-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
၂၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၂၆

ကုလားကာ

တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော၊ ပိတ်ချော ကုလားကာ ဆယ်ထည်ဖြင့် တဲတော်ကို လုပ်ရမည်။ ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံတူရမည်။ ကုလားကာ ငါးထည်စီ တစပ်တည်းချုပ်ရမည်။ ကုလားကာတထည် ပြင်ဘက်မှာ၊ ကုလားကာ နားချင်းဆက်မှီရာ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ်ရမည်။ အခြားသော ကုလားကာပြင်ဘက်မှာ၊ ကုလားကာ နားချင်းဆက်မှီရာ၌လည်း ထိုအတူလုပ်ရမည်။ ကုလားကာတထည်၌ ကွင်းငါးဆယ်ကို၎င်း၊ အခြားသော ကုလားကာ အနားဆက်မှီရာ၌ ကွင်းငါးဆယ်ကို၎င်း၊ ကွင်းချင်းဆိုင် မိအောင်လုပ်ရမည်။ ရွှေချောင်း ငါးဆယ်ကိုလည်း လုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့်၊ တဲတော် တဆောင်တည်း ဖြစ်ရမည်။


ဆိတ်မွှေးကုလားကာ

တဲတော်ဖုံးအုပ်ဖို့ အခြားသော ကုလားကာ ဆယ့်တထည်ကို ဆိတ်မွေးနှင့် လုပ်ရမည်။ ကုလားကာသည် အလျားအတောင် သုံးဆယ်၊ အနံလေးတောင်ရှိ၍၊ ကုလားကာ ဆယ့်တထည်တို့သည် အလျားအနံချင်း တူရမည်။ ကုလားကာ ငါးထည်တစပ်၊ ​ခြောက်ထည် တစပ်တည်းချုပ်၍၊ ဆဌမကုလားကာကို တဲတော်ဦး၌ ၊ ခေါက်ထားရမည်။ ၁၀ ကုလားကာများ ဆက်မှီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာ တထည်အနားမှာ၊ ကွင်းငါးဆယ်ကို၎င်း၊ ဆက်မှီသော အခြားကုလားကာ အနားမှာ၊ ကွင်းငါးဆယ်ကို၎င်း လုပ်ရမည်။ ၁၁ ​ကြေးဝါချောင်း ငါးဆယ်ကိုလည်း လုပ်၍၊ ကွင်းတို့၌ လျှိုပြီးလျှင်၊ အပေါ်တဲတပိုင်းနှင့် တပိုင်းပူးတွဲသဖြင့်၊ တဲတဆောင်တည်း ဖြစ်ရမည်။ ၁၂ ထိုအပေါ်တဲ၌ ပိုသော ကုလားကာ တဝက်ကိုကား၊ တဲတော်နောက်ဖေးမှာ တွဲလွဲဆွဲထားရမည်။ ၁၃ အပေါ်တဲ၌ ပိုသော ကုလားကာ အလျားနှစ်တောင်တွင်၊ တဲတော်ဖုံးအုပ်ဖို့ တဘက်တချက် တတောင်စီ တွဲလွဲဆွဲထားရမည်။ ၁၄ အပေါ်တဲဖုံးအုပ်ဖို့ အနီဆိုးသော သိုးရေကို၎င်း၊ ထိုသိုးရေအပေါ်၌ တဟာရှသားရေကို၎င်း လုပ်ရမည်။


တဲတော်ကာရန် အကာရှပျဉ်ပြား

၁၅ တဲတောင် ကာရန် ထောင်ထားရသော အကာရှ ပျဉ်ပြားတို့ကိုလည်း လုပ်ရမည်။ ၁၆ ပျဉ်ပြားသည် အလျားဆယ်တောင်၊ အနံတတောင်ထွာ ရှိရမည်။ ၁၇ ထိုပျဉ်ပြားရှိသမျှတို့၌ ခြေထောက်နှစ်ခုစီ တတန်းတည်း ရှိစေခြင်းငှာ လုပ်ရမည်။ ၁၈ တဲတော် တောင်ဘက်၌ ကာရန် ပျဉ်ပြား နှစ်ဆယ်ကို လုပ်ရမည်။ ၁၉ ထိုပျဉ်ပြား နှစ်ဆယ်တွင်၊ တပြားတပြား အောက်၌ ခြေထောက်နှစ်ခုစီ စွပ်စရာဖို့ ငွေ​ခြေစွပ် လေးဆယ်ကို လုပ်ရမည်။ ၂၀ ထိုအတူ တဲတော်မြောက်ဘက်၌ ကာရန် ပျဉ်ပြား နှစ်ဆယ်ရှိရမည်။ ၂၁ ထိုပျဉ်ပြား၌လည်း ငွေ​ခြေစွပ်လေးဆယ်၊ တပြားနှစ်ခုစီ ရှိရမည်။ ၂၂ တဲတော် အနောက်ဘက်၌ ကာရန် ပျဉ်ပြား ​ခြောက်ပြားကို၎င်း၊ ၂၃ ထောင့်တဖက်တချက်၌ ကာရန် ပျဉ်ပြား နှစ်ပြားကို၎င်း လုပ်ရမည်။ ၂၄ အထက်၌၎င်း၊ အောက်၌၎င်း၊ ကွင်းကိုတပ်၍ စေ့စပ်လျက် ထောင့်နှစ်ခုကို ပြီးစေရမည်။ ၂၅ ပျဉ်ပြားရှစ်ပြား၊ ငွေ​ခြေစွပ် ဆယ်​ခြောက်ခု၊ တပြားနှစ်ခုစီရှိရမည်။ ၂၆ တဲတော်၌ ကာရသော ပျဉ်ပြားကို လျှိုစရာဖို့ အကာရှသား ကန့်လန့်ကျင်တို့ကို တဘက် ငါးချောင်းစီလုပ်ရမည်။ ၂၇ တဲတော်နောက်ဖေး၌ ကာရသော ပျဉ်ပြားကို လျှိုစရာဖို့ ကန့်လန့်ကျင် ငါးချောင်းကိုလည်း လုပ်ရမည်။ ၂၈ အလယ်ကန့်လန့်ကျင်ကို၊ ထောင့်တဘက်တချက်၌ ဆုံးစေရမည်။ ၂၉ ပျဉ်ပြားတို့ကို ရွှေနှင့် မွမ်းမံရမည်။ ကန့်လန့်ကျင်လျှိုဖို့ရာ ရွှေကွင်းကိုလည်း လုပ်၍၊ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံရမည်။ ၃၀ တောင်ပေါ်မှာ သင့်အားပြသော ပုံနှင့်အညီ၊ တဲတော်ကို တည်ဆောက်ရမည်။


ဟဂျာနှင့်ဟဂျာဟဂျုံကုလားကာ

၃၁ တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ကုလားကာ တထည်ကိုချုပ်ရမည်။ ၃၂ ရွှေချသော အကာရှသား တိုင်လေးတိုင်အပေါ်မှာ၊ ထိုကုလားကာကို ဆွဲထားရမည်။ ထိုတိုင်တို့သည် ရွှေတံစို့နှင့်၎င်း၊ ငွေ​ခြေစွပ် လေးခုနှင့်၎င်း ပြည့်စုံရမည်။ ၃၃ သက်သေခံချက် ထားသော သေတ္တာကို၊ ကုလားကာ အတွင်းသို့ သွင်းစရာဖို့ ထိုကုလားကာကို ရွှေချောင်းဖြင့်ဆွဲကာ၍၊ ဟဂျာ (သန့်ရှင်းရာဌာန) အရပ်၊ ဟဂျာဟဂျုံ (အသန့် ရှင်းဆုံးဌာန) အရပ် နှစ်ပါး စပ်ကြား၌ အပိုင်းအခြားဖြစ်ရမည်။ ၃၄ ဟဂျာဟဂျုံအရပ်၌ သက်သေခံချက် သေတ္တာ (ပဋိညာဉ်သေတ္တာ) အပေါ်မှာ သေတ္တာအဖုံးကို တင်ထားရမည်။ ၃၅ ကုလားကာပြင်မှာ စားပွဲကိုထားရမည်။ တဲတော်တောင်ဘက်နားမှာ မီးခုံကို၎င်း၊ မြောက်ဘက်နားမှာ စားပွဲကို၎င်း၊ တဘက်နှင့် တဘက်ဆိုင် မိအောင်ထားရမည်။


တဲတော်တံခါးဝ

၃၆ တဲတော်တံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ချယ်လှယ်သော ကုလားကာ တထည်ကို လုပ်ရမည်။ ၃၇ ထိုကုလားကာဖို့ ရွှေတံစို့နှင့် ပြည့်စုံသော အကာရှတိုင်ငါးတိုင်ကို လုပ်၍ ရွှေနှင့် မွမ်းမံရမည်။ ​ကြေးဝါ​ခြေစွပ် ငါးခုကိုလည်း သွန်းရမည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.