိုးတိမ်တိုင်သည်သူတို့ရှေ့ကရွေ့၍ နောက်၌ရပ်နေလေ၏။
၂၃ ငါ့တမန်သည် သင့်ရှေ့၌သွား၍ သင့်ကို အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ ရှိရာသို့ ဆောင်သွင်း၍၊ သူတို့ကိုပယ်ရှင်းမည်။
s ရုပ်တု ဆင်းတုများ ဝတ်မပြုရ
၃၄ သို့ဖြစ်၍ ငါမှာထားသော အရပ်သို့ သူတို့ကို ယခုသွား၍ ပို့ဆောင်လော့။ ငါ့တမန်သည် သင့်ရှေ့မှာ သွားလိမ့်မည်။ သို့သော်လည်း ငါသည် အကြည့်အရှု ကြွလာသောအခါ သူတို့၌ အပြစ်ပေးလျက် ကြွလာမည်၊ ဟုမိန့်တော်မူ၏။
၂ ကောင်းကင်တမန်ကိုလည်း သင်တို့ရှေ့သို့ ငါစေလွှတ်၍၊ သူသည် ခါနနိလူ၊ အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ကို နှင်ထုတ်၍၊