၃ မောရှေကလည်း၊ သင်တို့သည် ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ထွက်သွားသော ဤနေ့ရက်ကို အောက်မေ့ကြလော့။ ထာဝရ ဘုရားသည် အားကြီးသော လက်တော်ဖြင့် သင်တို့ကို ထိုပြည်မှ နှုတ်ဆောင်တော်မူပြီ။ တဆေးပါသော မုန့်ကိုမစားရ။
၁၃ ရွေးတော်မူသော လူမျိုးကို ကရုဏာတော်အားဖြင့် ပို့ဆောင်တော်မူ၏။ သန့်ရှင်းသော နေတော်မူရာသို့ တန်ခိုးအားဖြင့် လမ်းပြတော်မူ၏။
၂ ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
၈ ထာဝရဘုရားသည် သင့်ကို ချစ်သောကြောင့်၎င်း၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော အကျိန်ကို မဖျက်လိုသောကြောင့်၎င်း၊ ကျွန်ခံနေရာ အဲဂုတ္တုပြည်ကို အစိုးရသော ဖာရောဘုရင်လက်မှ အားကြီးသော လက်တော်နှင့် သင့်ကို ရွေးနှုတ် ဆောင်ယူခဲ့တော်မူပြီ။
၁ ထာဝရဘုရား၏ တမန်တော်သည်၊ ဂိလဂါလမှ ဗောခိမ်မြို့သို့လာ၍၊ သင်တို့ ဘိုးဘေးတို့အား ငါကျိန်ဆိုသော ပြည်သို့ အဲဂုတ္တုပြည်မှ သင်တို့ကို ငါဆောင်ခဲ့ပြီ။ သင်တို့နှင့် ငါဖွဲ့သော ပဋိညာဉ်ကို ငါမဖျက် အစဉ်အမြဲ စောင့်မည်။
၈ သူတို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တုလူတို့လက်မှ ကယ်နှုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ နို့နှင့်ပျားရည် စီးတတ်သောပြည်သို့ ပို့ဆောင်ခြင်းငှာ ငါဆင်းလာပြီ။
၁၇ အဲဂုတ္တုပြည်၌ ခံရသောဒုက္ခထဲက သင်တို့ကိုငါနှုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ နေရာ၊ နို့နှင့်ပျားရည်စီးတတ်သောပြည်သို့ပို့ဆောင်မည်၊ ငါကတိရှိသည်၊ ဟုမိန့်တော်မူပြီ၊ ဟုသူတို့အား ပြောလော့။
sဣသရေလလူတို့သည် ကြွယ်၀စွာ ထွက်သွားကြမည်
၅ သင်တို့အား ပေးခြင်းငှာ ဘိုးဘေးများ၌ ထာဝရဘုရား ကျိန်ဆိုတော်မူသောပြည်၊ ခါနနိလူ၊ တိတ္တိလူ၊ အာမောရိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ နေရာတည်းဟူသော နို့နှင့်ပျားရည်စီးသော ပြည်သို့ပို့ဆောင်တော်မူပြီးမှ၊ ယခုလတွင် သင်တို့သည် ဤဝတ်ကို ပြုရကြမည်။
၃ နို့နှင့်ပျားရည်စီးသောပြည်သို့ သင်တို့ကို ပို့ဆောင်လိမ့်မည်။ သင်တို့နှင့်အတူ ငါကိုယ်တိုင်မသွား။ သင်တို့သည် လည်ပင်းခိုင်မာသောလူမျိုး ဖြစ်သောကြောင့်၊ လမ်း၌ သွားစဉ် သင်တို့ကို ငါဖျက်ဆီးမည် စိုးရိမ်စရာရှိသည်၊ ဟုမောရှေအား မိန့်တော်မူ၏။
၂၇ မောရှေအားလည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော် စေလွှတ်သော ပြည်သို့ ရောက်ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည်သည် နို့နှင့်ပျားရည် စီးသောပြည် ဖြစ်ပါ၏။ ဤအသီးတို့ကား ထိုပြည်၌ သီးသော အသီးဖြစ်ပါ၏။
၈ ထာဝရဘုရားသည် ငါတို့ကို နှစ်သက်လျှင်၊ နို့နှင့်ပျားရည်စီးသောထိုပြည်သို့ ငါတို့ကို ဆောင်သွင်း၍ အပိုင်ပေးတော်မူလိမ့်မည်။
၁၃ သင်သည် ဤတော၌ ငါတို့ကို သတ်လိုလျှင် နို့နှင့်ပျားရည်စီးသောပြည် မှဆောင်ခဲ့သော်လည်း၊ ငါတို့အပေါ်၌ လုံးလုံးမင်း မပြုလျှင်၊ စိတ်မပြေသေးသည်တကား။
၂၄ သူတို့ပြည် တည်းဟူသော နို့နှင့်ပျားရည်စီးသောပြည် ကိုသင်တို့သည် အမွေခံစေခြင်းငှာ ငါအပိုင်ပေးမည်၊ ဟုငါ့အမိန့်တော်ရှိပြီ။ ငါသည် သင်တို့ကို အခြားသော အမျိုးနှင့်ခွဲထားသော သင်တို့ ဘုရားသခင် ထာဝရဘုရားဖြစ်၏။
၃ အိုဣသရေလအမျိုး၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း၊ သင်သည် နို့နှင့်ပျားရည်စီးသောပြည်၌ ချမ်းသာရ၍ အလွန်ပွားများမည် အကြောင်း နားထောင်လော့။ သတိနှင့်ကျင့်စောင့်လော့။
၉ ထာဝရဘုရားသည် သင်တို့၏ ဘိုးဘေးတို့နှင့် သူတို့ အမျိုးအနွယ်အား ပေးခြင်းငှာ ကျိန်ဆိုတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်၌ သင်တို့ အသက်တာ ရှည်မည်အကြောင်း၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ရကြမည်။
၉ နို့နှင့်ပျားရည်စီးသောဤပြည် သို့ပို့ဆောင်၍ ပေးသနားတော်မူ၏။
၁၅ ကိုယ်တော်၏ သန့်ရှင်းသော နေရာ ကောင်းကင်ဘုံမှ ငုံ့ကြည့်၍၊ ကိုယ်တော်၏ လူဣသရေလ အမျိုးကို၎င်း၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည် အတိုင်း၊ အကျွန်ုပ်တို့အား ပေးတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်ကို၎င်း ကောင်းကြီးပေးတော်မူပါ၊ ဟုလျှောက်ဆိုရမည်။
sဘုရား စကားနားထောင်ဖို့ဝန်ခံပြီ
၃ ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားသည်၊ ဂတိတော် ရှိသည်အတိုင်း သင့်အားပေးတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည် သို့ဝင်စားအံ့သောငှာ ကူးသွားပြီးမှ၊ ဤတရားစကားတော် အလုံးစုံတို့ကို ထိုကျောက်ပေါ်မှာ ရေးထားရမည်။
၂၀ အကြောင်းမူကား၊ သူတို့၏ ဘိုးဘေးတို့အား ငါကျိန်ဆို၍ နို့နှင့်ပျားရည်စီးသောပြည် သို့သူတို့ကို ငါဆောင်သွင်းသဖြင့်၊ သူတို့သည် ဝစွာစားရ၍ ဆူဖြိုးသောအခါ၊ အခြားတပါးသော ဘုရားတို့ ထံသို့လွှဲသွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကိုပုန်ကန်၍ ငါ့ပဋိညာဉ် တရားကို ဖျက်ကြလိမ့်မည်။
၆ အဲဂုတ္တုပြည်မှ ထွက်လာသော စစ်သူရဲ အပေါင်းတို့သည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်ဘဲနေ၍၊ မသေမပျောက်မှီတိုင်အောင် ဣသရေလ အမျိုးသားတို့သည် အနှစ်လေးဆယ် ပတ်လုံးတော၌ လှည့်လည်ရကြ၏။ ထာဝရဘုရားသည်၊ ငါပေးမည်၊ ဟုဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်ကို ထိုသူတို့သည် မမြင်ရကြ၊ ဟုကျိန်ဆိုတော်မူ၏။
၃ ယနေ့ဖြစ်သည်နှင့်အညီ၊ နို့နှင့်ပျားရည် စီးသောပြည် ကိုငါပေးမည်ဟု သင်တို့၏ ဘိုးဘေးများ၌ ငါကျိန်ဆိုသော သစ္စာဂတိကို စောင့်ရသောအခွင့် ရှိစေခြင်းငှါ၊ သင်တို့သည် ငါ၏လူဖြစ်၍၊
၂၂ ငါပေးမည်ဟု ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်တည်းဟူသော၊ နို့နှင့်ပျားရည်စီးသော ဤပြည်ကို ပေးသနားတော်မူသဖြင့်၊
၁၅ တဖန် ပြည်တကာတို့၏အထွတ်ဖြစ်၍၊ နို့နှင့်ပျားရည်စီးသောပြည်၊ သူတို့အား ငါပေးသောပြည်သို့ မပို့ဆောင်နိုင်ခြင်းငှါ၊ တော၌ ငါကျိန်ဆို၏။
၁၉ ထိုအခါ ဣသရေလတပ်ရှေ့မှာ သွားသော ဘုရားသခင်၏ ကောင်းကင်တမန်သည် နောက်၌ လိုက်သဖြင့်၊ မိုးတိမ်တိုင်သည်သူတို့ရှေ့ကရွေ့၍ နောက်၌ရပ်နေလေ၏။
၂၄ နံနက်ယံ၌ ထာဝရဘုရားသည်၊ မီးမိုးတိမ်တိုင်အားဖြင့် အဲဂုတ္တုတပ်ကို ကြည့်ရှု၍ နှောင့်ယှက်တော်မူ၏။
၉ မောရှေသည် တဲတော်အထဲသို့ ဝင်ပြီးမှ၊ မိုးတိမ်တိုင် ဆင်းသက်၍ တဲတော်တံခါးဝ၌ ရပ်သဖြင့်၊ ထာဝရဘုရားသည် မောရှေနှင့် နှုတ်ဆက်တော်မူ၏။
၁၅ တဲတော်ကို ထူထောင်သောနေ့၌၊ မိုးတိမ်သည် တဲတော်ပေါ်မှာတည်၍၊ သက်သေခံချက် တဲတော်ကို ဖုံးအုပ်လေ၏။ ညဦးမှစ၍ နံနက်တိုင်အောင် တဲတော်ပေါ်မှာ မီးကဲ့သို့ထင်လေ၏။
၁၄ ဤပြည်၌ နေသော သူတို့အား သတင်းပြောကြလိမ့်မည်။ ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုး၌ ရှိတော်မူကြောင်းကို၎င်း၊ ထာဝရဘုရား၊ ကိုယ်တော်သည် ထင်ရှားတော် မူကြောင်းကို၎င်း၊ မိုးတိမ်တော်သည် သူတို့ကို လွှမ်းမိုးကြောင်းကို၎င်း၊ ကိုယ်တော်သည် နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌ မီးတိုင်ဖြင့် သူတို့ရှေ့က ကြွတော်မူကြောင်းကို၎င်း ကြားရပြီ။
၃၃ သင်တို့ရှေ့မှာ ကြွတော်မူသော သင်တို့ ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို ထိုအမှု၌ သင်တို့မယုံကြပါ တကား။
s ယောရှုနှင့် ကာလက်သာမြင်ရမည်
_________________________
Footnotes