၃ မောရှေကလည်း၊ သင်တို့သည် ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ထွက်သွားသော ဤနေ့ရက်ကို အောက်မေ့ကြလော့။ ထာဝရ ဘုရားသည် အားကြီးသော လက်တော်ဖြင့် သင်တို့ကို ထိုပြည်မှ နှုတ်ဆောင်တော်မူပြီ။ တဆေးပါသော မုန့်ကိုမစားရ။
၁၃ ရွေးတော်မူသော လူမျိုးကို ကရုဏာတော်အားဖြင့် ပို့ဆောင်တော်မူ၏။ သန့်ရှင်းသော နေတော်မူရာသို့ တန်ခိုးအားဖြင့် လမ်းပြတော်မူ၏။
၂ ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
၈ ထာဝရဘုရားသည် သင့်ကို ချစ်သောကြောင့်၎င်း၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော အကျိန်ကို မဖျက်လိုသောကြောင့်၎င်း၊ ကျွန်ခံနေရာ အဲဂုတ္တုပြည်ကို အစိုးရသော ဖာရောဘုရင်လက်မှ အားကြီးသော လက်တော်နှင့် သင့်ကို ရွေးနှုတ် ဆောင်ယူခဲ့တော်မူပြီ။
၁ ထာဝရဘုရား၏ တမန်တော်သည်၊ ဂိလဂါလမှ ဗောခိမ်မြို့သို့လာ၍၊ သင်တို့ ဘိုးဘေးတို့အား ငါကျိန်ဆိုသော ပြည်သို့ အဲဂုတ္တုပြည်မှ သင်တို့ကို ငါဆောင်ခဲ့ပြီ။ သင်တို့နှင့် ငါဖွဲ့သော ပဋိညာဉ်ကို ငါမဖျက် အစဉ်အမြဲ စောင့်မည်။
၄ ရုပ်တုဆင်းတုကိုလည်း မချဉ်းမကပ်ရ။ ကိုယ်အဖို့ သွန်းသော ဘုရားတို့ကို မလုပ်ရ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။
၁ သင်တို့သည် ကိုယ်အဖို့ ထုလုပ်သော ရုပ်တုဆင်းတုကို မရှိစေရ။ သင်တို့ပြည်၌ ကိုးကွယ်စရာ မှတ်တိုင်ကို မစိုက်ရ။ ထုသော ကျောက်ကို ထောင်၍ မထားရ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။
၁၅ ဟောရပ်အရပ်၌ ထာဝရဘုရားသည် မီးထဲက သင်တို့အား မိန့်မြွက်တော်မူသောအခါ၊ မည်သည့် အဆင်းသဏ္ဍာန်ကိုမျှ မမြင်ရသည်ဖြစ်၍၊
၁၅ ထာဝရဘုရား စက်ဆုပ်ရွံရှာသော အရာ၊ လက်သမားလက်နှင့် ထုလုပ်သောရုပ်တု၊ သွန်းသောဆင်းတုကို လုပ်၍ မထင်ရှားသော အရပ်၌ ထားသောသူသည် အမင်္ဂလာ ရှိစေသတည်း၊ ဟုကျိန်လျှင်၊ လူအပေါင်းတို့က အာမင်၊ ဟုဝန်ခံရကြမည်။
၉ သင်၌ တပါးအမျိုး၏ ဘုရားမရှိရ။ တကျွန်းတနိုင်ငံ ဘုရားကို မကိုးကွယ်ရ။
၂၃ သူကလည်း၊ နက်ဖြန်နေ့သည် ထာဝရဘုရားရှေ့၌ သန့်ရှင်းသော ဥပုသ်နေ့၊ ငြိမ်ဝမ်စွာ နေရသောနေ့ဖြစ်၏။ မုန့်ကို ပေါင်းချင်သည်အတိုင်း ပေါင်းကြလော့။ ပြုတ်ချင်သည်အတိုင်း ပြုတ်ကြလော့။ ကျန်သောအရာကို နံနက်တိုင်အောင် စောင့်၍ သိုထားကြလော့၊ ဟုထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။
၈ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို အောက်မေ့လော့။
၁၃ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှာ၊ ငါနှင့် သင်တို့၏ သားစဉ်မြေးဆက် စပ်ကြား၌ လက္ခဏာ သက်သေဖြစ်ရာဖို့၊ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်ရကြမည်။
၂ ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် သင်တို့၌ သန့်ရှင်းသောနေ့၊ ထာဝရဘုရားအဖို့ ငြိမ်ဝပ်စွာ နေရသော ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ အလုပ်လုပ်သောသူ မည်သည်ကား အသေခံရမည်။
၃၁ ထိုနေ့ရက်သည် ထာဝရ ပညတ်တော်အတိုင်း၊ သင်တို့ ငြိမ်ဝပ်ရာ ဥပုသ်နေ့၊ ခြိုးခြံစွာ ကျင့်ရသောနေ့ ဖြစ်သတည်း။
၃ လူတိုင်း ကိုယ်မိဘကို ရိုသေရမည်။ ငါ့ဥပုသ်နေ့ တို့ကိုလည်း စောင့်ရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။
၃၀ ငါ့ဥပုသ်နေ့ တို့ကိုစောင့်၍၊ ငါ့သန့်ရှင်းရာ ဌာနတော်ကို ရိုသေရမည်။ ငါသည် ထာဝရဘုရား ဖြစ်၏။
၃ ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် ငြိမ်ဝပ်စွာ နေသော ဥပုသ်နေ့၊ ဓမ္မစည်းဝေးခြင်းကို ပြုရသောနေ့ ဖြစ်၏။ ထိုနေ့၌ သင်တို့သည် အလုပ်မလုပ်ရကြ။ သင်တို့ နေရာအရပ်ရပ်၌ ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။
sပသခါနှင့်အဇုမပွဲ
၁၁ သင်တို့သည် စိတ်တော်နှင့် တွေ့ခြင်းငှာ၊ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို ထာဝရဘုရား ရှေ့တော်၌ ချီလွှဲရမည်။
၁၅ ချီလွှဲရာ ပူဇော်သက္ကာ ကောက်လှိုင်းကို ဆောင်ခဲ့သောနေ့၊ ဥပုသ်နေ့ အလွန် နက်ဖြန်နေ့ကစ၍၊ သီတင်း ခုနစ်သီတင်း စေ့အောင် ရေတွက်ရမည်။
၂၄ သင်တို့သည် သတ္တမလ၊ ပဌမနေ့ရက်၌ တံပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသော ဥပုသ်နေ့ကို စောင့်ရကြမည်။
၃၇ ဤရွေ့ကား၊ ထာဝရဘုရား၏ ဥပုသ်နေ့၊ ထာဝရဘုရားအား ဆက်ကပ်ရသော အလှူဒါန၊
၈ ထာဝရဘုရား၏ ပဋိညာဉ်နှင့်အညီ၊ ဣသရေလ အမျိုးသားတို့လက်မှ ခံယူသော ထိုမုန့်ကို၊ အာရုန်သည် ထာဝရဘုရား ရှေ့တော်၌ ဥပုသ်နေ့ တိုင်း အစဉ်အမြဲ ပြင်ဆင်ရမည်။
၂ ငါ့ဥပုသ်နေ့ တို့ကို စောင့်၍၊ ငါ့သန့်ရှင်းရာ ဌာနတော်ကို ရိုသေရမည်။ ငါသည် ထာဝရဘုရား ဖြစ်၏။
sပညတ်စောင့်လျှင် မြေသီးနှံပေါများမည်
၃၄ ထိုသို့သင်တို့သည် ရန်သူပြည်၌ နေ၍၊ ကိုယ်ပြည်သည် လူဆိတ်ညံလျက် နေသော ကာလပတ်လုံး ငြိမ်ဝပ်စွာနေ၍၊ မိမိဥပုသ်နေ့တို့၌ မွေ့လျော်ရမည်။
၄၃ ထိုပြည်သည် သူတို့လက်မှ လွတ်၍၊ သူတို့မရှိဘဲ လူဆိတ်ညံလျက် နေစဉ်တွင်၊ မိမိဥပုသ်နေ့တို့၌ မွေ့လျော်လိမ့်မည်။ သူတို့သည် င့ါစီရင် ထုံးဖွဲ့ချက်များကို ရွံရှာ၍ မထီမဲ့မြင်ပြုသော အပြစ်ကြောင့်၊ ခံရသောဒဏ်ကို ဝန်ခံရကြလိမ့်မည်။
၃၂ ဣသရေလ အမျိုးသားတို့သည် တော၌ ရှိကြသောအခါ၊ တနေ့သော ဥပုသ်နေ့ ၌ ထင်းခွေသော သူတယောက်ကို တွေ့လေ၏။
၁၀ သွန်းလောင်းရာ ပူဇော်သက္ကာ မှတပါး၊ ဥပုသ်နေ့ရက်၌ အခါမလည် အပြစ်မပါသော သိုးသူငယ် နှစ်ကောင်ကို၎င်း၊ သွန်းလောင်းရာ ပူဇော်သက္ကာ ပါလျက်၊ ဘောဇဉ် ပူဇော်သက္ကာဖို့၊ ဆီရောသော မုန့်ညက်နှစ်ဩမဲကို၎င်း ပူဇော်ရမည်။
၁၂ သင်၏ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို စောင့်လော့။
၂၃ ခင်ပွန်းက၊ အဘယ်ကြောင့် ယနေ့သွားချင်သနည်း။ လဆန်းနေ့မဟုတ်၊ ဥပုသ်နေ့ လည်းမဟုတ်၊ ဟုဆိုသော်၊ မိန်းမက ကောင်းပါလိမ့်မည်၊ ဟုပြန်ပြော၏။
၅ ယောယဒကလည်း၊ သင်တို့ပြုရသော အမှုဟူမူကား၊ ဥပုသ်နေ့၌ ဝင်သောလူ သုံးစုတစ်စုသည် နန်းတော်တံခါးကို စောင့်ရမည်။
၃၂ သူ၏ ညီအစ်ကိုနှင့် အခြားသော ကောရသိ အဆွေအမျိုးသားတို့သည် ဥပုသ်နေ့၌ ရှေ့တော်မုန့်ကို ပြင်ဆင်ရကြ၏။
၃၁ ပညတ် တရားတော်အတိုင်း ဥပုသ်နေ့၊ လဆန်းနေ့၊ ဓမ္မပွဲနေ့၊ အစဉ်မပြတ် ထာဝရဘုရား ရှေ့တော်၌ မီးရှို့ရာယဇ်မျိုးတို့ကို ပူဇော်ရကြမည်။
၄ ဣသရေလ အမျိုးသည် အစဉ်ကျင့်ရသော တရားအတိုင်း ဘုရားရှေ့မှာ နံ့သာပေါင်းကို မီးရှို့ခြင်းငှါ၎င်း၊ ရှေ့တော်မုန့်ကို အစဉ်တင်ခြင်းငှါ၎င်း၊ ညဦး၊ နံနက်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ငါတို့ ဘုရားသခင် ထာဝရဘုရား၏ ဓမ္မပွဲနေ့တို့၌၊ မီးရှို့ရာယဇ် ပူဇော်ခြင်းငှါ၎င်း၊ ငါ၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော်ကိုတည် ဆောက်၍ ပူဇော်ရမည်။
၁၃ ထိုမှတပါးဥပုသ်နေ့ နှင့်လဆန်းနေ့၌ ၎င်း၊ အဇုမပွဲ၊ ခုနစ်သီတင်းပွဲ၊ သကေနေပွဲ တည်းဟူသောတနှစ်တနှစ်လျှင်ဓမ္မပွဲသုံးပွဲခံသောနေ့၌၎င်း၊ ယဇ်ပူဇော်လေ့ရှိ၏။
၄ သင်တို့ပြုရသော အမှုဟူမူကား၊ ဥပုသ်နေ့ ၌ ဝင်သော ယဇ်ပုရောဟိတ်သား လေဝိသား သုံးစုတစုတို့သည် တံခါးစောင့်လုပ်ရမည်။
၈ ထိုသို့ ယဇ်ပုရောဟိတ် ယောယဒမှာ ထားသမျှတိုင်း၊ လေဝိသားများနှင့် ယုဒအမျိုးသား အပေါင်းတို့သည် ပြု၍၊ ယဇ်ပုရောဟိတ် ယောယဒသည် ဖွဲ့မြဲဖွဲ့သော အသင်းတို့ကို မဖျက်သောကြောင့် ဥပုသ်နေ့၌ ထွက်ရသောသူနှင့် ဝင်ရသောသူ အသီးအသီးတို့ကို ခေါ်ထားကြ၏။
၃ ထာဝရဘုရား၏ ပညတ္တိကျမ်း၌ ရေးထားသည်အတိုင်း၊ နေ့ရက်အစဉ် နံနက်အချိန်၊ ညဦးအချိန်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ဓမ္မပွဲနေ့တွင် မီးရှို့ရာယဇ် ပူဇော်စရာအဘို့၊ ဘဏ္ဍာတော်ထဲက ဥစ္စာတဘို့ကိုထုတ်၍ လှူတော်မူ၏။
၂၁ ထိုသို့ ဣသရေလ မြေသည် ဥပုသ်နေ့ တို့ကို မွေ့လျော်စေခြင်းငှါ၊ ယေရမိဆင့်ဆိုသော ထာဝရဘုရား၏ အမိန့်တော်သည် ပြည့်စုံရ၏။ ထိုပြည်သည် လူဆိတ်ညံလျက် နေသောကာလ၊ အနှစ်ခုနစ်ဆယ် စေ့အောင် ဥပုသ်နှစ်တို့ကို စောင့်သော အခွင့်ရှိသတည်း။ %fo(a)
၁၄ သန့်ရှင်းသော ဥပုသ်နေ့ရက်တော် ကို ဖေါ်ပြ၍၊ ကိုယ်တော် ကျွန်မောရှေအားဖြင့် နည်းနာ ဥပဒေသ ပညတ်တရားတို့ကိုလည်း ထားတော်မူ၏။
၃၁ ပြည်သားတို့သည် ဥပုသ်နေ့၌ ဥစ္စာ၊ စားစရာကို ရောင်းခြင်းငှါ ယူခဲ့လျှင်၊ ဥပုသ်နေ့ ဖြစ်စေ၊ အခြားသော ဓမ္မနေ့ဖြစ်စေမဝယ်၊ သတ္တမနှစ်တွင် လယ်လုပ်ခြင်းအမှုကို မပြု၊ ကြွေးကိုအနိုင် မတောင်းဘဲ နေပါမည်ဟူ၍၎င်း၊ ကျိန်ဆိုလျက် သစ္စာဂတိထားကြ၏။
sဘုရားထံပူဇော်ခြင်းနှင့် ဆိုင်သောအရာ အမျိုးမျိုးဆောင်ကြ
၁၅ ထိုကာလ၊ ယုဒပြည်မှာ အချို့တို့သည် ဥပုသ်နေ့၌ စပျစ်သီးကို နယ်လျက်၊ ကောက်လှိုင်းကို သွင်းလျက်၊ မြည်းပေါ်မှာ ဝန်ကို တင်လျက်၊ လုပ်ဆောင်ကြသည်ကို၎င်း၊ ဥပုသ်နေ့ ၌ စပျစ်ရည်၊ စပျစ်သီး၊ သင်္ဘောသဖန်းသီး အစရှိသည်တို့ကို တင်၍ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြသည်ကို၎င်း ငါမြင်၍၊ ဤမည်သော နေ့ရက်၌သာ စားစရာများကို ရောင်းအပ်သည်၊ ဟုသူတို့အား ကြားပြောကြ၏။
၁၃ အချည်းနှီးသောပူဇော်သက္ကာကို နောက်တဖန် မဆောင်ခဲ့ကြနှင့်။ သင်တို့မီးရှို့သော နံ့သာပေါင်းကို ငါရွံ့ရှာ၏။ လဆန်းနေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေးသောနေ့ကိုလည်း ရွံရှာ၏။ အဓမ္မအမှုနှင့် ရောနှောသော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်။
၂ ထိုသို့ပြုသောသူ၊ အမြဲစွဲလမ်းသော လူသားသည်၊ ဥပုသ်နေ့ကို မရှုတ်ချ၊ စောင့်ရှောက်၍ ဒုစရိုက်ကို မပြုမည်အကြောင်း၊ မိမိလက်ကို ချုပ်တည်းလျှင်လည်း မင်္ဂလာရှိ၏။
sတပါးအမျိုးသားနှင့် မိန်းမလျှာတို့
၁၃ သင်သည် ဥပုသ်နေ့ ကိုမရှုတ်ချ။ ငါ၏သန့်ရှင်းသောနေ့မှာ ကိုယ်အလိုသို့မလိုက်၊ ဥပုသ်နေ့ကို မွေ့လျော်ရာနေ့၊ ထာဝရဘုရားအဘို့ သန့်ရှင်းသောနေ့၊ ရိုသေဘွယ်သော နေ့ဟူ၍ ခေါ်သဖြင့် ကိုယ်အမှုကိုမပြု၊ ကိုယ်အလိုသို့မလိုက်၊ ကိုယ်စကားကို မပြောဘဲနေ၍ ထိုနေ့ကိုရိုသေလျှင်၊
c၅၈
sတရားတော်ကို ရှာဟန်ဆောင်ကြ
၁ အသံမလျော့ဘဲ ကြွေးကြော်လော့။ တံပိုးသံကဲ့သို့ အသံကိုလွှင့်၍၊ ယာကုပ်အမျိုးသား ဖြစ်သော ငါ၏လူတို့အား၊ သူတို့ ဒုစရိုက်အပြစ်ကို ဖေါ်ပြလော့။ ၂ သူတို့သည် တရားကျင့်သောအမျိုး၊ မိမိဘုရားသခင်၏ ပညတ်တို့ကို မစွန့်သော အမျိုးကဲ့သို့၊ နေ့တိုင်း ငါ့ကိုရှာ၍ ငါ၏တရားလမ်း၌ မွေ့လျော်ကြသည်တကား။ ဖြောင့်မတ်စွာ တရားစီရင်ချက်တို့ကို ငါ့ထံမှာ အစဉ်မေးမြန်း၍၊ ဘုရားသခင့်ထံသို့ ချဉ်းကပ်ရာ၌ မွေ့လျော်ကြသည်တကား။
sမှားယွင်းသော အစာရှောင်နည်း
၃ အကျွန်ုပ်တို့သည် အစာရှောင်ခြင်း အကျင့်ကို ကျင့်သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့် မြင်တော်မမူသနည်း။ အကျွန်ုပ်တို့သည် ခြိုးခြံစွာ ကျင့်သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့် သိမှတ်တော်မမူသနည်း၊ ဟုဆိုသော်၊ သင်တို့သည် အစာရှောင်သောနေ့၌ ကိုယ်တိုင် ပျော်မွေ့၍၊ ကျွန်တို့ကို ပင်ပန်းစွာ လုပ်စေကြ၏။ ၄ သင်တို့သည် ငြင်းခုံရန်တွေ့လျက် အဓမ္မလက်ဆုပ်နှင့် ထိုးလျက် အစာရှောင်ကြ၏။ မြင့်သောအရပ်၌ မိမိတို့အသံကို ကြားစေခြင်းငှါ၊ ယခုကာလအခါ အစာရှောင်ကြသည်မဟုတ်။ ၅ ငါနှစ်သက်သော အစာရှောင်ခြင်းသည် ထိုသို့သော လက္ခဏာရှိသလော။ လူသည် တရက်တွင် ခြိုးခြံစွာကျင့်ခြင်း၊ ကိုင်းပင်ကဲ့သို့ဦးချခြင်း၊ အိပ်ရာဘို့ လျော်တေနှင့် ပြာကိုခင်းခြင်း၊ လက္ခဏာရှိလျှင်၊ အစာရှောင်ခြင်းဟူ၍၎င်း၊ ထာဝရဘုရား နှစ်သက်တော်မူသော နေ့ရက်ဟူ၍၎င်း၊ မှည့်အပ်သလော။
sမှန်ကန်သော အစာရှောင်နည်း
၆ ငါနှစ်သက်သော အစာရှောင်ခြင်းဟူမူကား၊ မတရားသော အချည်အနှောင်ကို ချွတ်ခြင်း၊ လေးသောဝန်ကိုချခြင်း၊ ညှဉ်းဆဲခံရသောသူတို့ကို လွှတ်ခြင်း၊ ထမ်းပိုးရှိသမျှကို ချိုးခြင်း မဟုတ်လော။ ၇ မွတ်သိပ်သောသူကို အစာကျွေးခြင်း၊ နေရာမရှိ၊ ဆင်းရဲသောသူတို့ကို ကိုယ်အိမ်သို့ဆောင်ခြင်း၊ အဝတ်မရှိသောသူကို မြင်လျှင်၊ အဝတ်ကိုပေးခြင်း၊ ကိုယ်အသားကို မရှောင်ဘဲ နေခြင်းမဟုတ်လော။
sမှန်ကန်နည်းဖြင့် အစာရှောင်ခြင်း၏ အကျိုးများ
၈ သို့ပြုလျှင် သင်၏အလင်းသည် မိုးသောက်သော အလင်းကဲ့သို့ ပေါ်ထွန်း၍၊ အလျင်အမြန် ကျန်းမာခြင်းသို့ ရောက်လိမ့်မည်။ သင်၏ ဖြောင့်မတ်ခြင်း ပါရမီသည် သင်ရှေ့၌ သွား၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် နောက်၌ လုံခြုံစေလိမ့်မည်။ ၉ သို့ပြုလျှင်၊ ထာဝရဘုရားသည်၊ သင်ခေါ်သောအခါ ထူးတော်မူလိမ့်မည်။ အော်ဟစ်သောအခါ၊ ငါရှိသည်၊ ဟုမိန့်တော်မူလိမ့်မည်။ သင်သည် သင်၏အထဲက ထမ်းပိုးကို၎င်း၊ လက်ညိုးထိုးခြင်းကို၎င်း၊ ကဲ့ရဲ့သောစကားကို၎င်း ပယ်ရှား၍၊ ၁၀ မွတ်သိပ်သောသူနှင့် ဆင်းရဲခံရသောသူကို သနားသော စိတ်နှင့် ချမ်းသာပေးလျှင်၊ မရှင်းလင်းသော အရာမှာ သင်၏အလင်းသည် ပေါ်ထွန်း၍၊ သင်၏ မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ ဖြစ်လိမ့်မည်။ ၁၁ ထာဝရဘုရားသည် သင့်ကို အစဉ် ပဲ့ပြင်တော်မူမည်။ အစာ ခေါင်းပါးသည်ကာလ၌ ဝစွာကျွေး၍၊ သင်၏အရိုးတို့ကို ခိုင်ခံ့စေတော်မူမည်။ သင်သည် ရေလောင်းသော ဥယျာဉ်ကဲ့သို့၎င်း၊ ရေမပြတ်နိုင်သော စမ်းရေတွင်းကဲ့သို့၎င်း၊ ဖြစ်လိမ့်မည်။ ၁၂ သင်၏အမျိုးအနွယ်သည် ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။ ရှေးကာလ၌ တည်ဘူးသော တိုက်မြစ်များအပေါ်မှာ ထပ်ဆင့်၍ တည်ဆောက်ကြလိမ့်မည်။ သင်သည်လည်း ပြိုပျက်သော မြို့ရိုးကို ပြုပြင်သောသူ၊ လူနေရာလမ်းများကို ပြင်ဆင်သောသူဟူ၍ သမုတ်ခြင်းကို ခံရလိမ့်မည်။
sဥပုသ်နေ့စောင့်လျှင်
၁၃ သင်သည် ဥပုသ်နေ့ ကိုမရှုတ်ချ။ ငါ၏သန့်ရှင်းသောနေ့မှာ ကိုယ်အလိုသို့မလိုက်၊ ဥပုသ်နေ့ကို မွေ့လျော်ရာနေ့၊ ထာဝရဘုရားအဘို့ သန့်ရှင်းသောနေ့၊ ရိုသေဘွယ်သော နေ့ဟူ၍ ခေါ်သဖြင့် ကိုယ်အမှုကိုမပြု၊ ကိုယ်အလိုသို့မလိုက်၊ ကိုယ်စကားကို မပြောဘဲနေ၍ ထိုနေ့ကိုရိုသေလျှင်၊ ၁၄ သင်သည် ထာဝရဘုရား၌ ပျော်မွေ့ရလိမ့်မည်။ မြေကြီးပေါ်မှာ မြင့်သောအရပ်တို့ကို ငါစီးစေ၍၊ သင့်အဘယာကုပ်၏ အမွေဥစ္စာနှင့် ငါကျွေးမည်၊ ဟုထာဝရဘုရား၏ နှုတ်တော်ထွက် အမိန့်တော်ရှိ၏။
၂၁ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဥပုသ်နေ့၌ ဝန်ကိုမထမ်းမရွက်၊ ယေရုရှလင်မြို့ တံခါးဖြင့် မဆောင်မသွင်းမည်အကြောင်း၊ သတိပြုကြလော့။
၆ ဝင်းတော်ကို တောင်ယာခြံကဲ့သို့အမှတ်ပြု၍ ချိုးဖျက်တော်မူပြီ။ မိမိပွဲသဘင်တော်ကို ဖျက်ဆီးတော်မူပြီ။ ဇိအုန်မြို့၌ ခံသောဓမ္မပွဲနေ့၊ ဥပုသ်နေ့တို့ကို ထာဝရဘုရား မေ့စေတော်မူပြီ။ အမျက်တော် အရှိန်ပြင်း၍ ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ်ကို မရှုမမှတ်ပြုတော်မူပြီ။
၁၂ ထိုမှတပါးငါထာဝရဘုရားသည်သူတို့ကိုသန့်ရှင်းစေသည်ဟုသူတို့သည်သိမည်အကြောင်း၊ ငါနှင့်သူတို့စပ်ကြားမှာလက္ခဏာသက်သေဖြစ်စေခြင်းငှါ၊ ငါ၏ဥပုသ်နေ့တို့ကိုငါခန့်ထား၏။
၁၃ သို့ရာတွင် ဣသရေလ အမျိုးသည် တော၌ ငါ့ကို ပုန်ကန်ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်း ဖြစ်သော ငါ၏ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်၊ မထီမဲ့မြင် ပြု၍ ငါ၏ ဥပုသ်နေ့တို့ကို အလွန် ရှုတ် ချကြ၏။ ထိုအခါ သူတို့ ဖျက်ဆီးခြင်းငှါ၊ တော၌ သူတို့ အပေါ်သို့ ငါ့အမျက်အရှိန်ကို သွန်းလောင်းမည်၊ ဟုအကြံရှိ၏။
၂၀ ငါ၏ ဥပုသ်နေ့တို့ ကိုလည်း သန့်ရှင်းစေလော့။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်သည်၊ ဟုသင်တို့သည် သိမည်အကြောင်း၊ ထိုဥပုသ်နေ့တို့ကို ငါနှင့် သင်တို့ စပ်ကြားမှာ လက္ခဏာ သက်သေ ဖြစ်စေကြလော့၊ ဟုငါဆို၏။
၂၄ အကြောင်းမူကား၊ သူတို့သည် ဘိုးဘေးတို့ကိုးကွယ်သော ရုပ်တုများကို ငဲ့ကွက်သောကြောင့်၊ ငါ၏ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက် မထီမဲ့မြင် ပြု၍ ငါ၏ ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။
၈ သင်သည်ငါ၏သန့်ရှင်းသောအရာတို့ကိုမထီမဲ့မြင်ပြုပြီ။ ငါ၏ဥပုသ်နေ့တို့ကိုရှုတ်ချပြီ။
၂၆ ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏တရားကိုဖျက်၍၊ ငါ၏သန့်ရှင်းရာဌာကိုလည်းညစ်ညူးစေကြ၏။ သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာတို့ကိုမပိုင်းခြား၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာတို့ကိုရောနှောကြ၏။ ငါ၏ဥပုသ်နေ့တို့မှလည်းမျက်နှာလွှဲကြ၏။ သူတို့အလယ်၌ ငါသည်ရှုတ်ချခြင်းကိုခံရ၏။
၃၈ ထိုမှတပါး ငါ၌ပြုသောအမှုတို့ဟူမူကား၊ ထိုနေ့ခြင်းတွင်ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေခြင်းငှါ ငါ၏ဥပုသ်နေ့ကိုရှုတ်ချကြ၏။
၂၄ တရားတွေ့မှုကိုစီရင်လျှင်ငါ၏ ဓမ္မသတ်ပွဲတို့ကိုဆောင်ရွက်လျှင်ငါစီရင်ထုံးဖွဲ့ချက်တို့ကို၎င်း၊ ငါ၏ဥပုသ်နေ့တို့ကို၎င်း၊ စောင့်ရှောက်ကြရမည်။
၁၇ မင်းသားသည်လည်းပွဲသဘင်နေ့လဆန်းနေ့ဥပုသ်နေ့ဣသရေလအမျိုးပရိသတ်စည်းဝေးသောနေ့ရက်အစဉ်အတိုင်းမီးရှို့ရာယဇ်ဘောဇဉ်ပူဇော်သက္ကာသွန်းလောင်းရာပူဇော်သက္ကာတို့ကိုပူဇော်ရမည်။ ဣသရေလ အမျိုး၏အပြစ်ကိုဖြေခြင်းငှါအပြစ်ဖြေရာယဇ်ဘောဇဉ်ပူဇော်သက္ကာမီးရှို့ရာယဇ်မိဿဟာယယဇ်ကိုလည်းပူဇော်ရမည်။
၁ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား အရှေ့သို့မျက်နှာပြုသော အတွင်းတန်တိုင်းတံခါးကို အလုပ်လုပ်သောနေ့ခြောက်ရက်ပတ်လုံး ပိတ်ထားရမည်။ ဥပုသ်နေ့နှင့် လဆန်းနေ့၌ ဖွင့်ထားရမည်။
၁၂ မင်းသားသည် အလိုလိုပြုသော မီးရှို့ရာယဇ် မိဿဟရယဇ်ကို မိမိအလိုအလျောက်ထာဝရဘုရားအား ပူဇော်သက္ကာပြုသောအခါ အရှေ့သို့မျက်နှာပြုသော တံခါးကိုဖွင့်ရမည်။ သူသည်ဥပုသ်နေ့၌ မီးရှို့ရာယဇ်မိဿဟာရယဇ်ကို ပူဇော်သကဲ့သို့ပူဇော်ရမည်။ ပူဇော်ပြီးမှ ထွက်သွား၍ တံခါးကိုပိတ်ထားရမည်။
၁၁ သူရွှင်လန်းစရာအကြောင်းရှိသမျှနှင့်ပွဲခံခြင်း၊ လဆန်းနေ့၊ ဥပုသ်နေ့စောင့်ခြင်း၊ ပရိသတ်စည်းဝေးခြင်းအလုံးစုံတို့ကိုငါပြတ်စေမည်။
၄ ငါတို့သည် စပါးကို ရောင်းအံ့သောငှါ လဆန်းနေ့လွန်ပါစေ။ ဂျုံကိုရောင်းအံ့သောငှါ ဥပုသ်နေ့ လွန်ပါစေ၊ ဟုဆိုလျက်၊
၁ ထိုကာလအခါ ယေရှုသည် ဥပုသ်နေ့၌ဂျုံစပါး၊ လယ်ကွက်တို့ကို လျှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကို ဆွတ်၍စားကြ၏။
၅ ယဇ်ပုရောဟိတ် တို့သည်လည်း ဗိမာန်တော်တွင် ဥပုသ်နေ့၌ ဥပုသ်ပျက်သော်လည်း၊ အပြစ် မသင့်သည်ကို ပညတ္တိကျမ်း၌ မဖတ်ဘူးသလော။
၁၀ လူအချို့တို့က၊ ဥပုသ်နေ့၌) ရောဂါကို ငြိမ်းစေအပ်သလောဟု ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ မေးလျှောက်ကြ၏။
၂၀ သင်တို့ ပြေးရသော အချိန်သည်၊ ဆောင်းကာလ၌မကျ၊ ဥပုသ်နေ့၌လည်း မကျမည်အကြောင်း၊ ဆုတောင်းကြလော့။%fo(d)
၁ ဥပုသ်နေ့လွန်၍ ခုနစ်ရက်တွင် ပဌမနေ့ရက်%fo(a) မိုးလင်းအံ့ဆဲဆဲ အချိန်၌၊ မာဂဒလမာရိနှင့် အခြားသော မာရိသည် သင်္ချိုင်းတော်ကို အကြည့်အရှု သွားကြ၏။
၂၁ ကပေရနောင်မြို့သို့ သွားကြလျှင်၊ ဥပုသ်နေ့၌ကိုယ်တော်သည် ချက်ချင်း တရားစရပ်သို့ဝင်၍ ဆုံးမဩဝါဒပေးတော်မူ၏။
၂၃ ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါး လယ်ကွက်တို့ကို လျှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် စပါးအသီးအနှံကို ဆွတ်လျက် ခရီးသွားကြ၏။
၂၇ ထိုမှတပါး ဥပုသ်နေ့သည် လူအဘို့ဖြစ်၏။ လူသည် ဥပုသ်နေ့အဘို့ ဖြစ်သည်မဟုတ်။ ၂၈ သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့ကို ပင်အစိုးရသည်၊ ဟုမိန့်တော်မူ၏။
၂ ဥပုသ်နေ့၌ သူ၏ ရောဂါကို ငြိမ်းစေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကိုရှာ၍ ချောင်းကြည့်ကြ၏။
၂ ဥပုသ်နေ့ရောက်လျှင် တရားစရပ်၌ ဆုံးမဩဝါဒ ပေးတော်မူ၏။ လူများတို့သည် ကြားနာရလျှင် မိန်းမောတွေဝေခြင်းသို့ ရောက်၍၊ ဤသူသည် ဤအရာတို့ကို အဘယ်မှာရသနည်း။ သူရသော ပညာကား အဘယ်ပညာနည်း။ ဤမျှလောက်သော တန်ခိုးများကို အဘယ်သို့ပြနိုင်သနည်း။
၁ ဥပုသ်နေ့လွန်မှ မာဂဒလမာရိ၊ ယာကုပ်၏ အမိဖြစ်သော မာရိနှင့် ရှာလုံတို့သည် သွား၍၊ အလောင်းတော်ကို လိမ်းခြင်းငှါ နံ့သာမျိုးကို ဝယ်ပြီးလျှင်၊
၁၆ ကြီးပွား တော်မူရာ နာဇရက်မြို့သို့ ပြန်ရောက်လျှင်၊ ထုံးစံတော် ရှိသည်အတိုင်း ဥပုသ်နေ့၌ တရားဇရပ်သို့ ဝင်၍၊ ကျမ်းစာကို ဖတ်ရွတ်ခြင်းငှာ ထတော်မူ၏။
၃၁ ဂါလိလဲပြည် ကပေရနောင်မြို့သို့ ရောက်လျှင်၊ ဥပုသ်နေ့၌ ဆုံးမဩဝါဒ ပေးတော်မူ၏။
၁ ဒုတိယဥပုသ်နေ့၌ %fo(a) ကိုယ်တော်သည်၊ ဂျုံစပါးလယ်ကွက်တို့ကို လျှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် စပါးအသီးအနှံကို ဆွတ်၍၊ လက်နှင့်ပွတ်နယ်လျက် စားကြ၏။
၅ ထိုမှတပါး လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်၊ ဟုမိန့်တော်မူ၏။
sဥပုသ်နေ့၌ လက်သေသူကျန်းမာစေ
၉ ယေရှုကလည်း၊ သင်တို့ကိုငါမေးမည်။ ဥပုသ်နေ့၌ အဘယ်သို့ပြုအပ်သနည်း။ ကျေးဇူးပြုအပ်သလော။ သူ့အကျိုးကို ဖျက်ဆီးအပ်သလော။ အသက်ကို ကယ်အပ်သလော၊ သတ်အပ်သလော၊ ဟုပရိသတ်တို့အား မေးတော်မူပြီးလျှင်၊
၁၁ တဆယ်ရှစ်နှစ်ပတ်လုံး နတ်စွဲ၍၊ ရောဂါ နှိပ်စက်ခြင်းကိုခံရသော မိန်းမတယောက်ရှိ၏။ ထိုမိန်းမသည် ကျောကုန်း၍၊ ကိုယ်ကို အလျှင်းမဆန့်နိုင်။
၁၄ ထိုသို့ဥပုသ်နေ့၌ ယေရှုသည် အနာရောဂါကို ငြိမ်းစေတော်မူသောကြောင့်၊ တရားစရပ်မှူးသည် အမျက်ထွက်၍၊ အလုပ်လုပ်ရသော နေ့ရက်ခြောက်ရက်ရှိ၏၊ ထိုနေ့ရက်တွင်လာ၍ အနာရောဂါ ငြိမ်းစေခြင်းကျေးဇူးကို ခံကြလော့။ ဥပုသ်နေ့၌ မလာမခံကြနှင့်။ ဟုပရိသတ်တို့အားဆို၏။
၁ တနေ့သောဥပုသ်နေ့၌ ၊ ကိုယ်တော်သည် အစာကို သုံးဆောင်ခြင်းငှါ၊ အရာရှိဖြစ်သော ဖာရိရှဲတယောက်၏ အိမ်သို့ဝင်တော်မူပြီးလျှင်၊ ထိုသူတို့သည် ကိုယ်တော်ကို ချောင်းကြည့်ကြ၏။
၅၃ အလောင်းတော်ကိုချ၍ ပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊ တယောက်ကိုမျှ မသင်္ဂြိုလ်ဘူးသော ကျောက်သင်္ချိုင်းတွင်း၌ ထားလေ၏။
၁၀ ထိုနေ့သည် ဥပုသ်နေ့ဖြစ်၏။ ထိုကြောင့် ယုဒလူတို့က ဥပုသ်နေ့ဖြစ်၏။ အိပ်ရာကို မဆောင်အပ်၊ ဟုရောဂါကင်းသောသူအား ဆိုကြ၏။
၁၆ ထိုအမှုကို ဥပုသ်နေ့၌ ပြုတော်မူသောကြောင့်၊ ယုဒလူတို့သည် ယေရှုကို ညှဉ်းဆဲကြ၏။
၂၂ မောရှေသည် အရေဖျားလှီးခြင်း တရားကို သင်တို့အားပေး၏။ ထိုသို့ဆိုသော် မောရှေမှအစစွာခံရသည်ဟုမဆိုလို။ ဘိုးဘေးများမှ ဆက်ခံရသတည်း။ ထိုကြောင့် ဥပုသ်နေ့၌ သင်တို့သည် အရေဖျားလှီးခြင်းကို ပေးကြ၏။
၁၄ ယေရှုသည် ရွှံ့လုပ်၍သူ၏မျက်စိကို ဖွင့်တော်မူသောနေ့သည် ဥပုသ်နေ့ဖြစ်သတည်း။
၃၁ ထိုနေ့သည် အဘိတ်နေ့ဖြစ်၍၊ နက်ဖြန်နေ့လည်း ကြီးမြတ်သော ဥပုသ်နေ့ဖြစ်သည်ကို ယုဒလူတို့သည်ထောက်၍၊ အ လောင်းကောင်တို့ကို ဥပုသ်နေ့၌ လက်ဝါးကပ်တိုင်ပေါ်မှာ မရှိစေခြင်းငှါ၊ ပိလတ်မင်းထံသို့ဝင်ပြီးလျှင်၊ ခြေကိုချိုး၍ ထိုအလောင်းကောင်တို့ကို ယူသွားရမည်အကြောင်း အခွင့်တောင်းကြ၏။
၁၂ ထိုအခါ ယေရုရှင်လင်မြို့နှင့် ဥပုသ်နေ့တနေ့ခရီးသာကွာ၍၊ သံလွင်အမည်ရှိသော တောင်မှ၊ ယေရုရှလင်မြို့သို့ တမန်တော်တို့သည် ပြန်ကြ၏။
၁၄ ပေရဂေမြို့မှ ထွက်သွားပြန်လျှင်၊ ပိသိဒိပြည်၊ အန္တိအုတ်မြို့သို့ ရောက်လျှင်၊ ဥပုသ်နေ့၌ တရားစရပ်သို့ဝင်၍ ထိုင်ကြ၏။
၂၇ ယေရုရှလင်မြို့၌ နေသောသူတို့နှင့်တကွ မင်းများတို့သည် ထိုသခင်ကို၎င်း၊ ဥပုသ်နေ့တိုင်း အစဉ်ဖတ်ရွက်သော ပရောဖက်တို့၏ စကားကို၎င်း၊ မသိနားမလည်သောကြောင့်၊ ထိုသခင်ကို စီရင်သောအားဖြင့်၊ ထိုပရောဖက်တို့၏ စကားကိုပြည့်စုံ စေကြပြီ။
၄၂ လူများတို့သည် တရားစရပ်မှ ထွက်သွားကြစဉ်၊ ထိုအကြောင်း အရာတို့ကို မိမိတို့အား၊ နောက်ဥပုသ်နေ့၌ ဟောပြောပါမည်အကြောင်း တောင်းပန်ကြ၏။
၂၁ အကြောင်းမူကား မောရှေ၏ ပညတ္တိကျမ်းကို တရားစရပ်၌၊ ဥပုသ်နေ့တိုင်း ဖတ်ရွတ်သဖြင့်၊ မောရှေ၏တရားကို ရှေးကာလမှစ၍၊ ခပ်သိမ်းသောမြို့တို့၌ ဟောပြောလေ့ရှိသည်၊ ဟုယာကုပ်ပြောဆို၏။
sဆွေးနွေးဆုံးဖြတ်ချက် စာကိုပို့
၁၃ ဥပုသ်နေ့၌ ငါတို့သည် မြို့ပြင်သို့ထွက်လျှင်၊ ပဌနာစရပ်ရှိတတ်ရာ မြစ်နားသို့သွား၍ ထိုင်ပြီးမှ၊ ထိုအရပ်၌ စည်းဝေးသော မိန်းမတို့အား ဟောပြောကြ၏။
၂ ပေါလုသည် မိမိထုံးစံရှိသည်အတိုင်း ထိုစရပ်သို့ဝင်၍၊ ဥပုသ်နေ့သုံးရက်တွင် ကျမ်းစာကိုအမှီပြု၍၊ ထိုသူတို့နှင့် ဆွေးနွေးနှီးနှောသဖြင့်၊
၄ ပေါလုသည်လည်း ဥပုသ်နေ့မပြတ် တရားစရပ်၌ ဆွေးနွေးဟောပြော၍၊ ယုဒလူနှင့် ဟေလသလူတို့ကို ဖြားယောင်း သွေးဆောင်လေ၏။
၉ ကာလကြာသည်ရှိသော်၊ ကြီးစွာသော ဥပုသ်နေ့လွန်၍၊ ပင်လယ်မကူးသင့်သော လဥတုအချိန်ဖြစ်သည်ကို ပေါလုသည် ထောက်၍၊
၁၆ ထိုကြောင့် စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှမစစ် ကြောမစီရင်စေနှင့်။
၃ လူတိုင်း ကိုယ်မိဘကို ရိုသေရမည်။ ငါ့ဥပုသ်နေ့ တို့ကိုလည်း စောင့်ရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။
၁၆ မိဘကို မထီမဲ့မြင် ပြုသောသူသည် အမင်္ဂလာရှိစေသတည်း၊ ဟုကျိန်လျှင်၊ လူအပေါင်းတို့က အာမင်၊ ဟုဝန်ခံရကြမည်။
၄ ဘုရားသခင်၏ ပညတ်တော်ကား၊ မိဘကို ရိုသေစွာပြုလော့။ အကြင်သူသည် မိဘကို နှုတ်ဖြင့် ပြစ်မှား၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေ၊ ဟုလာသတည်း။
၁၉ မိဘကို ရိုသေစွာ ပြုလော့။ ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့၊ ဟုမိန့်တော်မူ၏။
၁၀ မောရှေ၏ ပညတ်ကား၊ မိဘကို ရိုသေစွာပြုလော့။ အကြင်သူသည်၊ မိဘကို နှုတ်ဖြင့်ပြစ်မှား၏၊ ထိုသူသည် အသေသတ်ခြင်းကိုခံစေ၊ ဟုလာသတည်း။
၁၉ သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ လူအသက်ကို မသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သောသက် သေကိုမခံနှင့်။ သူ့ဥစ္စာကို မတရားသဖြင့် မသိမ်းနှင့်။ မိဘကို ရိုသေစွာပြုလော့၊ ဟုမိန့်တော်မူလျှင်၊
၂၀ သင်သည် ပညတ်တော်ကို သိသည်မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ လူအသက်ကို မသတ်နှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။ မိဘကို ရိုသေစွာပြုလော့၊ ဟုမိန့်တော်မူလျှင်၊
၂ မိဘကို ရိုသေစွာပြုလော့။
၆ အကြင်သူသည် လူ၏အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။
၁၂ လူကို အသေသတ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။
၁၇ လူအသက်ကို သတ်သောသူသည်လည်း အသေသတ်ခြင်းကို အမှန်ခံရမည်။
၂၁ လူအသက်ကိုမသတ်ရ။ သတ်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏ဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။
၁၈ အဘယ် ပညတ်တို့ကို စောင့်ရှောက် ရမည်နည်း၊ ဟုလျှောက်ပြန်သော်၊ လူအသက်ကို မသတ်နှင့်။ သူ့မယားကို မပြစ်မှားနှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မမှန်သော သက်သေကို မခံနှင့်။
၁၉ သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ လူအသက်ကို မသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သောသက် သေကိုမခံနှင့်။ သူ့ဥစ္စာကို မတရားသဖြင့် မသိမ်းနှင့်။ မိဘကို ရိုသေစွာပြုလော့၊ ဟုမိန့်တော်မူလျှင်၊
၂၀ သင်သည် ပညတ်တော်ကို သိသည်မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ လူအသက်ကို မသတ်နှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။ မိဘကို ရိုသေစွာပြုလော့၊ ဟုမိန့်တော်မူလျှင်၊
၉ အကြောင်းမူကား၊ သူ့မယားကို မပြစ်မှားနှင့်၊ လူအသက်ကို မသတ်နှင့်၊ သူ့ဥစ္စာကိုမခိုးနှင့်၊ မမှန်သော သက်သေကမခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်၊ ဟူသော ပညတ်မှစ၍ အခြားသော ပညတ်ရှိသမျှတို့သည်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့၊ ဟူသော ပညတ်တခု၌ အပါအဝင်ဖြစ်ကြ၏။
၁၁ သူ့မယားကိုမပြစ်မှားနှင့်။ ဟုပညတ်တော်မူသောသူက၊ လူအသက်ကိုမသတ်နှင့်။ ဟုပညတ်တော်မူသေး၏။ သို့ဖြစ်၍ သင်သည်သူ့မယားကို မပြစ်မှားဘဲနေသော်လည်း၊ လူအသက်ကိုသတ်လျှင်၊ ပညတ်တရားကို လွန်ကျူးသောသူဖြစ်၏။
၁၀ သူ့မယားကို ပြစ်မှားသောသူသည် မှားယွင်းသော မိန်းမနှင့်တကွ၊ အသေသတ်ခြင်းကို အမှန်ခံရမည်။
၁၈ လူအသက်ကို မသတ်နှင့်၊
၂၇ သူ့မယားကို မပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။
၁၈ အဘယ် ပညတ်တို့ကို စောင့်ရှောက် ရမည်နည်း၊ ဟုလျှောက်ပြန်သော်၊ လူအသက်ကို မသတ်နှင့်။ သူ့မယားကို မပြစ်မှားနှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မမှန်သော သက်သေကို မခံနှင့်။
၉ အကြောင်းမူကား၊ သူ့မယားကို မပြစ်မှားနှင့်၊ လူအသက်ကို မသတ်နှင့်၊ သူ့ဥစ္စာကိုမခိုးနှင့်၊ မမှန်သော သက်သေကမခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်၊ ဟူသော ပညတ်မှစ၍ အခြားသော ပညတ်ရှိသမျှတို့သည်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့၊ ဟူသော ပညတ်တခု၌ အပါအဝင်ဖြစ်ကြ၏။
၁၆ လူကိုခိုးသောသူသည် ရောင်းသည်ဖြစ်စေ၊ သူ၏လက်၌ ရှိသည်ဖြစ်စေ၊ အသေသတ်ခြင်းကို အမှန်ခံရမည်။
၁၁ သူ့ဥစ္စာကို မခိုးရ။ သူတပါးကို မလှည့်စားရ။ တယောက်ကို တယောက် မုသာစကားမပြောရ။
၁၃ ကိုယ်နှင့် စပ်ဆိုင်သော သူ၏ဥစ္စာကို မတရားသဖြင့် မသိမ်းရ။ အနိုင်အထက်ပြု၍ မယူရ။ သူငှားခံထိုက်သော အခကို တညလုံး နံနက် တိုင်အောင် မထားရ။
၁၈ အဘယ် ပညတ်တို့ကို စောင့်ရှောက် ရမည်နည်း၊ ဟုလျှောက်ပြန်သော်၊ လူအသက်ကို မသတ်နှင့်။ သူ့မယားကို မပြစ်မှားနှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မမှန်သော သက်သေကို မခံနှင့်။
၉ အကြောင်းမူကား၊ သူ့မယားကို မပြစ်မှားနှင့်၊ လူအသက်ကို မသတ်နှင့်၊ သူ့ဥစ္စာကိုမခိုးနှင့်၊ မမှန်သော သက်သေကမခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်၊ ဟူသော ပညတ်မှစ၍ အခြားသော ပညတ်ရှိသမျှတို့သည်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့၊ ဟူသော ပညတ်တခု၌ အပါအဝင်ဖြစ်ကြ၏။
၁ သင်သည် မှားသော သတင်းစကားကို မကြားမပြောရ။ မတရားသောသူတို့နှင့် ဝိုင်းညီ၍ မမှန်သောသက်သေကို မခံရ။
၇ မဟုတ်မမှန်သော အမှုကိုရှောင်ရမည်။ အပြစ်မရှိသောသူ၊ ဖြောင့်မတ်သောသူကို မကွပ်မျက်ရ။ အကြောင်းမူကား၊ ငါသည် မတရားသောသူကို အပြစ်မလွှတ်။
၂၀ သူ့ ဥစ္စာကို မခိုးနှင့်။
၁၈ အဘယ် ပညတ်တို့ကို စောင့်ရှောက် ရမည်နည်း၊ ဟုလျှောက်ပြန်သော်၊ လူအသက်ကို မသတ်နှင့်။ သူ့မယားကို မပြစ်မှားနှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မမှန်သော သက်သေကို မခံနှင့်။
၂၁ ကိုယ်နှင့် စပ်ဆိုင်သောသူ တဘက်၌ မမှန်သော သက်သေကိုမခံနှင့်၊ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ မယားကို တပ်မက်သော စိတ်မရှိစေနှင့်။ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ အိမ်၊ လယ်ယာ၊ ကျွန်ယောက်ျားမိန်းမ၊ နွားမြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာ တစုံတခု ကိုမျှ တပ်မက်လိုချင်သော စိတ်မရှိစေနှင့်၊ ဟုမိန့်တော်မူ၏။
sလူများက ဘုရားကိုယ်တိုင် စကားမပြောဖို့ တောင်းဆိုကြ
၇ သို့ဖြစ်၍ အဘယ်သို့ ပြောရမည်နည်း။ ပညတ်တရား၌ အပြစ်ရှိသလော။ အပြစ်မရှိနိုင်ရာ။ သို့ရာတွင် ပညတ်တရားအားဖြင့်သာ အပြစ်သဘောကို ငါသိရ၏။ အဘယ်သို့နည်းဟူမူကား၊ လောဘစိတ်မရှိစေနှင့်၊ ဟုပညတ်တရားမဆိုလျှင်၊ လောဘသဘောကို ငါမသိ။
၉ အကြောင်းမူကား၊ သူ့မယားကို မပြစ်မှားနှင့်၊ လူအသက်ကို မသတ်နှင့်၊ သူ့ဥစ္စာကိုမခိုးနှင့်၊ မမှန်သော သက်သေကမခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်၊ ဟူသော ပညတ်မှစ၍ အခြားသော ပညတ်ရှိသမျှတို့သည်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့၊ ဟူသော ပညတ်တခု၌ အပါအဝင်ဖြစ်ကြ၏။
၃ မတရားသော မေထုံ၌ မှီဝဲခြင်း၊ အမျိုးမျိုးသော ကိလေသာ ညစ်ညူးခြင်း၊ လောဘ လွန်ကျူးခြင်း အမှုတို့ကို၊ သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း၊ စကားမျှဖြင့် မဆက်ဆံကြနှင့်။
၅ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ညစ်ညူးစွာ ပြုသောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ ဖြစ်သော လောဘလွန်ကျူးသောသူ၊ တစုံတယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏ နိုင်ငံ၌၊ အမွေမခံရသည်ကို သင်တို့သိကြ၏။
၁၆ သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာ မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်းနှင့်တကွ မိုးတိမ်တိုက် လွှမ်းမိုး၍ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ရှိသော လူအပေါင်းတို့သည် တုန်လှုပ်ကြ၏။
၁၈ ထိုမှတပါး၊ သင်တို့သည် လက်နှင့်တွေ့နိုင်သော တောင်သို့၎င်း၊ လောင်သောမီးသို့၎င်း၊ မဲသောတိမ်တိုက်၊ မှောင်မိုက်၊ မိုးသက်မုန်တိုင်းသို့၎င်း၊
၁၃ မောရှေကလည်း မစိုးရိမ်ကြနှင့်။ ငြိမ်ဝပ်စွာရပ်နေကြ။ ထာဝရဘုရားသည်၊ ယနေ့ပြတော်မူသော ကယ်တင်ခြင်းကို ကြည့်ရှုကြလော့။ သင်တို့သည် ယနေ့မြင်သော အဲဂုတ္တုလူတို့ကို၊ နောက်တဖန် အလျှင်းမမြင်ရကြ။
၁၀ မစိုးရိမ်နှင့်။ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာ လက်ျာလက်ဖြင့် ထောက်ပင့်မည်။
၁၃ အကြောင်းမူကား၊ သင်၏ ဘုရားသခင် ထာဝရဘုရားက၊ မစိုးရိမ်နှင့်။ ငါမစမည်၊ ဟုသင့်အား ဆိုလျက်၊ သင်၏ လက်ျာလက်ကို ကိုင်မည်။
၁၀ လူကလည်းဥယျာဉ်၌ ကိုယ်တော်၏အသံကို ကျွန်တော်ကြားလျှင်၊ အဝတ်အချည်းစည်း ရှိသောကြောင့်၊ ကြောက်၍ ပုန်းလျက်နေပါသည်၊ ဟုလျှောက်လေ၏။
၁၁ အာဗြဟံက၊ ဤအရပ်သားတို့သည် ဘုရားသခင်ကိုမကြောက်၊ အကျွန်ုပ်၏ မယားအတွက် အကျွန်ုပ်ကို သတ်ကြလိမ့်မည်၊ ဟုအကျွန်ုပ်ထင်သောကြောင့်၊ ထိုသို့ပြုမိပါပြီ။
၁၂ ထိုလုလင်ကို မထိမခိုက်နှင့်။ အလျှင်းမပြုနှင့်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည် ဟုယခုငါသိ၏။ အကြောင်းမူကား၊ သင်၏သား၊ သင်၌ တယောက်တည်းသောသားကို ငါတောင်း၍၊ သင်သည် ငါ့ကိုမငြင်း ဟုမိန့်တော်မူ၏။
၄၂ ယခုလည်းကျွန်ုပ်အဘ၏ ဘုရားသခင်၊ အာဗြဟံ၏ ဘုရားသခင်၊ ဣဇာက်၏ ကြောက်ရွံ့ရာဘုရားသည် ကျွန်ုပ်ဘက်၌မရှိလျှင်၊ သင်သည် ကျွန်ုပ်ကို ဧကန်အမှန် လက်ချည်းလွှတ်လိုက်လိမ့်မည်တကား။ အကယ်စင်စစ် ကျွန်ုပ်ဆင်းရဲခံရခြင်း၊ ပင်ပန်းစွာ လုပ်ကိုင်ရခြင်းကို ဘုရားသခင်မြင်၍၊ မနေ့ညမှာ သင့်ကိုဆုံးမတော်မူပြီ ဟုဆိုလေ၏။
s လာဗန်နှင့်ယာကုပ် ပဋိညာဉ်ပြုကြ
၅၃ အာဗြဟံ၏ဘုရားသခင်၊ နာခေါ်၏ ဘုရားသခင်၊ သင့်အဘ၏ ဘုရားသခင်သည် ငါတို့စပ်ကြား၌ စီရင်တော်မူစေသတည်း ဟူ၍၎င်း၊ ယာကုပ်အားဆို၏။ ယာကုပ်သည်လည်း၊ မိမိအဘ ကြောက်ရွံ့ရာဘုရားကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလေ၏။
၁၈ သုံးရက်မြောက်သောနေ့၌ ယောသပ်သည် သူတို့ကိုခေါ်၍၊ ငါသည် ဘုရားသခင်ကိုကြောက်ရွံ့သောသူ ဖြစ်၏။ သို့ဖြစ်၍ သင်တို့သည် အသက်ချမ်းသာစေခြင်းငှာ ပြုရသောအမှုဟူမူကား၊
၁၇ ၀မ်းဆွဲမတို့သည် ဘုရားသခင်ကို ကြောက်ရွံ့၍၊ အဲဂုတ္တုရှင်ဘုရင် မိန့်တော်မူသည်အတိုင်း မပြု၊ ယောကျ်ားတို့ကို အသက်ချမ်းသာပေးကြ၏။
၂၀ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ကြောက်ရွံ့သော ဖာရောဘုရင်၏ ကျွန်တို့သည်၊ မိမိကျွန်၊ မိမိတိရစ္ဆာန်တို့ကို အိမ်သို့ ပြေးစေကြ၏။
၃၁ ထိုသို့ အဲဂုတ္တုလူတို့၌ ထာဝရဘုရား ပြုတော်မူသောအမှုကြီးကို၊ ဣသရေလလူတို့သည် မြင်၍၊ ထာဝရဘုရားကို ကြောက်ရွံ့ကြ၏။ ထာဝရဘုရားနှင့် ကိုယ်တော်၏ကျွန် မောရှေကို ယုံကြည်ကြ၏။
၁၁ အိုထာဝရဘုရား၊ ဘုရားများတို့တွင် အဘယ်မည်သော ဘုရားသည် ကိုယ်တော်နှင့် တူပါသနည်း။ သန့်ရှင်းခြင်းအားဖြင့် ဘုန်းကြီးတော်မူထသော၊ ချီးမွမ်းခြင်းကို ခံစဉ်တွင်၊ ကြောက်မက်ဘွယ် ဖြစ်တော်မူထသော၊ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူသော၊ ကိုယ်တော်နှင့် အဘယ်ဘုရား တူပါသနည်း။
၁၆ အိုထာဝရဘုရား၊ ကိုယ်တော်၏ လူတို့သည် လွန်သွားသောအခါ၊ ရွေးတော်မူသော ကိုယ်တော်၏ လူတို့သည် လွန်သွားသောအခါ၊ ထိုလူအမျိုးမျိုးတို့သည် ကြောက်သောစိတ်၊ ထိတ်လန့်သော စိတ်အားကြီး၍ လက်ရုံးတော် တန်ခိုးကြောင့်၊ သူတို့သည် ကျောက်ကဲ့သို့ ငြိမ်ငြိမ်နေကြလိမ့်မည်။
၂၁ ထိုမှတပါး ဘုရားသခင်ကိုကြောက်ရွံလျက်၊ သစ္စာနှင့်ပြည့်စုံလျက်၊ လောဘကိုရွံရှာလျက်၊ တတ်စွမ်းနိုင်သော သူတို့ကို လူအပေါင်းတို့အထဲက ရွေးကောက်၍၊ တထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ်အရာ၌ ခန့်ထားရမည်။
၁၉ မောရှေကိုလည်း၊ အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင် မိန့်တော် မမူပါစေနှင့်။ အကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်၊ ဟုလျှောက်ဆိုကြ၏။
၁၄ နားပင်းသောသူကို မကျိန်ဆဲရ။ မျက်စိ မမြင်သော သူရှေ့မှာ ထိမိ၍ လဲစရာကို မထားရ။ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရား ဖြစ်၏။
၃၂ ဆံပင်ဖြူသော သူရှေ့မှာ ထရမည်။ အသက်ကြီးသောသူ၏ မျက်နှာကို ရိုသေရမည်။ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရား ဖြစ်၏။
၁၇ သင်တို့သည် တယောက်ကို တယောက် မညှဉ်းဆဲရ။ သင်တို့၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည်သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။
s သုံးနှစ်စာပေးမည်
၃၆ သူ၌ အတိုးအပွားကို မယူရ။ သင်၏အမျိုးသားချင်းသည် သင့်ထံမှာ နေစေခြင်းငှာ၊ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့လော့။
၄၃ သူကို ကြမ်းတမ်းစွာ မစီရင်ရ။ သင်၏ ဘုရားသခင်ကိုကြောက်ရွံ့ရမည်။
၁၀ ထိုအခါ ထာဝရဘုရားက၊ လူများတို့ကို ငါ့ထံမှာ စုဝေးစေလော့။ သူတို့သည် မြေကြီးပေါ်မှာ အသက်ရှင်သမျှသော ကာလပတ်လုံး ငါ့ကိုကြောက်ရွံ့၍ သားမြေးတို့အား သွန်သင်စေခြင်းငှာ ငါ့စကားကို ကြားစေမည်၊ ဟုငါ့အား မိန့်တော်မူသည်အတိုင်း၊
၂၉ သူတို့နှင့် သားမြေး အစဉ်အဆက်တို့သည် ချမ်းသာရမည်အကြောင်း၊ ငါ့ကိုကြောက်ရွံ့၍ ငါပညတ်သမျှတို့ကို အစဉ် စောင့်ရှောက်ချင်သော စိတ်နှင့် ပြည့်စုံကြပါစေသော်။
၁ သင်တို့နှင့် သားမြေးတို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊
၂၄ ထာဝရဘုရားသည် ယနေ့တိုင်အောင် ကျေးဇူးပြုတော်မူ သကဲ့သို့၊ ငါတို့အသက်ကို စောင့်တော်မူမည် အကြောင်း၊ ငါတို့သည် ကိုယ်အကျိုးကို ထောက်၍၊ ငါတို့ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့လျက်၊ ဤပညတ်အလုံးစုံတို့ကို ကျင့်စေခြင်းငှာ မှာထားတော်မူ၏။
၆ သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသော လမ်းသို့လိုက်၍၊ ကိုယ်တော်ကို ကြောက်ရွံ့သဖြင့် ပညတ်တော်တို့ကို စောင့်ရှောက်ရမည်။
၁၂ အိုဣသရေလအမျိုး၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းတော်သို့ လိုက်သွားခြင်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်ခြင်း၊
၁၇ အကြောင်းမူကား၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည်၊ ဘုရားတို့၏ဘုရား၊ သခင်တို့၏သခင်၊ ကြီးမြတ်သောဘုရား၊ တန်ခိုးနှင့်ပြည့်စုံ၍ ကြောက်မက်ဘွယ်သော ဘုရား၊ လူမျက်နှာကို မထောက်၊ တံစိုးကို မစားဘဲ၊
၂၀ သင်၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍ အမှုတော်ကို ဆောင်ရွက်ရမည်။ ကိုယ်တော်၌ ဆည်းကပ်ရမည်။ နာမတော်အားဖြင့် ကျိန်ဆိုခြင်းကို ပြုရမည်။
၄ သင်တို့၏ ဘုရားသခင် ထာဝရဘုရား နောက်တော်သို့ လိုက်ရကြမည်။ ကြောက်ရွံ့သော စိတ်နှင့် ပညတ်တော်တို့ကို စောင့်ရကြမည်။ စကားတော်ကို နားထောင်လျက် ဝတ်ပြု၍၊ ကိုယ်တော်၌ ဆည်းကပ်မှီဝဲ ကြရမည်။
၅၈ သင်၏ ဘုရားသခင် ထာဝရဘုရားသည် ဘုန်းကြီး၌ ကြောက်မက်ဘွယ်သော နာမတော်ကို ကြောက်စေခြင်းငှာ၊ ဤကျမ်းစာ၌ ရေးထားသော ဤတရားတော် စကားအလုံးစုံတို့ကို သင်သည် မကျင့်မစောင့်ဘဲ နေလျှင်၊
၁၂ ယောကျ်ား၊ မိန်းမ၊ သူငယ်များ၊ တည်းခိုသော တပါးအမျိုးသား များတို့သည်ကြား၍ နားလည်သဖြင့်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ ဤပညတ်တရား စကားအလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ၊ ပရိသတ်တို့ကို စုဝေးစေကြလော့။
၂၃ ထာဝရဘုရားသည် တန်ခိုး ကြီးတော်မူသည်ကို မြေကြီးသား အပေါင်းတို့သည် သိကြမည် အကြောင်းနှင့်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို သင်တို့သည် အစဉ်အမြဲ ကြောက်ရွံ့ရမည် အကြောင်း၊ ငါတို့သည် ပင်လယ်နီကိုကူး၍ ကမ်းတဘက်သို့ မရောက်မှီတိုင်အောင်၊
၁၄ ယခုမှာ ထာဝရဘုရားကို ကြောက်ရွံ့၍ ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်း နှင့်တကွ ဝတ်ပြုကြလော့။ မြစ်ကြီးတဘက်၌၎င်း၊ အဲဂုတ္တုပြည်၌၎င်း၊ ဘိုးဘေးတို့ ဝတ်ပြုသော ဘုရားများကို ပယ်၍၊ ထာဝရဘုရားကိုသာ ဝတ်ပြုကြလော့။
၇ နွားတရှဉ်းကိုယူ၍ ခုတ်ဖြတ်ပြီးမှ၊ သံတမန်တို့လက်တွင် ဣသရေလပြည် တလျှောက်လုံးသို့ ပေးလိုက်၍၊ ရှောလုနှင့် ရှမွေလ နောက်သို့ထွက်၍ မလိုက်သောသူ၏ နွားတို့ကို ဤကဲ့သို့ ပြုမည်၊ ဟုကြော်ငြာစေသဖြင့်၊ လူတို့သည် ထာဝရဘုရားကို ကြောက်၍ တညီတညွတ်တည်း ထွက်လာကြ၏။
၁၄ သင်တို့သည် ထာဝရဘုရားကို ကြောက်ရွံ့ ဝတ်ပြုခြင်းနှင့်တကွ အာဏာတော်ကို မဆန်၊ စကားတော်ကို နားထောင်လျှင်၊ သင်တို့နှင့် သင်တို့ကို အုပ်စိုးသော ရှင်ဘုရင်သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား နောက်တော်သို့ အမြဲလိုက်ကြလိမ့်မည်။
၁၈ ထာဝရဘုရားကို ဆုတောင်း၍၊ ထိုနေ့၌ ထာဝရ ဘုရားသည် မိုးချုန်းခြင်းနှင့်တကွ မိုးရွာစေတော်မူ၍၊ လူအပေါင်းတို့သည် ထာဝရဘုရားနှင့် ရှမွေလကို အလွန်ကြောက်ရွံကြ၏။
၂၄ သို့ရာတွင် ထာဝရဘုရားကို ကြောက်ရွံ့၍ သစ္စာနှင့်တကွ စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုကြလော့။ သင်တို့အဖို့ အဘယ်မျှလောက် ပြုတော်မူပြီးသည်ကို အောက်မေ့ကြလော့။
၉ ထိုနေ့၌ ဒါဝိဒ်သည် ထာဝရဘုရားကိုကြောက်၍၊ ထာဝရဘုရား၏ သေတ္တာတော်သည် အဘယ်သို့ ငါ့ထံသို့ ရောက်ရမည်နည်း ဟုဆိုလျက်၊
၃ အာဟပ်မင်းသည် နန်းတော်အုပ် ဩဗဒိကို ခေါ်၏။ ထိုဩဗဒိသည် ထာဝရဘုရားကို အလွန်ကြောက်ရွံ့%fo(a)သောသူဖြစ်၏။
၁၂ အကျွန်ုပ်သည် ကိုယ်တော်ထံမှ ထွက်သွား၍ အာဟပ်မင်းထံမှာ လျှောက်စဉ်တွင်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် အကျွန်ုပ် မသိသောအရပ်သို့ ကိုယ်တော်ကို ဆောင်သွားတော်မူလျှင်၊ အာဟပ်မင်းသည် ကိုယ်တော်ကို မတွေ့နိုင်သောအခါ အကျွန်ုပ်ကို သတ်ပါလိမ့်မည်။ ကိုယ်တော်ကျွန် မူကား၊ အသက် ငယ်စဉ်ကာလမှစ၍ ထာဝရဘုရားကို ကြောက်ရွံ့%fo(a)ပါပြီ။
၁ ပရောဖက် အမျိုးသား၏မယား တစ်ယောက်သည် ဧလိရှဲထံသို့ လာ၍၊ ကိုယ်တော်ကျွန်၊ ကျွန်မ၏ခင်ပွန်း သေပါပြီ။ ကိုယ်တော်ကျွန်သည် ထာဝရဘုရားကို ကြောက်ရွံ့သောသူ%fo(a) ဖြစ်သည်ကို ကိုယ်တော်သိတော်မူ၏။ ယခုမှာ ကြွေးရှင်သည် ကျွန်မ၏သား နှစ်ယောက်ကို ကျွန်ခံစေခြင်းငှာ လာပါပြီ၊ ဟုကြွေးကြော်လေ၏။
၁၂ ထိုနေ့၌ ဒါဝိဒ်သည် ဘုရားသခင်ကို ကြောက်၍၊ ဘုရားသခင်၏ သေတ္တာတော်ကို အဘယ်ကြောင့် ငါ့ထံသို့ ဆောင်ခဲ့ရမည်နည်း၊ ဟုဆိုလျက်၊
၂၅ ထာဝရဘုရားသည် ကြီးမြတ်၍၊ အလွန် ချီးမွမ်းဘွယ်ဖြစ်တော်မူ၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ဘွယ် ဖြစ်တော်မူ၏။
၂၁ အဲဂုတ္တုပြည်မှ ရွေးနှုတ်တော်မူသော ကိုယ်တော်၏ လူမျိုးရှေ့မှ လူအမျိုးမျိုးတို့ကို နှင်ထုတ်သဖြင့်၊ ကြီးမြတ်၍ ကြောက်မက်ဘွယ်သော နာမတော်ကို ကိုယ်တော်အဘို့ ထင်ရှားစေခြင်းငှါ၊ ဘုရားသခင်က ကြွ၍ ကိုယ်တော်အဘို့ ရွေးနှုတ်တော်မူသော ကိုယ်တော်၏လူ ဣသရေလ အမျိုးနှင့် တူသော လူမျိုးတစုံတမျိုးသည် မြေကြီးပေါ်မှာ ရှိပါသလော။
၁၄ ဂေရာမြို့ ပတ်ဝန်းကျင် မြို့သားတို့သည် ထာဝရဘုရားကို ကြောက်ရွံ့သော စိတ်ရှိသဖြင့်၊ ယုဒလူတို့သည် ထိုမြို့ရှိသမျှတို့ကို လုပ်ကြံ၍၊ သို ထားနှင့်သော ဘဏ္ဍာ ဥစ္စာအများတို့ကို သိမ်းယူကြ၏။
၁၀ ယုဒပြည် ပတ်ဝန်းကျင် တိုင်းနိုင်ငံရှိသမျှတို့သည်၊ ထာဝရဘုရားကို ကြောက်ရွံ့၍၊ ယောရှဖတ်ကို စစ်မတိုက်ဝံ့ဘဲ နေကြ၏။
၇ သို့ဖြစ်၍ ထာဝရဘုရားကို ကြောက်ရွံ့သော စိတ်ရှိ၍ သတိပြုကြလော့။ ငါတို့ ဘုရားသခင်သည် မတရားသော အမှုကိုလက်ခံခြင်း၊ လူမျက်နှာကို ထောက်ခြင်း၊ တံစိုးစားခြင်း အခွင့်ရှိတော် မမူဟု မှာထားတော်မူ၏။
sလေဝိသား ယဇ်ပုရောဟိတ်တို့ကိုခန့်ထား
၉ သင်တို့သည် စုံလင်သော စိတ်နှလုံးနှင့် ထာဝရဘုရားကို ကြောက်ရွံ့လျက်၊ သစ္စာ စောင့်လျက် စီရင်ကြလော့။
၂၉ ထာဝရဘုရားသည် ဣသရေလ အမျိုး၏ ရန်သူတို့ကို တိုက်တော်မူကြောင်းကို၊ အခြားတိုင်းနိုင်ငံသား ရှိသမျှတို့သည် ကြား၍၊ ဘုရားသခင်ကို ကြောက်ရွံကြ၏။
၃ သို့ဖြစ်၍ အရှင်ဘုရား အစရှိသော ငါတို့ဘုရားသခင်၏ ပညတ်တရားကို ကြောက်ရွံသောသူတို့ကို သတိပေးသည်အတိုင်း၊ ဤမိန်းမများနှင့် သူတို့သားသမီးများ ရှိသမျှကို စွန့်ပယ်မည်၊ ဟုငါတို့၏ ဘုရားသခင့် ရှေ့တော်၌ အဓိဋ္ဌာန်ပြုကြကုန်အံ့။ ဤအမှုကို တရားရှိသည်အတိုင်း စီရင်ကြကုန်အံ့။
၉ ငါကလည်း၊ သင်တို့ပြုသောအမှု မကောင်းပါတကား။ ငါတို့ရန်သူဖြစ်သော တပါးအမျိုးသားတို့သည် ငါတို့ကိုကဲ့ရဲ့မည်၊ ဟုစိုးရိမ်၍၊ ငါတို့၏ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှင့် သင်တို့ ကျင့်သင့်သည် မဟုတ်လော။
၁၅ အရင်မြို့ဝန်တို့ကို လူများတို့သည် ကျွေးရကြ၏။ မုန့်နှင့် စပျစ်ရည်ကို၎င်း၊ တနေ့လျှင် ငွေလေးဆယ်ကို၎င်း ပေးရကြ၏။ မင်းလုလင်၏ စေစားခြင်းကိုလည်း ခံရကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့်၊ အရင် မြို့ဝန်ကဲ့သို့မပြု။
၁ ယောဘ အမည်ရှိသောသူ တယောက်သည် ဥဇပြည်၌ နေ၏။ ထိုသူသည် စုံလင် ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသော အကျင့်ကို ရှောင်သောသူ ဖြစ်၏။
၈ ထာဝရ ဘုရားကလည်း၊ ငါ့ကျွန် ယောဘကို ဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသော အကျင့်ကို ရှောင်သောသူ ဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။
sစာတန်က ယောဘသည် ကောင်းကြီးခံစားသောကြောင့် ဟုဆို
၃ ထာဝရဘုရားကလည်း၊ ငါ့ကျွန် ယောဘကို ဆင်ခြင်မိပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသော သူတယောက်မျှ မရှိ။ စုံလင် ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသော အကျင့်ကို ရှောင်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူ့ကို ပျက်စီးစေခြင်းငှါ၊ သင်သည် ငါ့ကို တိုက်တွန်းသော်လည်း၊ သူသည် ဖြောင့်မတ်သော သဘောကို စွဲလမ်းလျက်နေသည်ဟု စာတန်အား မိန့်တော်မူ၏။
sစာတန်က ယောဘကို အနာစိမ်းပေါက်စေ
၂ ဘုရားသခင်သည် အာဏာတော်နှင့်၎င်း၊ ကြောက်ရွှံ့ရိုသေဘွယ်သော ဂုဏ်တော်နှင့်၎င်း၊ ပြည့်စုံ၍ မြင့်သော ဌာနတော်၌ ငြိမ်သက်ခြင်းကို ပြုစုတော်မူ၏။
၂၈ လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွှံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်းသည် ဉာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟု မြွက်ဆို၏။
၁၁ ကြောက်ရွံ့သောစိတ်နှင့် ထာဝရဘုရား၏ အမှုတော်ကို ထမ်းရွက်၍၊ တုန်လှုပ်ခြင်းနှင့် ဝမ်းမြောက်ကြလော့။
၃ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း ဆွေးမြေ့ ယိုယွင်းခြင်းရှိကြ၏။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ။ တယောက်မျှမရှိ။
၄ ဆိုးယုတ်သောသူကို အယုတ်ဟူ၍ ထင်မှတ်လျက်၊ ထာဝရဘုရားအား ကြောက်ရွံ့သောသူကို ရိုသေထသော၊ ကိုယ်အကျိုး ပျက်ရသော်လည်း ကိုယ်ကျိန်ဆိုသော သစ္စာဂတိကို မဖျက်၊
၂၃ ထာဝရဘုရားကို ကြောက်ရွံ့သောအချင်းတို့၊ ချီးမွမ်းခြင်းကို ပြုကြလော့။ ယာကုပ် အမျိုးအပေါင်းတို့၊ ဂုဏ်ကျေးဇူးတော်ကို ဖေါ်ပြကြလော့။ ဣသရေလ အမျိုးအပေါင်းတို့၊ ကိုယ်တော်ကို ကြောက်ရွံ့ကြလော့။
၁၂ အကြင်သူသည် ထာဝရဘုရားကို ကြောက်ရွံ့တတ်၏။ ထိုသူအား နှစ်သက်ဘွယ်သော လမ်းကို ပြညွှန်တော်မူမည်။
၁၉ ကိုယ်တော်ကို ကြောက်ရွံ့သောသူ တို့အဘို့ သိုထားတော်မူ၍၊ လူသားတို့ရှေ့မှာ ကိုယ်တော်ကို ခိုလှုံသောသူတို့အဘို့ ပြုပြင်တော်မူသော ဆုကျေးဇူးတော်သည် အလွန်ကြီးလှပါ၏။
၈ ထာဝဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့စေ။ လောကီနိုင်ငံသား အပေါင်းတို့သည် ရိုသေလေးမြတ်ကြစေ။
၁၈ ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့နှင့် ကရုဏာတော်ကို ခိုလှုံသောသူတို့သည်၊
၇ ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့ပတ်လည်၌ ကောင်းကင် တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏။
၃ ထိုသို့ ငါတို့ဘုရားသခင်ကို ချီးမွမ်းရာ သီချင်းသစ်ကို ငါမြွက်ဆိုစေခြင်းငှါ အခွင့်ပေးတော်မူ၏။ လူများတို့သည် သိမြင်၍ ကြောက်ရွံ့သော စိတ်နှင့် ထာဝရဘုရားကို ကိုးစားကြလိမ့်မည်။
၂ အကြောင်းမူကား၊ အမြင့်ဆုံးသော ထာဝရဘုရားသည် ကြောက်မက်ဘွယ်သောဘုရား၊ မြေကြီးတပြင်လုံးကို အစိုးရသော မဟာမင်းကြီး ဖြစ်တော်မူ၏။
၅ အိုဘုရားသခင်၊ အကျွန်ုပ် ပြုသော သစ္စာကတိတို့ကို ကြားတော်မူ၏။ နာမတော်ကို ကြောက်ရွံ့သောသူတို့၏အမွေကို အကျွန်ုပ်အား ပေးတော်မူလိမ့်မည်။
၉ လူအပေါင်း တို့သည်လည်း ကြောက်ရွံ့၍ ဘုရားသခင် စီရင်တော်မူကြောင်းကို နားလည်သဖြင့် အမှုတော်ကို ကြားပြောကြလိမ့်မည်။
၇ ကိုယ်တော် တပါးတည်းသာလျှင် ကြောက်ရွံ့ ဘွယ်ဖြစ်လေ၏။ အမျက် ထွက်တော်မူသောအခါ ရှေ့တော်၌ အဘယ်သူ ရပ်နေနိုင်ပါမည်နည်း။
၁၁ သစ္စာဂတိပြုကြလော့။ သင်တို့၏ ဘုရားသခင် ထာဝရဘုရားအား သစ္စာဝတ်ကိုလည်း ဖြေကြလော့။ ကိုယ်တော်၏ ပတ်လည်၌ နေသောသူအပေါင်းတို့သည် ကြောက်ရွံ့ ရိုသေဘွယ်သော ဘုရားထံတော်သို့ လက်ဆောင်ကို ဆောင်ခဲ့ကြစေ။
၉ ငါတို့ပြည်၌ ဘုန်းတော် ကျိန်းဝပ်မည်အကြောင်း၊ ကယ်တင်တော်မူခြင်း ကျေးဇူးသည်၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၏ အနီးသို့ ဧကန်အမှန် ရောက်လေပြီ။
၁၁ အိုထာဝရဘုရား၊ ကိုယ်တော်၏ လမ်းကို အကျွန်ုပ်အား ပြညွှန်တော်မူပါ။ ကိုယ်တော်၏ သမ္မာတရားလမ်းသို့ လိုက်သွားပါမည်။ နာမတော်ကို ကြောက်ရွံ့မည့်အကြောင်း၊ အကျွန်ုပ်၏နှလုံးကို စေ့စပ်စေတော်မူပါ။
၉ သန့်ရှင်းသော တန်ဆာကိုဆင်၍၊ ထာဝရဘုရားကို ကိုးကွယ်ကြလော့။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံ့ခြင်း ရှိကြလော့။
၁ ထာဝရဘုရားသည် စိုးစံတော်မူ၏။ လူများတို့သည် တုန်လှုပ်ခြင်း ရှိကြစေ။ ခေရုဗိမ်တွင် ကျိန်းဝပ်တော်မူ၏။ မြေကြီးသည် လှုပ်ရှားခြင်းရှိစေ။
၁၅ တပါးအမျိုးသားတို့သည် ထာဝရဘုရား၏ နာမတော်ကို၎င်း၊ လောကီ ရှင်ဘုရင် အပေါင်းတို့သည် ဘုန်းတော်ကို၎င်း၊ ကြောက်ရွံ့ ကြပါလိမ့်မည်။
၁၁ မြေကြီးပေါ်တွင် ကောင်းကင် အမြင့်ရှိသည့်အတိုင်း ထာဝရဘုရားကို ကြောက်ရွံသောသူတို့၌ကရုဏာတော်သည် အားကြီးပေ၏။
၁၃ အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။
၁၇ ထာဝရဘုရား၏ ကရုဏာတော်မူကား၊ ကြောက်ရွံ့သောသူတို့အပေါ်သို့ ကာလအစဉ် အဆက် သက်ရောက်တတ်၏။
၁၁ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့ ထိုဘုရားကို ကိုးစားကြလော့။ ထာဝရဘုရားသည် ထိုသို့သောသူတို့ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော်မူ၏။
၄ ကရုဏာတော် အစဉ်အမြဲတည်သည်၊ ဟုထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် ဝန်ခံကြစေ။
sထာ၀ရဘုရားသည် ငါ့ဘက်၌ ရှိတော်မူ၍
၁ ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းခရီးတော်သို့ လိုက်သွားသမျှ သောသူတို့သည် မင်္ဂလာ ရှိကြ၏။
၄ ထာဝရဘုရားကို ကြောက်ရွံ့သောသူသည်၊ ထိုသို့သော မင်္ဂလာ ရှိရလိမ့်မည်။
၂၀ အိုလေဝိ အမျိုးအနွယ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ထာဝရဘုရားကို ကောင်းကြီးပေးကြလော့။
၁၈ ထာဝရဘုရားသည် ပဌနာပြုသောသူ အပေါင်း၊ သစ္စာနှင့်တကွ ပဌနာပြုသောသူ အပေါင်း၊ တို့၏အနီးအပါး၌ ရှိတော်မူ၏။
၇ ငါသည် ပညာရှိ၏၊ ဟုကိုယ်ကိုမထင်နှင့်။ ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်လော့။
၁၀ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏မူလ မြစ်ဖြစ်၏။ သန့်ရှင်းတော်မူသော ဘုရားကို သိကျွမ်းသော သဘောသည် ဥာဏ်ဖြစ်၏။
၂၇ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည် အသက်တာကို ရှည်စေတတ်၏။မတရားသောသူ၏ နှစ်ပေါင်းကာလမူကား တိုတတ်၏။
၂ ဖြောင့်သောလမ်းသို့လိုက်သောသူသည် ထာဝရဘုရားကိုကြောက်ရွံ့တတ်၏။ ကောက်သောလမ်းကိုလိုက်သောသူမူကား၊ မထီမဲ့မြင်ပြုတတ်၏။
၁၆ နှောက်ယှက်ခြင်းနှင့်ယှဉ်၍ ကြီးစွာသောစည်းစိမ်ထက်ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့် ယှဉ်သောဥစ္စာအနည်းငယ်သည်သာ၍ကောင်း၏။
၆ ကရုဏာတရားနှင့်သမ္မာတရားအားဖြင့်အပြစ်ပြေတတ်၏။ ထာဝရဘုရားကိုကြောက်ရွံ့သောသဘောအားဖြင့်ဒုစရိုက်ကိုရှောင်တတ်၏။
၂၃ ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည် အသက်ရှင်ခြင်းနှင့်ဆိုင်သည်ဖြစ်၍၊ ထိုသဘောရှိသောသူသည်အလိုဆန္ဒပြည့်စုံလျက်ရှိ၍၊ ဘေးဥပဒ်နှင့်ကင်းလွတ်လိမ့်မည်။
၄ စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကိုကြောက်ရွံခြင်းကျေးဇူးကြောင့်စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကိုရတတ်၏။
၁၇ အပြစ်ထင်ရှားသောသူတို့ကို ငြူစူသောစိတ်မရှိစေနှင့်၊ တနေ့လုံး ထာဝရဘုရားကိုကြောက်ရွံ့သောသဘောရှိစေလော့။
၂၁ ငါ့သားထာဝရဘုရားကို၎င်း၊ ရှင်ဘုရင်ကို၎င်း၊ ကြောက်ရွံ့လော့။ မတည်ကြည်သောသူတို့နှင့် မရောနှောမပေါင်းဖေါ်နှင့်။
၃၀ ယဉ်ကျေးသောအရာသည်လှည့်စားခြင်းနှင့်ယှဉ်တတ်၏။ လှသောအဆင်းသည်လည်းအချည်းနှီးဖြစ်၏။ ထာဝရဘုရားကိုကြောက်ရွံ့သောမိန်းမမူကား၊ ချီးမွန်းခြင်းကိုခံရလိ့မ်မည်။
၁၄ ဘုရားသခင် ပြုတော်မူသမျှသော အမှုသည် နိစ္စထာဝရ ဖြစ်သည်ကိုငါသိ၏။ ထပ်၍မပြုနိုင်ရာ။ နှုတ်၍မယူနိုင်ရာ။ လူတို့သည် ရှေ့တော်၌ ကြောက်ရွံ့မည်အကြောင်း၊ဘုရားသခင်ပြုတော်မူ၏။
၇ အိပ်မက်များရာ၌၎င်း၊ စကားများရာ၌၎င်း၊ အချည်းနှီးသော အကြောင်းအရာပါတတ်၏။ သင်မူကား ဘုရားသခင်ကို ကြောက်ရွံ့လော့။
၁၈ ဤစကားကို စွဲလမ်းကောင်း၏။ လက်မလွှတ်နှင့်။ ဘုရားသခင်ကို ကြောက်ရွံ့သောသူသည် ခပ်သိမ်းသော အမှုထဲက ထွက်မြောက်လိမ့်မည်။
၁၂ အဓမ္မလူသည် အကြိမ်တရာတိုင်အောင် အဓမ္မအမှုကို ပြု၍၊ အသက်တာ ရှည်သော်လည်း၊ ဘုရားသခင်ကို ကြောက်ရွံသောသူတို့သည် ရှေ့တော်၌ ကြောက်ရွံ့သောကြောင့်၊ ကောင်းသော အကျိုးကို ခံရကြမည်၊ ဟုငါအမှန်သိ၏။
၁၃ အချုပ် အခြာစကားဟူမူကား ဘုရားသခင်ကို ကြောက်ရွံ့၍၊ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။
၁၀ ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့သောငှါ ထတော်မူသော ထိုအခါ၊ ဘုရားကို ကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော် အရှိန်ကြောင့်၊ ကျောက်ထဲသို့ဝင်လော့။ မြေမှုန့်၌ ပုန်း၍နေလော့။
၁၉ ထာဝရ ဘုရားသည် မြေကြီးကို ချောက်လှန့်အံ့သောငှါ ထတော်မူသောအခါ၊ ထိုဘုရားကို ကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော် အရှိန်ကြောင့်လူတို့သည် ကျောက်တွင်း၊ မြေတွင်းထဲသို့ ဝင်ကြလိမ့်မည်။
၁၃ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားကို ရိုသေခြင်း ရှိကြလော့။ ထိုဘုရားကိုသာ ကြောက်ရွံ့ခြင်း၊ထိတ်လန့်ခြင်း ရှိကြလော့။
၁ ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်။ သူ၏အမြစ်တို့တွင် အညွန့်သည် အသီးသီးလိမ့်မည်။
၁ အဲဂုတ္တုပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့။ ထာဝရဘုရားသည် လျှင်မြန်သောမိုးတိမ်ကိုစီး၍ အဲဂုတ္တုပြည်သို့ကြွတော်မူ၏။ ရှေ့တော်၌ အဲဂုတ္တုပြည်၏ရုပ်တု၊ ဆင်းတုတို့သည် လှုပ်ရှား၍၊ အဲဂုတ္တုပြည်၏ နှလုံးသည် သူ၏အထဲမှာ အရည်ကျိုလျက် ရှိလိမ့်မည်။
၁၆ ထိုကာလ၌ အဲဂုတ္တုလူတို့သည် မိန်းမကဲ့သို့ဖြစ်၍ ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် သူတို့အပေါ်မှာ လက်တော်ကို လှုပ်ရှားတော်မူသောကြောင့်၊ ကြောက်လန့် တုန်လှုပ်ကြလိမ့်မည်။
၁၃ ထာဝရဘုရား ကလည်း ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကိုအမှီပြု၍ ငါ့ကို ကြောက်ရွံ့ကြ၏။
၂၃ ထိုအမျိုးသားတို့သည် ငါစီရင်သော အမှုကိုမြင်လျှင် ငါ့နာမကို မိမိတို့တွင် ရိုသေကြလိမ့်မည်။ ယာကုပ်အမျိုး၏ သန့်ရှင်းသော ဘုရားကို ရိုသေ၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်။
၆ ဥာဏ်နှင့်ပညာသည် သင်၏လက်ထက်၌ တည်ကြည်ခြင်း၊ မြဲမြံစွာ ကယ်တင်ခြင်းကို ဖြစ်စေလိမ့်မည်။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်း သဘောသည်လည်း သင်၏ ဘဏ္ဍာဖြစ်လိမ့်မည်။
၁၀ သင်တို့တွင် အဘယ်သူသည် ထာဝရဘုရားကို ကြောက်ရွံ့သနည်း။ ထိုသူသည် ကိုယ်တော်ကျွန်၏ စကားသံကို နားထောင်ပါစေ။ အဘယ်သူသည် အလင်းမရှိဘဲ မှောင်မိုက်၌ သွားလာသနည်း။ ထိုသူသည် ထာဝရဘုရား၏ နာမတော်ကို ခိုလှုံ၍၊ မိမိဘုရားသခင်ကို အမှီပြုပါစေ။
၁၇ အိုထာဝရဘုရား၊ ကိုယ်တော်၏ လမ်းမှ အကျွန်ုပ်တို့ကို အဘယ်ကြောင့် လွဲစေတော်မူ သနည်း။ ကိုယ်တော်ကို မကြောက်ရွံ့မည်အကြောင်း၊ အကျွန်ုပ်တို့၏ စိတ်နှလုံးကို အဘယ်ကြောင့် ခိုင်မာစေတော်မူသနည်း။ ကိုယ်တော်၏ ကျွန်တို့အတွက်၊ အမွေတော်ဖြစ်သော အနွယ်တို့အတွက် ပြန်လာတော်မူပါ။
၂ ဤအရာ အလုံးစုံတို့သည် ငါကိုယ်တိုင် ဖန်ဆင်းသောကြောင့် ဖြစ်ကြ၏။ စိတ်နှိမ့်ချခြင်း၊ နှလုံးကြေကွဲခြင်း၊ ငါ့စကားကြောင့် တုန်လှုပ်ခြင်း ရှိသောသူကိုသာ ငါကြည့်ရှုမည်။
sမိမိအလိုရှိရာလမ်းကို ရွေးကြ
၅ ထာဝရဘုရား၏ နှုတ်ကပတ် စကားတော်ကြောင့် တုန်လှုပ်သောသူတို့၊ စကားတော်ကို နားထောင်ကြလော့။ သင်တို့ကိုမုန်း၍၊ ငါ့နာမကြောင့် နှင်ထုတ်သော ညီအစ်ကိုတို့က၊ ငါတို့သည် သင်တို့၏ ဝမ်းမြောက်ခြင်းကို မြင်ရမည်အကြောင်း၊ ထာဝရဘုရားသည် ဘုန်းပွင့် တော်မူစေသတည်း၊ ဟုပြောတတ်သော်လည်း၊ ရှက်ကြောက်ကြလိမ့်မည်။
၁၉ သင်၏ဒုစရိုက်သည် သင့်ကိုဆုံးမမည်။ သင်၏ဖောက်ပြန်ခြင်းသည် သင့်ကိုအပြစ်ပေးမည်။ သို့ဖြစ်၍ သင်၏ ဘုရားသခင် ထာဝရဘုရားကို စွန့်ပစ်သောအမှု၊ ငါ့ကိုမကြောက်ဘဲ နေသောအမှုသည်၊ မကောင်းသောအမှု၊ ခါးသောအမှုဖြစ်သည်ကို သိမြင်ရမည်၊ဟုကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။
sပြည်တန်ဆာလုပ်
၂၂ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပင်လယ်မလွန်နိုင်အောင် ဆီးတားဘို့ရာသဲကို ထာဝရ အပိုင်းအခြားခန့်ထားသောငါ့ကို၊ သင်တို့သည် မကြောက်ကြသလော။ ငါ၏ ရှေ့တော်၌ မတုန်လှုပ်ကြသလော။ ပင်လယ်လှိုင်းတံပိုးတို့သည် ထ၍မနိုင်၊ ဟုန်း၍ မကျော်မလွန်နိုင်သော်လည်း၊
၇ အိုလူအမျိုးမျိုးတို့၏ဘုရင်၊ ကိုယ်တော်ကို ကြောက်သင့်သည်ဖြစ်၍၊ အဘယ်သူသည် မကြောက်ဘဲ နေရပါမည်နည်း။ အမျိုးမျိုးသော ပညာရှိအပေါင်းတို့၌၎င်း၊ ခပ်သိမ်းသော တိုင်းနိုင်ငံတို့၌၎င်း ကိုယ်တော်နှင့်တူသောသူ တစုံတယောက်မျှ မရှိပါ။
၁၉ ထိုအခါယုဒပြည်သားအပေါင်းတို့နှင့်တကွ၊ ယုဒရှင်ဘုရင်ဟေဇကိသည်ထိုပရောဖက်ကိုသတ်သလော။ ထိုမင်းသည်ထာဝရဘုရားကိုကြောက်ရွံသည်မဟုတ်လော။ ရှေ့တော်၌ တောင်းပန်သည်မဟုတ်လော။ ထာဝရဘုရားသည်သူတို့၌ ဘေးဥပဒ်ကိုရောက်စေမည်ဟုခြိမ်းတော်မူသော်လည်း၊ တဖန်နောင်တရတော်မူသည်မဟုတ်လော။ ငါတို့မူကား၊ ကိုယ်အကျိုးကိုဖျက်ဆီးခြင်းငှါပြုကြသည်တကားဟုစည်းဝေးသောသူအပေါင်းတို့အားပြောဆိုကြ၏။
sယောယကိမ်မင်းသည်ပရောဖက်ဥရိယကိုသတ်
၂၆ ငါအစိုးရသော တနိုင်ငံလုံးတွင် ရှိနေသောသင်တို့သည် ဒံယေလ၏ ဘုရားသခင်ကို ကြောက်ရွံ့ ရိုသေကြကုန် ဟုငါအမိန့်တော်ရှိ၏။ အကြောင်းမူကား၊ ထိုဘုရားသခင်သည် အသက်ရှင် တော်မူသော ဘုရား၊ နိစ္စထာဝရ တည်တော်မူသော ဘုရားဖြစ်တော်မူ၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်။ အာဏာစက်တော်လည်း အစဉ်အဆက် တည်လိမ့်မည်။
၄ ထိုသို့အပြစ်ကို ဖေါ်ပြတောင်းပန်၍ ငါကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား ထံငါပြုသော ပဌနာဟူမူကား၊ ကိုယ်တော်ကိုချစ်၍ ပညာတော်တို့ကို စောင့်သောသူတို့အား သစ္စာမပျက်၊ ကရုဏာတရားကို စောင့်တော်မူထသော၊ အလွန်ကြီးမြတ်၍ ကြောက်ရွံ့ဘွယ် ဖြစ်တော်မူသော အရှင်ဘုရားသခင်၊
၅ ထိုနောက်မှဣသရေလ အမျိုးသားတို့သည်ပြန်လာ၍၊ သူတို့ဘုရားသခင်ထာဝရဘုရားကို၎င်း၊ သူတို့ရှင်ဘုရင်ဒါဝိဒ်ကို၎င်းရှာ၍၊ နောင်ကာလ၌ ကျေးဇူးတော်ကိုခံအံ့သောငှါ၊ ထာဝရဘုရားထံတော်သို့တုန်လှုပ်လျက်ပြေးကြလိမ့်မည်။
၃ ငါတို့သည်ထာဝရဘုရားကိုမကြောက်ရွံ့သောကြောင့်ရှင်ဘုရင်မရှိ။ ရှင်ဘုရင်ရှိသော်လည်း၊ ငါတို့အဘို့အဘယ်သို့ပြုနိုင်မည်နည်းဟုချက်ချင်းဆိုရကြမည်။
၁၇ မြွေကဲ့သို့ မြေမှုန့်ကိုလျက်၍၊ တီကဲ့သို့ တွင်းထဲက တုန်လှုပ်လျက် ထွက်ကြလိမ့်မည်။ ငါတို့ ဘုရားသခင် ထာဝရဘုရားကို၎င်း၊ သင့်ကို၎င်း ကြောက်ရွံ့ကြလိမ့်မည်။
၂ အိုထာဝရဘုရား၊ အကျွန်ုပ်သည်ကိုယ်တော်၏ဗျာဒိတ်တော်သံကိုကြား၍ကြောက်ရွံ့ပါပြီ။ အိုထာဝရဘုရား၊ ယခုနစ်များအတွင်းတွင်အမှုတော်ကိုပြုပြင်တော်မူပါ။ ယခုနစ်များတွင်အမှုတော်ကိုပြုပြင်စေတော်မူပါ။ အမျက်ထွက်တော်မူသော်လည်းကရုဏာတရားကိုအောက်မေ့တော်မူပါ။
၁၄ ဗိုလ်မင်းတို့၏ ဦးခေါင်းကို မြှားတော်တို့နှင့် ထုတ်ချင်းခပ်ထိုးတော်မူ၏။ ထိုသူတို့သည် အကျွန်ုပ်တို့ကို လွင့်စေခြင်းငှါ လေပြင်းမုန်တိုင်းကဲ့သို့ တိုက်ကြပါ၏။ ဆင်းရဲသားတို့ကို အမှတ်တမဲ့ ကိုက်စားမည့်အကြံ ရှိသကဲ့သို့ ဝမ်းမြောက်ကြပါ၏။
၅ ရှေ့တော်ကာလနာဘေးသည် သွား၍၊ ပူလောင်ခြင်းဘေးသည်ခြေတော်ကိုခြံရံလျက်ရှိ၏။
၁၆ ဗျာဒိတ်တော်သံကိုငါကြားသောအခါရင်၌ လှုပ်ရှားခြင်း၊ မေးခိုင်ခြင်း၊ အရိုးဆွေးမြှေးခြင်း၊ တကိုယ်လုံးတုန်လှုပ်ခြင်းရှိ၏။ အကြောင်းမူကား၊ အမှုရောက်သောနေ့၊ လုပ်ကြံသောသူသည်ငါ၏လူမျိုးကိုတိုက်လာသောနေ့တိုင်အောင်ငါသည်လူမျိုးကိုတိုက်လာသောနေ့တိုင်အောင်ငါသည်နေရစ်ရမည်။
၂၈ တနည်းကား၊ ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ငရဲ ၌ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။
၅၀ ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည်၊ သနားတော်မူခြင်းကျေးဇူးကိုအစဉ်မပြတ်ခံစားကြ၏။
၂ မြို့တမြို့၌ ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သော တရားသူကြီး တယောက်ရှိ၏။
၃၂ ငါကား သင့်ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏၊ ဟုထာဝရဘုရား၏ ဗျာဒိတ်တော် အသံထွက်တော်မူ၏။ ထိုအခါ မောရှေသည် တုန်လှုပ်လျက် စေ့စေ့မကြည့်ဝံ့။
၃၁ ထိုအခါ ယုဒပြည်၊ ဂါလိလဲပြည်၊ ရှမာရိပြည် အရပ်ရပ်တို့တွင် အသင်းတော်တို့သည် ငြိမ်သက်၍၊ တည်ဆောက်ခြင်း ရှိကြ၏။ သခင်ဘုရားကို ကြောက်ရွံ့ခြင်း၌၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အဆုံးအမ၌၎င်း၊ မွေ့လျော်သောအားဖြင့် ပွားများကြ၏။
sပေတရုက လက်ခြေသေသူ အဲနေ ကျန်းမာစေ
၂ ထိုသူသည် မိမိအိမ်တွင် ရှိသမျှသောသူတို့နှင့်တကွ၊ ဘုရားဝတ်၌ မွေ့လျော်၍ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းရှိသဖြင့်၊ လူတို့အား များစွာသော စွန့်ကြဲခြင်းကိုပြု၍၊ ဘုရားသခင်ကို အစဉ်ဆုတောင်းလေ့ရှိ၏။
၃၅ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့၍၊ တရားသဖြင့် ကျင့်ဆောင်သောသူသည်၊ အထံတော်၌ မျက်နှာရသည်ကို ငါသိမြင်၏။
၁၆ ထိုအခါ ပေါလုသည်ထ၍ မိမိလက်နှင့် အမှတ်ပေးလျက်၊ ဣသရေလလူမှစ၍ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ နားထောင်ကြလော့။
၂၆ အာဗြဟံ အမျိုးဖြစ်သော ညီအစ်ကိုမှစ၍၊ သင်တို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ ဤကယ်တင်တော်မူခြင်း တရားစကားကို သင်တို့အား ကြားလိုက်တော်မူ၏။
၁ ထိုကြောင့် ချစ်သူတို့၊ ထိုဂတိတော်များနှင့် ငါတို့သည် ဆိုင်ကြသည်ဖြစ်၍၊ ကိုယ်ခန္ဓာ၏ အညစ်အကြေး၊ စိတ်ဝိညာဉ်၏ အညစ်အကြေး ရှိသမျှတို့နှင့်၊ ကိုယ်ကိုကိုယ် ကင်းစင်စေလျက်၊ ဘုရားသခင်ကို ကြောက်ရွံ့၍၊ သန့်ရှင်းခြင်းပါရမီနှင့် ပြည့်စုံကြကုန်အံ့။
sငါတို့ကိုလက်ခံကြလော့
၂၂ အစေခံကျွန်တို့၊ သခင်ဘုရားကို ကြောက်ရွံ့လျက်၊ လူတို့၏စိတ်ကို နူးညွတ်စေသောသူကဲ့သို့၊ မျက်မှောက်၌ သာနား ထောင်သည်မဟုတ်၊ စိတ်နှစ်ခွမရှိဘဲ၊ လောကီသခင်၏ စကားကို အရာရာ၌ နားထောင်ကြလော့။
၂၈ ထိုကြောင့်၊ ငါတို့သည် မလှုပ်နိုင်သောနိုင်ငံကို ရသည်ဖြစ်၍၊ ခန့်ငြားကြောက်ရွံ့သော သဘောနှင့်၊ ဘုရားသခင်ကို လျောက်ပတ်စွာ ဝတ်ပြုနိုင်မည်အကြောင်း၊ ကျေးဇူးတော်ကို စွဲလမ်းကြကုန်အံ့။ ၂၉ ငါတို့ဘုရားသခင်သည် လောင်သောမီးဖြစ်တော်မူ၏။
၁၇ လူမျက်နှာကိုမငဲ့၊ ခပ်သိမ်းသောသူတို့၏ အကျင့်အတိုင်း စီရင်တော်မူသော ခမည်းတော်ကို၊ သင်တို့သည် ဆုတောင်းကိုးကွယ်လျှင်၊ ဧည့်သည်ဖြစ်စဉ် ကာလပတ်လုံး ကြောက်ရွံ့သော စိတ်နှင့်ကျင့်နေကြလော့။
၇ ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့၊ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို၊ ဖန်ဆင်းတော်မူသော အရှင်ကို ကိုးကွယ်ကြလော့။ ဟုကြီးသောအသံနှင့် ပြောဆို၍၊ ကောင်းကင်အလယ်၌ ပျံဝဲလျက်ရှိသည်ကို ငါမြင်၏။
၄ အိုထာဝရဘုရား၊ ကိုယ်တော်ကို မကြောက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ၊ အဘယ်သူ နေရပါအံ့နည်း၊ ကိုယ်တော်တပါးတည်းသာ လျှင်သန့်ရှင်းတော်မူ၏။ တရားသဖြင့် စီရင်တော်မူခြင်း အရာတို့သည် ထင်ရှားသည်ဖြစ်၍၊ လူမျိုးအပေါင်းတို့သည် လာ၍၊ ရှေ့တော်၌ ကိုးကွယ်ကြပါလိမ့်မည်။ ဟုလျှောက်ဆိုကြ၏။
s ဘေးဒဏ်ခုနစ်ပါးအတွက်ပြင်ဆင်
၅ ပလ္လင်တော်ပေါ်က ထွက်သောအသံကား၊ ဘုရားသခင်၏ ကျွန်အပေါင်းတို့နှင့်၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူ အကြီးအငယ်အပေါင်းတို့၊ ငါတို့ဘုရားသခင်ကို ချီးမွမ်းကြလော့၊ ဟုဆိုသတည်း။
s သိုးသငယ်၏မင်္ဂလာဆောင်ပွဲ
_________________________
Footnotes