၁၁ လင်းယုန်သည် အသိုက်ကို မွှေလျက်၊ သားငယ်တို့အပေါ်မှာ လှုပ်ရှားလျက်၊ အတောင်တို့ကို ဖြန့်လျက်၊ သားငယ်တို့ကိုယူ၍ မိမိအတောင်တို့ဖြင့် ဆောင်သကဲ့သို့၊
၁၄ မိန်းမသည် ထိုမြွေနှင့်လွတ်၍၊ တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံး ကျွေးမွေးခြင်းကို ခံရာအရပ်တည်းဟူသော၊ တောအရပ်သို့ ပျံနိုင်မည်အကြောင်း၊ လင်းယုန်၏ အတောင်နှစ်ဘက်ကို ရလေ၏။
၂၆ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ စကားကို စေ့စေ့နားထောင်၍၊ နှစ်သက်တော်မူသော အကျင့်ကို ကျင့်လျှင်၎င်း၊ ပညတ်တရားတော် အလိုသို့လိုက်၍ စီရင်တော်မူချက်တို့ကို စောင့်ရှောက်လျှင်၎င်း၊ ငါသည် အဲဂုတ္တုလူတို့၌ စွဲစေသော ရောဂါ တစုံတခုကိုမျှ သင်တို့၌ မစွဲစေ။ ငါသည် သင်တို့၏ ရောဂါကို ငြိမ်းစေသော ထာဝရဘုရား (Jehovah-Rapha) ဖြစ်သည်၊ ဟုမိန့်တော်မူ၏။
၂ ငါတို့ ဘုရားသခင် ထာဝရဘုရားသည် ဟောရပ်တောင်၌ ငါတို့နှင့် ပဋိညာဉ်ပြုတော်မူ၏။
၃၃ သင်တို့ ဝင်စားလတံ့သော ပြည်၌ သင်တို့သည် သေဘေးလွတ်လျက် ချမ်းသာရ၍၊ အသက်တာ ရှည်မည်အကြောင်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသော လမ်းအပေါင်းတို့၌ လျှောက်သွားရကြမည်။
၃ မောရှေသည်လည်း လူများတို့ရှိရာသို့ လာ၍၊ ထာဝရဘုရား၏ စကားတော် အလုံးစုံကို၎င်း၊ စီရင်တော်မူချက် အလုံးစုံကို၎င်း ပြန်ကြား၍၊ လူများအပေါင်းကလည်း၊ ထာဝရဘုရား မိန့်တော်မူသမျှအတိုင်း၊ အကျွန်ုပ်တို့ ပြုပါမည် ဟုတသံတည်း ပြန်ပြောကြ၏။
၃၁ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဤလူမျိုး၏ဘိုးဘေးတို့ကို လက်ဆွဲ၍ အဲဂုတ္တုပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ် ကို ဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသောအချိန်ကာလ ရောက်လိမ့်မည်။
၆ သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး ဖြစ်ရကြလိမ့်မည်၊ ဟူသော အမိန့်တော်ကို ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုလော့၊ ဟုမိန့်တော်မူ၏။
sဣသရေလအမျိုးသားတို့ ကတိပြုကြ
၉ သင်တို့မူကား မှောင်မိုက်ထဲမှ အံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏၊ ဂုဏ်ကျေးဇူးများကို ဖေါ်ပြစေခြင်းငှါ၊%fo(b) ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်း ဖြစ်ကြ၏။
၆ မိမိခမည်းတော် ဘုရားသခင့်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း၊ ခန့်ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ အစွမ်းသတ္တိ ရှိတော်မူစေသတည်း။ အာမင်။
s ယေရှုကြွလာသည်ကိုမြင်ကြမည်
၁၀ အကျွန်ုပ်တို့၏ ဘုရားသခင့်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ယဇ်ပုရောဟိတ်အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှာ စိုးစံရသော အခွင့်ကို ပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကိုခံယူ၍ တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ၏။ ဟုအသစ်သော သီချင်းကိုသီ၍ လျှောက်ဆိုကြ၏။
s ကောင်းကင်တမန်တို့က ခမည်းတော်နှင့်ယေရှုချီးမွမ်း
၆ ပဌမထမြောက်ခြင်းကို ဝင်စားသောသူသည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူဖြစ်၏။ ထိုသို့သောသူသည် ဒုတိယသေခြင်း၏ လက်နှင့်ကင်းလွတ်လျက်၊ ဘုရားသခင်၏ ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ ယဇ်ပုရောဟိတ်ဖြစ်၍၊အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။
s အနှစ်တထောင်ကုန်ပြီးမှစာတန်လွှတ်၍ယေရှုကိုတိုက်ကြ
၈ လူအပေါင်းတို့ကလည်း ထာဝရဘုရား မိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည် ပြုပါမည်၊ ဟုတညီတညွတ်တည်း ပြန်ပြောကြ၏။ မောရှေသည်လည်း သူတို့၏စကားကို ထာဝရဘုရားအား ပြန်လျှောက်လေ၏။
၃ မောရှေသည်လည်း လူများတို့ရှိရာသို့ လာ၍၊ ထာဝရဘုရား၏ စကားတော် အလုံးစုံကို၎င်း၊ စီရင်တော်မူချက် အလုံးစုံကို၎င်း ပြန်ကြား၍၊ လူများအပေါင်းကလည်း၊ ထာဝရဘုရား မိန့်တော်မူသမျှအတိုင်း၊ အကျွန်ုပ်တို့ ပြုပါမည် ဟုတသံတည်း ပြန်ပြောကြ၏။
၇ ပဋိညာဉ်စာကိုလည်း ယူ၍၊%fo(a) ပရိသတ်များရှေ့မှာ ဖတ်ပြီးလျှင်၊ သူတို့ကလည်း၊ ထာဝရဘုရား မိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ပြုပါမည်၊ နားထောင်ပါမည်၊ ဟုပြောဆိုကြ၏။
၂၇ ကိုယ်တော်သည် အနီးအပါးသို့ ချဉ်းသွား၍၊ အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသမျှကို နားထောင်တော်မူပါ။ အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်အား မိန့်တော်မူသမျှကို နားထောင်တော်မူပါ။ အကျွန်ုပ်တို့သည် နားထောင်၍ ပြုပါမည်၊ ဟုလျှောက်ဆိုကြ၏။
sလူများတောင်းဆိုသော စကားကို ဘုရားကကြား
၁၇ ထာဝရဘုရားသည် သင်၏ဘုရားသခင် ဖြစ်တော်မူသည်ဟူ၍၎င်း၊ လမ်းတော်သို့ လိုက်ပါမည်၊ စီရင်ထုံးဖွဲ့တော်မူသော ပညတ်တရားတော်ကို စောင့်ရှောက်ပါမည်၊ စကားတော်ကို နားထောင်ပါမည်ဟူ ၍၎င်း၊ ယနေ့သင်သည် ဝန်ခံပြီ။
၁၈ ထာဝရဘုရားသည် မီးဖြင့်လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့်၊ တတောင်လုံး မီးခိုးထွက်လေ၏။ မီးခိုးသည်လည်း မီးဖို၏ မီးခိုးကဲ့သို့ တက်၍ တတောင်လုံး ပြင်းစွာလှုပ်လေ၏။
၁၁ သင်တို့သည် အနီးတော်သို့ ချဉ်းကပ်၍၊ တောင်ခြေရင်း၌ ရပ်နေကြ၏။ တောင်ထိပ်သည် မိုးကောင်းကင်အလယ်၌ မီးလောင်လျက်၊ မည်းသောအဆင်း၊ မိုးတိမ်တိုက်၊ ထူထပ်သော မှောင်မိုက်နှင့် ပြည့်စုံလေ၏။
၃၂ မြေကြီးကို ကြည့်ရှုတော်မူ၍ သူသည် တုန်လှုပ်တတ်၏။ တောင်တို့ကို တို့တော်မူ၍၊ သူတို့သည် မီးခိုးထွက်ကြပါ၏။
၅ အိုထာဝရဘုရား ကိုယ်တော်၏ မိုးကောင်းကင်ကို ညွတ်၍ ဆင်းသက်တော်မူပါ။ တောင်တို့ကို တို့တော်မူပါ။ သူတို့သည် မီးခိုးထွက် ကြပါလိမ့်မည်။
_________________________
Footnotes