၇ ကိုယ်တော်တဘက်၌ ထသောသူတို့ကို၊ ဘုန်းတန်ခိုး အာနုဘော်တို့နှင့် လှဲတော်မူ၏။ အမျက်တော်ကို လွှတ်၍၊ သူတို့ကို အမှိုက်ကဲ့သို့ မီးလောင်စေတော်မူ၏။
၂၄ အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရားသည် ဘုန်းတန်ခိုး အာနုဘော်တော်ကို အကျွန်ုပ်တို့အား ပြတော်မူပြီ။ မီးထဲက စကားတော်အသံကို အကျွန်ုပ်တို့သည် ကြားရပါပြီ။ ဘုရားသခင်သည် လူနှင့် နှုတ်ဆက်တော်မူသော်လည်း၊ လူသည် အသက်ရှင် သေးသည်ကို၊ ယနေ့၌ အကျွန်ုပ်တို့သည် သိမြင်ရပါပြီ။
၂ သင်၏ ဘုရားသခင် ထာဝရဘုရား ဆုံးမတော်မူခြင်းကို၎င်း၊ ဘုန်းအာနုဘော်တော်ကို၎င်း၊ အားကြီးသော လက်ရုံး ဆန့်တော်မူခြင်းကို၎င်း၊
၃ ငါသည် ထာဝရဘုရား၏ နာမတော်ကို ဖော်ပြသည် ဖြစ်၍၊ ငါတို့ ဘုရားသခင်၏ ဘုန်းအာနုဘော်ကို ချီးမွမ်းကြလော့။
၂၇ ဘုန်းတန်ခိုး အာနုဘော်သည် ရှေ့တော်၌ရှိ၏။ အစွမ်းသတ္တိနှင့် ဝမ်းမြောက်ခြင်း အကြောင်းလည်း နေတော်မူရာ၌ ရှိ၏။
sထာ၀ရဘုရား ဘုန်းတန်ခိုး အစွမ်းသတ္တိရှိသည်၊ ဟုဝန်ခံကြလော့
၁၁ အိုထာဝရဘုရား၊ ကိုယ်တော်သည် ဘုန်းတံခိုးအာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့် ပြည့်စုံတော်မူ၏။ ကောင်းကင် မြေကြီး၌ ရှိရှိသမျှကို ပိုင်တော်မူ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အစိုးရတော်မူ၏။ ခပ်သိမ်းသောသူတို့၏ အထွဋ်၊ မြင့်မြတ်တော်မူ၏။
၄ ထိုအခါ နိုင်ငံတော်စည်းစိမ်၊ ဘုန်းအာနုဘော်တော်ကို အရက်တရာ ရှစ်ဆယ်ပတ်လုံးပြတော်မူ၏။
၁၁ သင်တို့သည် တန်ခိုး အာနုဘော်တော်ကြောင့် မကြောက်ကြသလော။ ကြောက်မက်ဘွယ်သော ဂုဏ်တော်ကြောင့် မထိတ်လန့်ကြသလော။
၂၃ ငါသည် ဘုရားသခင် ဖျက်ဆီးတော်မူခြင်းဘေးကို ကြောက်ရွံ့၍ တန်ခိုးအာနုဘော်တော်ကြောင့် မပြစ်မှားဝံ့ဘဲ နေပါပြီ။
၄ လျှပ်စစ်ပြက်ပြီးမှ အသံတော်ထွက်၏။ ဘုန်းအာနုဘော်တော်အသံနှင့် မိုးချုန်းတော်မူ၏ အသံတော်မြည်သောအခါ မိုးသက်မုန်တိုင်းကို ချုပ်တည်းတော်မမူ။
၁၀ ထူးဆန်းသော ဘုန်းတန်ခိုး အာနုဘော်ကို ဝတ်ဆောင်လော့။ တင့်တယ်သော ဂုဏ်အသေရေနှင့် တန်ဆာဆင်လော့။
၁ အိုအကျွန်ုပ်တို့၏ ဘုရားရှင်ထာဝရဘုရား၊ နာမတော်သည် မြေကြီးတပြင်လုံး၌ အလွန်ကြီးမြတ်တော်မူ၏။ ဘုန်းအာနုဘော် တော်သည်၊ မိုးကောင်းကင်ပေါ်မှာ တည်လျက်ရှိပါ၏။
၅ ကယ်တင် တော်မူခြင်းအားဖြင့် သူသည်ဘုန်းကြီး၍၊ လက်တော်မှ ဂုဏ်အသေရေနှင့် တန်ခိုး အာနုဘော်ကိုခံရပါ၏။
၄ ထာဝရဘုရား၏ အသံတော်သည် တန်ခိုးနှင့် ပြည့်စုံတော်မူ၏။ ထာဝရဘုရား၏ အသံတော်သည် ဘုန်းအာနုဘော်နှင့်ပြည့်စုံတော်မူ၏။
၂ ဘုန်းတန်ခိုး အာနုဘော်တော်ကို မြင်ခြင်းငှါ သန့်ရှင်းရာ ဌာနတော်၌ ထိုသို့ ကိုယ်တော်ကို ဖူးမျှော်ပါပြီ။ ကရုဏာတော်သည် အသက်ထက်သာ၍ ကောင်းသောကြောင့် အကျွန်ုပ်၏ နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းရပါမည်။
၁ ထာဝရဘုရားသည် စိုးစံ၍၊ အာနုဘော်နှင့် တန်ဆာဆင်တော်မူ၏။ ထာဝရဘုရားသည် ထိုသို့ဝတ်ဆင်၍၊ ခွန်အားကို ခါးပန်းစည်းတော်မူ၏။ သို့ဖြစ်၍၊ လောကဓာတ်သည် မလှုပ်မရှားနိုင်အောင် တည်လျက်ရှိ၏။
၆ ဘုန်းတန်ခိုးအာနုဘော်သည် ရှေ့တော်၌ ရှိ၏။ အစွမ်းသတ္တိနှင့် ဂုဏ်အသရေလည်း သန့်ရှင်းရာ ဌာနတော်၌ ရှိ၏။
sထာ၀ရဘုရားကို ဝန်ခံကြလော့
၁ အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။ အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား ကိုယ်တော်သည် အလွန်ကြီး မြတ်တော်မူ၏။ ဘုန်းတန်ခိုး အာနုဘော်နှင့် တန်ဆာဆင်တော်မူ၏။
၅ အကျွန်ုပ်သည်လည်း ဘုန်းတန်ခိုး အာနုဘော်တော်ကို၎င်း၊ အံ့ဘွယ်သော အမှုတော်တို့ကို၎င်း မြွက်ဆိုပါ၏။
၁၀ ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့သောငှါ ထတော်မူသော ထိုအခါ၊ ဘုရားကို ကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော် အရှိန်ကြောင့်၊ ကျောက်ထဲသို့ဝင်လော့။ မြေမှုန့်၌ ပုန်း၍နေလော့။
၃ ငါသန့်ရှင်းစေသော သူတို့ကို ငါမှာထားပြီ။ ငါပေးသော ဘုန်းအာနုဘော်ကြောင့် ဝမ်းမြောက်သောသူ၊ ငါ၏ သူရဲတို့ကို ငါ့အမျက် ပြေစေခြင်းငှါ ငါခေါပြီ။
၂ အလွန်ပွင့်လန်း၍ ဝမ်းမြောက်ခြင်း၊ သီချင်းဆိုခြင်းနှင့်တကွ မြူးထူးလိမ့်မည်။ လေဗနုန်တောင်၏ ဘုန်းနှင့်၎င်း၊ ကရမေလတောင်၊ ရှာရုန်အရပ်တို့၏ တင့်တယ်ခြင်း အသရေနှင့်၎င်း ပြည့်စုံလိမ့်မည်။ ထာဝရဘုရား၏ ဘုန်းတော်ကို၎င်း၊ ငါတို့ ဘုရားသခင်၏ တန်ခိုး အာနုဘော်တော်ကို၎င်း မြင်ရကြလိမ့်မည်။
၁၈ အချင်းလူသား၊ အဲဂုတ္တုပြည်သား အလုံးအရင်းအတွက် မြည်တမ်းခြင်းကိုပြုလော့။ မြေတွင်းထဲသို့ဆင်းသွားသောသူတို့နေရာ မြေအောက်အရပ်သို့တိုင်အောင်၊ ကျော်စောသော လူမျိုးသတို့သမီးတို့နှင့်တကွ နှိမ့်ချလျက်မြွက်ဆိုရမည်မှာ၊
၃၇ အရှင်မင်းကြီး၊ ကိုယ်တော်သည် ဘုရင်တို့၏ ဘုရင်ဖြစ်တော်မူ၏။ ကောင်းကင်ဘုံရှင် ဘုရားသခင်သည်၊ နိုင်ငံနှင့်တကွ တန်ခိုးအာနုဘော် အစွမ်းသတ္တိ ဘုန်းသရေကို ကိုယ်တော်အား ပေးတော်မူပြီ။
၃၀ ဤမြို့ကား၊ ငါ့နိုင်ငံတည်ရာ၊ ငါ့ရွှေဘုန်းတော်ကို ချီးမြှောက်ရာဖို့၊ ငါ့တန်ခိုး အာနုဘော်အားဖြင့် ငါတည်လုပ်သော ဗာဗုလုန်မြို့ကြီး မဟုတ်လော၊ ဟုမြွက်ဆို၏။
၄ ထိုသခင်သည်ရပ်၍ ထာဝရဘုရား၏ အစွမ်းသတ္တိနှင့်၎င်း၊ မိမိဘုရားသခင် ထာဝရဘုရား၏ နာမတော် တန်ခိုးအာနုဘော်နှင့်၎င်း၊ မိမိသိုးစုကို ကျွေးမွေးလိမ့်မည်။ သူတို့သည်လည်း တည်ကြလိမ့်မည်။ အကြောင်းမူကား၊ ထိုသခင်သည် မြေကြီးစွန်းတိုင် အောင်အစိုးရ၍၊ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူလိမ့်မည်။
၄ အဆင်းအရောင်တော်သည်နေရောင်ကဲ့သို့ဖြစ်၏။ လက်တော်မှရောင်ခြည်သည်ထွက်၍၊ ဘုန်းအာနုဘော်တော်ကိုကွယ်ကာလေ၏။
၁၃ အပြစ်သွေးဆောင်ရာသို့ မလိုက် မပါစေဘဲ၊ မကောင်းသော အမှုအရာမှလည်း ကယ်နှုတ်တော်မူပါ။ အစိုးပိုင်သော အခွင့်နှင့် ဘုန်းတန်ခိုး အာနုဘော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ ရှိပါ၏။ အာမင်၊ ဟုဆုတောင်းကြလော့။
s အပြစ်ကိုလွှတ်ခြင်း
၂၇ လူသားသည် မိမိအဘ ခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာတော်မူလတံ့။ ထိုအခါ လူအသီးသီး ကျင့်သောအကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတံ့။
၃၀ ထိုအခါ လူသား၏ နိမိတ်လက္ခဏာသည်၊ ကောင်းကင်၌ ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေး မြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကို စီး၍ ကြွလာတော်မူသည်ကို၊ မြင်ရကြလိမ့်မည်။
၃၁ လူသားသည် မိမိဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန်များ အခြံအရံ တို့နှင့်တကွ ကြွလာတော်မူသောအခါ၊ ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်၍၊
၃၈ နောက်မီးလင်းသော%fo(c) ဤအမျိုးဆိုးတွင် အကြင်သူသည် ငါ့ကို၎င်း၊ ငါ့စကားကို၎င်း ရှက်၏၊ လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာသောအခါ၊ ထိုသူကို ရှက်တော်မူလတံ့။
%ln
၂၆ ထိုအခါလူသားသည်၊ ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို၊ မြင်ရကြလိမ့်မည်။
၃၅ ကောင်းကင်တမန်ကလည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည်သင်၏အပေါ်မှာသက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏တန်ခိုးအာနုဘော်တော်သည်၊ သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့်၊ ထိုသန့်ရှင်းသောသားသည်လည်း၊ ဘုရားသခင်၏သားတော်၊ ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။
sမာရိဧလိရှဗက်ထံသွား
၆ ဤဘုန်းတန်ခိုး အာနုဘော် ရှိသမျှကို ငါ၌ အပ်ခဲ့ပြီ။ ငါသည် ပေးလိုသော သူအား ပေးရသည် ဖြစ်၍၊ ကိုယ်တော်အား ပေးပါမည်။
၂၇ ထိုအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။
၄၀ ယေရှုကလည်း၊ သင်သည်ယုံလျှင် ဘုရားသခင်၏ ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည်၊ ငါပြောပြီမဟုတ်လော၊ ဟုမိန့်တော်မူ၏။
sလာဇရုကိုထမြောက်စေ
၄၁ ဟေရှာယသည် ဘုန်းအာနုဘော်ကိုမြင်၍၊ ဗျာဒိတ်တော်ကို ပြန်စဉ်တွင် ထိုစကားကို ဟောပြောသတည်း။
၄ ထိုသူတို့သည် ဣသရေလလူဖြစ်၍၊ သားအရာ၌ ချီးမြှောက်ခြင်းနှင့်၎င်း၊ ဘုန်းအာနုဘော်တော်နှင့်၎င်း၊ ပဋိညာဉ်တရားတို့နှင့်၎င်း၊ ပညတ်တရားထားခြင်းနှင့်၎င်း၊ ဝတ်ပြုခြင်းနှင့်၎င်း၊ ဂတိတော်တို့နှင့်၎င်း ဆိုင်ကြ၏။
၇ ထိုမှတပါး ပျောက်တတ်သော ရောင်ခြည်တည်းဟူသော မောရှေ၏မျက်နှာမှ ထွက်သောရောင်ခြည်ကြောင့်၊ ဣသရေလ အမျိုးသားတို့သည် သူ၏မျက်နှာကို စေ့စေ့မကြည့်ရှုနိုင်သည် တိုင်အောင်၊ ကျောက်ပြားပေါ်၌ အက္ခရာတင်၍ ရေးထားသော သေခြင်း၏တရားသည်၊ ဘုန်းအာနုဘော်နှင့် ပြည့်စုံသည်မှန်လျှင်၊
၂၀ ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူ၍၊ ခရစ်တော်၌ ပြုပြင်သော၊ မဟာတန်ခိုး အာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။
၁၉ ငါ၏ဘုရားသခင်သည်၊ ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလိုရှိသမျှတို့ကို၊ ယေရှုရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။
၁၇ လောကဓာတ်တို့၏ ဘုရင်တည်းဟူသော၊ ဖောက်ပြန် ပျက်စီးခြင်းနှင့် ကင်းလွတ်တော်မူထသော၊ မျက်မြင်မရ၊ အရူပဖြစ်တော်မူထသော၊ တဆူတည်းသော ဘုရားသခင်သည်၊ ကမ္ဘာအဆက်ဆက် ဂုဏ်အသရေ၊ ဘုန်းအာနုဘော် ရှိတော်မူစေသတည်း။ အာမင်။
sတိမောသေကို ကောင်းသောစစ်တိုက်ဖို့ထား
၁၆ ထိုယဇ်ပုရောဟိတ်သည်၊ ကိုယ်ခန္ဓာနှင့်စပ်ဆိုင်သော တရားအတိုင်း၊ ခန့်ထားလျက်ရှိသည်မဟုတ်။ ထာဝရအသက်၏ တန်ခိုးအာနုဘော်အတိုင်း၊ ခန့်ထားလျက်ရှိသတည်း။
၁ ယခုဆိုခဲ့ပြီးသော အကြောင်းအရာတို့၏ အချုပ်အခြာဟူမူကား၊ ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ ရှိ၏။ ကောင်းကင်ဘုံ၌ တန်ခိုးအာနုဘော်တော်၏ ပလ္လင်လကျ်ာဘက်မှာ ထိုင်နေတော်မူ၏။
၆ အရည်ကျို၍ စုံစမ်းခြင်းကို ခံနိုင်သော်လည်း၊ ပျက်စီးတတ်သောရွှေကို စစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းသောအရာသည် သာ၍မြတ်သည်နှင့်၊ %fo(a) ယေရှုခရစ် ပေါ်ထွန်းတော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်အလိုငှါ ဖြစ်မည်အကြောင်း၊ အထူးထူး အပြားပြားသော စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊
၁၆ ငါတို့သခင်ယေရှုခရစ်၏ တန်ခိုးတော်ကို၎င်း၊ ကြွလာတော်မူခြင်းကို၎င်း၊ သင်တို့အား ကြားပြောသောအခါ၊ ငါတို့သည် ပရိယာယ်နှင့်ပြင်ဆင်သော ဒဏ္ဍာရီစကားကိုမလိုက်၊ ဘုန်းအာနုဘော်ကို ကိုယ်တိုင်မြင်သောသူဖြစ်ကြ၏။
၂၅ ငါတို့ကို ကယ်တင်တော် မူသောအရှင်၊ တဆူတည်းသော ဘုရားသခင်သည်၊ ငါတို့ သခင်ယေရှုခရစ် အားဖြင့်၊ ယခုမှစ၍ ကမ္ဘာအဆက် ဆက်ဘုန်းတန်ခိုး အာနုဘော်နှင့်၊ အစွမ်းသတ္တိ အာဏာစက် ရှိတော်မူစေသတည်း။ အာမင်။
s ရှင်ယုဒဩဝါဒစာပြီး၏။
၁၂ ထိုသူတို့ကလည်း၊ အသေသတ်ခြင်းကိုခံခဲ့ပြီးသော သိုးသငယ်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းကြီးမင်္ဂလာကို ခံထိုက်တော်မူ၏။ ဟုကြီးသောအသံနှင့် ပြောဆိုကြ၏။
၈ ဘုရားသခင်၏ ဘုန်းတန်ခိုး အာနုဘော်တော်ကြောင့်၊ ဗိမာန်တော်သည် မီးခိုးနှင့်ပြည့်၍၊ ကောင်းကင်တမန် ခုနစ်ပါး၏ ဘေးဒဏ်ခုနစ်ပါး မကုန်မီတိုင်အောင်၊ ဗိမာန်တော်ထဲသို့ အဘယ်သူမျှမဝင်နိုင်။
၁၀ လူကလည်းဥယျာဉ်၌ ကိုယ်တော်၏အသံကို ကျွန်တော်ကြားလျှင်၊ အဝတ်အချည်းစည်း ရှိသောကြောင့်၊ ကြောက်၍ ပုန်းလျက်နေပါသည်၊ ဟုလျှောက်လေ၏။
၁၁ အာဗြဟံက၊ ဤအရပ်သားတို့သည် ဘုရားသခင်ကိုမကြောက်၊ အကျွန်ုပ်၏ မယားအတွက် အကျွန်ုပ်ကို သတ်ကြလိမ့်မည်၊ ဟုအကျွန်ုပ်ထင်သောကြောင့်၊ ထိုသို့ပြုမိပါပြီ။
၁၂ ထိုလုလင်ကို မထိမခိုက်နှင့်။ အလျှင်းမပြုနှင့်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည် ဟုယခုငါသိ၏။ အကြောင်းမူကား၊ သင်၏သား၊ သင်၌ တယောက်တည်းသောသားကို ငါတောင်း၍၊ သင်သည် ငါ့ကိုမငြင်း ဟုမိန့်တော်မူ၏။
၄၂ ယခုလည်းကျွန်ုပ်အဘ၏ ဘုရားသခင်၊ အာဗြဟံ၏ ဘုရားသခင်၊ ဣဇာက်၏ ကြောက်ရွံ့ရာဘုရားသည် ကျွန်ုပ်ဘက်၌မရှိလျှင်၊ သင်သည် ကျွန်ုပ်ကို ဧကန်အမှန် လက်ချည်းလွှတ်လိုက်လိမ့်မည်တကား။ အကယ်စင်စစ် ကျွန်ုပ်ဆင်းရဲခံရခြင်း၊ ပင်ပန်းစွာ လုပ်ကိုင်ရခြင်းကို ဘုရားသခင်မြင်၍၊ မနေ့ညမှာ သင့်ကိုဆုံးမတော်မူပြီ ဟုဆိုလေ၏။
s လာဗန်နှင့်ယာကုပ် ပဋိညာဉ်ပြုကြ
၅၃ အာဗြဟံ၏ဘုရားသခင်၊ နာခေါ်၏ ဘုရားသခင်၊ သင့်အဘ၏ ဘုရားသခင်သည် ငါတို့စပ်ကြား၌ စီရင်တော်မူစေသတည်း ဟူ၍၎င်း၊ ယာကုပ်အားဆို၏။ ယာကုပ်သည်လည်း၊ မိမိအဘ ကြောက်ရွံ့ရာဘုရားကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလေ၏။
၁၈ သုံးရက်မြောက်သောနေ့၌ ယောသပ်သည် သူတို့ကိုခေါ်၍၊ ငါသည် ဘုရားသခင်ကိုကြောက်ရွံ့သောသူ ဖြစ်၏။ သို့ဖြစ်၍ သင်တို့သည် အသက်ချမ်းသာစေခြင်းငှာ ပြုရသောအမှုဟူမူကား၊
၁၇ ၀မ်းဆွဲမတို့သည် ဘုရားသခင်ကို ကြောက်ရွံ့၍၊ အဲဂုတ္တုရှင်ဘုရင် မိန့်တော်မူသည်အတိုင်း မပြု၊ ယောကျ်ားတို့ကို အသက်ချမ်းသာပေးကြ၏။
၂၀ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ကြောက်ရွံ့သော ဖာရောဘုရင်၏ ကျွန်တို့သည်၊ မိမိကျွန်၊ မိမိတိရစ္ဆာန်တို့ကို အိမ်သို့ ပြေးစေကြ၏။
၃၁ ထိုသို့ အဲဂုတ္တုလူတို့၌ ထာဝရဘုရား ပြုတော်မူသောအမှုကြီးကို၊ ဣသရေလလူတို့သည် မြင်၍၊ ထာဝရဘုရားကို ကြောက်ရွံ့ကြ၏။ ထာဝရဘုရားနှင့် ကိုယ်တော်၏ကျွန် မောရှေကို ယုံကြည်ကြ၏။
၁၁ အိုထာဝရဘုရား၊ ဘုရားများတို့တွင် အဘယ်မည်သော ဘုရားသည် ကိုယ်တော်နှင့် တူပါသနည်း။ သန့်ရှင်းခြင်းအားဖြင့် ဘုန်းကြီးတော်မူထသော၊ ချီးမွမ်းခြင်းကို ခံစဉ်တွင်၊ ကြောက်မက်ဘွယ် ဖြစ်တော်မူထသော၊ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူသော၊ ကိုယ်တော်နှင့် အဘယ်ဘုရား တူပါသနည်း။
၁၆ အိုထာဝရဘုရား၊ ကိုယ်တော်၏ လူတို့သည် လွန်သွားသောအခါ၊ ရွေးတော်မူသော ကိုယ်တော်၏ လူတို့သည် လွန်သွားသောအခါ၊ ထိုလူအမျိုးမျိုးတို့သည် ကြောက်သောစိတ်၊ ထိတ်လန့်သော စိတ်အားကြီး၍ လက်ရုံးတော် တန်ခိုးကြောင့်၊ သူတို့သည် ကျောက်ကဲ့သို့ ငြိမ်ငြိမ်နေကြလိမ့်မည်။
၂၁ ထိုမှတပါး ဘုရားသခင်ကိုကြောက်ရွံလျက်၊ သစ္စာနှင့်ပြည့်စုံလျက်၊ လောဘကိုရွံရှာလျက်၊ တတ်စွမ်းနိုင်သော သူတို့ကို လူအပေါင်းတို့အထဲက ရွေးကောက်၍၊ တထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ်အရာ၌ ခန့်ထားရမည်။
၁၉ မောရှေကိုလည်း၊ အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင် မိန့်တော် မမူပါစေနှင့်။ အကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်၊ ဟုလျှောက်ဆိုကြ၏။
၁၄ နားပင်းသောသူကို မကျိန်ဆဲရ။ မျက်စိ မမြင်သော သူရှေ့မှာ ထိမိ၍ လဲစရာကို မထားရ။ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရား ဖြစ်၏။
၃၂ ဆံပင်ဖြူသော သူရှေ့မှာ ထရမည်။ အသက်ကြီးသောသူ၏ မျက်နှာကို ရိုသေရမည်။ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရား ဖြစ်၏။
၁၇ သင်တို့သည် တယောက်ကို တယောက် မညှဉ်းဆဲရ။ သင်တို့၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည်သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။
s သုံးနှစ်စာပေးမည်
၃၆ သူ၌ အတိုးအပွားကို မယူရ။ သင်၏အမျိုးသားချင်းသည် သင့်ထံမှာ နေစေခြင်းငှာ၊ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့လော့။
၄၃ သူကို ကြမ်းတမ်းစွာ မစီရင်ရ။ သင်၏ ဘုရားသခင်ကိုကြောက်ရွံ့ရမည်။
၁၀ ထိုအခါ ထာဝရဘုရားက၊ လူများတို့ကို ငါ့ထံမှာ စုဝေးစေလော့။ သူတို့သည် မြေကြီးပေါ်မှာ အသက်ရှင်သမျှသော ကာလပတ်လုံး ငါ့ကိုကြောက်ရွံ့၍ သားမြေးတို့အား သွန်သင်စေခြင်းငှာ ငါ့စကားကို ကြားစေမည်၊ ဟုငါ့အား မိန့်တော်မူသည်အတိုင်း၊
၂၉ သူတို့နှင့် သားမြေး အစဉ်အဆက်တို့သည် ချမ်းသာရမည်အကြောင်း၊ ငါ့ကိုကြောက်ရွံ့၍ ငါပညတ်သမျှတို့ကို အစဉ် စောင့်ရှောက်ချင်သော စိတ်နှင့် ပြည့်စုံကြပါစေသော်။
၁ သင်တို့နှင့် သားမြေးတို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊
၂၄ ထာဝရဘုရားသည် ယနေ့တိုင်အောင် ကျေးဇူးပြုတော်မူ သကဲ့သို့၊ ငါတို့အသက်ကို စောင့်တော်မူမည် အကြောင်း၊ ငါတို့သည် ကိုယ်အကျိုးကို ထောက်၍၊ ငါတို့ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့လျက်၊ ဤပညတ်အလုံးစုံတို့ကို ကျင့်စေခြင်းငှာ မှာထားတော်မူ၏။
၆ သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသော လမ်းသို့လိုက်၍၊ ကိုယ်တော်ကို ကြောက်ရွံ့သဖြင့် ပညတ်တော်တို့ကို စောင့်ရှောက်ရမည်။
၁၂ အိုဣသရေလအမျိုး၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းတော်သို့ လိုက်သွားခြင်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်ခြင်း၊
၁၇ အကြောင်းမူကား၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည်၊ ဘုရားတို့၏ဘုရား၊ သခင်တို့၏သခင်၊ ကြီးမြတ်သောဘုရား၊ တန်ခိုးနှင့်ပြည့်စုံ၍ ကြောက်မက်ဘွယ်သော ဘုရား၊ လူမျက်နှာကို မထောက်၊ တံစိုးကို မစားဘဲ၊
၂၀ သင်၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍ အမှုတော်ကို ဆောင်ရွက်ရမည်။ ကိုယ်တော်၌ ဆည်းကပ်ရမည်။ နာမတော်အားဖြင့် ကျိန်ဆိုခြင်းကို ပြုရမည်။
၄ သင်တို့၏ ဘုရားသခင် ထာဝရဘုရား နောက်တော်သို့ လိုက်ရကြမည်။ ကြောက်ရွံ့သော စိတ်နှင့် ပညတ်တော်တို့ကို စောင့်ရကြမည်။ စကားတော်ကို နားထောင်လျက် ဝတ်ပြု၍၊ ကိုယ်တော်၌ ဆည်းကပ်မှီဝဲ ကြရမည်။
၅၈ သင်၏ ဘုရားသခင် ထာဝရဘုရားသည် ဘုန်းကြီး၌ ကြောက်မက်ဘွယ်သော နာမတော်ကို ကြောက်စေခြင်းငှာ၊ ဤကျမ်းစာ၌ ရေးထားသော ဤတရားတော် စကားအလုံးစုံတို့ကို သင်သည် မကျင့်မစောင့်ဘဲ နေလျှင်၊
၁၂ ယောကျ်ား၊ မိန်းမ၊ သူငယ်များ၊ တည်းခိုသော တပါးအမျိုးသား များတို့သည်ကြား၍ နားလည်သဖြင့်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ ဤပညတ်တရား စကားအလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ၊ ပရိသတ်တို့ကို စုဝေးစေကြလော့။
၂၃ ထာဝရဘုရားသည် တန်ခိုး ကြီးတော်မူသည်ကို မြေကြီးသား အပေါင်းတို့သည် သိကြမည် အကြောင်းနှင့်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို သင်တို့သည် အစဉ်အမြဲ ကြောက်ရွံ့ရမည် အကြောင်း၊ ငါတို့သည် ပင်လယ်နီကိုကူး၍ ကမ်းတဘက်သို့ မရောက်မှီတိုင်အောင်၊
၁၄ ယခုမှာ ထာဝရဘုရားကို ကြောက်ရွံ့၍ ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်း နှင့်တကွ ဝတ်ပြုကြလော့။ မြစ်ကြီးတဘက်၌၎င်း၊ အဲဂုတ္တုပြည်၌၎င်း၊ ဘိုးဘေးတို့ ဝတ်ပြုသော ဘုရားများကို ပယ်၍၊ ထာဝရဘုရားကိုသာ ဝတ်ပြုကြလော့။
၇ နွားတရှဉ်းကိုယူ၍ ခုတ်ဖြတ်ပြီးမှ၊ သံတမန်တို့လက်တွင် ဣသရေလပြည် တလျှောက်လုံးသို့ ပေးလိုက်၍၊ ရှောလုနှင့် ရှမွေလ နောက်သို့ထွက်၍ မလိုက်သောသူ၏ နွားတို့ကို ဤကဲ့သို့ ပြုမည်၊ ဟုကြော်ငြာစေသဖြင့်၊ လူတို့သည် ထာဝရဘုရားကို ကြောက်၍ တညီတညွတ်တည်း ထွက်လာကြ၏။
၁၄ သင်တို့သည် ထာဝရဘုရားကို ကြောက်ရွံ့ ဝတ်ပြုခြင်းနှင့်တကွ အာဏာတော်ကို မဆန်၊ စကားတော်ကို နားထောင်လျှင်၊ သင်တို့နှင့် သင်တို့ကို အုပ်စိုးသော ရှင်ဘုရင်သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား နောက်တော်သို့ အမြဲလိုက်ကြလိမ့်မည်။
၁၈ ထာဝရဘုရားကို ဆုတောင်း၍၊ ထိုနေ့၌ ထာဝရ ဘုရားသည် မိုးချုန်းခြင်းနှင့်တကွ မိုးရွာစေတော်မူ၍၊ လူအပေါင်းတို့သည် ထာဝရဘုရားနှင့် ရှမွေလကို အလွန်ကြောက်ရွံကြ၏။
၂၄ သို့ရာတွင် ထာဝရဘုရားကို ကြောက်ရွံ့၍ သစ္စာနှင့်တကွ စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုကြလော့။ သင်တို့အဖို့ အဘယ်မျှလောက် ပြုတော်မူပြီးသည်ကို အောက်မေ့ကြလော့။
၉ ထိုနေ့၌ ဒါဝိဒ်သည် ထာဝရဘုရားကိုကြောက်၍၊ ထာဝရဘုရား၏ သေတ္တာတော်သည် အဘယ်သို့ ငါ့ထံသို့ ရောက်ရမည်နည်း ဟုဆိုလျက်၊
၃ အာဟပ်မင်းသည် နန်းတော်အုပ် ဩဗဒိကို ခေါ်၏။ ထိုဩဗဒိသည် ထာဝရဘုရားကို အလွန်ကြောက်ရွံ့%fo(a)သောသူဖြစ်၏။
၁၂ အကျွန်ုပ်သည် ကိုယ်တော်ထံမှ ထွက်သွား၍ အာဟပ်မင်းထံမှာ လျှောက်စဉ်တွင်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် အကျွန်ုပ် မသိသောအရပ်သို့ ကိုယ်တော်ကို ဆောင်သွားတော်မူလျှင်၊ အာဟပ်မင်းသည် ကိုယ်တော်ကို မတွေ့နိုင်သောအခါ အကျွန်ုပ်ကို သတ်ပါလိမ့်မည်။ ကိုယ်တော်ကျွန် မူကား၊ အသက် ငယ်စဉ်ကာလမှစ၍ ထာဝရဘုရားကို ကြောက်ရွံ့%fo(a)ပါပြီ။
၁ ပရောဖက် အမျိုးသား၏မယား တစ်ယောက်သည် ဧလိရှဲထံသို့ လာ၍၊ ကိုယ်တော်ကျွန်၊ ကျွန်မ၏ခင်ပွန်း သေပါပြီ။ ကိုယ်တော်ကျွန်သည် ထာဝရဘုရားကို ကြောက်ရွံ့သောသူ%fo(a) ဖြစ်သည်ကို ကိုယ်တော်သိတော်မူ၏။ ယခုမှာ ကြွေးရှင်သည် ကျွန်မ၏သား နှစ်ယောက်ကို ကျွန်ခံစေခြင်းငှာ လာပါပြီ၊ ဟုကြွေးကြော်လေ၏။
၁၂ ထိုနေ့၌ ဒါဝိဒ်သည် ဘုရားသခင်ကို ကြောက်၍၊ ဘုရားသခင်၏ သေတ္တာတော်ကို အဘယ်ကြောင့် ငါ့ထံသို့ ဆောင်ခဲ့ရမည်နည်း၊ ဟုဆိုလျက်၊
၂၅ ထာဝရဘုရားသည် ကြီးမြတ်၍၊ အလွန် ချီးမွမ်းဘွယ်ဖြစ်တော်မူ၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ဘွယ် ဖြစ်တော်မူ၏။
၂၁ အဲဂုတ္တုပြည်မှ ရွေးနှုတ်တော်မူသော ကိုယ်တော်၏ လူမျိုးရှေ့မှ လူအမျိုးမျိုးတို့ကို နှင်ထုတ်သဖြင့်၊ ကြီးမြတ်၍ ကြောက်မက်ဘွယ်သော နာမတော်ကို ကိုယ်တော်အဘို့ ထင်ရှားစေခြင်းငှါ၊ ဘုရားသခင်က ကြွ၍ ကိုယ်တော်အဘို့ ရွေးနှုတ်တော်မူသော ကိုယ်တော်၏လူ ဣသရေလ အမျိုးနှင့် တူသော လူမျိုးတစုံတမျိုးသည် မြေကြီးပေါ်မှာ ရှိပါသလော။
၁၄ ဂေရာမြို့ ပတ်ဝန်းကျင် မြို့သားတို့သည် ထာဝရဘုရားကို ကြောက်ရွံ့သော စိတ်ရှိသဖြင့်၊ ယုဒလူတို့သည် ထိုမြို့ရှိသမျှတို့ကို လုပ်ကြံ၍၊ သို ထားနှင့်သော ဘဏ္ဍာ ဥစ္စာအများတို့ကို သိမ်းယူကြ၏။
၁၀ ယုဒပြည် ပတ်ဝန်းကျင် တိုင်းနိုင်ငံရှိသမျှတို့သည်၊ ထာဝရဘုရားကို ကြောက်ရွံ့၍၊ ယောရှဖတ်ကို စစ်မတိုက်ဝံ့ဘဲ နေကြ၏။
၇ သို့ဖြစ်၍ ထာဝရဘုရားကို ကြောက်ရွံ့သော စိတ်ရှိ၍ သတိပြုကြလော့။ ငါတို့ ဘုရားသခင်သည် မတရားသော အမှုကိုလက်ခံခြင်း၊ လူမျက်နှာကို ထောက်ခြင်း၊ တံစိုးစားခြင်း အခွင့်ရှိတော် မမူဟု မှာထားတော်မူ၏။
sလေဝိသား ယဇ်ပုရောဟိတ်တို့ကိုခန့်ထား
၉ သင်တို့သည် စုံလင်သော စိတ်နှလုံးနှင့် ထာဝရဘုရားကို ကြောက်ရွံ့လျက်၊ သစ္စာ စောင့်လျက် စီရင်ကြလော့။
၂၉ ထာဝရဘုရားသည် ဣသရေလ အမျိုး၏ ရန်သူတို့ကို တိုက်တော်မူကြောင်းကို၊ အခြားတိုင်းနိုင်ငံသား ရှိသမျှတို့သည် ကြား၍၊ ဘုရားသခင်ကို ကြောက်ရွံကြ၏။
၃ သို့ဖြစ်၍ အရှင်ဘုရား အစရှိသော ငါတို့ဘုရားသခင်၏ ပညတ်တရားကို ကြောက်ရွံသောသူတို့ကို သတိပေးသည်အတိုင်း၊ ဤမိန်းမများနှင့် သူတို့သားသမီးများ ရှိသမျှကို စွန့်ပယ်မည်၊ ဟုငါတို့၏ ဘုရားသခင့် ရှေ့တော်၌ အဓိဋ္ဌာန်ပြုကြကုန်အံ့။ ဤအမှုကို တရားရှိသည်အတိုင်း စီရင်ကြကုန်အံ့။
၉ ငါကလည်း၊ သင်တို့ပြုသောအမှု မကောင်းပါတကား။ ငါတို့ရန်သူဖြစ်သော တပါးအမျိုးသားတို့သည် ငါတို့ကိုကဲ့ရဲ့မည်၊ ဟုစိုးရိမ်၍၊ ငါတို့၏ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှင့် သင်တို့ ကျင့်သင့်သည် မဟုတ်လော။
၁၅ အရင်မြို့ဝန်တို့ကို လူများတို့သည် ကျွေးရကြ၏။ မုန့်နှင့် စပျစ်ရည်ကို၎င်း၊ တနေ့လျှင် ငွေလေးဆယ်ကို၎င်း ပေးရကြ၏။ မင်းလုလင်၏ စေစားခြင်းကိုလည်း ခံရကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့်၊ အရင် မြို့ဝန်ကဲ့သို့မပြု။
၁ ယောဘ အမည်ရှိသောသူ တယောက်သည် ဥဇပြည်၌ နေ၏။ ထိုသူသည် စုံလင် ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသော အကျင့်ကို ရှောင်သောသူ ဖြစ်၏။
၈ ထာဝရ ဘုရားကလည်း၊ ငါ့ကျွန် ယောဘကို ဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသော အကျင့်ကို ရှောင်သောသူ ဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။
sစာတန်က ယောဘသည် ကောင်းကြီးခံစားသောကြောင့် ဟုဆို
၃ ထာဝရဘုရားကလည်း၊ ငါ့ကျွန် ယောဘကို ဆင်ခြင်မိပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသော သူတယောက်မျှ မရှိ။ စုံလင် ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသော အကျင့်ကို ရှောင်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူ့ကို ပျက်စီးစေခြင်းငှါ၊ သင်သည် ငါ့ကို တိုက်တွန်းသော်လည်း၊ သူသည် ဖြောင့်မတ်သော သဘောကို စွဲလမ်းလျက်နေသည်ဟု စာတန်အား မိန့်တော်မူ၏။
sစာတန်က ယောဘကို အနာစိမ်းပေါက်စေ
၂ ဘုရားသခင်သည် အာဏာတော်နှင့်၎င်း၊ ကြောက်ရွှံ့ရိုသေဘွယ်သော ဂုဏ်တော်နှင့်၎င်း၊ ပြည့်စုံ၍ မြင့်သော ဌာနတော်၌ ငြိမ်သက်ခြင်းကို ပြုစုတော်မူ၏။
၂၈ လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွှံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်းသည် ဉာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟု မြွက်ဆို၏။
၁၁ ကြောက်ရွံ့သောစိတ်နှင့် ထာဝရဘုရား၏ အမှုတော်ကို ထမ်းရွက်၍၊ တုန်လှုပ်ခြင်းနှင့် ဝမ်းမြောက်ကြလော့။
၃ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း ဆွေးမြေ့ ယိုယွင်းခြင်းရှိကြ၏။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ။ တယောက်မျှမရှိ။
၄ ဆိုးယုတ်သောသူကို အယုတ်ဟူ၍ ထင်မှတ်လျက်၊ ထာဝရဘုရားအား ကြောက်ရွံ့သောသူကို ရိုသေထသော၊ ကိုယ်အကျိုး ပျက်ရသော်လည်း ကိုယ်ကျိန်ဆိုသော သစ္စာဂတိကို မဖျက်၊
၂၃ ထာဝရဘုရားကို ကြောက်ရွံ့သောအချင်းတို့၊ ချီးမွမ်းခြင်းကို ပြုကြလော့။ ယာကုပ် အမျိုးအပေါင်းတို့၊ ဂုဏ်ကျေးဇူးတော်ကို ဖေါ်ပြကြလော့။ ဣသရေလ အမျိုးအပေါင်းတို့၊ ကိုယ်တော်ကို ကြောက်ရွံ့ကြလော့။
၁၂ အကြင်သူသည် ထာဝရဘုရားကို ကြောက်ရွံ့တတ်၏။ ထိုသူအား နှစ်သက်ဘွယ်သော လမ်းကို ပြညွှန်တော်မူမည်။
၁၉ ကိုယ်တော်ကို ကြောက်ရွံ့သောသူ တို့အဘို့ သိုထားတော်မူ၍၊ လူသားတို့ရှေ့မှာ ကိုယ်တော်ကို ခိုလှုံသောသူတို့အဘို့ ပြုပြင်တော်မူသော ဆုကျေးဇူးတော်သည် အလွန်ကြီးလှပါ၏။
၈ ထာဝဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့စေ။ လောကီနိုင်ငံသား အပေါင်းတို့သည် ရိုသေလေးမြတ်ကြစေ။
၁၈ ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့နှင့် ကရုဏာတော်ကို ခိုလှုံသောသူတို့သည်၊
၇ ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့ပတ်လည်၌ ကောင်းကင် တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏။
၃ ထိုသို့ ငါတို့ဘုရားသခင်ကို ချီးမွမ်းရာ သီချင်းသစ်ကို ငါမြွက်ဆိုစေခြင်းငှါ အခွင့်ပေးတော်မူ၏။ လူများတို့သည် သိမြင်၍ ကြောက်ရွံ့သော စိတ်နှင့် ထာဝရဘုရားကို ကိုးစားကြလိမ့်မည်။
၂ အကြောင်းမူကား၊ အမြင့်ဆုံးသော ထာဝရဘုရားသည် ကြောက်မက်ဘွယ်သောဘုရား၊ မြေကြီးတပြင်လုံးကို အစိုးရသော မဟာမင်းကြီး ဖြစ်တော်မူ၏။
၅ အိုဘုရားသခင်၊ အကျွန်ုပ် ပြုသော သစ္စာကတိတို့ကို ကြားတော်မူ၏။ နာမတော်ကို ကြောက်ရွံ့သောသူတို့၏အမွေကို အကျွန်ုပ်အား ပေးတော်မူလိမ့်မည်။
၉ လူအပေါင်း တို့သည်လည်း ကြောက်ရွံ့၍ ဘုရားသခင် စီရင်တော်မူကြောင်းကို နားလည်သဖြင့် အမှုတော်ကို ကြားပြောကြလိမ့်မည်။
၇ ကိုယ်တော် တပါးတည်းသာလျှင် ကြောက်ရွံ့ ဘွယ်ဖြစ်လေ၏။ အမျက် ထွက်တော်မူသောအခါ ရှေ့တော်၌ အဘယ်သူ ရပ်နေနိုင်ပါမည်နည်း။
၁၁ သစ္စာဂတိပြုကြလော့။ သင်တို့၏ ဘုရားသခင် ထာဝရဘုရားအား သစ္စာဝတ်ကိုလည်း ဖြေကြလော့။ ကိုယ်တော်၏ ပတ်လည်၌ နေသောသူအပေါင်းတို့သည် ကြောက်ရွံ့ ရိုသေဘွယ်သော ဘုရားထံတော်သို့ လက်ဆောင်ကို ဆောင်ခဲ့ကြစေ။
၉ ငါတို့ပြည်၌ ဘုန်းတော် ကျိန်းဝပ်မည်အကြောင်း၊ ကယ်တင်တော်မူခြင်း ကျေးဇူးသည်၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၏ အနီးသို့ ဧကန်အမှန် ရောက်လေပြီ။
၁၁ အိုထာဝရဘုရား၊ ကိုယ်တော်၏ လမ်းကို အကျွန်ုပ်အား ပြညွှန်တော်မူပါ။ ကိုယ်တော်၏ သမ္မာတရားလမ်းသို့ လိုက်သွားပါမည်။ နာမတော်ကို ကြောက်ရွံ့မည့်အကြောင်း၊ အကျွန်ုပ်၏နှလုံးကို စေ့စပ်စေတော်မူပါ။
၉ သန့်ရှင်းသော တန်ဆာကိုဆင်၍၊ ထာဝရဘုရားကို ကိုးကွယ်ကြလော့။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံ့ခြင်း ရှိကြလော့။
၁ ထာဝရဘုရားသည် စိုးစံတော်မူ၏။ လူများတို့သည် တုန်လှုပ်ခြင်း ရှိကြစေ။ ခေရုဗိမ်တွင် ကျိန်းဝပ်တော်မူ၏။ မြေကြီးသည် လှုပ်ရှားခြင်းရှိစေ။
၁၅ တပါးအမျိုးသားတို့သည် ထာဝရဘုရား၏ နာမတော်ကို၎င်း၊ လောကီ ရှင်ဘုရင် အပေါင်းတို့သည် ဘုန်းတော်ကို၎င်း၊ ကြောက်ရွံ့ ကြပါလိမ့်မည်။
၁၁ မြေကြီးပေါ်တွင် ကောင်းကင် အမြင့်ရှိသည့်အတိုင်း ထာဝရဘုရားကို ကြောက်ရွံသောသူတို့၌ကရုဏာတော်သည် အားကြီးပေ၏။
၁၃ အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။
၁၇ ထာဝရဘုရား၏ ကရုဏာတော်မူကား၊ ကြောက်ရွံ့သောသူတို့အပေါ်သို့ ကာလအစဉ် အဆက် သက်ရောက်တတ်၏။
၁၁ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့ ထိုဘုရားကို ကိုးစားကြလော့။ ထာဝရဘုရားသည် ထိုသို့သောသူတို့ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော်မူ၏။
၄ ကရုဏာတော် အစဉ်အမြဲတည်သည်၊ ဟုထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် ဝန်ခံကြစေ။
sထာ၀ရဘုရားသည် ငါ့ဘက်၌ ရှိတော်မူ၍
၁ ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းခရီးတော်သို့ လိုက်သွားသမျှ သောသူတို့သည် မင်္ဂလာ ရှိကြ၏။
၄ ထာဝရဘုရားကို ကြောက်ရွံ့သောသူသည်၊ ထိုသို့သော မင်္ဂလာ ရှိရလိမ့်မည်။
၂၀ အိုလေဝိ အမျိုးအနွယ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ထာဝရဘုရားကို ကောင်းကြီးပေးကြလော့။
၁၈ ထာဝရဘုရားသည် ပဌနာပြုသောသူ အပေါင်း၊ သစ္စာနှင့်တကွ ပဌနာပြုသောသူ အပေါင်း၊ တို့၏အနီးအပါး၌ ရှိတော်မူ၏။
၇ ငါသည် ပညာရှိ၏၊ ဟုကိုယ်ကိုမထင်နှင့်။ ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်လော့။
၁၀ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏မူလ မြစ်ဖြစ်၏။ သန့်ရှင်းတော်မူသော ဘုရားကို သိကျွမ်းသော သဘောသည် ဥာဏ်ဖြစ်၏။
၂၇ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည် အသက်တာကို ရှည်စေတတ်၏။မတရားသောသူ၏ နှစ်ပေါင်းကာလမူကား တိုတတ်၏။
၂ ဖြောင့်သောလမ်းသို့လိုက်သောသူသည် ထာဝရဘုရားကိုကြောက်ရွံ့တတ်၏။ ကောက်သောလမ်းကိုလိုက်သောသူမူကား၊ မထီမဲ့မြင်ပြုတတ်၏။
၁၆ နှောက်ယှက်ခြင်းနှင့်ယှဉ်၍ ကြီးစွာသောစည်းစိမ်ထက်ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့် ယှဉ်သောဥစ္စာအနည်းငယ်သည်သာ၍ကောင်း၏။
၆ ကရုဏာတရားနှင့်သမ္မာတရားအားဖြင့်အပြစ်ပြေတတ်၏။ ထာဝရဘုရားကိုကြောက်ရွံ့သောသဘောအားဖြင့်ဒုစရိုက်ကိုရှောင်တတ်၏။
၂၃ ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည် အသက်ရှင်ခြင်းနှင့်ဆိုင်သည်ဖြစ်၍၊ ထိုသဘောရှိသောသူသည်အလိုဆန္ဒပြည့်စုံလျက်ရှိ၍၊ ဘေးဥပဒ်နှင့်ကင်းလွတ်လိမ့်မည်။
၄ စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကိုကြောက်ရွံခြင်းကျေးဇူးကြောင့်စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကိုရတတ်၏။
၁၇ အပြစ်ထင်ရှားသောသူတို့ကို ငြူစူသောစိတ်မရှိစေနှင့်၊ တနေ့လုံး ထာဝရဘုရားကိုကြောက်ရွံ့သောသဘောရှိစေလော့။
၂၁ ငါ့သားထာဝရဘုရားကို၎င်း၊ ရှင်ဘုရင်ကို၎င်း၊ ကြောက်ရွံ့လော့။ မတည်ကြည်သောသူတို့နှင့် မရောနှောမပေါင်းဖေါ်နှင့်။
၃၀ ယဉ်ကျေးသောအရာသည်လှည့်စားခြင်းနှင့်ယှဉ်တတ်၏။ လှသောအဆင်းသည်လည်းအချည်းနှီးဖြစ်၏။ ထာဝရဘုရားကိုကြောက်ရွံ့သောမိန်းမမူကား၊ ချီးမွန်းခြင်းကိုခံရလိ့မ်မည်။
၁၄ ဘုရားသခင် ပြုတော်မူသမျှသော အမှုသည် နိစ္စထာဝရ ဖြစ်သည်ကိုငါသိ၏။ ထပ်၍မပြုနိုင်ရာ။ နှုတ်၍မယူနိုင်ရာ။ လူတို့သည် ရှေ့တော်၌ ကြောက်ရွံ့မည်အကြောင်း၊ဘုရားသခင်ပြုတော်မူ၏။
၇ အိပ်မက်များရာ၌၎င်း၊ စကားများရာ၌၎င်း၊ အချည်းနှီးသော အကြောင်းအရာပါတတ်၏။ သင်မူကား ဘုရားသခင်ကို ကြောက်ရွံ့လော့။
၁၈ ဤစကားကို စွဲလမ်းကောင်း၏။ လက်မလွှတ်နှင့်။ ဘုရားသခင်ကို ကြောက်ရွံ့သောသူသည် ခပ်သိမ်းသော အမှုထဲက ထွက်မြောက်လိမ့်မည်။
၁၂ အဓမ္မလူသည် အကြိမ်တရာတိုင်အောင် အဓမ္မအမှုကို ပြု၍၊ အသက်တာ ရှည်သော်လည်း၊ ဘုရားသခင်ကို ကြောက်ရွံသောသူတို့သည် ရှေ့တော်၌ ကြောက်ရွံ့သောကြောင့်၊ ကောင်းသော အကျိုးကို ခံရကြမည်၊ ဟုငါအမှန်သိ၏။
၁၃ အချုပ် အခြာစကားဟူမူကား ဘုရားသခင်ကို ကြောက်ရွံ့၍၊ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။
၁၀ ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့သောငှါ ထတော်မူသော ထိုအခါ၊ ဘုရားကို ကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော် အရှိန်ကြောင့်၊ ကျောက်ထဲသို့ဝင်လော့။ မြေမှုန့်၌ ပုန်း၍နေလော့။
၁၉ ထာဝရ ဘုရားသည် မြေကြီးကို ချောက်လှန့်အံ့သောငှါ ထတော်မူသောအခါ၊ ထိုဘုရားကို ကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော် အရှိန်ကြောင့်လူတို့သည် ကျောက်တွင်း၊ မြေတွင်းထဲသို့ ဝင်ကြလိမ့်မည်။
၁၃ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားကို ရိုသေခြင်း ရှိကြလော့။ ထိုဘုရားကိုသာ ကြောက်ရွံ့ခြင်း၊ထိတ်လန့်ခြင်း ရှိကြလော့။
၁ ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်။ သူ၏အမြစ်တို့တွင် အညွန့်သည် အသီးသီးလိမ့်မည်။
၁ အဲဂုတ္တုပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့။ ထာဝရဘုရားသည် လျှင်မြန်သောမိုးတိမ်ကိုစီး၍ အဲဂုတ္တုပြည်သို့ကြွတော်မူ၏။ ရှေ့တော်၌ အဲဂုတ္တုပြည်၏ရုပ်တု၊ ဆင်းတုတို့သည် လှုပ်ရှား၍၊ အဲဂုတ္တုပြည်၏ နှလုံးသည် သူ၏အထဲမှာ အရည်ကျိုလျက် ရှိလိမ့်မည်။
၁၆ ထိုကာလ၌ အဲဂုတ္တုလူတို့သည် မိန်းမကဲ့သို့ဖြစ်၍ ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် သူတို့အပေါ်မှာ လက်တော်ကို လှုပ်ရှားတော်မူသောကြောင့်၊ ကြောက်လန့် တုန်လှုပ်ကြလိမ့်မည်။
၁၃ ထာဝရဘုရား ကလည်း ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကိုအမှီပြု၍ ငါ့ကို ကြောက်ရွံ့ကြ၏။
၂၃ ထိုအမျိုးသားတို့သည် ငါစီရင်သော အမှုကိုမြင်လျှင် ငါ့နာမကို မိမိတို့တွင် ရိုသေကြလိမ့်မည်။ ယာကုပ်အမျိုး၏ သန့်ရှင်းသော ဘုရားကို ရိုသေ၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်။
၆ ဥာဏ်နှင့်ပညာသည် သင်၏လက်ထက်၌ တည်ကြည်ခြင်း၊ မြဲမြံစွာ ကယ်တင်ခြင်းကို ဖြစ်စေလိမ့်မည်။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်း သဘောသည်လည်း သင်၏ ဘဏ္ဍာဖြစ်လိမ့်မည်။
၁၀ သင်တို့တွင် အဘယ်သူသည် ထာဝရဘုရားကို ကြောက်ရွံ့သနည်း။ ထိုသူသည် ကိုယ်တော်ကျွန်၏ စကားသံကို နားထောင်ပါစေ။ အဘယ်သူသည် အလင်းမရှိဘဲ မှောင်မိုက်၌ သွားလာသနည်း။ ထိုသူသည် ထာဝရဘုရား၏ နာမတော်ကို ခိုလှုံ၍၊ မိမိဘုရားသခင်ကို အမှီပြုပါစေ။
၁၇ အိုထာဝရဘုရား၊ ကိုယ်တော်၏ လမ်းမှ အကျွန်ုပ်တို့ကို အဘယ်ကြောင့် လွဲစေတော်မူ သနည်း။ ကိုယ်တော်ကို မကြောက်ရွံ့မည်အကြောင်း၊ အကျွန်ုပ်တို့၏ စိတ်နှလုံးကို အဘယ်ကြောင့် ခိုင်မာစေတော်မူသနည်း။ ကိုယ်တော်၏ ကျွန်တို့အတွက်၊ အမွေတော်ဖြစ်သော အနွယ်တို့အတွက် ပြန်လာတော်မူပါ။
၂ ဤအရာ အလုံးစုံတို့သည် ငါကိုယ်တိုင် ဖန်ဆင်းသောကြောင့် ဖြစ်ကြ၏။ စိတ်နှိမ့်ချခြင်း၊ နှလုံးကြေကွဲခြင်း၊ ငါ့စကားကြောင့် တုန်လှုပ်ခြင်း ရှိသောသူကိုသာ ငါကြည့်ရှုမည်။
sမိမိအလိုရှိရာလမ်းကို ရွေးကြ
၅ ထာဝရဘုရား၏ နှုတ်ကပတ် စကားတော်ကြောင့် တုန်လှုပ်သောသူတို့၊ စကားတော်ကို နားထောင်ကြလော့။ သင်တို့ကိုမုန်း၍၊ ငါ့နာမကြောင့် နှင်ထုတ်သော ညီအစ်ကိုတို့က၊ ငါတို့သည် သင်တို့၏ ဝမ်းမြောက်ခြင်းကို မြင်ရမည်အကြောင်း၊ ထာဝရဘုရားသည် ဘုန်းပွင့် တော်မူစေသတည်း၊ ဟုပြောတတ်သော်လည်း၊ ရှက်ကြောက်ကြလိမ့်မည်။
၁၉ သင်၏ဒုစရိုက်သည် သင့်ကိုဆုံးမမည်။ သင်၏ဖောက်ပြန်ခြင်းသည် သင့်ကိုအပြစ်ပေးမည်။ သို့ဖြစ်၍ သင်၏ ဘုရားသခင် ထာဝရဘုရားကို စွန့်ပစ်သောအမှု၊ ငါ့ကိုမကြောက်ဘဲ နေသောအမှုသည်၊ မကောင်းသောအမှု၊ ခါးသောအမှုဖြစ်သည်ကို သိမြင်ရမည်၊ဟုကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။
sပြည်တန်ဆာလုပ်
၂၂ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပင်လယ်မလွန်နိုင်အောင် ဆီးတားဘို့ရာသဲကို ထာဝရ အပိုင်းအခြားခန့်ထားသောငါ့ကို၊ သင်တို့သည် မကြောက်ကြသလော။ ငါ၏ ရှေ့တော်၌ မတုန်လှုပ်ကြသလော။ ပင်လယ်လှိုင်းတံပိုးတို့သည် ထ၍မနိုင်၊ ဟုန်း၍ မကျော်မလွန်နိုင်သော်လည်း၊
၇ အိုလူအမျိုးမျိုးတို့၏ဘုရင်၊ ကိုယ်တော်ကို ကြောက်သင့်သည်ဖြစ်၍၊ အဘယ်သူသည် မကြောက်ဘဲ နေရပါမည်နည်း။ အမျိုးမျိုးသော ပညာရှိအပေါင်းတို့၌၎င်း၊ ခပ်သိမ်းသော တိုင်းနိုင်ငံတို့၌၎င်း ကိုယ်တော်နှင့်တူသောသူ တစုံတယောက်မျှ မရှိပါ။
၁၉ ထိုအခါယုဒပြည်သားအပေါင်းတို့နှင့်တကွ၊ ယုဒရှင်ဘုရင်ဟေဇကိသည်ထိုပရောဖက်ကိုသတ်သလော။ ထိုမင်းသည်ထာဝရဘုရားကိုကြောက်ရွံသည်မဟုတ်လော။ ရှေ့တော်၌ တောင်းပန်သည်မဟုတ်လော။ ထာဝရဘုရားသည်သူတို့၌ ဘေးဥပဒ်ကိုရောက်စေမည်ဟုခြိမ်းတော်မူသော်လည်း၊ တဖန်နောင်တရတော်မူသည်မဟုတ်လော။ ငါတို့မူကား၊ ကိုယ်အကျိုးကိုဖျက်ဆီးခြင်းငှါပြုကြသည်တကားဟုစည်းဝေးသောသူအပေါင်းတို့အားပြောဆိုကြ၏။
sယောယကိမ်မင်းသည်ပရောဖက်ဥရိယကိုသတ်
၂၆ ငါအစိုးရသော တနိုင်ငံလုံးတွင် ရှိနေသောသင်တို့သည် ဒံယေလ၏ ဘုရားသခင်ကို ကြောက်ရွံ့ ရိုသေကြကုန် ဟုငါအမိန့်တော်ရှိ၏။ အကြောင်းမူကား၊ ထိုဘုရားသခင်သည် အသက်ရှင် တော်မူသော ဘုရား၊ နိစ္စထာဝရ တည်တော်မူသော ဘုရားဖြစ်တော်မူ၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်။ အာဏာစက်တော်လည်း အစဉ်အဆက် တည်လိမ့်မည်။
၄ ထိုသို့အပြစ်ကို ဖေါ်ပြတောင်းပန်၍ ငါကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား ထံငါပြုသော ပဌနာဟူမူကား၊ ကိုယ်တော်ကိုချစ်၍ ပညာတော်တို့ကို စောင့်သောသူတို့အား သစ္စာမပျက်၊ ကရုဏာတရားကို စောင့်တော်မူထသော၊ အလွန်ကြီးမြတ်၍ ကြောက်ရွံ့ဘွယ် ဖြစ်တော်မူသော အရှင်ဘုရားသခင်၊
၅ ထိုနောက်မှဣသရေလ အမျိုးသားတို့သည်ပြန်လာ၍၊ သူတို့ဘုရားသခင်ထာဝရဘုရားကို၎င်း၊ သူတို့ရှင်ဘုရင်ဒါဝိဒ်ကို၎င်းရှာ၍၊ နောင်ကာလ၌ ကျေးဇူးတော်ကိုခံအံ့သောငှါ၊ ထာဝရဘုရားထံတော်သို့တုန်လှုပ်လျက်ပြေးကြလိမ့်မည်။
၃ ငါတို့သည်ထာဝရဘုရားကိုမကြောက်ရွံ့သောကြောင့်ရှင်ဘုရင်မရှိ။ ရှင်ဘုရင်ရှိသော်လည်း၊ ငါတို့အဘို့အဘယ်သို့ပြုနိုင်မည်နည်းဟုချက်ချင်းဆိုရကြမည်။
၁၇ မြွေကဲ့သို့ မြေမှုန့်ကိုလျက်၍၊ တီကဲ့သို့ တွင်းထဲက တုန်လှုပ်လျက် ထွက်ကြလိမ့်မည်။ ငါတို့ ဘုရားသခင် ထာဝရဘုရားကို၎င်း၊ သင့်ကို၎င်း ကြောက်ရွံ့ကြလိမ့်မည်။
၂ အိုထာဝရဘုရား၊ အကျွန်ုပ်သည်ကိုယ်တော်၏ဗျာဒိတ်တော်သံကိုကြား၍ကြောက်ရွံ့ပါပြီ။ အိုထာဝရဘုရား၊ ယခုနစ်များအတွင်းတွင်အမှုတော်ကိုပြုပြင်တော်မူပါ။ ယခုနစ်များတွင်အမှုတော်ကိုပြုပြင်စေတော်မူပါ။ အမျက်ထွက်တော်မူသော်လည်းကရုဏာတရားကိုအောက်မေ့တော်မူပါ။
၁၄ ဗိုလ်မင်းတို့၏ ဦးခေါင်းကို မြှားတော်တို့နှင့် ထုတ်ချင်းခပ်ထိုးတော်မူ၏။ ထိုသူတို့သည် အကျွန်ုပ်တို့ကို လွင့်စေခြင်းငှါ လေပြင်းမုန်တိုင်းကဲ့သို့ တိုက်ကြပါ၏။ ဆင်းရဲသားတို့ကို အမှတ်တမဲ့ ကိုက်စားမည့်အကြံ ရှိသကဲ့သို့ ဝမ်းမြောက်ကြပါ၏။
၅ ရှေ့တော်ကာလနာဘေးသည် သွား၍၊ ပူလောင်ခြင်းဘေးသည်ခြေတော်ကိုခြံရံလျက်ရှိ၏။
၁၆ ဗျာဒိတ်တော်သံကိုငါကြားသောအခါရင်၌ လှုပ်ရှားခြင်း၊ မေးခိုင်ခြင်း၊ အရိုးဆွေးမြှေးခြင်း၊ တကိုယ်လုံးတုန်လှုပ်ခြင်းရှိ၏။ အကြောင်းမူကား၊ အမှုရောက်သောနေ့၊ လုပ်ကြံသောသူသည်ငါ၏လူမျိုးကိုတိုက်လာသောနေ့တိုင်အောင်ငါသည်လူမျိုးကိုတိုက်လာသောနေ့တိုင်အောင်ငါသည်နေရစ်ရမည်။
၂၈ တနည်းကား၊ ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ငရဲ ၌ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။
၅၀ ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည်၊ သနားတော်မူခြင်းကျေးဇူးကိုအစဉ်မပြတ်ခံစားကြ၏။
၂ မြို့တမြို့၌ ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သော တရားသူကြီး တယောက်ရှိ၏။
၃၂ ငါကား သင့်ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏၊ ဟုထာဝရဘုရား၏ ဗျာဒိတ်တော် အသံထွက်တော်မူ၏။ ထိုအခါ မောရှေသည် တုန်လှုပ်လျက် စေ့စေ့မကြည့်ဝံ့။
၃၁ ထိုအခါ ယုဒပြည်၊ ဂါလိလဲပြည်၊ ရှမာရိပြည် အရပ်ရပ်တို့တွင် အသင်းတော်တို့သည် ငြိမ်သက်၍၊ တည်ဆောက်ခြင်း ရှိကြ၏။ သခင်ဘုရားကို ကြောက်ရွံ့ခြင်း၌၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အဆုံးအမ၌၎င်း၊ မွေ့လျော်သောအားဖြင့် ပွားများကြ၏။
sပေတရုက လက်ခြေသေသူ အဲနေ ကျန်းမာစေ
၂ ထိုသူသည် မိမိအိမ်တွင် ရှိသမျှသောသူတို့နှင့်တကွ၊ ဘုရားဝတ်၌ မွေ့လျော်၍ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းရှိသဖြင့်၊ လူတို့အား များစွာသော စွန့်ကြဲခြင်းကိုပြု၍၊ ဘုရားသခင်ကို အစဉ်ဆုတောင်းလေ့ရှိ၏။
၃၅ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့၍၊ တရားသဖြင့် ကျင့်ဆောင်သောသူသည်၊ အထံတော်၌ မျက်နှာရသည်ကို ငါသိမြင်၏။
၁၆ ထိုအခါ ပေါလုသည်ထ၍ မိမိလက်နှင့် အမှတ်ပေးလျက်၊ ဣသရေလလူမှစ၍ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ နားထောင်ကြလော့။
၂၆ အာဗြဟံ အမျိုးဖြစ်သော ညီအစ်ကိုမှစ၍၊ သင်တို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ ဤကယ်တင်တော်မူခြင်း တရားစကားကို သင်တို့အား ကြားလိုက်တော်မူ၏။
၁ ထိုကြောင့် ချစ်သူတို့၊ ထိုဂတိတော်များနှင့် ငါတို့သည် ဆိုင်ကြသည်ဖြစ်၍၊ ကိုယ်ခန္ဓာ၏ အညစ်အကြေး၊ စိတ်ဝိညာဉ်၏ အညစ်အကြေး ရှိသမျှတို့နှင့်၊ ကိုယ်ကိုကိုယ် ကင်းစင်စေလျက်၊ ဘုရားသခင်ကို ကြောက်ရွံ့၍၊ သန့်ရှင်းခြင်းပါရမီနှင့် ပြည့်စုံကြကုန်အံ့။
sငါတို့ကိုလက်ခံကြလော့
၂၂ အစေခံကျွန်တို့၊ သခင်ဘုရားကို ကြောက်ရွံ့လျက်၊ လူတို့၏စိတ်ကို နူးညွတ်စေသောသူကဲ့သို့၊ မျက်မှောက်၌ သာနား ထောင်သည်မဟုတ်၊ စိတ်နှစ်ခွမရှိဘဲ၊ လောကီသခင်၏ စကားကို အရာရာ၌ နားထောင်ကြလော့။
၂၈ ထိုကြောင့်၊ ငါတို့သည် မလှုပ်နိုင်သောနိုင်ငံကို ရသည်ဖြစ်၍၊ ခန့်ငြားကြောက်ရွံ့သော သဘောနှင့်၊ ဘုရားသခင်ကို လျောက်ပတ်စွာ ဝတ်ပြုနိုင်မည်အကြောင်း၊ ကျေးဇူးတော်ကို စွဲလမ်းကြကုန်အံ့။ ၂၉ ငါတို့ဘုရားသခင်သည် လောင်သောမီးဖြစ်တော်မူ၏။
၁၇ လူမျက်နှာကိုမငဲ့၊ ခပ်သိမ်းသောသူတို့၏ အကျင့်အတိုင်း စီရင်တော်မူသော ခမည်းတော်ကို၊ သင်တို့သည် ဆုတောင်းကိုးကွယ်လျှင်၊ ဧည့်သည်ဖြစ်စဉ် ကာလပတ်လုံး ကြောက်ရွံ့သော စိတ်နှင့်ကျင့်နေကြလော့။
၇ ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့၊ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို၊ ဖန်ဆင်းတော်မူသော အရှင်ကို ကိုးကွယ်ကြလော့။ ဟုကြီးသောအသံနှင့် ပြောဆို၍၊ ကောင်းကင်အလယ်၌ ပျံဝဲလျက်ရှိသည်ကို ငါမြင်၏။
၄ အိုထာဝရဘုရား၊ ကိုယ်တော်ကို မကြောက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ၊ အဘယ်သူ နေရပါအံ့နည်း၊ ကိုယ်တော်တပါးတည်းသာ လျှင်သန့်ရှင်းတော်မူ၏။ တရားသဖြင့် စီရင်တော်မူခြင်း အရာတို့သည် ထင်ရှားသည်ဖြစ်၍၊ လူမျိုးအပေါင်းတို့သည် လာ၍၊ ရှေ့တော်၌ ကိုးကွယ်ကြပါလိမ့်မည်။ ဟုလျှောက်ဆိုကြ၏။
s ဘေးဒဏ်ခုနစ်ပါးအတွက်ပြင်ဆင်
၅ ပလ္လင်တော်ပေါ်က ထွက်သောအသံကား၊ ဘုရားသခင်၏ ကျွန်အပေါင်းတို့နှင့်၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူ အကြီးအငယ်အပေါင်းတို့၊ ငါတို့ဘုရားသခင်ကို ချီးမွမ်းကြလော့၊ ဟုဆိုသတည်း။
s သိုးသငယ်၏မင်္ဂလာဆောင်ပွဲ
၃ မောရှေကလည်း၊ သင်တို့သည် ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ထွက်သွားသော ဤနေ့ရက်ကို အောက်မေ့ကြလော့။ ထာဝရ ဘုရားသည် အားကြီးသော လက်တော်ဖြင့် သင်တို့ကို ထိုပြည်မှ နှုတ်ဆောင်တော်မူပြီ။ တဆေးပါသော မုန့်ကိုမစားရ။
၁၃ ရွေးတော်မူသော လူမျိုးကို ကရုဏာတော်အားဖြင့် ပို့ဆောင်တော်မူ၏။ သန့်ရှင်းသော နေတော်မူရာသို့ တန်ခိုးအားဖြင့် လမ်းပြတော်မူ၏။
၂ ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
၈ ထာဝရဘုရားသည် သင့်ကို ချစ်သောကြောင့်၎င်း၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော အကျိန်ကို မဖျက်လိုသောကြောင့်၎င်း၊ ကျွန်ခံနေရာ အဲဂုတ္တုပြည်ကို အစိုးရသော ဖာရောဘုရင်လက်မှ အားကြီးသော လက်တော်နှင့် သင့်ကို ရွေးနှုတ် ဆောင်ယူခဲ့တော်မူပြီ။
၁ ထာဝရဘုရား၏ တမန်တော်သည်၊ ဂိလဂါလမှ ဗောခိမ်မြို့သို့လာ၍၊ သင်တို့ ဘိုးဘေးတို့အား ငါကျိန်ဆိုသော ပြည်သို့ အဲဂုတ္တုပြည်မှ သင်တို့ကို ငါဆောင်ခဲ့ပြီ။ သင်တို့နှင့် ငါဖွဲ့သော ပဋိညာဉ်ကို ငါမဖျက် အစဉ်အမြဲ စောင့်မည်။
၁၄ လူမျိုးတို့သည် သတင်းကြား၍ ကြောက်လန့်ကြလိမ့်မည်။ ပါလေတ္တိန ပြည်သူပြည်သားတို့သည် ပူပန်ခြင်းသို့ ရောက်ကြလိမ့်မည်။
၂၇ ငါ့ကို ကြောက်တတ်သော သဘောကို သင့်ရှေ့သို့ ငါစေလွှတ်၍၊ သင်ရောက်လေရာရာအရပ်၌ ခပ်သိမ်းသော လူမျိုးကို ငါဖျက်ဆီးမည်။ သင်၏ ရန်သူအပေါင်းတို့ကို နောက်သို့လှည့်စေမည်။
၂၅ မိုးကောင်းကင်အောက်၌ ရှိသမျှသော လူမျိုးတို့သည် ယနေ့သင်တို့ကို ကြောက်ရွှံ့ ထိတ်လန့်စရှိမည် အကြောင်း ငါပြုမည်။သင်တို့၏ သတင်းကိုကြား၍ တုန်လှုပ်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းသို့ ရောက်ကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။
၂၅ သင်တို့ရှေ့မှာ အဘယ်သူမျှ မရပ်မနေနိုင်အောင်၊ သင်တို့နင်းသော မြေအရပ်၌ ရှိသောသူ အပေါင်းတို့သည် သင်တို့ကို ကြောက်ရွံ့ ထိတ်လန့်မည်အကြောင်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ ဂတိတော် ရှိသည်အတိုင်း ပြုတော်မူမည်။
s ကောင်းကြီးပေးခြင်းနှင့်ကျိန်ခြင်း
၉ ထာဝရဘုရားသည် သင်တို့အား ဤပြည်ကို ပေးတော်မူကြောင်းကို၎င်း၊ သင်တို့ကို ငါတို့ ကြောက်လန့်အားကြီး၍ သင်တို့ကြောင့် ပြည်သူပြည်သား အပေါင်းတို့သည် စိတ်ပျက်ကြောင်းကို၎င်း ကျွန်မသိပါ၏၊
_________________________
Footnotes