-
AA
+
🡀
|
🡂
ဗျာဒိတ်ကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဗျာဒိတ်ကျမ်း
အခန်းကြီး ၂


ရှေးဦးမေတ္တာလျော့သည့် ဧဖက်အသင်းတော်
CROSS REFERENCES






ဧဖက်မြို့၌ရှိသော အသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ လကျ်ာလက်၌ ကြယ်ခုနစ်လုံးကိုကိုင်၍၊ ရွှေမီးခွက် ခုနစ်လုံးအလယ်၌ သွားလာသောသူ၏ အမိန့်တော်ကား၊ သင်အကျင့်ကျင့်ခြင်း၊ ပင်ပန်းစွာလုပ်ဆောင်ခြင်း၊ သည်းခံခြင်းကိုငါသိ၏။ သင်သည် မတရားသောသူတို့ကို လက်မခံနိုင်ကြောင်းကို၎င်း၊ တမန်တော်မဟုတ်ဘဲ၊ တမန်တော် ဖြစ်ယောင်ဆောင်သောသူတို့ကို စစ်ဆေး၍ လှည့်ဖြားသောသူဖြစ်သည်၊ [A] ဟုသိကြောင်းကို၎င်း၊ ခန္တီ (စိတ်ရှည်ခြင်း)နှင့်ပြည့်စုံ၍၊ ငါ၏နာမကြောင့် ဆင်းရဲခံ၍ အားမလျော့ကြောင်းကို၎င်း၊ ငါသိ၏။ သို့သော်လည်း၊ သင်သည်ရှေ့ဦးစွာသော ချစ်ခြင်းမေတ္တာလျော့ပြီ၊ ဟုသင်၌ အပြစ်တင်စရာရှိ၏။ ထိုကြောင့်၊ သင်သည်မရွေ့လျော့မှီ၊ အရင်နေရာအရပ်ကို အောက်မေ့လော့။ နောင်တရလော့။ ရှေ့ဦးစွာသောအကျင့်ကို ကျင့်လော့။ သို့မဟုတ် သင်ရှိရာသို့ ငါသည်အလျှင်အမြန်လာမည်။ နောင်တမရလျှင်၊ သင်၏ မီးခွက်ကိုနေရာမှရွေ့မည်။ သို့သော်လည်း၊ ငါမုန်းသောနိကောလ (Nicolaitans) တပည့်တို့၏အကျင့်ကို၊ သင်လည်းမုန်းသည်၊ ဟုပြောစရာရှိ၏။ ၀ိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူသည်ကို၊ နားရှိသောသူမည် သည်ကားကြားပါစေ။ အကြင်သူသည် အောင်မြင်၏၊ ထိုသူသည် ငါ၏ဘုရားသခင် ပရဒိသုဥယျာဉ်(Paradise)၌ ရှိသော၊ အသက်ပင်၏ အသီးကို စားစေခြင်းငှါ ငါအခွင့်ပေးမည်။


အလွန်ဆင်းရဲသော စမုရနအသင်းတော်

စမုရနမြို့၌ ရှိသော အသင်းတော်၏တမန်ကို၊ ဤသို့ရေး၍မှာလိုက်လော့။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူတည်းဟူ သော၊ အရင်သေ၍ အသက်ရှင်လျက်ရှိသောသူ၏ အမိန့်တော်ကား၊ သင့်အကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်း၊ ဆင်းရဲခြင်းကိုငါသိ၏။ သို့သော်လည်း၊ သင်သည် ကြွယ်ဝပြည့်စုံခြင်းရှိ၏။ ယုဒလူဖြစ်ယောင်ဆောင်၍ ယုဒလူမှန်မဟုတ်၊ စာတန်၏တရားစရပ် (a) [B]ဖြစ်သောသူတို့၏ ကဲ့ရဲ့ခြင်းကိုလည်းငါသိ၏။ ၁၀ သင်သည် ခံရမည့်အရာတစုံတခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်းကို ခံရမည်အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကိုထောင်ထဲ၌ လှောင်ထား၍၊ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကိုငါပေးမည်။ ၁၁ ၀ိညာဉ်တော်သည် အသင်းတော်တို့အား၊ အဘယ်သို့မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည်ကား ကြားပါစေ။ အောင်မြင်သောသူကို ဒုတိယသေခြင်းသည် မညှဉ်းဆဲရ။


ရောနှောအသက်တာရှိ ပေရဂံအသင်းတော်
CROSS REFERENCES






၁၂ ပေရဂံမြို့၌ ရှိသော အသင်းတော်၏ တမန်ကို၊ ဤသို့ရေး၍ မှာလိုက်လော့။ ထက်သောသန်လျက်ရှိသောသူ၏ အမိန့်တော်ကား၊ ၁၃ သင်အကျင့်ကျင့်ခြင်းကို၎င်း၊ စာတန်၏ ရာဇပလ္လင်ရှိရာ အရပ်တည်းဟူသော၊ သင်၏နေရာအရပ်ကို၎င်း၊ ငါသိ၏။ စာတန်၏နေရာအရပ်၌ သင်တို့တွင်၊ အသေသတ်ခြင်းကို ခံရသော အန္တိပသည် သစ္စာရှိ၍၊ ငါ့ဘက်၌ သက်သေခံရသော နေ့ရက်ကာလတွင်ပင်၊ သင်သည်ငါ၏နာမကိုစွဲကိုင်၏။ ငါ၏ယုံကြည်ခြင်းတရားကိုမစွန့်မပယ်။ ၁၄ သို့သော်လည်း ဣသရေလအမျိုးသားတို့သည်၊ ရုပ်တုရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စားစေခြင်းငှါ၎င်း၊ မတရားသောမေထုန်ကို ပြုစေခြင်းငှါ၎င်း၊ ထိမိ၍ လဲစရာအရာကို၊ သူတို့ရှေ့၌ ချထားမည်အကြောင်း၊ ဗာလက်မင်းကို အကြံပေးသောသူ [C]တည်းဟူသော၊ ဗာလမ်၏အယူကို စွဲလမ်းသောသူတို့သည်၊ သင်၏နေရာ၌ ရှိကြသည်ဖြစ်၍၊ သင်၌ အနည်းငယ်သော အပြစ်တင်စရာရှိ၏။ ၁၅ ထိုအယူနှင့် သဘောတူသော၊ နိကောလတပည့်တို့၏ အယူကို၊ စွဲလမ်းသောသူတို့သည် ထိုနည်းတူ သင်၌ ရှိကြ၏။ ၁၆ ထိုကြောင့် နောင်တရလော့။ မရလျှင် သင်ရှိရာသို့ ငါသည် အလျှင်အမြန်လာမည်။ ထိုသူတို့ကို ငါ့ခံတွင်း၏ သန်လျက်နှင့် စစ်တိုက်မည်။ ၁၇ ၀ိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည်ကားကြားပါစေ။ အကြင်သူသည်အောင်မြင်၏၊ ဝှက်ထားသောမန္နကို၎င်း၊ ကျောက်ဖြူလက်ဖွဲ့ကို၎င်း၊ ထိုကျောက်ပေါ်၌ အက္ခရာတင်သော နာမသစ်ကို၎င်း၊ ထိုသူအားငါပေးမည်။ ထိုကျောက်ကို ရသောသူမှတပါး အဘယ်သူမျှ ထိုနာမကိုမသိနိုင်ရာ။


ရုပ်တုကိုးကွယ်သော သွာတိရအသင်းတော်
CROSS REFERENCES






၁၈ သွာတိရမြို့၌ ရှိသော အသင်းတော်၏ တမန်ကို၊ ဤသို့ရေး၍မှာလိုက်လော့။ မီးလျှံကဲ့သို့သော မျက်စိနှင့်၎င်း၊ ​ကြေးဝါစစ်နှင့်တူသော ခြေနှင့်၎င်း၊ ပြည့်စုံသော ဘုရားသခင့်သားတော်၏ အမိန့်တော်ကား၊ ၁၉ သင်အကျင့်ကျင့်ခြင်း၊ ချစ်ခြင်း၊ အမှုဆောင်ခြင်း၊ ယုံကြည်ခြင်း၊ သည်းခံခြင်းကို၎င်း၊ နောက်ကျင့်သော အကျင့်တို့သည်၊ အရင်ကျင့်သော အကျင့်ထက်သာ၍ များကြောင့်ကို၎င်း ငါသိ၏။ ၂၀ သို့သော်လည်း၊ ငါ၏အစေခံ​ကျွန်တို့သည်၊ မတရားသော မေထုန်ကိုပြုစေခြင်းငှါ၎င်း၊ ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားစေခြင်းငှါ၎င်း၊ ပရောဖက်မဟူ၍ ကိုယ်ကိုခေါ်ဝေါ်သော၊ သင်၏ခင်ပွန်း ယေဇဗေလသည်၊ သွန်သင်၍ မှားယွင်းစေရသော အခွင့်ကို သင်သည်ပေးသောကြောင့်၊ သင်၌ အပြစ်တင်စရာရှိ၏။ ၂၁ နောင်တရသင့်သော ကာလကို ငါပေးသော်လည်း၊ သူသည် မိမိမတရားသော မေထုန်ကို နောင်တရချင်သော စိတ်မရှိ။ ၂၂ ထိုကြောင့်၊ သူ့ကိုအိပ်ရာ၌ ငါချထားမည်။ သူနှင့်အတူ မတရားသော မေထုန်ကိုပြု၍၊ ထိုသို့သောအကျင့်ကို နောင်တမရသောသူ တို့ကိုလည်း၊ ကြီးစွာသော ဆင်းရဲခြင်းသို့ရောက်စေမည်။ ၂၃ သူ၏သားသမီးတို့ကိုလည်း အသေသတ်မည်။ ငါသည် နှလုံးကျောက်ကပ်ကို စစ်ဆေးတော်မူသောသူ [D] ဖြစ်ကြောင်းကို၊ ထိုသို့သောအားဖြင့် ခပ်သိမ်းသော အသင်းတော်တို့သည်၊ သိရကြလိမ့်မည်။ သင်တို့သည် အသီးအသီးကျင့်သော အကျင့်နှင့်အလျောက် အကျိုးအပြစ်ကိုငါပေးမည်။
CROSS REFERENCES






၂၄ ထိုမိစ္ဆာဒိဌိအယူကိုယူသောသူတို့ ခေါ်ဝေါ်သည်နှင့်အညီ၊ စာတန်၏ နက်နဲသောအရာ၊ ဟုခေါ်ဝေါ်သောအရာတို့ကို မ​ကျွမ်း၊ ထိုမိစ္ဆာဒိဌိအယူကိုမယူ၊ ကြွင်းသော သွာတိရမြို့သားတို့ကို ငါဆိုသည်ကား၊ သင်တို့သည် ရသမျှကို ငါလာသည်တိုင်အောင် စွဲကိုင်ကြလော့။ ၂၅ ထိုမှတပါး အခြားသောဝန်ကို သင်တို့အပေါ်၌ ငါမတင်။ ၂၆ အကြင်သူသည် အောင်မြင်၍ အဆုံးတိုင်အောင် ငါ့အကျင့်ကိုကျင့်၏၊ ငါ့ခမည်းတော်သည် ငါ့အားအခွင့်ပေးတော်မူသကဲ့သို့၊ လူမျိုးတို့ကို အုပ်စိုးစေခြင်းငှါထိုသူအား ငါသည် အခွင့်ပေးမည်။ ၂၇ ထိုသူသည် သူတို့ကို သံလှံတံနှင့် အုပ်စိုး၍၊ မြေအိုးကို ခွဲဖျက်သကဲ့သို့ ခွဲဖျက်လိမ့်မည်။ ၂၈ မိုးသောက်ကြယ် [E]ကိုလည်း ထိုသူအားငါပေးမည်။ ၂၉ ၀ိညာဉ်တော်သည် အသင်းတော်တို့အား၊ အဘယ်သို့မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည်ကား ကြားပါစေ။

_________________________
Footnotes


(a) ၉ συναγωγῆς Σατανᾶ ကိုမြန်မာကျမ်းစာအုပ်၌ "စာတန်၏အပေါင်းအသင်း" ဟုရေးထားသည်။ ထိုအရာသည် "စာတန်၏တရားစရပ်" (synagogue of Satan)ဟုဘာသာပြန်ရမည့်အရာဖြစ်သည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.